ဘလော့(၁)နှစ်ပြည့်လေးအတွက်.... ကွတ်ကီးတွေနဲ့ဆောက်ထားတဲ့ကွတ်ကီးအိမ်(စားချင်သလောက်သာယူစားကြတော့)

ချိစ်ကိတ်
ကော်ဖီအအေးစုံ
ရှိတာလေးနဲ့ပဲဧည့်ခံလိုက်ပြီနော်....
ပြီးရင်တော့ဇာတ်သိမ်းပိုင်းလေးဆက်ဖတ်နိုင်ပါပြီ...
လာရောက်လည်ပတ်ကြသူအားလုံးပျော်ရွှင်နိုင်ကြပါစေ..........
"ပျောက်ဆုံးသွားသော..Online ချစ်သူ(ဇာတ်သိမ်း)"
.....................မထင်မှတ် ပဲ ပြန်ဆုံခြင်း....................
ဒီလို နဲ့ တစ်နှစ်လုံးလုံး online တက်လာတဲ့ကောင်မလေး online မှာ
သူငယ်ချင်းတွေလည်းရကောင်မလေးအပေါ်မှာတကယ်ကိုကောင်းတဲ့
မိတ်ဆွေတွေနဲ့ချစ်ခင်နှစ်သက်တဲ့သူတွေလည်းရလာတာပေါ့
ကောင်မလေးအခန်းမှာသီးသန့်ကွန်ပျူတာတစ်လုံးဝယ်ထားပြီးတော့
နေ့မအိပ်ညမအိပ် အွန်လိုင်းတက်ခဲ့တဲ့နေ့တွေလည်းရှိခဲ့တယ်
ဒါပေမယ့်ကောင်မလေးစွဲလမ်းရလောက်တဲ့လူမျိုးတော့မတွေ့ ခဲ့ပါဘူး
ကောင်မလေးကလည်း onlineကလူဆိုရင်တော်ယုံအထင်မကြီးတတ်တာလည်း
ပါတာပေါ့လေ၁နှစ်ဆိုတဲ့အချိန်ကတကယ်တမ်းတော့သိပ်မြန်ပါတယ်
ကောင်မလေး သူနဲ့သိတာ၁နှစ်လောက်နီးပါးနေ့မှာပဲ
သူ့ အကြောင်းကို online မှာကောင်မလေးခင်မင်ရတဲ့ကောင်လေးတစ်ယောက်
ကိုပြောပြဘူးတယ်။ဒါကလည်းစကားဆက်စပ်မိလို့ပြောတဲ့သဘောပါပဲ။
ကောင်မလေး online မှာအရမ်းစွဲလမ်းခဲ့ရဘူးတဲ့သူလို့တော့ထည့်ပြောလိုက်မိတယ်
နောက်တစ်နေ့မှာပဲကောင်မလေးဆီဖုံးလာခဲ့တယ်၊
ဘယ်သူမှန်းမသိသွားကိုင်လိုက်မိတာမှာကောင်မလေးစွဲလမ်းခဲ့ဘူးတဲ့
ကောင်မလေးချစ်ရတဲ့သူဖြစ်နေလို့အရမ်းအံ့သြခဲ့ရတာ
ဒါဟာမဖြစ်နိုင်ဘူးလို့ပဲကောင်မလေးထင်နေမိတယ်။တကယ်ကိုအိပ်မက်လိုပါပဲ..
သူ့ကိုလည်းထပ်ကာထပ်ကာကောင်မလေးမေးနေတယ်
သူဟုတ်တာသေချာရဲ့လားလို့လေ၁နှစ်ဆိုတဲ့အချိန်ကာလမှာ........
