CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Monday, October 13, 2008

စိတ်ဖြေဘုရား




ကျွန်မနှင့်သူငယ်ချင်းလေး


ကျွန်မတွင်ခင်မင်ဖို့ကောင်းသောယောင်္ကျားလေးသူငယ်ချင်းတစ်ယောက်ရှိပါတယ်။
ဒါပေမယ့်သူနှင့်ကျွန်မကတွေ့တိုင်းမတဲ့ပါဘူးအမြဲတမ်းရန်ဖြစ်လေ့ရှိပါတယ်။
မတွေ့တော့လည်းသတိရကြတယ်လေ၊ရန်ဖြစ်တိုင်းလည်းသူကပဲအလျှော့ပေးရတာပဲ
ဘာလို့လည်းဆိုတော့
ကျွန်မကဘယ်သူ့ကိုမှအလျှော့ပေးလေ့မရှိလို့ပေါ
သူကကျွန်မထက်အများကြီးငယ်တယ်။
ကျွန်မနှင့်သူအပြင်သွားရင်
သူကအရှေ့ဆိုကျွန်မကအနောက်ရွေးချယ်တဲ့လမ်းတိုင်းကဆန့်ကျင်ဘက်

ကျွန်မကအစားကောင်းရင်ပြီးရောလူများလည်းဆိုင်ထိုင်တယ်။
သူကတော့လူများတဲ့
ဆိုင်ဆိုလုံးဝမထိုင်ချင်ဘူးလေ။
အစားကောင်းတဲ့ဆိုင်တိုင်းကတော့လူများမှာပေါ့..
မဟုတ်ဘူးလား၊
ကျွန်မကအကင်ကြိုက်တယ်ဂဏန်းချက်ကြိုက်တယ်။သူကမစားချင်ဘူးပေလို့တဲ့
သူ့ကိုထွင်ပေးရတာကအလုပ်တစ်လုပ်ရှုပ်တယ်။
ဒါပေမယ့်ချစ်သူငယ်ချင်းလေးမို့လို့ကျွန်မလုပ်ပေးခဲ့ပါတယ်။
သူနဲ့ကျွန်မကတကယ်ကိုမောင်နှမလိုချစ်ကြတဲ့သူငယ်ချင်းဘာအဆင့်မှမပိုပါဘူး။
ဘေးလူတွေကတော့တမျိုးထင်ချင်ထင်မယ်ဒါပေမယ့်တကယ်ကိုသူငယ်ချင်းပါပဲ
ကျွန်မရည်းစားရှိတုန်းကဆိုသူနဲ့ချိန်းထားတာတိုက်နေရင်သူ့ကိုပဲဦးစားပေးတယ်
ခေါင်းလျှော်ပြီးခါစတွေ့တယ်ဆိုရင်မွှေးလားလို့ဆံပင်တွေကိုနမ်းကြည့်ခိုင်းတယ်
သူကျွန်မလက်ကိုကိုင်ပြီးဆိုင်ထဲ
ဝင်တတ်တယ်။
တခါတလေကားမောင်းနေရင်းနဲ့လည်းကျွန်မလက်ကိုကိုင်ထားတတ်တယ်။
ဒါပေမယ့်ကျွန်မရင်မခုန်သလိုသူလည်းရင်မခုန်ပါဘူး။
သြော်သူ့တူမလေးကလည်းကျွန်မတို့နဲ့အတူဘယ်သွားသွားလိုက်တတ်တယ်
တနေ့တော့ထုံးဆံအတိုင်းတွေ့ရင်ရန်ဖြစ်ပေါ့ ၊ဘာလို့လည်းဆိုတော့
ကျွန်မကရွှေတိဂုံဘုရားသွားရအောင်လို့ပြောတယ်လေ....
သူကလည်းထုံးဆံအတိုင်းလူများတယ်နေပူတယ်ဆိုပြီးမပို့ဘူးပေါ့
ကျွန်မကလည်းသူ့ကိုလုပ်နေကျအတိုင်းစိတ်တိုစိတ်ကောက်တော့တာပေါ့
ဒါနဲ့သူကဘုရားတစ်ဆူဖြစ်ရင်ပြီးရောမဟုတ်လားငါနင့်ကိုအရမ်းအေးချမ်းတဲ့
ဘုရားလိုက်ပို့ပေးမယ်လို့ပြောပါတယ်ဒါနဲ့ပဲကျွန်မလက်ခံလိုက်တယ်ဆိုပါတော့
တကယ်ပါသူပြောသလိုပဲ
ဘုရားဝန်းကသိပ်မကျယ်ပေမယ့်
အရမ်းကိုအေးချမ်းစိတ်ငြိမ်တဲ့ပုရ၀ဏ်လေးပေါ့။

