ဒီကဗျာလေးကိုစစကြားချင်းထဲကအရမ်းကြိုက်နှစ်သက်ခဲ့ပါတယ် ကြားတယ်လို့ရေးတာကတော့သူများရွတ်ပြခဲ့လို့ပါ
အခုလည်းရှုပ်ထွေးပွေလီလာတဲ့ဘလော့ကို ၂၀၁၀ မှစရပ်နားတော့မှာဖြစ်လို့
ဒီကဗျာလေးနဲ့ပဲအဆုံးသတ်နောက်ဆုံးနှုတ်ဆက်လိုက်ပါတယ်
မည်သူတစ်ဦးတစ်ယောက်ရဲ့ပယောဂမှမပါပဲကိုယ်တိုင်စိတ်ကုန်သွားလို့မရေးဖြစ်ခြင်းပါ
မျက်စိကိုမှိတ်ထားပါလျှက်..
ကောင်းကင်ကိုသတိရသည့်အခါ
တိမ်များကိုမြင်နေရပါသည်
အလွန်ဝေးကွာသည့်အရပ်သို့ရောက်နေပါလျှက်
ပင်လယ်ကိုစဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကိုကြားယောင်နေတတ်ပါသည်
အခန်းကျဉ်းထဲမှာအိပ်နေပါလျှက်
ဥယျာဉ်ထဲသို့စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကိုခံစားရရှိနေတတ်ပြန်သည်
ဘယ်တော့မှမမေ့ပဲ...........
မှတ်ကျွမ်းဝင်သွားစေမည့်အရာကတော့......
ချစ်သူ သည်သာ..........
မောင်စိန်ဝင်း(ပုတီးကုန်း)
*နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေလို့ဤဘလော့လေးမှနောက်ဆုံးဆုတောင်းပေးလိုက်ပါတယ်*
Thursday, December 31, 2009
မမေ့နိုင်သောကဗျာ(သို့) နောက်ဆုံးနှုတ်ဆက်ခြင်း
Posted by မချစ်ရ at 12:07 AM 11 comments
Labels: နှုတ်ဆက်ခြင်း
Wednesday, December 30, 2009
"မ "အတွက်

ဇူလိုင်လရဲ့ ညနေခင်းတစ်ခုမှာ
ရီဝေသောမျက်ဝန်းတစ်စုံ
ကာရံမညီသော အပြုံးတစ်ချို့တွေနဲ့
စူးရှပြီး စွဲမက်စေမယ့်
မျက်ဝန်းလှရှင် မြတ်နိုးရသူ
'မ' ကို စတွေ့ခဲ့တယ်...
စစ်ဘုရင်နပိုလီယံက
သေမင်းထံ ကျဆုံးခဲ့သလို
'မ'ရဲ့ ရိုးစင်းတဲ့ အကြည့်တွေအောက်မှာ
ကျနော့်ချစ်ခြင်းတွေအားလုံးကျရှုံးခဲ့တယ်
ရူးတယ်လို့ဘဲ ပြောမလား
တုံးတယ် လို့ဘဲ အပြစ်တင်မလား
ချစ်တတ်လွန်းတယ်ဘဲ ချီးကျူးမလား
မဖြစ်နိုင်မှန်းသိရက်နဲ့ တန်ဖိုးမဖြတ်ရက်ခဲ့ဘူး
'မ' ရဲ့ အပြုံးကို မြင်ရရုံနဲ့ပင်
တစ်လောကလုံးကို ယှဉ်ပြိုင်ရဲခဲ့တာ
'မ' အတွက်တော့ ဟာသတစ်ခုပေါ့
ဓါးတောင်ကို ကျော်ရမလား
မီးပင်လယ်ကိုဖြတ်ရမလား
ဘာညာအာပလာပြောတတ်တဲ့သူတော့မဟုတ်ဘူး
'မ' ဆန္ဒသာရှိမယ်ဆို အသက်တောင်ပေးဝံ့တဲ့သူပါ
'မ'လိုအပ်တဲ့ အချိန်တိုင်းမှာ ကျနော့်ကိုတောင့်တ
မလိုအပ်တဲ့ အခါ 'မ' ဘေးမှာ
အရိပ်တစ်ခုနေရာထက် ပိုမစွပ်ဖက်ဖို့ ကတိပြုတယ်။
ဒါပေမယ့်...'မ' မရှိဘဲ မရှင်သန်နိုင်တဲ့
ကျနော့်ဘ၀ပြည့်စုံဖို့ ချစ်နေခွင့်လေး တစ်ခုသာ ပေးပါ
PS... ကျွန်မအတွက်ယခင်ကတစုံတယောက်ရေးသားထားတဲ့ကဗျာလေးပါ
မချစ်ရ
Posted by မချစ်ရ at 12:54 AM 6 comments
Labels: ကျွန်မအတွက်ကဗျာ
Monday, December 28, 2009
တမ်းတမိတဲ့အကို

နှစ်တွေဘယ်လောက်ကြာကြာ
နေရာဘယ်လောက်ဝေးဝေး
တနေရာမှာရှိတယ်ဆိုတဲ့အသိနဲ့
စိတ်အားငယ်နေချိန်မှာသတိရတာ
အကို့ကိုပါ....
အကိုမချစ်တဲ့သူ၊အကိုပစ်တဲ့သူ
ဖြစ်ပေမယ့်နစ်နာစေမယ့်
စကား၁ခွန်းမဆိုပဲ
စာနာစွာနဲ့ညီမလေးတစ်ယောက်လို
ခင်မင်ပေးတဲ့အကို့ကို
ဒီညီမအနေနဲ့
အကိုနဲ့အဝေးဆုံးမှာရှိနေလည်း
အကို့ဆီကဘာတစ်ခုမှမရရှိပေမယ့်
ကျေနပ်နေဦးမှာပါ......
(ပထမဦးဆုံးအွန်လိုင်းမှာစသိခဲ့ရတဲ့အဝေးရောက်အကိုမွေးနေ့သို့...)
မချစ်ရ
Posted by မချစ်ရ at 12:02 AM 1 comments
Labels: ကဗျာ
Sunday, December 27, 2009
Friday, December 25, 2009
ပျော်ရွှင်စရာ ခရစ္စမတ်မှာ

ဒီနှစ်တော့ခရစ္စမတ်ဆိုတာကြီးကိုခါတိုင်းသူငယ်ချင်းတွေနဲ့စတိတ်ရှိုးသွား
အပြင်မှာအကင်စားကြသလိုပျော်ရွှင်စွာဆင်နွှဲနိုင်ပါတော့မလားမသိဘူး။
ဘာလို့လည်းဆိုတော့ခရီးထွက်စရာရှိနေလို့လေခရီးဆိုတာကလည်းအမတွေနဲ့
အပျော်သွားကြတာပါပဲ။ခက်တာကကျွန်မကလည်းသူငယ်ချင်းကိုပိုခုန်မင်တော့
သူငယ်ချင်းနဲ့သွားလာရတာကိုပဲပျော်စရာလို့ထင်နေတာလေ။
အားလုံးပဲခရစ္စမတ်ညလေးကိုပျော်ရွှင်စွာဆင်နွှဲနိုင်ကြပါစေနော်.....
မချစ်ရကိုလည်းပြန်ဆုတောင်းပေးကြနော် ပျော်ရွှင်နိုင်အောင်လို့ (ဟိ)
မချစ်ရ
Posted by မချစ်ရ at 12:01 AM 8 comments
Labels: X'mas
Tuesday, December 22, 2009
ကူးယူခြင်း
မင်းနှလုံးသားမှာ error တက်ရင်
တို့ကိုနောက်တစ်ကြိမ် refresh လုပ်ခွင့်ပေးပါချစ်သူ.....
အကျင့် proxy change မှကျေနပ်မယ်ဆိုချိန်းပေးပါမယ်..
ချစ်တယ်ဆိုတဲ့ connection လေးတော့ပြန်တက်ပေးပါနော်
မင်းကြောင့်တို့ဘ၀ failed to connected ဖြစ်ခဲ့ရတာ
အကြိမ်ကြိမ်အခါခါပါ....မင်းနှလုံးသားမှာ
တို့ကထာဝရ access has been denied ဖြစ်နေမှာလား
တို့ကို freedom ကျော်ပြီးပြန်ဝင်ခွင့်ပေးပါနော်..
ကောင်ကလေးရေ.....
ကိုယ်သာ google home page ဖြစ်ခဲ့ရင်
မင်းကိုချစ်တယ်လို့ logo change ပစ်မှာsure ပေါ့
PS..zorpia ဆိုဒ်မှအကိုတစ်ယောက်ပေးပို့ထားတာကိုကူးယူထားခြင်းပါ။
ကောင်မလေးနေရာမှာကောင်ကလေးဟုပြောင်းလဲထားပါသည်။
မချစ်ရ
Posted by မချစ်ရ at 12:06 AM 5 comments
Labels: ကြိုက်မိသောကဗျာ
Sunday, December 20, 2009
အပေါ်ယံအရေခွံ

ဒီနေ့ဈေးထဲက၀ယ်လာခဲ့တဲ့ဘဲဥ၂လုံးအကြောင်းပြောပြမယ်
အိမ်ပြန်ရောက်တာနဲ့ဆူးပုတ်ရွက်လေးနဲ့ကြော်မယ်ပေါ့
၂လုံးထဲကမှအလုံးကြီးကြီးလှလှလေးတစ်လုံးကိုရွေးယူလိုက်တယ်
၁လုံးပဲသုံးမယ်ဆိုပြီး........ခွဲလိုက်တော့.......အားးးးပါးပါးးး
နံစော်ပြီးပုတ်နေတဲ့ဘဲဥဖြစ်နေပါလေရော......
ဒါနဲ့နောက်အသေး၁လုံးကိုခွဲတော့မှကောင်းနေတယ်လေ
ဘဲဥရဲ့အပြင်ကပုံကတော့လှပါရဲ့အတွင်းပိုင်းကပုတ်ပွနေတာ
ဘယ်သိပါ့မလဲနော်ခွဲကြည့်မှသိမှာပေါ့...
ငယ်ငယ်တုန်းကလည်းသင်ဘူးထားမှာပေါ့
သိုးအရေခြုံတဲ့မြေခွေးအကြောင်းကိုလေ
အထွေအထူးပြောစရာမလိုတော့ပါဘူး
စနိုးဝှိုက်မင်းသမီးလေးပုံပြင်ဆိုလည်းလူတိုင်းသိပါတယ်
ပန်းသီးထဲကအဆိပ်ကိုမမြင်နိုင်ပါဘူး
ဒီပန်းသီးကိုစတင်ပြုလုပ်တဲ့သူကလည်းစုန်းမပါပဲ
စနိုးဝှိုက်ကတော့ကာတွန်းမို့လို့ပါ
အပြင်မှာတော့အဆိပ်ပန်းသီးကိုစားမိရင်သေမှာပါပဲ
ဒီလိုပါပဲလူတွေရဲ့အတွင်းစိတ်ဆိုတာလည်းမမြင်နိုင်ဘူးလေ
ဘယ်သူကကြိုသိနိုင်မလဲကောင်းသလားဆိုးသလားဆိုတာကို
နတ်မျက်စိမှမရှိတာနော်...(ဟားဟ..နတ်တောင်အစစ်ပါသွားပြီ)
.....လူအကြောင်းပေါင်းကြည့်မှသိတဲ့.....