ကောင်မလေးသူ့အသံမမှတ်မိတော့ပါဘူးပြီးတော့လည်းသံသယတချို့က
သူ့သူငယ်ချင်းတစ်ယောက်ယောက်နဲ့ များကောင်မလေးonline မှာသိလို့ 
သူနဲ့ စကားစပ်မိရာကကောင်မလေးဆီဖုံးပြန်ဆက်တာလို့ပဲထင်နေမိတယ်။
ကောင်မလေးအဲသလိုမေးတော့မဟုတ်ပါဘူးတဲ့သူကောင်မလေးကို
သတိရလို့ဆက်တာပါတဲ့၊ကောင်မလေးဆီဘယ်တော့မှပြန်မလာတော့ဘူးလို့
ထင်ထားတဲ့သူကကောင်မလေးဆီပြန်ဆက်သွယ်လာတယ်ဆိုတော့
ကောင်မလေးဘယ်လောက်ဝမ်းသာမလဲစဉ်းစားကြည့်ပါဦး
အဲဒီနေ့ကလေထီပေါက်တာထက်ပျော်တယ်
ကောင်မလေး gtalk မှာ ဒီနေ့ အရမ်းပျော်တယ်လို့စာတင်ထားတယ်။
အဲဒီစာလေးနဲ့ပတ်သတ်ပြီး ကောင်မလေး သူငယ်ချင်းတွေလာမေးကြတယ်။ ဒါပေမယ့်ကောင်မလေးမဖြေခဲ့ဘူးတဲ့.............
......................ဒုတိယတစ်ကြိမ် online မှာ.....................
သူ့ကိုကောင်မလေးရဲ့ gmail ပေးပြီး သူနဲ့ကောင်မလေးonline မှာ
ဒုတိယအကြိမ်ဆုံကြတယ်၊မတွေ့တာကြာတဲ့သူ့ကိုကောင်မလေးငေးကြည့်ပြီး
စကားပြောခဲ့တယ်။ကောင်မလေးonlineမှာစကားပြောမယ့်လူတွေရှိနေပေမယ့်
ကောင်မလေးဂရုမစိုက်ခဲ့ဘူး။သူနဲ့ပဲပြောခဲ့တယ်မတွေ့တာကြာလို့လဲဖြစ်မှာပေါ့
သူနဲ့ ကောင်မလေးပြန်တွေ့တာမှမကြာသေးဘူး..........
လေးရက်လောက်ပဲရှိဦးမယ်သူ့ဆီကမမျှော်လင့်တဲ့စကားကြားရတယ်လေ။
အဲဒါကတော့ကောင်မလေးလွန်ခဲတဲ့တစ်နှစ်ကမျှော်လင့်နေတဲ့စကားပေါ့
ကောင်မလေးကိုချစ်တယ်ဆိုတာသူအရင်ကမပြောခဲ့တာ
ကောင်မလေးရဲ့ဘ၀တက်လမ်းပျက်စီးရာကြမှာစိုးလို့တဲ့၊
တစ်ကိုယ်ကောင်းမဆန်ချင်လို့ မပြောခဲ့တာတဲ့လေ။
ကောင်မလေးသူ့ဆီကချစ်တယ်ဆိုတဲ့စကားကြားကြားချင်းငိုမိတယ်။
သူကဘာလို့ငိုလဲလို့မေးတော့လွန်ခဲ့တဲ့တစ်နှစ်တည်းကစောင့်နေတဲ့စကားကို
အခုမှကြားရလို့ ဝမ်းသာလွန်းလို့ပေါ့လို့ကောင်မလေးဖြေခဲ့တယ်။
အရမ်းပဲဘယ်လိုပြောရမှန်းမသိအောင်ကိုကောင်မလေးစိတ်တွေဖြစ်ပျက်ခဲ့တယ်။
အဲဒီနေ့ကကောင်မလေးစိတ်ကောက်ပြီးသူနဲ့စကားပြောနေရင်း computer
ပိတ်လိုက်လို့ဖုံးဆက်ပြီးပြောခဲ့တာလေ။မဟုတ်ရင်တော့ကြားရမှာမဟုတ်တော့ဘူး
ထင်ပါရဲ့သူလည်းတစ်နှစ်လုံးလုံးကောင်မလေးကိုသတိရနေတာတဲ့ အဲဒါတွေကသူညာနေတာလားတကယ်လားတော့ကောင်မလေးမခွဲခြားနိုင်သေးပါဘူး
သူဖုံးနဲ့တစ်ညလုံးစကားပြောခဲ့တယ်မနက်ရောက်ခါနီးမှသူ့ဖုံးကျသွားတယ်
ကောင်မလေး ရဲ့မမေ့နိုင်တဲ့နေ့အပျော်ရွှင်ဆုံးနေ့လေးတစ်နေ့ပေါ့
...........................ပျောက်ဆုံးသွားသော.....................
