CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday, September 27, 2009

Apple industrial မှကြော်ငြာ

ဒီလင့်ကိုကြည့်ကြပါ

http://www.fastcompany.com/blog/gizmodo-staff/gizmodo/important-message-about-apple-industrial-design-jon-ive-blockquote?destination=node%2F1373918

ဒီနေ့မောင်လေးတစ်ယောက်ဂျီတော့မှာပြလာတဲ့လင့်ပါ
မတွေ့သေးတဲ့လူတွေကြည့်ဖို့အတွက်တင်ပြပေးလိုက်ပါတယ်
ဒီဇိုင်းလုပ်စရာရှားလို့ Idea မရှိတော့ဘူးထင်ပါရဲ့ဘုရားပုံနဲ့လုပ်ထားတာ
ဒီကြော်ငြာပုံကြောင့်ရောင်းအားကောင်းမကောင်းတော့မသိဘူး
အောက်မှာဆဲထားတဲ့ကွန်မန့်တွေတော့တထောကြီး
လောလောလတ်လတ်ကုမ္ပဏီနဲ့ဒီဇိုင်နာရလိုက်တယ်လေ


မချစ်ရ

Saturday, September 26, 2009

သမ္မာဒိဋ္ဌိ အမြင်မှန်(၁၀)ချက်



(၁) အလှူ ဒါနပြုလျှင် ကောင်းကျိုးကိုခံစားရ၏ဟုယုံကြည်ခြင်း
(၂)ပူဇော်မှု၏အကျိုးရှိကြောင်းယုံကြည်ခြင်း
(၃)လက်ဆောင်ပေးကမ်းပူဇော်မှု၏ အကျိုးရှိကြောင်းယုံကြည်ခြင်း

(၄)ကုသိုလ်ကံ၊အကုသိုလ်ကံတို့၏ကောင်းကျိုးဆိုးကျိုး၊
အကျိုးရင်း၊အကျိုးဆက်ရှိကြောင်းယုံကြည်ခြင်း

(၅)မိခင်အပေါ်ပြုစုလုပ်ကျွေးခြင်း၏ကောင်းကျိုး နှင့်
ပြစ်မှားခြင်း၏ဆိုးကျိုးရှိကြောင်းယုံကြည်ခြင်း

(၆)ဖခင်အပေါ်ပြုစုလုပ်ကျွေးခြင်း၏ကောင်းကျိုးနှင့်
ပြစ်မှားခြင်း၏ဆိုးကျိုးရှိကြောင်းယုံကြည်ခြင်း

(၇)လူတို့မမြင်နိုင်သည့်ငရဲ၊ပြိတ္တာ၊နတ်၊သိကြား၊ဗြဟ္မာ
ဟူသောသတ္တ၀ါတို့ရှိကြောင်းယုံကြည်ခြင်း

(၈)ဤမျက်မှောက်လောကရှိကြောင်းယုံကြည်ခြင်း
(၉)သေပြီးနောက်ဘ၀တမလွန်လောကရှိကြောင်းယုံကြည်ခြင်း

(၁၀)ဤလောက၌ငြိမ်သက်ကောင်းမွန်စွာကျင့်ကြသော
သမဏ ဗြာဟ္မဏတို့ရှိကြကြောင်း

(ယင်းတို့က
ဤလောကတမလွန်လောကကိုကိုယ်တိုင်သိမြင်၍
လူများကိုပြန်လည်ဟောပြကြောင်းယုံကြည်ခြင်း)

ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် ဖော်ပြပါ ရတနာသုံးတန် ကံ ကံ၏အကျိုး စသောအချက်တို့ကိုသံသယကင်းစွာယုံကြည်ကြရမည်ဖြစ်ပါသည်။


PS..ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်မှကောက်နှုတ်ထားပါသည်
(ဥပုသ်နေ့အမှတ်တရ)

မချစ်ရ

Sunday, September 20, 2009

ကျေးဇူးတင်ဝမ်းသာမိပါကြောင်း

အမှန်အတိုင်းဝန်ခံရမည်ဆိုပါလျှင်ကျွန်ုပ်သည်စာရေးစာဖတ်သိပ်ပျင်းပါသည်
ဒီဘလော့လေးစတင်လုပ်ထဲကစာလေးတွေနည်းနည်းစီဖတ်တတ်ရေးတတ်
လာခဲ့တော့တယ်။ခုနောက်ပိုင်းတော့ဘလော့တကာလျှောက်လည်လို့
စာတွေဖတ်တတ်နေပါပြီ။ဒါပေမယ့်လည်းအရင်ကတည်းက
စာရေးစာဖတ်နေကျသူတွေလောက်တော့မကျွမ်းကျင်နိုင်သေးပါဘူး။
တချို့စာတွေဆို ရင်အဓိပ္ပာယ်သိပ်နားမလည်ပါဘူး။