တချို့တချို့သောလူတွေကလူတစ်ယောက်အကြောင်းသေချာမသိသေးပဲ အပေါ်ယံကြည့်ပြီးအတင်းပြောတတ်ကြတယ်အဲလူတွေကိုတော့အမုန်းဆုံးပါပဲ မုန်းတယ်ဆိုတာထက်သူတို့ကိုပိုအထင်မြင်သေးမိတယ်။ဘုန်းကြီးပြောသလိုပါပဲ သူများသားသမီးကိုစော်ကားရင်ကိုယ့်သားသမီးပြန်ခံရမယ်ဆိုတာ
ပါးစပ်နဲ့စော်ကားရင်လည်းပြန်ခံရမှာပါပဲ ရောင်ပြန်ဆိုတာဟပ်တတ်စမြဲပါ
ချိတ်ထမီလေးဝတ်၊ရင်ဖုန်းအကျီင်္လေးနဲ့သူများလင်သားတွေနဲ့ကာမေသုမိစ္ဆာစာရကံ ဖောက်ပြန်နေတဲ့သူတွေရှိသလိုခေတ်ရှေ့ပြေးနေအောင်ဝတ်ပြီးလည်း ဘယ်သူ့ကိုမှမစော်ကားတဲ့သူတွေရှိပါသေးတယ် ဒီခေတ်မှာအပြင်အရေခွံကာတွေကိုကြည့်ပြီးဝေဖန်ပစ်တင်လို့မရတော့ပါဘူး သူတပါးကိုဝေဖန်ချင်တယ်ဆိုရင်တော့သူ့ရဲ့အတွင်းစိတ်မှန်မှန်ကန်ကန်ကိုမသိပဲ ပစ်တင်ရှုံ့ချတာဟာရွံစရာကောင်းလှပါတယ်
တချို့မိုက်ရိုင်းတယ်ဆိုတဲ့လူတွေမှာလည်းအချိန်ပြည့်တော့ဘယ်ရိုင်းပြနိုင်မလဲ
တစ်ခုခုကိုအလိုမကျတာ၊မကျေနပ်တာရှိလာရင်တော့ဇာတိရုပ်အမှန်က
ထွက်ပေါ်လာတတ်ကြတာပါပဲအပေါင်းသင်းနည်းတဲ့လူတွေကျတော့လည်း
ရှိတာလေးကိုအကောင်းထင်တတ်ကြတာပေါ့ဒါကတော့သူတို့အပြစ်မဟုတ်ပါဘူး
သူတို့မှာသူငယ်ချင်းမိတ်ဆွေများများစားစားမရှိတော့လည်း
ကောင်းသလားဆိုးသလားကိုမစမ်းသပ်တတ်ဘူးလေ
နည်းမျိုးစုံနဲ့စမ်းသပ်ကြည့်ပါမိတ်ဆွေအစစ်မှန်ကိုအောင်မြင်စွာ
တွေ့ရှိလာပါလိမ့်မယ်။အဲဒီတော့မှပဲအပေါ်ယံအရေခွံလွှာတွေကွာကျပြီး
ဇာတိရုပ်အမှန်ပေါ်ထွက်လာပါလိမ့်မယ်
မဟုတ်ရင်တော့နော်အဆိပ်ပန်းသီးစားမိသွားမယ်
PS..အရင်အဟောင်းပို့စ်လေးကိုနည်းနည်းထပ်ဖြည့်ထားပါတယ်
မချစ်ရ
Posted by မချစ်ရ at 2:06 AM 5 comments
Labels: စိတ်ကုန်တယ်
Friday, December 18, 2009
အထုံပါလာသူ...ကြူကြူ
ဥစ္စာစောင့်ကလာတယ်လို့ပြောဆိုကြတယ်လေ။သူမအဒေါ်သေသွားတော့
အဒေါ်ရဲ့ယောင်္ကျားနဲ့သဘောတူပေးစားလို့ယူလိုက်ကြတယ်
ယောင်္ကျားကလည်းတော်တော်ချစ်ပြီးတော်တော်လေးကိုဂရုစိုက်တာကိုး
အပျင်းဖျားပါလေရောဖျားတာကအကြောင်းမဟုတ်ပါဘူး ..........
အဲနေ့မှာသူမကရုပ်ရှင်ကြည့်ချင်တယ်လို့ယောင်္ကျားကိုပူစာတော့
သူမယောင်္ကျားကဖျားနေသေးလို့နောက်နေ့မှကြည့်ဖို့ပြောတာပေါ့.. အဲဒီမှာပဲ
ယင်းလိပ်ကြိုးနဲ့ဆွဲကြိုးချသေသွားတာကိုအံ့သြစွာတွေ့ရတော့တာပါပဲ
ယင်းလိပ်ကလည်းအောက်ပြုတ်ကျပြီးသူမကလည်းဆွဲကြိုးချသေသူတွေလို
တန်းလန်းဖြစ်မနေပဲအောက်ပြုတ်ကျသေနေပါတယ်။အမှန်ကတော့မသေနိုင်ပါဘူး
ကြိုးတန်းလန်းဖြစ်မနေတဲ့အတွက်ကြိုးရောလူရောပြုတ်ကျနေတဲ့အတွက်ပေါ့
ထူးဆန်းတာကအဲဒါတင်မဟုတ်ပါဘူးသူမအလောင်းထားရာရေခဲတိုက်မှာလည်း
သူမနဲ့ရုပ်ချင်းဆင်တူတဲ့အလောင်းတစ်လောင်းကိုတွေ့ရသေးတာပါပဲ
သူမရက်လည်နေ့မှာလည်းညနေလောက်မှာအိမ်ပေါ်ကနေခပ်ချောချော
ရုပ်ချင်းဆင်တူမိန်းမ၂ယောက်အတူတူအိမ်ပေါ်ကနေဆင်းသွားတာ
တွေ့လိုက်တယ်လို့အနီးနားရပ်ကွက်ထဲကလူတွေပြောကြသတဲ့လေ
မချစ်ရ
Posted by မချစ်ရ at 12:03 AM 1 comments
Labels: ဖြစ်ရပ်မှန်
Wednesday, December 16, 2009
စိတ်ချမ်းမြေ့စရာအလှူ
ဗုဒ္ဓဟူးနံက်တိုင်းဆွမ်းထမင်းသွားကပ်လေ့ရှိတယ်။
ဝက်သား၊အာလူး၁ပိဿာစီကိုဆွမ်းဟင်းကပ်ဖြစ်ခဲ့လိုက်ပါတယ်။
ပျော်လည်းပျော်ဖို့ကောင်းတယ်မနက်စောစောမထတတ်တဲ့
ကျွန်မကမနက်၎နာရီထဆွမ်းဟင်းလောင်းရတာပျော်ပြီး
အဲနေ့ကတအိမ်လုံးအတွက်နံက်စာဝယ်ကျွေးလိုက်တယ်လေ
Posted by မချစ်ရ at 12:14 AM 11 comments
Labels: အလှူ
Monday, December 14, 2009
ငါ၏စိတ်စေရာ
မင်းဘ၀နဲ့ငါ့ဘ၀အကြား
ခြားနားချက်တွေကအများသားပဲ
ငါ၏စိတ်စေရာကိုအလိုလိုက်
အကြိုက်ဆောင်ပြီး
ဒီခြားနားချက်တွေကိုဂရုမမူ
မင်းနဲ့ဆက်နွယ်ခဲ့တဲ့
ငါ့ရဲ့အပြုအမူတွေကမှားနေသလား
စဉ်းစားသုံးသပ်ခဲ့ပေမယ့်
မှားလည်းမှားပါစေတော့ဆိုပြီး
ရှေ့ဆက်တိုးလို့ကျေနပ်နေခဲ့တယ်
ပြန်လည်စမ်းစစ်လိုက်တော့
ဒီအမှားဟာ
မှားပြီးရင်းထပ်မှားနေတဲ့
အမှားများဖြစ်နေတာကို
နောက်ကျမှသိလိုက်ရတော့တယ်
မချစ်ရ
Posted by မချစ်ရ at 12:01 AM 5 comments
Labels: ပေါက်ကွဲခံစားမှုကဗျာ
Friday, December 4, 2009
ကျွန်မထင်မြင်မိသောအိမ်ထောင်ရေး(Tag)
ဘလော့မှာခင်တာသိပ်မကြာသေးပေမယ့်
သူများတွေနဲ့တန်းတူခင်မင်တဲ့စိတ်ကလေးဖြစ်နေမိတဲ့
မေကျော်ကကျွန်မနှင့်အိမ်ထောင်ရေးဆိုပြီး(Tag)လာတယ်လေ
ဘယ်လိုပြောရပါ့နော် မသိသေးတဲ့အိမ်ထောင်ရေးအကြောင်းကို
ထင်မြင်ချက်နဲ့ရေးရမယ်ဆိုတော့ခေါင်းစဉ်လေးကိုအနည်းငယ်ပြောင်းထားလိုက်ပါတယ်
ကျွန်မတောင်းပန်တယ်ဆိုတဲ့စကားကိုလွယ်လွယ်မသုံးတတ်ပါဘူး
အွန်လိုင်းမှာလည်းခဏခဏမသုံးသလိုအပြင်မှာလည်းထိုနည်းတူပါပဲ
ဘာကြောင့်လည်းဆိုတော့ကိုယ်မမှားဘူးထင်လို့ပါခုဟာကလည်း
မသိသေးတာကိုကိုယ်သိသလိုထင်မြင်ချက်နဲ့ရေးလိုက်ရတဲ့အတွက်
စ မရေးခင်တည်းကအမှားတစ်ခုခုပါမယ်ဆိုတာကြိုသိထားလို့
အိမ်ထောင်သည်အကိုအမများကိုကြိုတင်တောင်းပန်ပါတယ်..လို့
အိမ်ထောင်ရေးဆိုတာကြီးကိုတော့ထွေထွေထူးထူးမပြောတတ်ပါဘူး
ကျွန်မနဲ့သိကြတဲ့ယောင်္ကျားလေးတော်တော်များများကတော့အိမ်ထောင်ကျပြီးရင်မိန်းမကိုဘယ်လိုမျိုး
ချက်ကြွေးခိုင်းမယ်ဘယ်လိုပြုစုခိုင်းမယ်ကလေးတွေမွေးခိုင်းမယ်စသဖြင့်တစ်ယောက်တစ်မျိုးပြောကြပါတယ်
သိပ်မကြာသေးခင်ကပဲကျွန်မနဲ့သိတဲ့ကောင်လေးတစ်ယောက်ကစူပါမားကတ်မှာ
ဟင်းအမြည်းကျွေးနေတဲ့နေရာရောက်တော့ကျွန်မကအမြည်းယူစားပါတယ်
သူကလည်းလိုက်ယူစားပြီးဘာပြောတယ်မှတ်လည်းသူမိန်းမရရင်
အဲလိုဟင်းကောင်းကောင်းချက်ကျွေးခိုင်းမယ်တဲ့လေကျွန်မရီတော့တာပဲ(အကြံကြီးပါပေ့နော်)
ပြီးတော့သူ့ကိုပြန်ပြောလိုက်ပါတယ်ဒါဆိုအိမ်ဖော်ယူထားပေါ့လို့
သူတို့ကဟင်းကောင်းကောင်းချက်တတ်တယ်လို့ဒါနဲ့ပဲသူကစိတ်ဆိုးပြီးထပ်ပြောပါတယ်
တော်တဲ့တတ်တဲ့မိန်းမယူမယ်ဟင်းလည်းချက်တတ်ရမယ်အခြားပညာရပ်တွေလည်းတော်ရမယ်တဲ့လေ