ကောင်မလေးသူနဲ့ပတ်သတ်ရင်ကံမကောင်းခဲ့ပါဘူး။
အဲဒီညကစပြီးအရင်တစ်နှစ်ကလိုပဲသူပြန်ပြီးပျောက်သွားခဲ့ပြန်ပါပြီ။
ကောင်မလေးကပွင့်လင်းသူဖြစ်လို့သူ့ကိုအကုန်ပြောလိုက်မိပါတယ်
ကောင်မလေးအမေနဲ့သူပြန်လာလို့တွေ့ရင်ဆိုပြီးတော့လေကောင်မလေး
ဖြစ်စေချင်တာကသူနဲ့ကောင်မလေးမဖြေရှင်းနိုင်တဲ့အရာအားလုံးကိုညှိုနှိုင်းတိုင်ပင်ပြီ်း
စဉ်းစားဆုံးဖြတ်စေချင်တာ၊အခုတော့သူကကောင်မလေးကိုဘာမှမပြောပဲ
တိတ်တိတ်ကလေးထွက်သွားခဲ့ပါပြီကောင်မလေးမှာရွေးချယ်စရာလမ်းတောင်
မရှိတော့ပါဘူး။ချစ်တယ်ပြောပြီးမှအချစ်အကြောင်းမစဉ်းစားချင်သေးဘူးဆိုတဲ့
သူ့ရဲ့တိုတောင်းပြတ်သားလှတဲ့စာကိုကြည့်ပြီးကောင်မလေးနားမလည်နိုင်တော့ဘူး
သူ့အပေါ်မှာကောင်မလေးရဲ့ဝဋ်ကြွေးကျန်နေသ၍တော့ပေးဆပ်ရဦးမှာပါ
ကောင်မလေးရဲ့ကုသိုလ်ကံကအကျိုးပေးတယ်လို့ ပဲသတ်မှတ်ရတော့မှာပေါ့
တခါတလေတော့လည်းကောင်မလေးရဲ့စိတ်အာရုံကသူ့ဆီကိုတားမရအောင်
ရောက်သွားတတ်ပါတယ်သူ့အကြောင်းတွေကိုလည်းလိုက်စုံစမ်းနေသေးတယ်လေ
ဒါတွေဟာလည်းသူ့ကိုလွမ်းလို့ကောင်မလေးဖြေစရာတစ်ခုအနေနဲ့လုပ်နေတာပါ
ကောင်မလေးသူ့အကြောင်းတွေးနေတဲ့အချိန်မှာသူကတော့သိတောင်သိမှာ
မဟုတ်ပါဘူးသူနဲ့ပတ်သတ်လို့ကောင်မလေးဘာမှအတိအကျမသိခဲ့ဘူး
ကောင်မလေးသူနဲ့စကားပြောရင်လည်းသူ့အကြောင်းတွေဘာမှမမေးခဲ့ဘူးလေ
သူနဲ့ပေါက်ကရလေးတွေလျှောက်ပြောနေရတာကိုပဲပျော်နေတတ်တာပါ
သူကနှမချင်းမစာနာစွာနဲ့ကောင်မလေးအပေါ်ကိုရိုင်းပျစွာမဆက်ဆံခဲ့ဘူးသလို
ကောင်မလေးကိုလည်းသူဘက်ကနစ်နာစေမယ့်စကားအသုံးနှုံးမပြောဆိုခဲ့ပါဘူး
သူပြန်လာမလားလို့စောင့်နေရင်းနဲ့ပဲအချိန်တွေကုန်ဆုံးခဲ့ပေမယ့်.............
ဒီနောက်ပိုင်းမှာတော့သူတို့နှစ်ယောက်ဘယ်တော့မှမတွေ့ဖြစ်ကြတော့ဘူး
ကောင်မလေးကလည်းအချိန်ကြာလာတာနှင့်အမျှမစွဲလမ်းတော့ပါဘူး
တခါတလေတော့လည်းကောင်မလေးအပေါ်ကောင်းခဲ့တဲ့သူ့ကိုသတိရနေမိပါတယ်တဲ့လေ
ကောင်မလေးလည်းသူနဲ့စသိခဲ့တဲ့onlineသူမရှိတော့တဲ့onlineကိုမ၀င်ချင်တော့ပါဘူး
PS..ဘလော့စစခြင်းပို့စ်တင်ခဲ့တဲ့ဇာတ်လမ်းလေးကိုဘလော့၁နှစ်ပြည့်မှာ
ပြန်လည်ပြီးအဟောင်းကိုအသစ်လုပ်တင်ထားတာပါ(လုပ်ကြံထားတာ ဟိ)
မချစ်ရ
Friday, October 9, 2009
ဘလော့(၁)နှစ်ပြည့်အမှတ်တရ
Posted by မချစ်ရ at 12:01 AM 10 comments
Labels: အသစ်တဖန်
Thursday, October 8, 2009
ဘလော့(၁)နှစ်ပြည့်အကြို
"ပျောက်ဆုံးသွားသော..Online ချစ်သူ(၁)"
......................ကောင်မလေး နှင့် online......................