thks Pictures, Images and Photos

ဘလော့စစချင်းလုပ်ခါစကဘုရားအကြောင်းလေးတွေရှာကြံတင်ခဲ့ပါတယ်
အခုသီတင်းကျွတ်လပြည့်နေ့တွေမှာလည်းအဟောင်းပို့စ်လေးတွေကို
ကုသိုလ်ဖြစ်ပြန်လည်တင်ပေးခဲ့ပါတယ်။(ကျွန်မလို)စာဖတ်ပျင်းတဲ့သူတွေနဲ့
စာအရှည်ကြီးကိုအချိန်ပေးမဖတ်နိုင်သူတွေအတွက်ဒီလိုဘုရားစာနဲ့
ပတ်သတ်တာလေးတွေကိုသိသလောက်အတိုလေးချုံးပြီးတင်ပြပေးခဲ့တာပါ
ကွန်မန့်မှာရေးသွားခဲ့တဲ့စာများကြောင့်အကျိုးရှိသွားကြတယ်ဆိုရင်ပဲ
အရမ်းကိုကျေးဇူးတင်ဝမ်းသာမိပါတယ်လို့...............

PS..ကွန်မန့်ပေးသည်ဖြစ်စေ၊မပေးသည်ဖြစ်စေ ကိုယ်ရေးခဲ့တဲ့စာအတွက် အနည်းအများအကျိုးရှိကြတဲ့သူအားလုံးကိုဝမ်းသာပီတိဖြစ်မိပါတယ်။


မချစ်ရhappy thanks line Pictures, Images and Photos

Saturday, September 19, 2009

ဝဋ်မှာအမြဲ ၊ ငရဲမှာအပ

Budda Pictures, Images and Photos


ဝဋ်မှာအမြဲ


ဝဋ်ဟူသည် သံသရာလည်ပတ်ခြင်း၊အကြောင်းပြီးအကျိုး
အကျိုးပြီးအကြောင်းဆက်စပ်ဖြစ်ပျက်ခြင်း၊
မကောင်းမှု ပြုသည့်အတွက်သံသရာဘ၀ခရီး၌ဆိုးကျိုးတစ်စုံတစ်ရာကို
ခံစားရခြင်း စသောသဘောအဓိပ္ပာယ်ဖြစ်ပါသည်။

ဝဋ် ခေါ် မကောင်းကျိုးကို မြတ်စွာဘုရားသည်ပင်ရှောင်လွှဲ၍မရနိုင်ခြေ။


ဂေါတမမြတ်စွာဘုရား၏၀ဋ်တော်


လွန်လေပြီးသောအခါက ဂေါတမ မြတ်စွာဘုရားအလောင်းတော်သည်
သူကြွယ်မျိုး၌ဖြစ်၏။
ဖခင်တူညီငယ်နှင့်စည်းစိမ်ဥစ္စာကိုအကြောင်းပြုပြီး
ခိုက်ရန်ဖြစ်ရာညီငယ်ကိုလိမ်လည်လှည့်ဖျားခေါ်ပြီး
တောင်ချောက်ကြား၌
ကျောက်ဖြင့်ထုခတ်သတ်လေ၏။ဤမကောင်းမှုအကုသိုလ်ကြောင့်
ငရဲ၌ခံရရုံမျှမက
နောက်ဆုံးဘုရားဖြစ်သောဘ၀၌ပင်အရှင်ဒေ၀ဒတ်၏
ဝေဘာရတောင်စောင်း၌ကျောက်မောင်းဆင်လုပ်ကြံခြင်းကိုခံခဲ့ရလေသည်။
တောင်ထိပ်မှကျောက်တုံးကြီးလိမ့်လာသောအခါဘုရားရှင်၏ဘုန်းတော်ကြောင့်
လမ်းခုလတ်မှကျောက်တုံးတတုံးကဆီးကြိုခံလင့်၏။
ထိုကျောက်တုံးခြင်းထိခတ်စဉ်ကျောက်လွှာတစ်ခု
ပဲ့စင်ထွက်၍
ဘုရားရှင်၏ခြေမတော်ကိုထိခိုက်ပြီးဆင်းရဲဒုက္ခများစွာခံစားရလေသည်။


ထိုကျောက်ထိခတ်မှုနှင့်ဆက်စပ်၍နောက်ထပ်ရှေးဘ၀အကြောင်းကံတခုရှိသေး၏။

ဘ၀တစ်ခု၌ဘုရားအလောင်းသည်ကလေးငယ်သဘာဝကစားနေစဉ်
အရှင်ပစ္စေကဗုဒ္ဓါတစ်ပါးဆွမ်းခံဝင်လာ၏
ကလေးငယ်သည်ပျော်ရွှင်လိုသဖြင့်
အရှင်ပစ္စေကဗုဒ္ဓ၏ခြေမတော်ကိုကျောက်ဖြင့်ပစ်ခတ်၏

ခြေမတော်ကိုထိသဖြင့်အလွန်နာကျင်သောဝေဒနာကိုခံစားရ၏
ထိုမကောင်းမှုဒဏ်ကြောင့် ခြေမတော်ကိုကျောက်ထိရုံမျှသာမဟုတ်
သွေးစိမ်းတည်သည်အထိဒဏ်ရာအနာတရဖြစ်ပြီးဆင်းရဲဝေဒနာကို
ကြာရှည်စွာခံစားရလေသည်။