ကျွန်မကလည်းထပ်ပြန်ပြောလိုက်ပါသေးတယ်အခြားပညာရပ်တွေတော်နေတတ်နေ၊
အိမ်ထောင်မှုလည်းထိမ်းသိမ်းနိုင်ဒီလောက်တောင်တော်တတ်နေရင်တော့
ယောင်္ကျားကိစ္စရှင်းမှာမဟုတ်ဘူးလို့လူဆိုတာဘက်စုံတော်တတ်တယ်ဆိုတာမရှိပါဘူးလို့ကျွန်မပြောခဲ့ပါတယ်
သူက၂၁နှစ်ပဲရှိသေးတဲ့ကောင်လေးဆိုတော့သဘောပေါက်လွယ်တယ်ကျွန်မကိုစိတ်မဆိုးပဲ
ကျွန်မဆိုလိုချက်ကိုသဘောပေါက်သွားတယ်။ဒီနေရာမှာလူကြီးတွေဆိုငြင်းခုန်ကြမှာပါပဲ။
ဒီလိုပါပဲကောင်လေးတစ်ယောက်ကသူအိမ်ထောင်ကျရင်ကလေးဘယ်နှစ်ယောက်လောက်မွေးခိုင်းမယ်ပြော
ပါတယ်ကျွန်မကလည်းမောင်လေးတွေလိုခင်နေလို့ပြန်ပြောမိသေးတယ်
မင်းဗိုက်ကြီးပါလားလို့ မင်းမမွေးရတိုင်းလို့..တကယ်တမ်းတော့မိခင်တိုင်းသနားစရာကောင်းပါတယ်
ကြီးဒေါ်တစ်ယောက်ပြောဘူးတယ်ဝမ်းပိတ်လို့ခံရတာထက်အဆ၁၀၀နာတယ်ဆိုပဲ
၉လလုံးလုံးသယ်ဆောင်ထားရတဲ့ဒုက္ခကလည်းနည်းတာမှမဟုတ်တာမွေးပြီးတော့လည်း
ကျွန်မအမေဆိုအမလတ်ကိုမွေးတုန်းကသွေးတွေသွန်တာသေမလိုပါပဲတဲ့လေ
မွေးပြီးတဲ့ထိဒုက္ခခံရသေးတယ် ကြီးလာတော့ရော မိဘကိုအကောင်းမမြင်ကြတဲ့သူတွေကအများသားပါ
ကြားဘူးတွေ့ဘူးပါသေးတယ် မိဘကိုပြန်သတ်တာအခြားနိုင်ငံတွေမှာဆိုပေါလွန်းလို့ပါ
ဒီနိုင်ငံမှာလည်းရှိပါတယ်တောရွာတွေမှာပါ။အိမ်ပေါ်ကနှင်ချတာမိဘကိုဆဲဆိုကျိမ်းမောင်းတာတွေစုံနေတာပါပဲ
ဘယ်သားသမီးကိုမှမိခင်ကပြန်မသတ်ပါဘူးနှင်ချတာကတော့ဆိုးလွန်းရင်လုပ်တတ်ပါတယ်
အမေဆိုခုချိန်ထိအဖွားသူ့အမေအိုကြီးအနွံတာကိုခံပြီးလုပ်ကျွေးနေတုန်း
ဒါ့အပြင်သားသမီးတွေရဲ့အလိုကိုလိုက်ဖြည့်စည်းပေးနေတာတောင်မကျေနပ်ချင်ကြသေးပါဘူး
ကျွန်မငယ်ငယ်တုန်းကအရမ်းဆိုးခဲ့ပါတယ်
ခုတော့အမေ့ကိုစာနာပြီးတတ်နိုင်သလောက်စိတ်ချမ်းသာအောင်ထားပေးပါတယ်
အမေနဲ့လည်းဘာနဲ့မှနှိုင်းယှဉ်လို့မရပါဘူး(နှိုင်းယှဉ်ဖို့လည်းစိတ်မကူးပါဘူး)
ကျွန်မငယ်ငယ်ထဲကအဖေဆုံးတော့အမေကအဖေလိုရောအမေလိုပါဖြည့်ဆည်းပေးပါတယ်
အမေကအိမ်ထောင်သည်ဘ၀မှာသိပ်ကိုလွတ်လပ်ခဲ့ပါတယ်ဘာကြောင့်လည်းဆိုတော့
အဖေကအရမ်းချစ်အရမ်းကိုအလိုလိုက်ခဲ့လို့ပါ
အဖေမရှိတော့လည်းအမေတစ်ယောက်ထဲကပဲရုန်းကန်ပြုစုပေးသွားတာပါ
အမေအရင်ကအရမ်းကိုထက်မြက်သြဇာလွှမ်းမိုးခဲ့ပေမယ့်အခုတော့
သူ့မာနချိုးနှိမ်ပြီးသားသမီးတွေအကုန်လုံးကိုကျေနပ်အောင်လိုက်ဖြည့်ဆည်းနေရတာပါ
ဒါတောင်တစ်ခါတစ်လေဆိုအမေကကျွန်မကိုအငယ်ဆုံးမို့အလိုလိုက်မိရင်တောင်
အထက်ကအကိုအမတွေကိုကြည့်ရပါသေးတယ်။အမေဟာမှားနေသည်ဖြစ်စေ၊
မှန်နေသည်ဖြစ်စေ၊မွေးထားတဲ့ကျေးဇူးနဲ့တင်လုံလောက်နေပြီဖြစ်လို့အမေဘက်ကပဲလိုက်ရမှာပါပဲ။
ဥုးသုမင်္ဂလ တရားတော်ထဲမှာလည်းပါပါတယ်ကိုယ့်မိဘမှားနေဦးတော့
အမေအဖေဘက်ကပဲလိုက်လုပ်ပေးရမှာပါလို့...
ကိုယ့်မိဘအိမ်မှာတောင်မအေးချမ်းရင်ဘယ်အိမ်ကမှအေးချမ်းမှာမဟုတ်ပါဘူး
ယောင်္ကျားဆိုတာကတော့လိုရင်တမျိုးမလိုရင်တမျိုးပေါ့မိဘဆိုတာကတော့အဲလိုမရှိပါဘူး
အိမ်ထောင်တစ်ခုမှာသားသမီးရှိမှစိုပြေတယ်တဲ့လေ။
တကယ်ချစ်တယ်ဆိုရင်တောင်မှကြာလာရင်လူ့သဘာဝအလျှောက်ငြီးငွေ့လာနိုင်တယ်
ဒါဆိုရင်ကြာလာတော့ငြီးငွေ့လာလို့သားသမီးနဲ့ချည်နှောင်လိုက်တာလားလို့သိချင်ပါတယ်
တွေ့ဘူးပါသေးတယ်သမီးချောချောလေးတွေမွေးထားပြီးကိုယ့်သမီးအရွယ်လောက်လေးတွေနဲ့
ပျော်ပါးနေတဲ့လူတွေကို...အိမ်ထောင်ရေးကတော့မိမိကံတရားပေါ်မှာပဲမူတည်နိုင်ပါတယ်
ကံစမ်းမဲပေါက်သလို၊ထီပေါက်သလိုပေါ့ဘယ်လောက်ဆိုးတဲ့လူကိုယူယူကိုယ့်လက်ထဲရောက်လို့
ကောင်းသွားတာရှိသလိုဘယ်လောက်လိမ္မာပါတယ်ဆိုတဲ့လူဖြစ်နေပါစေကိုယ်နဲ့ယူမှ
ဆိုးသွမ်းသွားတာတွေလည်းတပြုံကြီးပါ်...
အိမ်ထောင်ဆိုတာကလည်းတကယ်တော့ရှေးလူကြီးဆိုရိုးစကားလိုပါပဲထောင်ကျနေတာပါပဲ။
လူလွတ်ဘ၀လောက်တော့မလွတ်လပ်နိုင်ပါဘူး။
အိမ်ထောင်ရေးဆိုတာထက်မြက်တဲ့မိန်းမတွေအတွက်အချစ်စစ်နဲ့ယူတာဖြစ်သလို
သာမာန်မိန်းမတွေအတွက်ကတော့မှီခိုချင်စရာယောင်္ကျားတစ်ယောက်ကိုကောက်ယူလိုက်တာ
ပါပဲလို့ထင်မြင်ယူဆမိပါတယ်။
မချစ်ရ
Posted by မချစ်ရ at 12:38 PM 14 comments
Labels: Tag
Tuesday, December 1, 2009
Sweet December

Sweet December လာနှုတ်ဆက်ကြတဲ့ဘလော့မှ အကို၊အမများကျေးဇူးတင်ပါတယ်။
ခုတလောဘလော့မ၀င်ဖြစ်တာကလည်းတခြားတော့မဟုတ်ပါဘူး။ကစားမက်နေလို့ပါ ဟိ
ဒါနဲ့ဘလော့ကလည်းဝင်မရ၊စာတွေတင်မရဖြစ်နေတော့အတော်ပဲဖြစ်သွားတာပေါ့
ဒီဇင်ဘာတောင်မအေးနိုင်သေးတဲ့ဘ၀မှာရောက်နေတော့အေးချမ်းလှတဲ့
ဆောင်းရာသီလေးကဘာပါလိမ့်ဆိုတာမသိတော့ပါလားနော်.....
ဘာပဲဖြစ်ဖြစ်လာလည်သွားကြတာကိုကျေးဇူးတင်ပါတယ်လို့
မချစ်ရ
Posted by မချစ်ရ at 7:10 PM 5 comments
Labels: ကျေးဇူးတင်လွှာ
Friday, November 13, 2009
ပျက်ချင်ပျက်မပျက်ချင်နေ..ကမ္ဘာမြေ(Tag)

ကမ္ဘာပျက်မယ်ပျက်မယ်နဲ့ပြောနေလိုက်ကြတာ
ကမ္ဘာမပျက်ခင်လူပျက်သွားရင်ဘယ်လိုလုပ်မလဲ
မနက်ဖြန်လား၊သဘက်ခါလား အာမခံချက်ပေးမထားနိုင်တဲ့
လူတွေက ကမ္ဘာပျက်မှာတွေးကြောက်နေရင်တော့
မိုးပြိုမှာကြောက်တဲ့ယုန်လိုဖြစ်ကုန်တော့မှာပေါ့နော်
ဒါနဲ့ဘယ်သူကစ လိုက်သလည်းတော့မသိဘူး ဘလော့ကမ္ဘာလည်းပျက်နေတာကြာပေါ့
ခုတော့ကိုယ့်ဘလော့ကမ္ဘာလေးကိုဖျက်ဆီးဖို့ မော်စကွီတို လာပါပြီ(ရက်စက်ပါပေ့ခြင်ရယ်)
အဲဒီမော်စကွီတိုလုပ်ရင်တော့လူပါပျက်မဲ့ကိန်းစိုက်တယ်(သွေးလွန်တုပ်ကွေး)
ကဲကဲ မထူးပါဘူးလေ သွေးလှူရတော့မှာပေါ့ သူကမှစုပ်ချင်တာကိုးးးး(သွေး..စုပ်တာပြောတာနော်)
ဒါနဲ့ကမ္ဘာကမပျက်သေးပါဘူးလေခြင်ကတခြားနိုင်ငံတွေတောင်ကမ္ဘာလှည့်လို့ရသေးတယ်(မပူနဲ့)
သံယောဇဉ်ကအများသားဆိုတော့ဘယ်သူနဲ့မှမရှိချင်ပါဘူးတော်ကြာအမျှင်မပြတ်
သံယောဇဉ်တွေဖြတ်ရခက်နေလို့နောင်ဘ၀တွေလိုက်လာနေမှဒုက္ခ(လိုက်အရှုပ်မခံနိုင်ဘူး :D)
ခုချိန်မှာတော့အပူအအေးတစ်လှည့်စီတော့ခံစားနေရတယ်လေ...