Online ကို စ သုံးဖြစ်တာက ကောင်မလေး အမ နိုင်ငံခြားသွားလို့ပေါ့
ကောင်မလေးကအိမ်မှာအငယ်ဆုံးဆိုတော့သူများတွေကအဆိုးဆုံးလို့
ပြောကြတယ်လေဒါပေမယ့်ကိုယ့်ကိုယ်တိုင်တော့ဆိုးတယ်မထင်ပါဘူး၊
ဟုတ်တယ်လေဘာမှသေသေချာချာဆိုးတာမရှိပါဘူးအမေကို
စိတ်ဆင်းရဲအောင်တမင်တကာဖန်တီးပြောဆိုခဲ့တာလည်းမရှိခဲ့ပါဘူး
ကောင်မလေးအမကိုဆက်သွယ်ချင်တဲ့အကြောင်းရင်းကတော့အိမ်မှာ
ကောင်မလေး အမေနဲ့အမကြီးရှိသေးတယ်လေ
သူတို့နဲ့စကားများရင်ကောင်မလေး ရဲ့စိတ်ထွက်ပေါက်အနေနဲ့
ကောင်မလေးရဲ့အကျင့်ဆိုးအတိုင်းဟိုမှာရှိနေတဲ့အမကိုအတိုင်အတောထူဖို့နဲ့ မုန့်ဖိုးလိုချင်လို့တောင်းတာလည်းပါတာပေါ့နော်....... :P
ဒါနဲ့ ပဲ online ပေါ် ကိုကောင်မလေး စရောက်ခဲ့တယ်
..........................ကောင်မလေး အမ နဲ့  သူ........................
ကောင်မလေးအမနဲ့ကောင်မလေးကကွန်ပျူတာတစ်လုံး၊အကောင့်တစ်ခုတည်းကို
နှစ်ယောက်မျှသုံးဖြစ်ကြတယ်သုံးကာစဆိုတော့အကောင့်အသစ်လည်း
မဖွင့်တတ်သေးဘူးလေ။ဒါပေမယ့်အမနဲ့ကောင်မလေးကသူငယ်ချင်းခွဲခြားထားတယ် အမသူငယ်ချင်းဆိုလည်းကောင်မလေးကသူမရှိရင်သူ့ ညီမပါလို့ပြောတယ်
ချော်လဲရောထိုင်မလုပ်ကြဘူးအဲဒါနဲ့ပဲ VZO နဲ့ Gtalk ကို သုံးကြတာပေါ့
တစ်နေ့ ကောင်မလေး gtalk မှာ သူငယ်ချင်းတွေနဲ့ချက်နေတုန်း
vzo ကလူတစ်ယောက်ခေါ် လာတယ်
ကောင်မလေးကသူ့အမကိုပေးပြောလိုက်တယ်
အဲဒါ နဲ့ကောင်မလေးအမနဲ့သူစပြီး online သူငယ်ချင်းတွေဖြစ်သွားခဲ့တယ်။
ညတိုင်းလိုလိုသူနဲ့ကောင်မလေးအမစကားပြောဖြစ်ကြတယ်
သူ online ၀င်လာတဲ့အချိန်တွေက ညဘက်ဆယ့်တစ်နာရီလောက်ပေါ့
vzo ကပြောတယ်ဆိုပေမယ့်webcam ကြည့်ပြောကြတာမဟုတ်ဘူး
အဲဒီတော့လူချင်းမတွေ့ဘူးကြဘူးပေါ့