ထိုကျောက်ထိမှုနှင့်ဆက်စပ်၍နောက်ထပ်ရှေးဘ၀အကုသိုလ်ကံအကြောင်း
တစ်မျိုးလည်းရှိနေသေးသည်။


ဂေါတမဘုရားအလောင်းတော်သည်ပဒေသရာဇ်မင်းဖြစ်ခဲ့ဖူး၏
ထိုဘ၀တွင်လူယုတ်မာနှင့်ပေါင်းမိပြီးသောက်စားမူးယစ်အပြစ်မရှိသူအား
ဓါးဖြင့်ခွဲစိတ်ခဲ့ဖူးလေသည်
။ထိုအကုသိုလ်ကံကြောင့်ငရဲ၌ခံရပြီးနောက်
ဘုရားရှင်ဖြစ်တော်မူလာသောဘ၀မှာပင်ခြေတော်ကိုကျောက်ထိရုံ
သွေးစိမ်းတည်ရုံနှင့်မပြီးသေး
ဆေးဆရာဇီဝက၏ဓါးဖြင့်ခွဲ၍
ခြေမ၌တည်နေသောသွေးခဲကိုထုတ်ယူ
ကုသမှုအတွက
ပြင်းစွာသောဝေဒနာကိုခံစားရလေသည်။


အရှင်မောဂ္ဂလာန်၏၀ဋ်တော်

တစ်ခုသောဘ၀၌မယား၏အလိုဆန္ဒအရိဘနှစ်ပါးကိုတောသို့ ထုတ်ပြီး
သူခိုးဓါးပြအယောင်ဆောင်ကာရိုက်ခဲ့ဖူး၏
ထိုအကုသိုလ်ကံကြောင့်သေလျှင်
ငရဲသို့ကျခဲ့၏။နောက်ဆုံးအရှင်မောဂ္ဂလန်ဘ၀၌တန်ခိုးအရာမှာဧတဒဂ်ရပါလျှက်
ခိုးသူတို့၏ရိုက်နှက်မှုကိုခံရပြီးပရိနိဗ္ဗာန်စံခဲ့ရလေသည်။

ပြုခဲ့မိသောအကုသိုလ်ကံကြောင့်ငရဲကျရောက်ရုံမျှမပြီးသေးအခွင့်သင့်သောဘ၀မှာ
ဝဋ်ဆင်းရဲဒုက္ခကိုဆက်လက်ခံစားရသေးသည်။
မခံစားရအောင်မည်သူမျှမရှောင်လွဲနိုင်ကြချေ။


ငရဲမှာအပ

ဂုင်္လိမာလကိုကားလူတိုင်းသိကြမှာပါ လက်ညှိုးပေါင်းတစ်ထောင်ပြည့်အောင်
ဖြတ်မည်ဟုတစ်ချောင်းသာလိုတော့သည့်နေ့တွင
်မြတ်စွာဘုရားက
ကယ်ချွတ်တော်မူသဖြင့်အကျွတ်တရားရလေသည်။ရဟန္တာ ဖြစ်တော်မူပြီးပြုခဲ့မိသောအကုသိုလ်ကံကြောင့်ငရဲသို့မလားရောက်ပေ။

ရဟန္တာဖြစ်သည်အထိတရားဓမ္မကိုနာယူကျင့်ကြံသောကုသိုလ်ကံဖြင့်
ငရဲကို အပ ပြု လိုက်ခြင်းဖြစ်ပေသည်။


PS.. ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်မှကောက်နှုတ်ထားပါသည်။
(သီတင်းကျွတ်လဆန်း၁ရက်နေ့အမှတ်တရ)



မချစ်ရ

Thursday, September 17, 2009

ဂျစ်လေး(၀က်ဝံလေး)အတွက်

Happy Birthday Pictures, Images and Photos


ဘယ်လိုလုပ်ပြီးသံယောဇဉ်ဖြစ်သွားလည်းမသိပါဘူး
ဘလော့ထဲမှာဆိုလို့အမလိုခင်တဲ့(တီလေးညခင်း)အပြင်အသိမိတ်ဆွေ
ခင်ခင်မင်မင်သိပ်မရှိတဲ့ကျွန်မကမြင်တောင်မမြင်ဘူးသေးအသံလည်း
မကြားဘူးသေးပဲနဲ့သံယောဇဉ်ဖြစ်နေရတဲ့ညီမလေးဂျစ်(၀က်ဝံကလေး)
ချစ်လို့ဆိုပြီးဂျစ်လို့သူကစခေါ်ရင်းနဲ့ကိုယ်ကပါချစ်လို့လိုက်ခေါ်တဲ့
နာမည်လေးပေါ့ခုတော့၁၈ရက်နေ့မှာဂျစ်လေးမွေးနေ့တဲ့လေ..
ဂျစ်လေးဘာလိုချင်လည်းတော့မသိဘူးအပြင်မှာလည်းပို့ပေးချင်ပါတယ်
ဂျစ်လေး(၀က်ဝံလေး)မွေးနေ့မှစ၍ကိုယ်ကျန်းမာခြင်း၊စိတ်ချမ်းသာခြင်းနဲ့
ပြည့်စုံပါစေလို့အမဆုတောင်းပေးပါတယ်ညီမလေးရေ.........