အပြင်အဆင်တော့သိပ်မတတ်ဘူးကြုံရင်ကြုံသလိုရင်ဆိုင်လိုက်တာပေါ့(ဖြစ်မှမဖြစ်နိုင်တာ :P)
တကယ်တမ်းဖြစ်လာရင်တောင်ဝမ်းနည်းပူဆွေးနေချိန်ကရှိမှာမဟုတ်ပါဘူးပျာယာခတ်လိုက်ကြမယ့်
လူတွေ(အသက်လုပြေးနေကြမှာပြောပါတယ်)ဒါကြောင့်မိုးပြိုမှာတွေးမကြောက်ပေါင်..လို့
(ကြိုမကြောက်တတ်လို့ကြောက်လန့်မိတာမရှိသလောက်ပါပဲ)ဖြစ်လာရင်တော့ကြောက်မှာပေါ့နော် :P
အဆောင်ကတော့ငယ်ငယ်ထဲကအမေပေးတဲ့ကြိုးတွေပုံတော်တွေတောင်ပိုက်ဆံအိတ်ကပ်ထဲ
ထည့်ပြီးအိမ်သာသွားလို့မတော်တဆပါသွားခဲ့ရင်ငရဲကြီးမှာကြောက်လို့မဆောင်ထားတော့ဘူး
တကယ်တမ်းဖြစ်လာပြီဆိုရင်လည်းဘာမှဆောင်ဖို့တောင်သတိရကြမှာမဟုတ်ပါဘူး
ရေးမိနေတာကတော့ကမ္ဘာပျက်မယ့်အကြောင်းရေးချင်စိတ်ကတော့မရှိပါ(ဟိ..မယုံလို့)
လူတွေဘာလို့ကမ္ဘာပျက်မယ်သူများပြောတိုင်းယုံနေကြတာလည်းလို့ပေါက်တတ်ကလောက်အတွေး
လေးတော့တွေးမိသားးးဒီအမေကမွေးလာတဲ့သမီးဖြစ်တာကိုတော့ဂုဏ်ယူနေမိတယ်(ဘာလို့လည်း
ဆိုတော့ကျွန်မအပေါ်သိပ်ကိုနားလည်ပေးပြီးသူငယ်ချင်းလိုအရင်းနှီးဆုံးအပွင့်လင်းဆုံးဆက်ဆံပေးခဲ့လို့ပါ)
နာဂစ်တုန်းကတောင်ကိုယ့်အိမ်အခြေအနေဆိုးတာကမဖြစ်စလောက်ပါပဲလေလို့ကိုယ့်ဟာကိုယ်လေး
မသိမသာဖြေသိမ့်နေမိသားတကယ်တမ်းဖြစ်ရင်သူရောကိုယ်ရောရှောင်လွဲမရတဲ့ကံကြမ္မာဆိုးဖြစ်နေမယ်
ဆိုတော့တနေ့သေရမှာပဲလေဆိုပြီးတော့ဖြေသိမ့်ရမှာပါပဲ....(တတ်သလောက်လေးပေါ့)
ဗုဒ္ဓဘာသာဝင်တိုင်းဗုဒ္ဓဘာသာကိုသေချာနားမလည်ကြပါဘူးဒီအထဲကမှဗုဒ္ဓဘာသာဝင်လည်း
ဖြစ်တယ်သိသင့်သိထိုက်တာကိုလည်းသိလိုက်ရတယ်၊လိုက်နာလည်းကျင့်သုံးဘူးတယ်၊
အလှူအတန်းလည်းလုပ်ဘူးတယ်၊သိအောင်နားလည်အောင်ဟောပြောပေးတဲ့သူ
(ဘုန်းကြီး၊လူ၊ဘလော့ဂါများ)အားလုံးကိုလည်းတကယ်ကိုကျေးဇူးတင်ပါတယ်
အားလုံးကိုလုပ်သင့်လုပ်ထိုက်တာလုပ်ဘူးပြီးသွားတဲ့အတွက် ........
ဒီဘ၀မှာလူဖြစ်ရတာသိပ်ကိုအားရကျေနပ်မိပါတယ်လို့ (ကျူးရင့်တာပေါ့)
အသက်တစ်ရာမနေရအမှုတရာကြုံရဆိုတာသိပ်မှန်တာပဲနော်
ခုပဲကြည့်လေကမ္ဘာပျက်မယ်ဆိုတာကြားရပြန်ပြီ ဟုတ်တာမဟုတ်တာတော့မသိ
ကြားနေရတာကအထူးအဆန်းတွေချည်းပဲ....
မော်စကွီတို နဲ့ အမကိကိ ဘလော့လည်း ရီချင်စရာဟာသတွေ၊
ကြောက်စရာကောင်းတဲ့ဖြစ်ရပ်တွေပုံတွေနဲ့အထူးအဆန်းတွေချည်းပဲ...
ဂြိုလ်သားတွေကိုခုတည်းကဘွတ်ကင်လုပ်ထားကြလေဂြိုလ်ကမ္ဘာကို
ဒီကမ္ဘာမပျက်ခင်လာခေါ်ပါနေရာထိုင်ခင်းလေးပြောင်းချင်လို့ပါလို့..ဟိ
မချစ်ရ
Posted by မချစ်ရ at 12:06 AM 21 comments
Labels: Tag
Tuesday, November 10, 2009
အဖြေမှန်...ရလာဒ်

အပေါင်းနဲ့အနုတ် မှာ
မင်းကပေါင်းတာကို
ငါကနုတ်သွားခဲ့တယ်
အမြှောက်နဲ့အစား မှာ
မင်းကမြှောက်တာကို
ငါကစားသွားလိုက်တယ်
ညီမျှခြင်းတိုင်းမှာ
> ကြီးမားတဲ့အချစ်တွေကို
တဘက်သတ်ရယူချင်ခဲ့တဲ့ငါဟာ
မင်းကိုမညီမျှတဲ့အချစ်တွေပဲပေးခဲ့လိုက်တယ်
ရလာဒ်ကမင်းအတွက်အနုတ်
ငါ့အတွက်အပေါင်းလို့ထင်နေတဲ့မင်း....
အဖြေကိုသေချာမသိသေးတဲ့အတွက်
တကယ်တမ်းအဖြေရှာကြည့်လိုက်တော့
ငါ့ဘက်မှာလည်းမင်းထက်မနည်းတဲ့
အနုတ်လက္ခဏာတွေနဲ့ပါပဲ
မချစ်ရ
Posted by မချစ်ရ at 12:01 AM 13 comments
Labels: ပေါက်ကွဲခံစားမှုကဗျာ
Wednesday, November 4, 2009
ကျွန်မကြိုက်သောဆောင်းနှင့်ကျွန်မကြောက်သောနေ
ဒီမနက်နိုးနိုးချင်းမှာပဲဆောင်းလေအေးအေးလေးတိုက်ခတ်တာခံလိုက်ရမှ
သြော်..ဆောင်းရောက်ပါပြီလားလို့သိတော့တယ်။ဘယ်လကဆောင်းတွင်းမှန်း
မသိအောင်ကိုပူနေလိုက်တာနွေ၊မိုး၊ဆောင်း ကလည်းပြက္ခဒိန်လတွေနဲ့
သတ်မှတ်လို့မရတော့လောက်အောင်ပဲမမှန်ဘူးဖြစ်နေတာလေ။ဒီနေ့တော့
ဆောင်းလေအေးအေးကြောင့်ဆောင်းဦးစ၀င်တာသေချာသွားပါပြီလို့
ဆောင်းရောက်တော့လည်းဆောင်းရာသီနဲ့အတူပေါက်တတ်ကလောက်အတွေးက
ဝင်လာပြန်တော့တယ်......
...............ကျွန်မကြိုက်သောဆောင်း...........
အခုလိုဆောင်းရောက်ပြီဆိုရင်တော့ကျွန်မအရမ်းကိုပျော်ပါတယ်
ဘာလို့လည်းဆိုတော့ဒီဆောင်းရာသီမှာပဲကျွန်မကိုမွေးခဲ့သလိုအေးချမ်းလှတဲ့
ဆောင်းရာသီကိုကျွန်မနှစ်သက်လို့ပါပဲ"ဆောင်းနှင်းဖွေးဖွေးလေး"တဲ့လေ
ဆောင်းရာသီအလှကိုတင်စားထားတာ၊ဆောင်းစ၀င်ပြီဆိုတာနဲ့အအေးဓါတ်လေး
လွှမ်းခြုံလို့ဆောင်းတွင်းကြီးရောက်ပြီဆိုရင်လည်းနှင်းစလေးတွေကိုမြင်တွေ့
နိုင်သလိုလူအေးချမ်းပြီးစိတ်လည်းအေးချမ်းလာပါတယ်....
...............ကျွန်မကြောက်သောနေ...................
အဲ.....ဆောင်းရာသီကုန်လို့နွေရာသီရောက်ပြီဆိုရင်တော့ပူပြင်းလှတဲ့
နေရဲ့ဒဏ်ကိုမခံနိုင်တဲ့ကျွန်မကတော်တော်ကိုကြောက်ပါတယ်။
နေ..ဆိုတာကတော့ပူမှာပါပဲလေ။ဒါကိုတောင်နွေးတယ်လို့ထင်နေကြတာ
အမှန်ကတော့ဆောင်းအကုန်ကလက်ကျန်အအေးဓါတ်လေးကြောင့်
နွေးသယောင်ယောင်ဖြစ်နေတာပါ။နွေရာသီလုံးလုံးရောက်မှပဲအိုက်စပ်
ပူပြင်းပြီးနေစရာကိုမရှိလောက်အောင်ပါပဲပူလို့အပြင်ထွက်ရင်နေနဲ့
တိုက်ရိုက်ထိတွေ့လို့ပိုပူဒီကြားထဲအသားမဲသေး၊အိမ်ထဲမှာနေပြန်တော့လည်း
ပေါင်းအိုးထဲရောက်နေသလိုလို၊ဟော..မန္တလေးဆိုနှစ်တိုင်းပဲလူတွေနေပူလို့ဆို
ကျုံးထဲရေဆင်းချိုးလို့အေးမလားမှတ်တယ်သေကြရော...
နေ..သာကျွန်မတို့အနားနီးကပ်လာမယ်ဆိုရင်တော့မီးလိုလောင်ကျွမ်းပြီးပြာတောင်
ဖြစ်သွားနိုင်တယ်..ကဲကဲ..ဘာကောင်းတာရှိသေးလဲ...
တချို့မိုးကိုကြိုက်တယ်၊တချို့ဆောင်းကိုကြိုက်တယ်၊နွေကိုကြိုက်တာတော့
အသိထဲမှာတောင်မရှိဘူးနေပူတာကိုကြောက်လွန်းလို့ဆိုတဲ့လူတွေချည်းပဲနော်
နွေရာသီကြိုက်တယ်ဆိုတဲ့လူတချို့ကလည်းရုံး၊ကျောင်းပိတ်ရက်တွေရှိလို့ပါ။
နေပူတာကိုကြိုက်တာတော့မဟုတ်နိုင်ပါဘူးနော်....
ကျွန်မကတော့အေးချမ်းလှတဲ့ဆောင်းရာသီကိုပဲနှစ်သက်နေမိပါတော့တယ်
ဆောင်းတွင်းအိပ်မက်ကယောက်ကယက်ဆိုသလိုပေါ့၊
ဆောင်းတွင်းအတွေးလည်းအတူတူပါပဲနော်.........