ကောင်မလေးတို့ဘက်မှာလည်း webcam မရှိပါဘူး
စသုံးကာစဘာမှနားမလည်ဘူးလေ၊ကောင်မလေးအမကိုတော့ခင်လာတာနဲ့အမျှ
သူပုံကိုမေးလ်ထဲပို့ပေးတယ်ကောင်မလေးတို့ညီအမတွေကလည်း
ဘာမှလျှို့ဝှက်မထားဘူးအကုန်ဝိုင်းအုံကြည့်ကြတာပေါ့
တခါတလေဆိုရင်တောင် ကောင်မလေးတို့အမေကလာကြည့်သေးတယ်
ဒါပေမယ့်သူ့ပုံကသိပ်မထင်ရှားတဲ့ပုံပို့လို့လားမသိပါဘူး
ဒီလိုပါပဲသိပ်စိတ်ဝင်စားစရာကောင်းလောက်အောင်ထိမဖြစ်ပါဘူး
အမ ကလည်းတခါတလေ ချက်နေရင်ကောင်မလေးကိုသူနဲ့စကားပြောခိုင်းတယ်
ကောင်မလေးကလည်းစိတ်မရှည်သူဆိုတော့ဘုဂလန့်တွေချည်းပဲပြောပစ်တယ်လေ
ကောင်မလေး နဲ့ စသိတာမှ မဟုတ်တာ မပြောချင်ပါဘူး တကယ်ပါ
သူနဲ့ စကားပြောတာဆိုလို့ ၁ခွန်း ၂ခွန်း ထက်မပိုပါဘူး
ဒါပေမယ့်လေအဲဒီလိုဘုဂလန့်ပြောတတ်တဲ့ကောင်မလေးကိုပဲသူကခေါ်ခိုင်းတတ်တယ်
...............................ကောင်မလေး နဲ့ သူ..................................
အဲဒီလိုနဲ့ပဲမမျှော်လင့်ပဲသူ့ကိုအရမ်းခင်သွားခဲ့ရတာကတော့
ကောင်မလေးအမဆေးရုံတက်ရတဲ့နေ့ကစတာပေါ့
အဲဒီအချိန်တွေမှာညတိုင်းသူနဲ့ကောင်မလေးစကားပြောဖြစ်ခဲ့တယ်
ကောင်မလေးကသူ့ကိုဘာဟင်းချက်လည်း စမေးလိုက်ရာကနေ
သူ့ကိုအတင်း webcam ဖွင့်ပြခိုင်းမိတယ် အမှန်ကတော့ဟင်းကိုပြခိုင်းတာ
ဒီဘက်ကနေလှမ်းသရေယိုတာပေါ့၊မထင်မှတ်ပဲသူ့ကိုပါတွေ့လိုက်မိတယ်
တွေ့တွေ့ချင်းစိတ်ဝင်စားတာမျိုးလည်းမဖြစ်မိပါဘူး
ဒါပေမယ့်သူကယောင်္ကျားပီသစွာချောတယ်ဆိုတာကိုတော့သိလိုက်မိတယ်
သူနဲ့စကားပြောတိုင်းမှာသူ့ကိုကောင်မလေးပေါက်ကရ ဂျီကျတတ်တယ် ဂျီကျသမျှကိုလည်းသူအကုန်လိုက်လျှောပြီးလုပ်ပေးခဲ့တယ်
ဝက်သားတုံးကိုလက်ဝါးပေါ်တင်ပြဆိုလို့တင်ပြခဲ့သေးတယ်
ကောင်မလေးအတွက်ကတော့အမှတ်တရရီစရာလေးပေါ့..