Happy Birthday 1 Pictures, Images and Photos

ဒီမှာလည်းဂျစ်လေးအတွက်အမှတ်တရနော်
happy birthday Pictures, Images and Photos


ဂျစ်လေးအတွက်မွေးနေ့ကိတ်လေးအမှတ်တရ..နော်


happy birthday Pictures, Images and Photos


ဂျစ်လေးအတွက်ဝက်ဝံရုပ်ကလေးအမှတ်တရ...နော်


Happy Birthday Pictures, Images and Photos



မွေးနေ့လက်ဆောင်တွေကိုအဲလိုလိုက်ကုန်းပြီးရှာမနေနဲ့ဦးနော် :P


Happy Birthday Pictures, Images and Photos




မချစ်ရ
Happy Birthday Pictures, Images and Photos

Wednesday, September 16, 2009

ဘုရားပေးသောလက်ဆောင်

Budda Pictures, Images and Photos


ဂေါတမမြတ်စွာဘုရား ရာဇဂြိုဟ်ပြည်တွင်သီတင်းသုံးနေစဉ်
အက္ကောသဘာရဒွါဇပုဏ္ဏားနှင့်သူ၏အမျိုးသမီးဖြစ်သူဓနဉ္စာနီပုဏ္ဏားမ
တို့ရှိလေသည်။တနေ့သော်ပုဏ္ဏားမခန္ဓာကိုယ်အနေအထားဟန်ချက်ပျက်
ယိုင်းယိုင်သွားသဖြင့် နမောဗုဒ္ဓ ဟုယောင်လိုက်ရာ..
ပုဏ္ဏားကြီး၏နားထဲမှာသံရည်ပူလောင်းချလိုက်သကဲ့သို့
အရှင်ဂေါတမကိုချီးကျူးနေကြသံပဲကြားနေရတယ်..
သူ၏အကိုရဟန်းပြုသည်ဟုလည်းကြားရသဖြင့်မြတ်စွာဘုရားထံလာရောက်
ဆဲရေးပြီး နောက် သူ၏ညီဖြစ်သူ အသုရိန္ဒကဘာရဒွါဇပုဏ္ဏားသည်လည်း
မြတ်စွာဘုရားထံသို့သွားပြီးမဖွယ်မရာရုန့်ရင်းကြမ်းတမ်းသောစကားတို့ဖြင့်
ဆဲရေးပြန်သည်။ယင်းသို့ ဆဲရေးသောအခါ မြတ်စွာဘုရားသည် တစုံတရာ
ဘာမျှပြန်မပြောဘဲဆိတ်ဆိတ်နေလေ၏။

ထိုအခါ အသုရိန္ဒက ပုဏ္ဏားက မြတ်စွာဘုရားအား....
ရဟန်းသင့်ကို ကျွန်ုပ်တို့ အောင်နိုင်ပြီ၊ရဟန်းသင့်ကို ကျွန်ုပ်တို့ အောင်နိုင်ပြီ
ဟု ပြောလေ၏။

ထိုအခါ မြတ်စွာဘုရားက-
ပုဏ္ဏား..သူမိုက်သည် စကားအားဖြင့် ရုန့်ရင်းကြမ်းတမ်းစွာ
ဆဲရေးပြောဆိုသည်ကို ငါ အောင်နိုင်သည် ဟုမှတ်ထင်လေ၏။

အသင်ပုဏ္ဏားအသင်သည်သူတစ်ပါးအားလက်ဆောင်ပဏ္ဏာသွားရောက်
ပေးကမ်းပါကထိုသူမှမယူလျှင်ဤလက်ဆောင်သည်မည်သူ့လက်ထဲ၌သာရှိမည်နည်း
ပေးသူသင်၏လက်ထဲ၌သာရှိနေပေလိမ့်မည်။ထိုနည်းတူစွာအသင်ပေးသော
ဆဲရေးပြောဆိုသည်ကိုလက်မခံပါကသင့်ထံ၌သာရှိနေပါသည်။

သည်းခံခြင်း၏ အကျိုးကျေးဇူးကိုသိသော ပညာရှိပုဂ္ဂိုလ်၏ နှုတ်တုံ့မပြန်ဘဲ
သည်းခံနေခြင်းသည်သာလျှင်အောင်နိုင်ခြင်းအစစ်ဖြစ်လေသည်
ဟု မိန့်တော်မူလိုက်လေသည်။

မြတ်စွာဘုရားဟောပြောတော်မူသောတရားလက်ဆောင်သည်လည်း
ကျွန်ုပ်အတွက်ဘုရားပေးသောလက်ဆောင်သာဖြစ်ပါတော့သည်။

ဤပို့စ်လေးတင်ချင်တာကြာခဲ့ပေမယ့်အတိကျမသိသေးတဲ့အတွက်
နောက်ကျခဲ့ပါသည်။ကူညီပြောပြပေးခဲ့သူအားအထူးကျေးဇူးတင်ပါသည်။
အမှားတစုံတရာပါ,ပါကကွန်မန့်တွင်ပြင်ပေးခဲ့နိုင်ပါသည်။
ကျေးဇူးတင်ပါသည်။