PS....ဒီစာလေးနဲ့ ဆောင်းနှင်း နှင့် နေသူရိန် ကို စ,နောက်ထားပါတယ်
မချစ်ရဘယ်လိုပြောပြောစိတ်မဆိုးတတ်တဲ့လူတွေပေါ့
ရေးစရာမရှိလို့ဒီလူတွေကိုပဲရန်စတော့မယ်.....(ဟိ)
ကဲကဲ......ဆောင်းနှင်းကနေသူရိန်ကိုမုန့်ဝယ်ကြွေးလိုက်တော့...နော်
မချစ်ရ
Posted by မချစ်ရ at 12:01 AM 12 comments
Labels: ပေါက်တတ်ကလောက်
Sunday, November 1, 2009
ဖြစ်ပြီး အကုသိုလ်ပယ်ပုံ
တစ်နေ့တော့မင်းချင်းတွေကသူခိုးတစ်ယောက်ကိုခေါင်းဖြတ်သတ်ဖို့
သုသာန်ကိုခေါ်ခဲ့ပါတယ်။ဒါကိုလေသာပြတင်းကကြည့်နေတဲ့သုလသာက
မြင်သွားပါတယ်။သူခိုးကိုမြင်လိုက်ရတယ်ဆိုရင်ပဲချစ်တဲ့စိတ်ဖြစ်သွားပါသတဲ့။
ဒါကြောင့်မြို့စောင့်ကိုအသပြာပေးပြီးလူမသိအောင်လွှတ်စေပါတယ်။
ပြီးတော့အိမ်ခေါ်ပြီးခင်ပွန်းအဖြစ်ယူလိုက်ပါတယ်။ဒါပေမယ့်သူခိုးက
သူ့စရိုက်အတိုင်း သုံးလေးရက်နေတော့မနေတတ်တော့ပါဘူး
ဒီအတိုင်းဆင်းသွားပြန်ရင်လည်း ဘာမှရမှမဟုတ်ဘူးလေ။
အဲဒီတော့ သူခိုးစိတ်နဲ့ပဲ မိန်းမရေတောင်ပေါ်မှာရှိတဲ့ရုက္ခစိုးနတ်ကို
ပူဇော်ရအောင်ရှိရှိသမျှအဆင်တန်ဆာတွေအကုန်ဝတ်ခဲ့ဆိုပြီး........
ညာခေါ်ခဲ့ပါတယ်။သုလသာကလည်းချစ်တဲ့စိတ်၁ခုတည်းရှိတာဆိုတော့
ဘာမှစဉ်းစားမနေတော့ပဲလိုက်ခဲ့ပါတယ်။သူခိုးကတောင်ပေါ်ရောက်တာနဲ့
သူ့အကြံအတိုင်းသတ်ဖို့ ပြင်ပါတော့တယ်။အဲဒီကျမှသုလသာက
ကြောက်ကြောက်လန့်လန့်တောင်းပန်ပါတယ်။သူခိုးက မိန်းမရေ
ဝတ်ထားတာတွေကိုသာချွတ်လိုက်စမ်းပါငါ့ရာဇ၀င်မှာလူမသတ်ပဲ
ပစ္စည်းယူသွားတယ်ဆိုတာမရှိဘူး လို့ပြောလိုက်ပါတယ်။
နောက်ဆုံးတောင်းပန်တာမရမှန်းသိတော့ ကောင်းပါပြီမောင်ရယ်
ကျွန်မဘ၀မှာမောင့်ထက်ပိုပြီးချစ်ရတဲ့သူမရှိခဲ့ပါဘူး ။
ဒါကြောင့်မသေခင်လေးမှာအားရအောင်ဖက်ပါရစေဦးလို့
တောင်းပန်ပါတယ်။သူခိုးကလည်းနောက်ဆုံးအနေနဲ့ခွင့်ပြုပါတယ်။
သုလသာကလည်း မောင့်ကိုအရှေ့အနောက်တောင်မြောက်ကနေ
လှည့်ပြီးရှိခိုးပါရစေဦးလို့ထပ်တောင်းဆိုပါတယ်။သူခိုးကလည်းခွင့်ပြုပါတယ်။
အနောက်ဘက်လည်းရောက်ရောရှစ်ခိုးသလိုလုပ်ပြီးတောင်အောက်ကို
တွန်းချပြစ်လိုက်ပါတယ်။ဒါကိုတွေ့တဲ့တောင်စောင့်နတ်ကလောကကြီးမှာ
အခါခပ်သိမ်းယောင်္ကျားတွေသာပညာရှိတာမဟုတ်ပါဘူး....
မိန်းမတွေလည်းပညာရှိပါတယ်ဆိုပြီးဂါထာတွေနဲ့ချီးမွမ်းပါတယ်။
ကိုယ့်အသတ်ကိုဘယ်လိုကာကွယ်ရမယ်ဆိုတာသိတာကပညာပါ။
တောင်အောက်တွန်းချလိုက်တာက ပါဏတိပါတ အကုသိုလ်ကံပါ။
သူခိုးကိုမတွန်းချပြန်ရင်လည်းကိုယ်သေမှာပါ၊တွန်းချပြန်ရင်လည်း
ပါဏတိပါတ အကုသိုလ်ကံထိုက်မှာပါ။
အဲဒီလိုအခြေအနေမျိုးကြုံလာရင်အသင်ရော ဘယ်လိုလုပ်မှာလဲ.....?
အသက်ပဲအသေခံမလား..? တွန်းပဲချမလား..?
ကျွန်မအထင်တော့ ဒီခေတ်မှာတော့အကုန်လုံးနီးပါးက တွန်းချကြမှာပါနော်။
ဤသို့ ပါဏတိပါတ အကုသိုလ်ကိုပြုမိသည့်အတွက်
နောက်တစ်ဖန်ပူပန်ခြင်းအကုသိုလ်တွေသာထပ်၍တိုးပွားတော့မည်။
ပူပန်မှုကြောင့်ပြုမိတာကိုမပြုရာရောက်အောင်လည်းမတတ်နိုင်
ဤသို့ဆင်ခြင်ပြီးလျှင်ထိုပြုမိသောအမှုကိုလုံးလုံးဂရုမပြုပဲပယ်စွန့်
လိုက်၏။နောက်နောင်အခါလည်းထိုကဲ့သို့မဖြစ်ဖို့ရာလွန်စွာရှောင်ကြည်၏
ဤသို့သောနည်းဖြင့်အားထုတ်သည်ရှိသော်ဖြစ်ပြီးသောအမှုကိုလည်း
ပယ်နိုင်၏၊အလားတူ ပါဏတိပါတ ကိုလည်းပယ်စွန့်ရာရောက်၏
ဤကဲ့သို့ပယ်စွန့်မှုကြောင့်ဘယ်တော့မှအကျိုးမပေးနိုင်ဟု
မဆိုနိုင်သော်လည်းတော်တော်နှင့်အကျိုးပေးခွင့်ရမည်မဟုတ်ပေ။
လိုရင်းကတော့ပြုပြီးတဲ့အကုသိုလ်ကိုနောက်နောင်ဘယ်တော့မှမပြုတော့ပဲ ကုသိုလ်တွေဆက်ကာဆက်ကာပြုနေလိုက်တော့တာပါပဲ။
PS..ဆရာတော်ရဝေနွယ် စာအုပ်မှကောက်နှုတ်ချက်။
(တန်ဆောင်တိုင်လပြည့်နေ့အမှတ်တရ)
မချစ်ရ
Posted by မချစ်ရ at 12:01 AM 9 comments
Labels: ဗုဒ္ဓဘာသာကောင်းတစ်ယောက်
Friday, October 30, 2009
ကျွန်မကြိုက်သောသရဲကား(invisible)
ဒီကားလေးကသရဲကားဆိုပေမယ့်ကြောက်စရာမကောင်းပဲသနားစရာဇာတ်လမ်းလေးပါ
နားလည်သလိုပြန်ထားပါတယ်။ ဇာတ်ကားနာမည်ကတော့ Invisible ပါ
ဆိုးသွမ်းသောလမ်းသရဲမလေးကျောင်းမှာဂျစ်ပစီယောင်္ကျားလေးအုပ်စုနဲ့
အခြားလူတွေကိုအနိုင်ကျင့်သောင်းကျန်းနေတာပေါ့
တနေ့တော့ကောင်လေးသူငယ်ချင်းကိုစော်ကားလိုက်လို့မင်းသားကောင်လေးက
ကောင်မလေးကိုပြန်ပြောရာမှာကောင်မလေးဒေါသပုန်ထပြီးကောင်လေးကို
ကျောင်းကန်တင်းမှာနပန်းလုံးလို့ကျောင်းအုပ်ကြီးထံရောက်အဆူခံရပါလေရော
ကောင်မလေးဘယ်လောက်ဆိုးသလဲဆိုတော့ဂျစ်ပစီကောင်တွေအုပ်စုလိုက်နဲ့
ညဘက်လျှောက်သွားရာကစိန်ဆိုင်တစ်ခုမှစိန်ဘားယက်ကိုတွေ့ပြီးလောဘတက်ကာ
မှန်ကိုခွဲပစ်လိုက်ပြီးလုယူထွက်ပြေးသွားတယ်။မှန်ကွဲတော့အလန်းထမြည်ပြီးရဲကားများ
တန်းစီလိုက်လာကြတယ်ကားမောင်းပေးတဲ့ကောင်ကသူနဲ့ကြိုက်နေတဲ့လူဆိုးပေါ့။
ဒီလူဆိုးကလည်းကောင်မလေးလုပ်ရပ်ကိုမျက်လုံးတွေပြူးပြီးနောက်တော့လွတ်ဖို့အတူတူ
ပြေးရာကလွတ်မြောက်ခဲ့ပါတယ်။မနက်မိုးလင်းတော့ကောင်မလေးလူဆိုးအိမ်မှကျောင်းသို့
သွားဖို့စောစောထွက်အသွားလူဆိုးကောင်မှမသွားနဲ့လို့ပြောရာမှာကောင်မလေး
ှဂရုမပြုဟန်လုပ်ပြပြီးထွက်သွားလို့ရဲစခန်းကိုအကြောင်းကြားလိုက်ရာကကောင်မလေး
ကိုရဲများလိုက်ဖမ်းလို့ကျောင်းမှာခွေးပြေးဝက်ပြေးပြေးခဲ့ရပါတယ်။
နောက်တော့မင်းသားကောင်လေးကိုမကျေနပ်ရာမှကောင်လေးရှိမယ့်နေရာကိုလိုက်လံရှာဖွေပြီး
မတွေ့တော့ကောင်လေးသူငယ်ချင်းကိုနှိပ်စက်ပြီးမေးမြန်းခဲ့ရာကောင်လေးရှိရာကို
သိရှိသွားတယ်။ကောင်မလေးသူငယ်ချင်းဆိုးသွမ်းတဲ့ကောင်တွေအုပ်စုလိုက်အားကိုးနဲ့
ကောင်လေးကိုအသေနှိပ်စက်ရိုက်နှက်လိုက်ရာကကောင်လေးသေသွားပါရော..
ကောင်လေးသေတော့သူလည်းသေစေလိုလို့လုပ်တာမဟုတ်ပဲဒေါသအလျှောက်
ဖြစ်သွားတာဆိုတော့လန့်ပြီးကျွင်းထဲကိုပစ်ချလိုက်ပါတော့တယ်...