Online မှာကောင်မလေးမတတ်တာတွေကိုလည်းသူကတဘက်ကနေ
သင်ပေးခဲ့တယ်။ကောင်မလေးကိုသူတွေ့ဘူးချင်တယ်ဆိုလို့
ကောင်မလေးမှာလည်း cyber မှာ webcam နဲ့သွားပြောရသေးတယ်
ကောင်မလေးအတွက်ကတော့တကယ်ကိုပျော်စရာကောင်းတဲ့အချိန်လေးတွေပေါ့
နောက်ပိုင်းကျတော့ သူ online တက်လာတာနဲ့ကိုရင်ခုန်လာခဲ့မိတယ်
ကောင်မလေးသူ့ကိုစိတ်ဝင်စားတာသူသိသလို
ကောင်မလေးကိုလည်းသူစိတ်ဝင်စားလာလိမ့်မယ်လို့ထင်ခဲ့မိတယ်
ကောင်မလေး ဒီကြားထဲခရီးထွက်သွားသေးတယ်သူ့ကိုပြောခဲ့ဖို့
အချိန်မရလိုက်ဘူးလေ..ဟိုရောက်တော့လည်း cyber ကရှာရသေးတော့
အဆက်အသွယ်ရက်ပိုင်းလောက်ပြတ်သွားခဲ့တယ်
အဲဒါကိုသူကမေးလ်တွေပို့အိမ်ကိုဖုံးတွေဆက်တယ်လေ
ကောင်မလေးဆီကိုသူဖုံးဆက်တာ ၃ခါပါပဲ ၁ခါက
ကောင်မလေးခရီးသွားတဲ့အချိန်ပထမဆုံးဖုံးဆက်တာပေါ့မတွေ့လိုက်ရပါဘူး
နောက်၂ခါကတော့ခဏပဲဆက်တာပါ
အဝေးကဆက်ရတာဆိုတော့သူလည်းပိုက်ဆံကုန်မှာပေါ့လေ
အဲဒီနောက်ပိုင်းမှာတော့ကောင်မလေးထင်ထားတာတွေက.......
.........................မထင်မှတ် ပဲ ခွဲခွာခြင်း.......................
ကောင်မလေးအကောင့်အသစ်ပြောင်းသုံးတော့မယ်လို့
သူ့ကိုပြောလိုက်တဲ့နေ့ကပေါ့ဘာနာမည်ပေးရမလဲမသိသေးတာနဲ့သူ့ကိုမပြောခဲ့မိဘူး
ဒါပေမယ့်ကောင်မလေးသူ့ ဖုံးကို message လှမ်းပို့ ခဲ့ပါတယ်အကြိမ်ကြိမ် ပို့ ခဲ့ပါတယ်
ဒါပေမယ့်သူကကောင်မလေးဆီဖုံးတချက်တောင်မဆက်လာပါဘူး
ကောင်မလေးနဲ့သူအဆက်အသွယ်ပြတ်သွားခဲ့ပါပြီ
ကောင်မလေးကိုလည်းသူချစ်တယ်လို့မပြောခဲ့ဘူးပါဘူး
ကောင်မလေးနဲ့ရီးစားလည်းမဖြစ်ခဲ့ဖူးပါဘူး
ကောင်မလေးကသာသူ့ကိုစွဲလမ်းတမ်းတတဲ့စိတ်နဲ့ဖြစ်နေတာပါ
သူကတော့သိတောင်သိမှာမဟုတ်ပါဘူး တခါတလေဆိုရင်သူက
ကောင်မလေးကိုညီမလေးလို့တောင်ခေါ် ပါသေးတယ်
သူ့ နဲ့ vzo မှာစကားပြောတိုင်းကောင်မလေးသူ့ပုံတွေခိုးရိုက်ယူခဲ့တယ်
အဲဒီဓါတ်ပုံတွေကြည့်သူပို့ပေးတဲ့သီချင်းတွေနားထောင်ပြီးကောင်မလေး
တစ်ယောက်ထဲရူးနေတာပေါ့ အချိန်တွေကြာလာတော့လည်း
ဘာမှမရေရာတဲ့ကြောင်းကြောင့်ကောင်မလေးစိတ်ညစ်မခံနိုင်တော့ဘူးလေ
သူ နဲ့ ပတ်သတ်တာတွေအကုန်လုံးကို delete လုပ်ပြစ်လိုက်တော့တယ်
ဆက်ရန်...........................
PS....ဒီဇာတ်လမ်းလေးကဘလော့စစချင်းအဖွင့်မှာတင်ဖြစ်ခဲ့တဲ့ဇာတ်လမ်းလေးပါ
မနက်ဖြန်ဆိုဘလော့အိမ်လေး(၁)နှစ်ပြည့်ပြီလေဇာတ်လမ်းလေးကို၂ပိုင်းခွဲ
အရေးအသားလေးတွေပြောင်းပြီးပြန်လည်၍အသစ်တဖန်ဆန်းသစ်တဲ့အနေနဲ့
ပို့စ်အသစ်အဖြစ်တင်လိုက်ပါတယ်။
မချစ်ရ
Posted by မချစ်ရ at 12:01 AM 9 comments
Labels: အသစ်တဖန်