မချစ်ရ

Sunday, September 13, 2009

စည်းခြားထားသောအချစ်

ဇာတ်လမ်းနာမည်လေးက..Forbitten love (စည်းခြားထားသောအချစ်)
ဒီဇာတ်လမ်းကိုကြိုက်တာထက်မင်းသားကိုကြိုက်လွန်းလို့တင်လိုက်တာပါ
မင်းသား၂ယောက်မှာတယောထိုးတဲ့မင်းသား(junjin)ကအသဲစွဲပေါ့




ဇာတ်လမ်းထဲမှကြိုက်သောသီချင်း




မချစ်ရ

Saturday, September 12, 2009

အမှိုက်များရှင်းလိုက်ပြီ

anime girl Pictures, Images and Photos


အခန်းထဲကအမှိုက်များ
ကွန်ပျူတာထဲကအမှိုက်များ
ဖုံးထဲမှအမှိုက်များ
နောက်ဆုံးလက်ကျန်
ငါ့စိတ်ထဲကအမှိုက်များပါ
ရှင်းလိုက်ပြီ...........

ဘာမှမရှိတော့တဲ့
ငါ့နှလုံးသားအသစ်နဲ့
ခရီးဆက်ဦးမည်.........

မချစ်ရ

Friday, September 11, 2009

ဒုစရိုက်(၁၀)ပါး



ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေဖြင့်ဗုဒ္ဓဘုရားရှင်နှင့်သူတော်စင်တို့ 
မနှစ်သက်အပ်၊ပယ်အပ်သောဒုစရိုက်(၁၀)ပါးတရားများကိုသိသင့်ပါသည်။

ကာယဒုစရိုက် ကာယကံ(၃)ပါး

(၁)သူတစ်ပါးအသက်ကိုသတ်ခြင်း
(၂)ပိုင်ရှင်သည်ကိုယ်နှုတ်တို့ ဖြင့်မပေးအပ်သော သူတစ်ပါးဥစ္စာကိုခိုးယူခြင်း

(၃)ကာမဂုဏ်တို့၌မှားယွင်းစွာဖောက်ပြန်ကျူးလွန်ခြင်း


ဝစီဒုစရိုက် ၀စီကံ(၄)ပါး

(၁)မဟုတ်မမှန်သောအရာကိုဟုတ်မှန်သည့်အနေဖြင့်လိမ်ညာပြောဆိုခြင်း
(၂)ချောပစ်ကုန်းတိုက်ခြင်း၊ ချစ်သူနှစ်ဦး ကွဲသွားအောင် (သို့)

မိမိအားချစ်ခင်လာအောင်ချစ်သူနှစ်ဦးကိုရန်တိုက်ပေးခြင်း

သူတစ်ပါးစိတ်ဝမ်းကွဲအောင်ပြောဆိုခြင်း

(၃)ကြမ်းကြမ်းတမ်းတမ်းဆဲရေးတိုင်းထွာပြောဆိုခြင်း

(၄)မိမိ သူတစ်ပါးနှစ်ဦးသား လုံးဝအကျိုးမရှိသောစကားပြောဆိုခြင်း


မနောဒုစရိုက် မနောကံ(၃)ပါး

(၁)သူများစည်းစိမ်ဥစ္စာချမ်းသာကြွယ်ဝနေသည်ကိုမြင်သောအခါ
ထိုစည်းစိမ်ချမ်းသာများသည်ငါ၏ဥစ္စာဖြစ်လာပါမူကောင်းလေစွဟု
သူတစ်ပါး၏
စည်းစိမ်အပေါ် မကောင်းကြံစည်ခြင်း
(၂)သူတစ်ပါးပျက်စီးစေလိုသည့် စိတ်ဖြစ်ပေါ်ခြင်း
(၃)လှူခြင်းသည်အကျိုးမရှိ၊ မလှူခြင်းသည်အပြစ်မရှိ
စသည်ဖြင့်ဖောက်ပြန်မှားယွင်းစွာယူခြင်းဖြစ်သည်။

PS... ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်မှကောက်နှုတ်ချက်ဖြစ်သည်။
( ဥပုသ်နေ့ အမှတ်တရ)

မချစ်ရ

Thursday, September 10, 2009

အမြင်ကပ်ကြသောအကြောင်း(Tag)