ကျန်လူတွေကလည်းအလိုတူအလိုပါတွေဖြစ်တော့ရေငုံနှုတ်ပိတ်နေကြပြီး
လိုက်လုပ်ပေးရတော့တာပေါ့အဲဒီအထဲမှာကောင်လေးသူငယ်ချင်းလည်းပါပါတယ်
ကောင်လေးအမေကတော့သူ့သားပျောက်လို့ရဲစခန်းတွေတိုင်တယ်
ကောင်လေးကအနားမှာသူ့အမေကိုခေါ်နေတယ်ဒါပေမယ့်သူ့အမေမကြားပါ
ကောင်မလေးဆီသွားပြီးကြိမ်းမောင်းတယ်သူ့ကိုကောင်မလေးလဲမမြင်ပါဘူး
ဒီနောက်ကောင်မလေးသွားရာတကောက်ကောက်နောက်ကလိုက်တော့တာပါပဲ
ကောင်မလေးကအကြီးအကျယ်နောင်တရနေပါပြီ၊သူနဲ့ကြိုက်တဲ့လူဆိုးကိုလည်း
ဘယ်လိုလုပ်ရမလဲမေးတော့သူ့ကိုပဲဟိုကကြိမ်းမောင်းတာပေါ့
ရဲတွေကလိုက်စုံစမ်းနေတော့ကောင်မလေးထွက်ပြေးတိမ်းရှောင်နေရပါတယ်
ကောင်မလေးသွားရာနောက်တကောက်ကောက်လိုက်ပြီး
ကောင်လေးကတတွတ်တွတ်ပြောနေပါတယ်ကောင်မလေးမကြားပေမယ့်
သူ့ရဲ့စိတ်မှာကောင်လေးရှိနေတယ်ဆိုတာကိုသိသိလာပါတယ်
နောက်ဆုံးတော့ကောင်မလေးကောင်လေးကိုပစ်ချထားခဲ့တဲ့နေရာကိုပြန်သွားရှာပါတယ်
ကောင်လေးခန္ဒာကိုယ်ကိုမတွေ့တော့ပါဘူးကောင်လေးဝိညာဉ်ကလည်း
ကောင်မလေးနောက်တကောက်ကောက်လိုက်နေလို့
သူ့ခန္ဒာကိုယ်ဘယ်ပျောက်နေလည်းမသိပါဘူး။
သူ့ကိုယ်ထဲကိုပြန်ဝင်လိုက်ရင်အသက်ပြန်လည်ရှင်လာမယ်လို့
ကောင်မလေးရောကောင်လေးဝိညာဉ်ကပါယုံကြည်ထားတယ်လေ။
ကောင်မလေးကသူ့သူငယ်ချင်းလူဆိုးကောင်တွေဆီကိုသေနတ်ကိုင်သွားပြီးအတင်းကျပ်
မေးမြန်းခဲ့ပါတယ်ဒီနေရာမှာဘာလို့အဲလိုသွားလဲဆိုတော့ကောင်လေးကိုပစ်ချထားတဲ့နေရာ
ကောင်မလေးနဲ့ဒီလူတွေပဲသိလို့ပါ။နောက်ဆုံးတော့လူဆိုးကောင်ကပြောပါတယ်...
ကောင်လေးကသေနေပြီပဲသူ့ခန္ဒာကိုယ်ဘာလုပ်ဖို့လဲလို့ကောင်မလေးကသူမသေသေးတာ
သိတယ်ဆိုပြီးသေနတ်နဲ့ခြိမ်းခြောက်မေးရာကနောက်ဆုံးရေကာတာကြီးနားမှာပစ်ချထားတာ
သိလို့ကောင်မလေးရဲကိုဖုံးဆက်အကြောင်းကြားလိုက်ပါတယ်။
ကောင်မလေးသေနတ်နဲ့ခြိမ်းခြောက်မေးတဲ့လူဆိုးကကောင်မလေးရဲကိုဖုံးဆက်နေတုန်း
ကောင်မလေးကိုသေနတ်နဲ့ပစ်လို့ကောင်မလေးဒဏ်ရာရခဲ့တယ်...
ကောင်လေးရဲ့ခန္ဒာကိုယ်ကိုတော့ရဲများကရေကာတာပွင့်ချခါနီးလေးမှာကယ်လိုက်နိုင်တယ်
ရေကာတာပွင့်ကျရင်ကောင်လေးခန္ဒာကိုယ်ကမျောပါသွားတော့မှာမို့ဆုံးရှုံးရတော့မှာပါ
ကောင်လေးကိုဆေးရုံတင်ပြီးကောင်လေးအမေကိုအကြောင်းကြားတယ်။
ကောင်မလေးကညဘက်မှာကောင်လေးအမေဆီလာပြီးကောင်လေးနဲ့တွေ့ဖို့ခွင့်တောင်းပါတယ်
ကောင်လေးအမေကဒီကောင်မလေးကြောင့်ဖြစ်တာသိပြီးကောင်မလေးကိုဆဲဆိုပြီးတွေ့ခွင့်မပေးပါဘူး
ကောင်မလေးကကောင်လေးသူ့အနားမှာရှိနေတယ်လို့ဘယ်လိုပြောပြောမရခဲ့ပါဘူး
ကောင်လေးရဲ့ဝိညာဉ်ကကောင်မလေးနားကနေသူ့အမေကိုတောင်းပန်ပြောနေတယ်
နောက်ဆုံးတော့ကောင်လေးနဲ့သူ့အမေ၂ယောက်ထဲဖတ်တဲ့ကဗျာလေးရွတ်ပြလိုက်တော့
တွေ့ခွင့်ပေးလိုက်ပါတော့တယ်။ကောင်မလေးကကောင်လေးကုတင်ပေါ်တက်ပြီးသေနတ်ဒဏ်ရာနဲ့
ကောင်လေးသူ့အနားမှာရှိတာကိုသူသိနေကြောင်းနဲ့ကောင်လေးကိုသူ့အမှားအတွက
တောင်းပန်ပြောဆိုပြီးသေသွားပါတော့တယ်။ကောင်မလေးသေသွားပြီးမှကောင်လေးပြန်လည်
သတိရလာပါတော့တယ်။ကောင်မလေးကတော့သေသွားပါပြီကောင်လေးကအသက်ပြန်ရှင်လာခဲ့ပါတယ်
ကောင်လေးကလည်းကောင်မလေးသူ့အတွက်ကြိုးစားပြီးသေသွားခဲ့တယ်ဆိုတာကိုအားလုံးသိနေပါတယ်
(ဒီကားလေးကိုကြိုက်တာသရဲခြောက်နေတာမဟုတ်ပဲကောင်လေးက၀ိညာဉ်နဲ့ဘ၀မှာ
ကောင်မလေးကလူသား၊ကောင်လေးကလူပြန်ဖြစ်တော့ကောင်မလေးကသေသွားခဲ့ပြီလေ)
အဲဒီဇာတ်လမ်းလေးကအရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်၊
အတိုချုံးပဲသိသလောက်ရေးပြထားတဲ့အတွက်သိပ်ပီပြင်မှာမဟုတ်ပါဘူးနော်...
မချစ်ရ
Posted by မချစ်ရ at 12:04 AM 11 comments
Labels: Halloween
Wednesday, October 28, 2009
စင်္ကပူမှာသာတဲ့..လ
လမုန့်ပွဲတော်တဲ့ပြောတာနဲ့လမုန့်စားချင်တဲ့ရောဂါကထလာရောလေ
လမုန့်ကိုလည်းသိပ်အကြိုက်ကြီးတော့မဟုတ်ပါဘူးဒါပေမယ့်အထဲမှာဆားဘဲဥပါတဲ့
လမုန့်ကကောင်းလွန်းလို့လမုန့်ပွဲတော်လည်းရှိတယ်ဆိုတာကြားတာနဲ့
စားချင်နေလိုက်တာဘယ်လိုဖြစ်နေမှန်းကိုမသိလောက်အောင်ပါပဲ
ဒါနဲ့ထိုင်ဝမ်ကအမကပို့ပေးမယ်ပြောတော့မပို့နဲ့လို့ပဲပြန်ပြောလိုက်တယ်
လမုန့်စားချင်တဲ့အကြောင်းကတော့ဒီလိုပါပဲပြောမိတာပေါ့သူငယ်ချင်းတွေကိုလည်း
အဲ..ဒါနဲ့စင်္ကပူကတစ်ယောက်ကလမုန့်ကိုဝယ်ထားပေးပါလေရော
လမုန့်ပွဲတော်ကလည်း၅ရက်ပဲလုပ်တာတဲ့လေသူလည်းမသိတော့သွားဝယ်တာမရှိတော့လို့
ဟော်တယ်က၃ဗူးဝယ်လာလိုက်တယ်တဲ့ဝယ်ပြီးတော့လည်းလူကြုံကမရှိပြန်ဘူး
နောက်တော့ကျွန်မသူငယ်ချင်းတစ်ယောက်အလည်သွားတာနဲ့အပြန်ထဲ့ပေးလိုက်ဖို့ပြောတော့
ကောင်မလေးကဖုံးနံပါတ်ပေးလိုက်တာနိုင်ငံကုတ်မှားဆက်မိလို့ပြန်ခါနီး၁ရက်မှ
သူတို့ချိတ်မိတော့မအားတာနဲ့မပေးလိုက်နိုင်ပြန်ဘူးဒါနဲ့မပို့ပေးနဲ့တော့လို့ပြောလိုက်တာကို
နောက်သုံးရက်လောက်ကြတော့သူငယ်ချင်းတစ်ယောက်နဲ့ထည့်ပေးလိုက်တယ်ပြောတယ်။
သူထဲ့ပေးလိုက်တဲ့သူငယ်ချင်းကအဝေးကြီးမှာနေတာနေရာကခေါင်လိုက်တာလည်းလွန်ပါရော
ဘယ်လိုလုပ်သွားယူနိုင်မလဲ....ဟိုကလည်းနီးစပ်ရာတောင်မလာတတ်ဘူး
ချင်းလူမျိုးတွေမြန်မာလိုလည်းကောင်းကောင်းမပြောတတ်နောက်တော့
သူတို့နဲ့ချိန်းမရတဲ့အတူတူသွားမယူတော့ဘူးဆိုပြီး
နီးစပ်ရာသူငယ်ချင်းကိုသွားယူပြီးစားလိုက်တော့လို့ပြောလိုက်တော့တယ်။
အယ်..ဖြစ်ချင်တော့သူကလည်းမြို့နယ်တူနေတာတောင်အဲဒီနေရာကခေါင်လွန်းလို့
တစ်ခေါက်ပဲရောက်ဖူးတယ်တဲ့လေသူလည်းသွားမယူဖြစ်ပြန်ဘူး။တော်ပြီ...စိတ်ကုန်သွားပြီ
လုံးဝသွားမယူတော့ဘူးနေပစေတော့လို့စိတ်ဆုံးဖြတ်လိုက်တော့တယ်။
တစ်ခါမှလည်းမသွားဘူးခေါင်လည်းခေါင်တဲ့နေရာမို့လို့မသွားရဲပါဘူး။
ပေးတဲ့လူကိုပဲအပစ်တင်လိုက်တော့တယ်။ဒီလောက်ဝေးတဲ့နေရာကိုပေးလိုက်ရလားလို့
သူလည်းမသိဘူးလေတဲ့ကောင်းရောနီးလားဝေးလားဘယ်နားမှန်းမသိစွတ်စပ်တွေ
ပေးလိုက်တာစားစေချင်လို့တဲ့လေ။ဒီကတော့ဒေါကန်နေပြီ အဲ့လမုန့်နဲ့
သံသရာကမပြီးသေးဘူး..ပါးစပ်ကအငြိမ်မနေနိုင်လမုန့်ရောက်လာလို့
သွားမယူနိုင်ကြောင်းကိုပြောမိပြန်ပြီ ခုမှခင်ကာစကောင်လေးတစ်ယောက်ကို
အဲကောင်လေးကဒီလောက်အမစားစေချင်လို့ပို့ပေးတာ
သူနေရာသိတယ်သွားယူပေးမယ်ဆိုပြီး သွားယူပေးပါတယ်
နောက်နေ့ဆိုရင်တော့သူလည်းစာမေးပွဲရှိလို့ သွားမယူနိုင်ပါဘူး။
ဒီနေ့လာယူလို့ရမလားလို့ ဖုံးဆက်ပြီးမေးလိုက်ရသေးတယ် ရတယ်ဆိုလို့ပေါ့
သွားယူပေးတဲ့လူကခရီးဝေးသွားလည်းယူပေးရသေးနောက်နေ့မှာလာပို့ပေးရသေးတယ်
သူမှာလည်းစေတနာသက်သက်နဲ့တကူးတကလျှောက်လုပ်ပေးနေတာ
ဘာရည်ရွယ်ချက်မှမပါပါဘူး သူ့ကိုမုန့်ကျွေးတာတောင်မစားဘူး
လမုန့်၂ဗူးကလည်းအတော်လေးသားသံဗူးတွေနဲ့ဆိုတော့သွားယူပေးတဲ့
လူကိုအားနာပြီးပို့ပေးလိုက်တဲ့လူကိုပဲလှိမ့်ကောနေတာ။
လမုန့်သံသရာလည်နေလို့ ရောက်လာတော့လည်းစားတာပါပဲ။
အိမ်ကတော့လမုန့်မှာတဲ့ကျွန်မကိုပဲအပစ်တင်နေပါတော့တယ်။
ဒါပေမယ့်စားကြတာပါပဲ...ဟိ........