ဆည်းလည်းသံလေးတွေကလည်းသာယာလွန်းစိတ်ငြိမ်အေးချမ်းလွန်းလို့ 
အရမ်းကိုအေးချမ်းစိတ်ကြည်လင်သွားလို့သူငယ်ချင်းလေးက
ကျေးဇူးတင်ကြောင်းပြောမိပါတယ်။
ကျွန်မကစကပ်လေးတွေဝတ်တတ်တော့
ရွှေတိဂုံဘုရားကိုသွားလျှင်
သေချာအရှည်ဝတ်သွားမှဖြစ်မှာဆိုတော့
သိပ်မရောက်ဖြစ်ဖူးလေ။
အဲလိုသိပ်မရောက်ဖြစ်တာကလည်း
သူငယ်ချင်းလေးပို့ပေးတဲ့ဘုရားရောက်ပြီးကတည်းကပေါ့။

ဒါပေမယ့်ကျွန်မမွေးနေ့တိုင်းတော့မနက်စောစောရွှေတိဂုံကိုတက်ဖြစ်ပါတယ်။
အဲဒီဘုရားကတစ်ယောက်တည်းသွားလည်းအဆင်ပြေတယ်လေ။
လာတဲ့လူသိပ်မရှိဘူး၊
ကျွန်မစိတ်ညစ်တိုင်းပေါ့..ဥပမာ..
အမေနဲ့စကားများတာတို့၊အမတို့နဲ့သိပ်ဆင်မပြေတာတို့
စိတ်ရှုပ်ထွေးစရာအကြောင်းကိစ္စတစ်ခုခုကြုံလာတိုင်း
ကျွန်မတစ်ယောက်တည်းအဲဒီဘုရားမှာသွားထိုင်ပြီး
ဘုရားကိုငေးကြည့်ပြီး
စိတ်ပူလောင်သမျှကိုစိတ်အေးချမ်းအောင်ဖြေသိမ့်တတ်ပါတယ်။
သြော်တစ်ခါတစ်ရံမြို့ထဲကအပြန်ဘုရားဝင်ချင်စိတ်ရှိရင်လည်းတစ်ယောက်တည်းပဲ
ဝင်လိုက်တယ်လေ။တစ်ယောက်တည်းသွားဖြစ်တာကများတာပေါ့..နော်
ကျွန်မအတွက်တော့ပန်းခြံတွေအပန်းဖြေစခန်းတွေထက်ကိုသွားချင်စရာ
စိတ်ဖြေရာအေးချမ်းတဲ့နေရာလေးပါပဲ........


ရှေးဟောင်းဘုရားကြီး




ဘုရားကြီးကို ၁၂၁၀ခုနှစ်ပုဂံမင်းတည်ထားကိုးကွယ်ခဲ့ပါတယ်။

ဘုရားကြီးရဲ့ဘွဲ့တော်မှာမဟာဓမ္မရံသီအိမ်တော်ရာစေတီတော်မြတ်ကြီးဖြစ်ပါတယ်။

တည်နေရာမှာမြို့မကျောင်းလမ်း၊ဒဂုံမြို့နယ်၊ရန်ကုန်မြို့ဖြစ်ပါတယ်။

ဘုရားပုရဏ်ကသိပ်တော့မကျယ်လှပါဘူး။

ဘုရားကြီးကိုဒေါင့်တနေရာကနေထိုင်ကြည့်နေရတာကို

ကျွန်မအတွက်ပူပင်သောကတွေအကုန် လုံးကိုငြိမ်းစေနိုင်ပါတယ်။

ဒီဘုရားကြီးမှာထူးထူးခြားခြားဘီလူးပန်းဆွဲတွေကိုလည်းတွေ့ ရတယ်လေ။

အဲဒီဘီဘူးပုံပန်းဆွဲတွေကိုတော့ကျွန်မစိတ်ဝင်စားစွာကြည့်နေကြပေါ့။

သီတင်းကျွတ်လပြည့်နေတို့လိုအခါကြီးရက်ကြီးဆိုရင်ရွှေတိဂုံဘုရားမှာ

လူတွေအရမ်းများလို့မသွားဖြစ်ပဲဒီဘုရားကြီးဆီပဲဆီမီးသွားပူဇော်ဖြစ်တယ်

ဘာပဲဖြစ်ဖြစ်ပေါ့အဲဒီဘုရားကြီးကကျွန်မအတွက်တော့စိတ်ညစ်မှုတွေ

ဖြေဖျောက်ပေးနိုင်စွမ်းတဲ့နေရာလေးတနေရာမို့လို့

စိတ်ဖြေဘုရား လို့ ကိုယ့်ဟာကိုနာမည်ပေးထားလိုက်ပါတော့တယ်။



မချစ်ရ

Sunday, October 12, 2008

လူ လူ ချင်းတူပါလျှက်

လူချင်းတူပါလျှက်တစ်ဦးနှင့်တစ်ဦးအကျိုးပေးထူးခြားပုံကိုမြင်ရသဖြင့်လျှောက်ထားရာ ဘုရားရှင်ဖြေတော်မူပုံတစ်ဆယ့်လေးချက်မှနှစ်ချက်ကိုဖော်ပြလိုက်ပါသည်။