ဝက်ဝံလေးတပ်ထားတာကြာပြီဖြစ်တဲ့အမြင်ကပ်ကြသောအကြောင်းရင်းတဲ့လေ
ခုတလောစိတ်ရှုပ်ရှုပ်နဲ့ဇာတ်လမ်းပဲကြည့်နေတာဘာမှမရေးဖြစ်သေးလို့ပါ
ကိုယ့်ကိုအမြင်ကပ်ကြတာတော့ရှိပါ့ဘာ့ကြောင့်အမြင်ကပ်သလဲတော့မမေးနဲ့
မသိဘူးရီးစားလုဖက်လိုမျိုးကြီးကိုယ်လည်းသူများဟာမလုရပါဘူး
ဝေးသေးတယ်အဲလိုစိတ်ကတော့သူများရီးစားခွဲတာတော့မလုပ်ဘူး
အဲကိုယ့်ကိုတော့အလကားနေရင်းအမြင်ကပ်နေ၊ကြည့်မရဖြစ်နေကြတာလေ
အလုပ်တွေများလို့မအားကြပါဘူးဆိုတဲ့လူတွေတောင်မှ
မချစ်ရအတင်းပြောရမယ်ဆိုအားသွားကြပြီလားမသိဘူး
အဲလောက်ထိဝက်ဝံလေးရေ....
ကောင်လေးတစ်ယောက်ကတဘက်သတ်ချစ်တာကိုဖြတ်လိုက်လို့ဆိုပြီးလည်း
အမုန်းခံနေရသေးတယ်အကြောင်းရင်းသေချာမသိပဲနဲ့အပြင်ပန်းကြည့်ပြီး
ပြောနေကြတာတွေလေ(မဖြစ်နိုင်တဲ့ကိစ္စကိုဆက်လုပ်လို့မှမရတာ)
မဟုတ်မခံပြန်ပြောတတ်တာကြောင့်လည်းအမြင်ကပ်ကြတယ်
ဒီလောက်ဆိုကိုယ့်ကိုဘယ်လောက်ထိလူတွေအမြင်ကပ်နေကြလည်း
တော့မသိဘူးပြောရင်းနဲ့ဒေါသထွက်လို့ကိုယ့်ကိုကိုယ်တောင်အမြင်ကပ်လာပြီ
အားနာပြီးလိုက်လျောတတ်တဲ့ကိုယ့်စိတ်ကိုယ်လည်းအမြင်ကပ်မိပါရဲ့
ဝက်ဝံလေးရေ.....ဆက်ပြောရင်မကောင်းဖြစ်တော့မယ်တော်ပြီနော်ကျေနပ်
ဂျစ်လေး ၀က်ဝံ............. :P

မချစ်ရ

Monday, September 7, 2009

" ဂေါက်သီး နဲ့ ဂေါက်တံ "

Golf Pictures, Images and Photos



အချစ် ...
မင်းဟာ ...
တွယ်ရာမဲ့လေဟာပြင်မှာ
ဝေဟင် ကိုလှိုင်းစီးရင်း
ပျော်ရွှင် မြူးတူးနေတဲ့
ဖြူစင်စင် ဂေါက်သီး တစ်လုံး ...

အချစ် ...
ငါကတော့ ...
ထိန်းချုပ်မှုတွေ အောက်မှာ
မင်းပြေးရာ နောက်
မလိုက်နိုင်တဲ့
ဂေါက်တံ အဖြစ်နဲ့ပေါ့ ...

ဘယ်လိုဖြစ်ဖြစ်ပါ
" ဂေါက် " အဘိဓာန်မှာ
ဂေါက်သီး နဲ့ ဂေါက်တံ မရှိဘဲနဲ့တော့
ဂေါက်ကွင်း တော့သွားမရတာသေချာတယ် ...

သေချာတာတစ်ခုကတော့
ဘယ်လူမှ မရိုက်ခင်အထိတော့
မင်းပါးလေးကို ငါဖွဖွနမ်းထားမယ်
တကယ်လို့ ...
ရိုက်ချက်ပြင်းပြင်းတွေကြောင့်
အဝေးရောက်ခဲ့တောင်
တစ်နေ့တော့
အဲနေရာကို
ဂေါက်တံလေး အရောက်လာခဲ့မယ်
ဂေါက်သီလေး ရေ .....။.....။

မချစ်ရအတွက်အမှတ်တရ :)
6.9.2009

ရေးသူ..ဂေါက်တောက်တောက်ကောင်လေးတစ်ယောက် :P

Sunday, September 6, 2009

ဂေါက်တံလေး

Golf Pictures, Images and Photos



ညညဆိုရောက်ရောက်လာ
ဂေါက်တောက်တောက်နဲ့
ကောင်လေးတစ်ယောက်
အဖော်လုပ်လို့
စကားတွေပြော
မမောနိုင်ပဲ
ဟာသလေးတွေ
ရီမောစွာနဲ့
ပျော်ရွှင်စရာ
ဒီညချမ်းမှာ
ဂေါက်တံလေးနဲ့ကစားတာ

PS..ကဗျာထဲကဂေါက်တံလေးဆိုတာကောင်လေးကိုပေးထားတဲ့နာမည်ပါ :P

မချစ်ရ

Saturday, September 5, 2009

ဂဏန်းလေးရဲ့အဖြေ

I love You Pictures, Images and Photos

143 တဲ့သူပြောလာတယ်
ဘာအဓိပ္ပာယ်လည်း
ကိုယ်..မေးမိတယ်
ဂဏန်းလေးရဲ့အဓိပ္ပာယ်
အဖြေရှာမရခဲ့
သူ..ပြောပြတယ်
(လက်ညှိုးက 1 ,လက်သန်းက 4 ,လက်မက 3 )
ကိုယ်လေမင်းကိုသိပ်ချစ်တယ်

256 လို့ပြန်ပြောလိုက်တယ်
ဘာအဓိပ္ပာယ်လည်း
သူ..မေးလာတယ်
ဂဏန်းလေးရဲ့အဓိပ္ပာယ်
အဖြေရှာခက်ခဲ့
ကိုယ်ကိုတိုင်လည်း
သိသေးဘူးကွယ်.......