မချစ်ရ
Posted by မချစ်ရ at 12:03 AM 15 comments
Labels: ပေါက်တတ်ကလောက်
Tuesday, October 27, 2009
ကထိန်သင်္ကန်း
ဗုဒ္ဓဘုရားသည် ဇေတ၀န် ကျောင်းတော်မြတ်၌ကိန်းဝပ်စံမ္ပယ်တင့်တယ်စွာ
သီတင်းသုံးနေတော်မူစဉ် သင်္ကန်းလျာနွမ်းနယ်ပါးရှား ပါဝေယျကတိုင်းသား
ဘဒ္ဒ၀ဂ္ဂီညီနောင်သုံးကျိပ်(၃၀)ပါးတို့အားအကြောင်းပြု၍
ကထိန်အလှူဖြစ်ပေါ်လာပါသည်။ကထိန-ဟူသောပါဠိစကားသည်
“ခင်းခြင်း (သို့) (ရဟန်းတော်များအား) ကပ်လှူခြင်း” ဟုအဓိပ္ပါယ်ရသည်။
ကထိန်အလှူကို လူများသာမက ရဟန်းတော်များကိုယ်တိုင်လည်း လှူဒါန်းနိုင်သည်။
နတ်များလည်း လှူဒါန်းခွင့်ရှိသည်။
ကထိန်ခင်းရန် လိုအပ်သည့်ကိစ္စ -၈-ပါး
၁။ ကထိန်သင်္ကန်းကို အလှူခံမှု၊
၂။ ကထိန်ခံထိုက်သောပုဂ္ဂိုလ်ကို သံဃာတော်တို့က စိစစ်ရွေးချယ်ပေးမှု၊
၃။ ထိုရွေးချယ်ခံရသူအားသိမ်တွင်း၌ ကမ္မဝါဖတ်၍ ကထိန်သင်္ကန်းကို ပေးမှု၊
၎။ တိစီဝရိက် အဓိဋ္ဌာန်တင် သင်္ကန်းဟောင်းကိုပစ္စဒ္ဓိုရ်ပြု အဓိဋ္ဌာန်စွန့်မှု၊
၅။ ခင်းမည့် သင်္ကန်းသစ်ကို ကပ္ပဗိန္ဒုထိုးမှု၊
၆။ သင်္ကန်းအမည်ဖြင့်အဓိဋ္ဌာန်တင်မှု၊
၇။ နှုတ်မြွက်၍ ခင်းမှု၊
၈။ အနုမောဒနာပြုမှု။
ကထိန်ခင်းခံရမည့် ရဟန်း၏ အင်္ဂါ -၈-ပါး
၁။ ပုဗ္ဗကရဏံဇာနာတိ- ရှေးဦးစွာ ပြုလုပ်ရမည့်ကိစ္စရပ်တို့ကို သိရ ပြုရခြင်း၊
၂။ ပစ္စုဒ္ဓါရံ- ပစ္စုဒ္ဓိရ်ပြုတတ်ရခြင်း၊
၃။ အဓိဋ္ဌာနံ- အဓိဋ္ဌာန်တင်တတ်ရခြင်း၊
၎။ အတ္ထာရံ- ခင်းပုံခင်းနည်း သိထားရခြင်း၊
၅။ မာတိကံ- မာတိကာကို သိထားရခြင်း၊
၆။ ပလိဗောဓံ- ကြောင့်ကြကို သိထားရခြင်း၊
၇။ ဥဒ္ဓါရံကထိန်နှုတ်ပုံကိုသိထားရခြင်း၊
၈။ အာနိသံသံ- အာနိသင်တို့ကို သိထားရခြင်း။
၎င်းအင်္ဂါရှစ်ပါးနှင့်ပြည့်စုံသောရဟန်းမှသာကထိန်ခံထိုက်သည်။
ကထိန်အာနိသိသင် -၅-ပါး
ကထိန်ခင်းရသောရဟန်းတော်များခံစားရသည့်ကထိန်အကျိုး-၅-ပါးဖြစ်သည်။
၁။အ နာမန္တ စာရ- ထင်ရှားရှိသောရဟန်းကိုမပန်ကြားမူ၍ မြို့တွင်းရွာတွင်းဆွမ်းဖိတ်ရာအိမ်သို့သွားနိုင်ခြင်း
၂။ အ သမာဒါန စာရ- အဓိဋ္ဌာန်တင်ပြီးဆောင်သောသင်္ကန်းကိုမယူမူ၍သွားနိုင်နေနိုင်ခြင်း
၃။ ယာဝ ဒတ္ထစီဝရ- အလိုရှိတိုင်းသင်္ကန်းကိုအဓိဋ္ဌာန်ဝိကပ္ပနာမပြုမူ၍ထားနိုင်ခြင်း
၎။ ဂဏ ဘောဇန- ထမင်းစားကြွပါစသည်ဖြင့်မအပ်သောဖိတ်ခြင်းရှိသောဆွမ်းဘောဇဉ်ကိုစားနိုင်ခြင်း
မှတ်ချက်။ ။ပုံမှန်အရဆိုလျှင်ရဟန်းသံဃာများကိုဆွမ်းစားပင့်လျှင်
“ဒကာ+ဒကာမတို့ကတပည့်တော်တို့အိမ်“ဆွမ်းဘုဉ်းပေးကြွပါ
ဘုရား၊ မုန့်တီဆွမ်းဘုဉ်ပေးကြွပါဘုရား”စသည်ဖြင့် မိမိကပ်လှူမည့်
စားဖွယ် နောက်ဝယ် “ဆွမ်း”ဟူသော စကားလုံးထည့်ပြီးပင့်ဖိတ်မှရဟန်းတော်များ
ဒကာ+ဒကာမများ ပင့်ဖိတ်၍ ကပ်လှူသောဆွမ်းခဲဖွယ်များ ဘုဉ်းပေးကောင်းသည်။
ဒါပေမယ့်ဘုရားရှင်ခွင့်ပြုလိုက်သောကထိန်ကြောင့်ကထိန်အကျိုးခံစားခွင့်ရသော
ရဟန်းတော်များစားဖွယ်နောက်ဝယ် “ဆွမ်း”ဟူသော စကားလုံးမပါဘဲဖိတ်မန်၍
လှူဒါန်းကလည်းဘုဉ်းပေးကောင်းသည်။
၅။ကထိန်ခင်းသောကျောင်းတိုက်၌ကထိန်ခင်းပြီးနောက်တပေါင်းလပြည့်နေ့အတွင်း
သံဃာအားလှူသောသင်္ကန်းလျာပုဆိုးကိုလည်းကောင်း၊ သို့မဟုတ် သင်္ကန်းကိုလည်းကောင်း၊
ထိုကျောင်းတိုက်ရှိ ကထိန် အနုမောဒနာပြုသော ရဟန်းတို့သာ ရနိုင်ခြင်း၊
မှတ်ချက်။ ။ ဒကာ+ဒကာများကကထိန်အာနိသင်ရသောရဟန်းတော်များအား
ဤအကျိုး၅ပါးခံစားရအောင်လုပ်ပေးလိုက်ခြင်းဖြစ်သည်။ရဟန်းတော်များ
အကျိုး၅ပါးရရှိသလိုဒကာ+ဒကာမများလည်းအန္တရာယ်ကင်းစွာခရီးသွားနိုင်ခြင်း၊
အဆိပ်အတောက်မခံစားရခြင်းစသည့် အကျိုးများ ရရှိနိုင်ပါသည်။
ကထိန်သင်္ကန်း-၃-မျိုး
ကထိန်ခင်းရန်အတွက်ဘုရားရှင်ခွင့်ပြုတော်မူခဲ့သောသင်္ကန်းသုံးမျိုးရှိသည်။
၁။ သံဃာဋိ- ဒုကုဋ်ခေါ်နှစ်ထပ်သင်္ကန်းကြီး
၂။ ဥတ္တရာသင်္ဂေါ- ကိုယ်ဝတ်ခေါ် ဧကသီ
၃။ အန္တရဝါသကော-ခါးဝတ်ခေါ် သင်းပိုင်အထက်ပါသင်္ကန်း-၃-ထည်
တို့တွင် ကထိန်ခင်းမည့်သင်္ကန်း၌ လိုအပ်သော အင်္ဂါများ
အဟတေန အတ္တတံ ဟောတိ ကထိနံ
သင်္ကန်းအသစ်ဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။
အနိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ
ဘယ်သင်္ကန်း ၊ ဘယ်အမျိုးအစား သင်္ကန်း စသည်ဖြင့် နိမိတ်မပြပဲ
အလိုလိုဖြစ်ပေါ်လာသောသင်္ကန်းဖြင့်ကထိန်ခင်းမှကထိန်မြောက်ပါသည်။
အပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ
ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်မဆိုပဲ အလိုလို ဖြစ်ပေါ်လာသော
သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။
အကုက္ကုကတေန အတ္ထေတံ ဟောတိ ကထိနံ
မငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။
အသန္နိဓိကတေန အတ္ထတံ ဟောတိ ကထိနံ
ကထိန်ခင်းမည့် နေ့မရောက်မီ ကျောင်း၌ မသိုမှီး မထိန်းသိမ်းထားသော
သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။
အနိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ
ကထိန်ခင်းမည့် နေ့မရောက်မှီ ကျောင်းကို ကြိုတင် ပို့မထားသော သင်္ကန်း ၊
ကထိန်ခင်းမည့် နေ့ရောက်မှ ကျောင်းကို ပို့သော
သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။
ပဉ္စကေန ဝါ အတိရေကပဉ္စကေန ဝါ တဒဟေဝ သဥ္ဆိန္နေန
သမဏ္ဏလီကတေန အတ္ထတံ ကထိနံ
ကထိန်ခင်းသည့် နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက်
ပိုအောင် ဖြတ်ချုပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။
ကထိန် မမြောက်သော သင်္ကန်းများ
န ဒဠှီကမ္မကရဏ မတ္တေန အတ္ထတံ ဟောတိ ကထိနံ
နှစ်လွှာစပ်ကာမျှဖြင့်နှစ်လွှာစပ်ထားသောသင်္ကန်းဖြင့်ကထိန်ခင်းလျှင်ကထိန်မမြောက်
န နိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ
ဤသင်္ကန်းဖြင့်ကထိန်ခင်းမည်ဟုနိမိတ်ပြသောသင်္ကန်းဖြင့်ကထိန်ခင်းလျှင်ကထိန်မမြောက်
န ပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ
ဤသင်္ကန်းဖြင့်ကထိန်ခင်းမည်ဟုပရိယာယ်ဆို၍ရသောသင်္ကန်းဖြင့်ကထိန်ခင်းလျှင်ကထိန်မမြောက်
န ကုက္ကုကတေန အတ္ထတံ ဟောတိ ကထိနံ
ခေတ္တ ငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်
န သန္နိကတေန အတ္ထတံ ဟောတိ ကထိနံ
ကထိန်ခင်းမည့်နေ့မရောက်မီကျောင်း၌သိုမှီးထားသောသင်္ကန်းဖြင့်ကထိန်ခင်းလျှင်ကထိန်မမြောက်
န နိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ
ကထိန်ခင်းမည့်နေ့မရောက်မီကျောင်းကိုကြိုတင်ပို့ထားသောသင်္ကန်းဖြင့်ကထိန်ခင်းလျှင်ကထိန်မမြောက်
န အညတြ ပဉ္စကေန အတိရေကပဉ္စကေန ဝါ တဒဟေဝ သဦ္ဆန္နေန
သမဏ္ဏလီကတေန အတ္ထတံ ဟောတိ ကထိနံ
ကထိန်ခင်းသည့် နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက် ပိုအောင် ဖြတ်မထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။
(အိမ်ကြီး/အိမ်ငယ်)ဟူသည် သင်္ကန်းမှာ ပါသော အဖွဲ့များကို ဆိုလိုသည်။
ကထိန်သင်္ကန်းအား ညတ်သင်္ကန်း၊ ကထိန်လျာသင်္ကန်း၊ မိုးပေါ်ကျသင်္ကန်း၊
မသိုးသင်္ကန်းဟု အမျိုးမျိုး ခေါ်ဝေါ်ကြသည်။
ကထိန် “ညတ်သင်္ကန်း”ဆိုသည်မှာ..