(၁)ဤလောက၌အချို့သောမိန်းမယောင်္ကျားတို့ သည်စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းမရှိ၊
ဝန်တိုခြင်းတရားအလွန်ကြီး၏။ထိုသူမျိုးသေလျှင်ငရဲသို့ ကျတတ်၏။
ငရဲမကျဘဲလူ့ ပြည်ကိုရောက်လျှင်ဥစ္စာမဲ့မွဲဆင်းရဲရလေ၏။

(၂)ထိုကဲ့သို့ ဝန်တိုခြင်းတရားမရှိဘဲစွန့် ကြဲပေးကမ်းလှူဒါန်းလေ့ရှိသောသူသည် သေလျှင်နတ်ပြည်သို့ရောက်ရ၏။နတ်ပြည်သို့ မရောက်ဘဲလူ့ ပြည်သို့ရောက်ရလျှင်လည်းဥစ္စာပြည့်စုံကုံလုံကြွယ်ဝရပေသည်။

ဘယ်သူမပြုမိမိမှုဟူသောစကားနှင့်အညီရှေးရှေးကပြုခဲ့သောအမှု(ကံ)
အားလျှော်စွာကောင်းကြိုးနှင့်မကောင်းကြိုးကိုရကြလေသည်။

PS..ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်မှကောက်နှုတ်ထားပါသည်။

ပါဏာတိပါတကံ

သီဟိုဠ်ကျွန်းတွင် စူဠစက္ကန နှင့် မဟာစက္ကန ဟူ၍ ညီအစ်ကိုနှစ်ယောက်ရှိ၏။
သူတို့ ၏ မိခင် ရောဂါဝေဒနာစွဲကပ်ရာ ဆေးဆရာ ဖြစ်သူကလတ်လတ်ဆတ်ဆတ်ယုန်သားကိုစားရလျှင် ဒေနာပျောက်ကင်းမည်ဟုဓာတ်စာပေးသောကြောင့်အစ်ကိုကညီအားယုန်ဖမ်း၍ယူစေရန် စေခိုင်းလိုက်၏။
ညီငယ်သည်တောသိုသွား၍ထောင်ချောက်ဆင်ပြီးဖမ်းယူရာယုန်တစ်ကောင်သည်
ထောင်ချောက်တွင်မိလျက်ကြောက်လန့်တကြားအော်မြည်နေသော

ဖြစ်အင်ကိုမြင်သောအခါ စိတ်တွင်ကိုယ်ချင်းစာတရားဖြစ်ပွားလေ၏။
ငါ့မိခင် အသက်ရှင်ရေးအတွက်ဤယုန်သူငယ်လေးသေရရှာတော့မည်။
ငါ၏မိခင်ရောဂါပျောက်၊မပျောက်ကိုကားတပ်အပ်သေချာမသိရ။
ယုန်သည်ကားသူ၏အဖော်များနှင့်ကွဲ၍သေရရှာတော့မည်ကံတရားအတိုင်းရှိပါစေ

ဟု သနားကြင်နာစိတ်ဖြင့်ယုန်ကလေးကိုထောင်ချောက်မှလွှတ်လိုက်လေ၏။
အိမ်သို့ပြန်လာသောအခါအစ်ကိုဖြစ်သူကဆီး၍မေးသည်တွင်သနား၍

ကိုယ်ချင်းစာစိတ်ဖြင့် လွှတ်ပေးလိုက်ကြောင်းပြောရာမိခင်အရင်းထက်တိရစ္ဆာန်ကိုသနားစရာ
လိုသေးလား ဟုကြိမ်းမောင်းဆူပူခြင်းခံရလေသည်။ ညီငယ်ဖြစ်သူသည်မိခင်၏အနီးသို့ သွား၍ခြေဆုပ်လက်နယ်ပြုလျှက် ငါသည်သိတတ်သောအရွယ်မှစ၍သူတပါးအသက်ကိုမသတ်ဖူး၊ ဤမှန်သောသစ္စာစကားကြောင့် ငါ့မိခင်၏ရောဂါဝေဒနာသည်ပျောက်ကင်းချမ်းမြေ့ပါစေ ဟုသစ္စာပြုလေသည်။
ထိုအချိန်မှစ၍မိခင်သည်ဝေဒနာမှလုံးဝပျောက်ကင်း၍ချမ်းသာခြင်းသို့ရောက်ခဲ့ရလေ၏။


PS..ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်မှကောက်နှုတ်ချက်

Friday, October 10, 2008

ပေါင်းသင်းဆက်ဆံရေး

(၁)ပေးကမ်းစွန့် ကြဲခြင်း
(၂)ချစ်ဖွယ်သောစကားကိုဆိုခြင်း
(၃)အကျိုးစီးပွားကိုကျင့်ဆောင်ခြင်း
(၄)မိမိနှင့်ထပ်တူညီမျှဆက်ဆံခြင်း
(၅)မချွတ်မယွင်းပြောဆိုပေးကမ်းခြင်းဖြင့် လည်းကောင်းပြုစုအပ်ကုန်၏။

PS..ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်မှကောက်နှုတ်ချက်ဖြစ်ပါသည်။