မချစ်ရ

Friday, September 4, 2009

စကားလေးတစ်ခွန်း

anime couple Pictures, Images and Photos

ရင်၌ဖြစ်စေ
ယူမျှဝေမယ်
သံယောဇဉ်ထုံး
ဖြေထုတ်ရန်ခက်
ချည်ထုတ်နှောင်ရန်
ရည်စူးသူကို
ခဏမဟုတ်
တစ်ဘ၀လုံး
ပုံအပ်ယုံကြည်
တိတ်တခိုးမှ
သူသိစေရန်
ဖွင့်ဟ၀န်ခံ
ပြောလိုက်ပါ့မယ်
အရမ်းချစ်တယ်


PS...သူပေးတဲ့ကဗျာ

Thursday, September 3, 2009

ဝက်ဝံလေးရဲ့ရက်စက်ချက်(Tag)

anime Pictures, Images and Photos


အကြိုက်ဆုံးဘလော့၅ခုနဲ့ဘာကြောင့်ကြိုက်ရသလဲ

ဝက်ဝံလေးးးးးးဝက်ဝံလေးးးရက်စက်လိုက်ပြီလားးး
အင်းလေပြဿနာတက်ရင်သူရှင်းပေးမှာဆိုတော့လည်း
ရေးပြီနော်..၅ယောက်၊ကျန်တဲ့လူတွေတာဝန်ဝက်ဝံလေးယူ(ဟိ)


ပထမဆုံးကြိုက်မိတဲ့ဘလော့က ညခင်းရဲ့လမင်း
တီလေးညခင်းဘလော့ကိုသွားလည်တာကပညာပေးလေးတွေနဲ့
ဘုရားအကြောင်းရာဇ၀င်ပုံပြင်လေးတွေရေးတတ်တဲ့တီလေးဆီကပညာ
လည်းရတယ်ဗဟုသုတလည်းရတယ်လေပြီးတော့ပုံပြင်လေးတွေဆိုကြိုက်တတ်
တော့အသစ်တင်တိုင်းသွားဖတ်ဖြစ်တယ်။တီလေးကလည်းတခါတလေမချစ်ရ
စိတ်ညစ်ရင်ညီမငယ်အတွက်ဆိုရေးပေးတတ်တော့အသစ်တင်တိုင်း
စိတ်ညစ်တိုင်းတီလေးဆီသွားသွားနေကြလေ......(ဟိ)


ဒုတိယအကြိုက်ဘလော့ကတော့ အကိုမြစ်ကျိုးအင်း
အကိုမြစ်ကျိုးအင်းဘလော့ကိုသွားလည်တာရီစရာလေးတွေရေးထားတော့
ဖတ်ရတဲ့သူစိတ်ရွှင်လန်းတယ်ပြီးတော့ပညာပေးလေးတွေလည်းရှိတယ်
စိတ်ညစ်ရင်အကိုမြစ်ကျိုးအင်းဆီသွားဟားဟားဟားဟားနဲ့ကိုဟားရမယ်နော်


တတိယအကြိုက်ဘလော့က အကိုဂျေဂျူဝိုင်
အကိုဂျေဂျူဆီကဘုရားတရားနဲ့ပတ်သတ်တဲ့အသိပညာရတယ်
နားမလည်တာမရှင်းတာမေးတိုင်းအကိုဂျေဂျူကစိတ်ရှည်လက်ရှည်
ရှင်းပြပေးတဲ့အတွက်အဖြေကိုရှင်းရှင်းလင်းလင်းသဘောပေါက်သွားတယ်



စတုတ္ထအကြိုက်ဘလော့က ကယ်လေးငေါင်(ခေါ်)ကောင်လေးငယ်
ဘာကြောင့်ကြိုက်သလဲတော့မေးမနေနဲ့တော့(ဟီးးးး)
ကိုယ်လုပ်ပေးထားတဲ့ဘလော့လေးမို့လို့လေ..
ကိုယ့်ငချဉ်ကိုယ်ချဉ်..အဲ..ကိုယ့်ဘလော့ကိုယ်ချဉ်ပေါ့
မောင်လေးကပုံပြင်လေးတွေရေးတတ်တယ်ဟာသလေးတွေရေးတတ်တယ်
ဒါကြောင့်လည်းသွားဖတ်ရတာအမောပါပဲ.....