ကထိန် ခင်းထိုက်သော ရဟန်းအား ကထိန်ခင်းမည့် သင်္ကန်းကို
“ညတ္တိဒုတိယ ကမ္မ၀ါစာ”ဖတ်ပြီး ပေးအပ်ရသည်ကို စွဲ၍
ကထိန်းသင်္ကန်းကို “ညတ်သင်္ကန်းကြီး”ဟု ခေါ်ကြပါသည်။
ကထိန်ခင်းမည့် သင်္ကန်းသည် ဒုကုဋ် နှစ်ထပ်သင်္ကန်းမှ “ညတ်”သင်္ကန်းဟု မဆိုလိုပါ။
သင်းပိုင်၊ ဧကသီ တထည်ထည်ဖြင့် လည်းကောင်း၊ သင်းပိုင်၊ ဧကသီ ထွဲထားသည့်
ဒွိစုံဖြင့် လည်းကောင်း ကထိန်လှူဒါန်း နိုင်ပါသည်။
ဤကထိန်အကြောင်းကို မောင်လေး မှစုဆောင်းမျှဝေပေးထားခြင်းပါ။
အမှားပါပါကကွန်မန့်တွင်ပြင်ခဲ့ပေးနိုင်ပါသည်။
မချစ်ရ
Posted by မချစ်ရ at 12:02 AM 8 comments
Labels: FWD:
Sunday, October 25, 2009
တောင်ကြီးမီးပုံးပျံပွဲတော်
တောင်ကြီးမြို့စူဠာမုနိစေတီတော်
မီးကြည်မီးပုံးဖြာကျနေပုံ
စိန်နားပန် မီးပုံး
ဒီနေ့ ( ၂၅.၁၀.၂၀၀၉) ဆိုရင် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲစတဲ့နေ့လေ.....
တန်ဆောင်တိုင်ပွဲတော်ဆိုရင်မြန်မာပြည်မှာအထင်ရှားဆုံးနှင့်အစည်ကားဆုံး
နေရာကတော့တောင်ကြီးမြို့တန်ဆောင်တိုင်ပဲဆိုတာအားလုံးသိကြပြီးဖြစ်ပါတယ်။
ကျွန်မလည်းထိုတန်ဆောင်တိုင်ပွဲကိုဆင်နွှဲဖြစ်တာကတော့
ကျွန်မသူငယ်ချင်းရဲ့ယောင်္ကျားကတောင်ကြီးသားရှမ်းမို့လို့ပါ။
ကျွန်မသူငယ်ချင်းကတော့အရင်ကတည်းကယောင်္ကျားလိုပဲနေတတ်တယ် ။
သူကအိမ်မှုကိစ္စဘာမှမလုပ်တဲ့အပြင်ယောင်္ကျားကအလုပ်ကပြန်လာရင်တောင်
သူ့ကိုထမင်းဟင်းဝယ်လာပေးရသေးတယ်။သူကြောက်တာဆိုလို့တစ်ယောက်မှမရှိဘူး
သူ့မိဘတွေကငယ်ငယ်လေးတည်းကဆုံးသွားကြတာဆိုတော့သူ့အမတွေက
အရမ်းအလိုလိုက်ထားတာလေ၊ဒါပေမယ့်ဘယ်ဘ၀၀ဋ်ကြွေးလည်းတော့မသိဘူးတဲ့
သူပြောတယ်သူအကြောက်ရဆုံးနဲ့အချစ်ဆုံးကကျွန်မတဲ့လေ။
အဲဒါနဲ့သူကစပြီးတောင်ကြီးမီးပုံးပွဲလာဖို့ကျွန်မကိုမြှူဆွယ်တော့တာပဲ
အမှန်ကတော့သူကျွန်မကိုမတွေ့တာနှစ်နဲ့ချီနေလို့တွေ့ချင်လို့ခေါ်တာပါ။
ကျွန်မကလည်းတစ်ခါမှမရောက်ဖူးတော့စိတ်ဝင်စားပြီးသွားရာကနေ
ပျော်ရွှင်သွားတယ်ဆိုပါတော့ ...........
ဒီလိုနဲ့မီးပုံးပျံပွဲကိုမမြင်ဘူးတော့စသွားလည်တဲ့နှစ်မှာပဲမီးပုံးလွှတ်ခါနီးမှာ
တစ်ခါမှလည်းမကြည့်ဖူးဘူးစိတ်ဝင်စားစပ်စုချင်စိတ်ကလည်းဖြစ်တော့
ပထမဆုံးလွှတ်တဲ့မီးပုံးအနားထိရောက်အောင်တိုးသွားကြည့်မိလိုက်တယ်
ဖြစ်ချင်တော့အဲဒီမီးပုံးကမီးကြည်တွေဖျာကျတဲ့(မီးကြည်မီးပုံး)
အမြင့်ပေတော်တော်ရောက်မှမီးကြည်ဖျာရမှာကိုမီးပုံးကမအောင်တော့
အနိမ့်လေးမှာပဲဆောင်းပြီးမီးကြည်တွေနဲ့အတူမီးပုံးပျက်ကျပါလေရော
ကျွန်မကြောက်လန့်တကြားလူတွေနဲ့အတူပြေးရတာပေါ့ဒါကပထမနေ့မို့လို့
လူသိပ်မများသေးလို့လူမပိတာနို့မို့ဆိုမလွယ်ဒါတောင်နည်းနည်းပိလိုက်သေးတယ်
လူတွေကိုယ့်ပေါ်ကျလာတာနောက်ဆုံးနေ့မှာတော့လူတွေများလိုက်တာမှ
အနားတောင်ကပ်ဖို့မပြောနဲ့ကွင်းထဲတောင်သွားလို့မရဘူးလေ။
လူကအောက်ခြေလွတ်သွားတာ
အဲ...လူညပ်ပါသွားတာကိုပြောတာနော်၊မီးပုံးကသုံးမျိုးသုံးစားရှိပါတယ်
(မီးကြည်၊စိန်နားပန်၊နေ့လည်လွှတ်တဲ့အရုပ်မီးပုံး)တို့ပါ...
နေ့လည်မီးပုံးကတော့မကြည့်ဖြစ်တာများပါတာနေ့လည်ဆိုလျှောက်လည်နေတာလေ
အင်းလေးဖောင်တော်ဦးစေတီတော်
အင်းလေးဘုရားတို့၊တောင်ပေါ်ကရွှေဘုန်းပွင့်ဘုရားတို့ကိုလေစုံနေအောင်လိုက်ဖူးတာ
တောင်ကြီးမြို့ပေါ်ကဘုရားကတော့အပေါ်ကပုံ စူဠာမုနိ ပဲဖြစ်ပါတယ်
တောင်ပေါ်က ရွှေဘုန်းပွင့်ဘုရား ဆိုရင်လည်းတမြို့လုံးကိုရှုခင်းလိုမြင်တွေ့
နေရတော့စိတ်ကြည်လင်အေးချမ်းတာမှအရမ်းပါပဲ...
အေးချမ်းတာမှစိတ်ရောလူရောပဲ..နော်...
သူငယ်ချင်း၂ယောက်ဆိုင်ကယ်တစ်စီးနဲ့လျှောက်သွားတာလည်းပျော်စရာပဲ
၂၀၀၇ ခုနှစ်ကစပြီးမီးပုံးလွှတ်တဲ့ကွင်းအသစ်ကြီးကိုပြောင်းသွားခဲ့ပြီး
ကျယ်လည်းကျယ်တော့အန္တရာယ်သိပ်မရှိတော့ဘူးကြည့်လို့လည်းပိုကောင်းလာတယ်
သူငယ်ချင်း၂ယောက်ကတော့ပရီမီယာကော်ဖီဆိုင်ရဲ့ဖောက်သယ်တွေပဲလေ
တစ်ညကိုသုံးလေးခေါက်သွားသောက်လို့မှတ်မိနေကြပြီ။
မနှစ်က မီကို နှင့် ဂိုးရို့စ်ကော်ဖီဆိုင်ဆိုရင်ဒစ်စကိုမီးလုံးတွေနဲ့တစ်ညလုံးစည်ကားနေလိုက်တာ
စင်ပေါ်တက်ကနေလိုက်ကြတဲ့လူတွေကကျိတ်ကျိတ်တိုး(ကလပ်)ထက်ဆိုးပါသေးတယ်
သူတို့ကိုကြည့်တဲ့လူတွေကလည်းဝိုင်းအုံကြည့်ကြတာပေါ့
ပရီမီယာဆိုင်ကတော့အဲလိုမျိုးတွေမရှိပါဘူးအေးဆေးလေးကော်ဖီသောက်ရုံပါပဲ
ဒါတောင်ထိုင်စရာနေရာမရှိလို့သူများနဲ့ပဲအမြဲတွဲထိုင်ရတယ်နောက်ဆုံးနေ့မှာတော့
စတိတ်ရှိုးလေးလုပ်ပေးတယ်အဆိုတော်လေးတွေလာဆိုဖျော်ဖြေတယ်လေ။
ကော်ဖီလာချပေးတဲ့ကောင်မလေးတွေကလည်းမော်ဒယ်ချောချောလေးတွေ
ကံစမ်းမဲတွေလည်းပေးသေးတယ်..စုံနေတာပါပဲပွဲဈေးကလည်းကျိတ်ကျိတ်တိုး
အမြို့မြို့အနယ်နယ်ကလာရောင်းတဲ့ပစ္စည်းစုံ၊မုန့်မျိုးကလည်းအစုံပဲ
နိုင်ငံခြားဖြစ်ပစ္စည်းတွေလည်းဈေးပေါပေါနဲ့လာရောင်းကြတယ်
၂၀၀ရ၊၂၀၀၈ နှစ်နှစ်လုံးသွားလည်ခဲ့ပေမယ့်ဒီနှစ်တော့မသွားနိုင်တော့ပါဘူး
သူငယ်ချင်းကတော့မလာနိုင်လို့စိတ်ဆိုးနေလေရဲ့......
တောင်ကြီးမြို့မီးပုံးပျံပွဲကတော့မြန်မာလူမျိုးစုံသာမကပဲနိုင်ငံခြားသားများပါ
လာရောက်မှတ်တမ်းတင်ကြည့်ရှုရတဲ့မြန်မာ့ဂုဏ်ဆောင်ပွဲတစ်ပွဲပါပဲ။
PS..ကိုယ်တိုင်ရိုက်ထားတဲ့ဓါတ်ပုံများဖြစ်သောကြောင့်သိပ်မပေါ်လွင်ပါ
မချစ်ရ
Posted by မချစ်ရ at 12:09 AM 9 comments
Labels: အမှတ်ရစရာ.....