ပဉ္စမအကြိုက်ဘလော့က ဆောင်းနှင်းဝေ
သူကတော့ဘလော့မှာသိပ်လူသိမများပါဘူး
ဒါပေမယ့်သူ့ကိုဘလော့မှာမဟုတ်ပဲအပြင်မှာခင်တာမို့လို့
သူ့ဘလော့ကိုခဏခဏသွားလည်တယ်
သူနဲ့သူ့သူငယ်ချင်း၂ယောက်ရေးတဲ့ကဗျာလေးတွေကဖတ်လို့ကောင်းတယ်


အဲ........ကျန်၅ယောက်ပါရေးလိုက်ပြီနော်...
မော်စကွီတို ကိုဗီလိန် မောင်လေးမိုးစက်
စိတ်အေးချမ်းရာတရားရိပ် ပိတ်ထားတဲ့ကိုဝင်းဇော်

ဘာကြောင့်ကြိုက်ရသလဲဆိုတာကိုဒီနေရာလေးတွေသွားကြည့်ရင်သိပါလိမ့်မယ်
မရောက်ဘူးသေးရင်အားတဲ့အခါအလည်တစ်ခေါက်သွားလည်ကြည့်ကြပါနော်
ကဲ..ခုမှစသိပေမယ့်ခင်မင်မိတဲ့ဝက်ဝံလေးရေကျေနပ်နော်၅ခုမကရေးပေးလိုက်ပြီ

မချစ်ရ

Tuesday, September 1, 2009

ကျွန်မနှင့်တစ်ဦးတည်းသောသားများ

Anime Pictures, Images and Photos

ကျွန်မအွန်လိုင်းမှာတစ်ဦးတည်းသောသား၂ယောက်သိခဲ့ဘူးပါတယ်

ပထမစသိတဲ့တစ်ယောက်ကတော့ခပ်ဆိုးဆိုးလေးပေါ့
ကျွန်မကိုဆိုအမြဲစကားနိုင်လုပြောတယ်သူစကားအနိုင်ရမှကျေနပ်တယ်
စကားနိုင်လုတယ်ဆိုပေမယ့်လည်းရိုင်းစိုင်းတဲ့စကားလုံးမပါ,ပါဘူး
သူ့ရဲ့လှောင်ရီသံတွေ၊စနောက်သံတွေကမရိုးနိုင်လောက်အောင်ပါပဲ
အမြဲစတယ်မခံချင်အောင်ပြောတတ်တယ်။
သူ့ကိုစိတ်တိုပြီဆိုရင်သူကကျေနပ်နေတယ်လေ။
သူနဲ့ခင်ရတာအဲဒါလေးတွေနဲ့တင်ပျော်ခဲ့ရပါတယ်
အခု..ရည်းစားရှိသွားတော့နည်းနည်းအနေဝေးသွားသလိုပဲပေါ့။
ဒါပေမယ့်......သူ့ကိုအမြဲသတိရနေတတ်ပါတယ်

နောက်တစ်ယောက်ကတော့ခုလက်ရှိခင်မင်နေတုန်း
မောင်လေးတစ်ယောက်လိုပါပဲ.....ကယ်လေးငေါင်..ပေါ့
သူကလည်းကျွန်မနဲ့သာမဆိုးတာပါသူများနဲ့ဆိုဆိုးပေ့ပေပေ့ပဲ
သူ့ကိုကောင်မလေးကကြိုက်တာလူကြီးတွေသဘောတူတာတောင်
ကောင်မလေးကိုပြန်မကြိုက်ပဲဘုဂလန့်တွေလုပ်နေတာသာကြည့်တော့
အဲ..ဒါပေမယ့်သူကလည်းအဲဒီကောင်မလေးအပေါ်မှာရိုင်းရိုင်းစိုင်းစိုင်း
ဆက်ဆံတာမျိုးမလုပ်ခဲ့ပါဘူး။တခြားဘယ်သူ့အပေါ်မှာမှလည်းမလုပ်ဖူးပါဘူး



သူတို့၂ယောက်လုံးတစ်ဦးတည်းသောသားတွေဖြစ်ပေမယ့်လည်း
တစ်ဘက်သားအပေါ်မှာမောင်နှမသားချင်းမရှိဘူးဆိုပြီးနှမသားချင်းမစာမနာ
ရိုင်းစိုင်းတာမရှိပါဘူး။မိဘတွေနဲ့လည်းဝေးဝေးမှာနေကြရတဲ့လူတွေပါ...
ဒါပေမယ့်..စိတ်ထားလေးတွေကောင်းကြပါတယ်။
လူငယ်လေးတွေဆိုပေမယ့်တချို့လူကြီးတွေထက်ကိုအသိဥာဏ်ရှိပြီး
စိတ်သဘောထားပြည့်ဝပါတယ်လူငယ်သဘာဝအရဆိုးပေမယ့်အသိဥာဏ်နဲ့
ထိမ်းသိမ်းပြီးနေတတ်တယ်ဆင်ခြင်တတ်တယ်အဆင်ခြင်မဲ့ပရမ်းပတာ
မပြောဆိုတတ်ဘူး။သူတစ်ဘက်သားကိုမစော်ကားဘူးမနှိမ့်ချတတ်ဘူး။
မောင်လေးမို့လို့ပြောတာမဟုတ်ပါဘူးတကယ်ပေါင်းကြည့်လို့စိတ်ဓါတ်လေးတွေ
သဘောကျပြီးမောင်လေးလိုခင်မိတာပါ..

ကဲကဲ..ကယ်လေးငေါင်..မမတော့မင်းဂုဏ်တွေဖော်လိုက်ပြီနော်
ကောင်မလေးတွေကိုလက်ခံဖို့သာပြင်ပေတော့..... :P


မချစ်ရ