CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »
Showing posts with label ဇာတ်လမ်းပုံပြင်. Show all posts
Showing posts with label ဇာတ်လမ်းပုံပြင်. Show all posts

Monday, August 17, 2009

အရူးလေးရဲ့ချစ်ပုံပြင်(ဇာတ်သိမ်း)

Anime GIRL CRY Pictures, Images and Photos

အခုတော့....သူမရင်ထဲမှာနာကျင်ခံစားနေရပါပြီ
သူမတစ်ယောက်ထဲသူ့အရူးကောင်လေးကိုစောင့်မျှော်လို့
သူမရဲ့အရူးကောင်လေးကတော့မလာနိုင်တော့ပါဘူး............. ပြီးတော့သူမစိတ်ညစ်တိုင်းအစားထိုးနေကြအလုပ်ကိုသူမမလုပ်ခဲ့ပါဘူး
ဘာလို့လဲဆိုတော့သူမရဲ့အရူးကောင်လေးက
သူမအနားမှာရှိနေတယ်ဆိုတာကိုယုံကြည်ထားတုန်းပါပဲ...


နောက်တစ်လလောက်အကြာမှာ....

သူမဆီကိုကောင်လေးတစ်ယောက်မထင်မှတ်ပဲရောက်လာပါတယ်
ကောင်လေးကမေးတယ် "သူ့ကိုမမှတ်မိတော့ဘူးလား" တဲ့
"ဟင့်အင်း..မသိပါဘူး"လို့ပြောလိုက်တယ်
ကောင်လေးက"သူက အရူးကောင်လေးပါ သူမသေပါဘူး"
"သူအဝေးတနေရာမှာခဏနေနေတာပါ"
သူမသူ့ကိုတကယ်ချစ်လား၊မချစ်လားသိချင်လို့ပါ
"ဟင့်အင်း..မဖြစ်နိုင်တာ"
သူမ ဘယ်လိုမှမယုံကြည်နိုင်ပါဘူး။

သူမရဲ့အရူးကောင်လေးကသူမကိုအရိပ်တကြည့်ကြည့်နေတာ
ခုလိုနာကျင်ခံစားရအောင်ဘယ်တုန်းကမှမလုပ်ခဲ့သလိုလုပ်မှာလဲမဟုတ်ပါဘူး
သူ့ကြောင့်သူမစိတ်ဆင်းရဲတာကိုလည်းဘယ်တုန်းကမှမကြည့်ရက်ပါဘူး
ပြီးတော့သူမဆီကဘယ်တုန်းကမှအချစ်ကိုမတောင်းခံခဲ့ပါဘူး
ပေးဆပ်အချစ်သက်သက်နဲ့ပဲချစ်ခဲ့တာပါ။သူမကိုလည်းကတိပေးထားပြီးသားပဲ
အသက်ရှင်ရက်နဲ့သူမအနားကမထွက်သွားပါဘူးလို့
ကောင်လေးကသူမရဲ့အရူးကောင်လေးနဲ့တော်တော်တူပါတယ်။
သူဟုတ်မှန်ကြောင်းကိုသက်သေပစ္စည်းအနေနဲ့ကဗျာတွေ၊
သူကောက်ထားတဲ့နေ့စွဲအလိုက်ရေးထားတဲ့သစ်ရွက်ခြောက်လေးတွေ၊
သူမပို့ပေးတဲ့ပစ္စည်းလေးတွေပြပါတယ်...
သူမကိုလည်းချစ်ပါတယ်.....

ဒါပေမယ့်မတူညီတဲ့အချက်တချို့ကသူမရင်ထဲမှာသာခံစားသိနေပါတော့တယ်..

(အဲဒါကအရူးကောင်လေးအစစ်လား?အတုလား?
အရူးကောင်လေးကသေသလား?မသေဘူးလား?)


တကယ်လို့အရူးကောင်လေးကမသေဘူးအစစ်ဆိုရင်တောင်
သူမစိတ်ထဲမှာကသေသွားပါပြီ.....
သူမဘယ်သူနဲ့မှအစားထိုးတော့မှာမဟုတ်ပါဘူး..........
သူမမပြောလိုက်ရတဲ့စကားတွေအတွက်လည်းသော့ခတ်ထားလိုက်တော့မှာပါ....

သူမနဲ့အရူးကောင်လေးတို့ရဲ့သံယောဇဉ်ကချစ်ခြင်းမေတ္တာထက်ခိုင်မြဲပါတယ်

မချစ်ရ

Saturday, August 15, 2009

အရူးလေးရဲ့ချစ်ပုံပြင်(၃)

Anime Couple Pictures, Images and Photos

အဲဒီနာမည်လေးကိုလည်းသူအရမ်းနှစ်သက်ခဲ့တယ်လေ..
ဒီနာမည်ကိုလည်းသူမကသူ့သူငယ်ချင်းတွေလိုက်ခေါ်တာကိုမကြိုက်ဘူး..

သူမနဲ့အရူးကောင်လေးတို့သိတာ၁နှစ်ပြည့်ခါနီး
သူ့မွေးနေ့မှာသူမကပို့စ်ကဒ်လေးရယ်သူသိပ်လိုချင်တဲ့
ဖုံးချိတ်တာလေးတစ်ခုရယ်သူနေတဲ့အဝေးဆီရောက်အောင်
ခက်ခက်ခဲခဲပို့ပေးခဲ့တယ်။သူကလည်းသူမမွေးနေ့မှာ
သူမကြိုက်နှစ်သက်မယ့်ပစ္စည်းလေးပို့ပေးခဲ့သေးတယ်။
သူမနဲ့သိတာ၁လပြည့်တိုင်းသူကသတိတရနဲ့ပြောပြတတ်တယ်
ဒီလိုနဲ့တဖြေးဖြေးသူမကသူ့အပေါ်သံယောဇဉ်တွယ်လာမိခဲ့တယ်။
ဒါပေမယ့်ကံဆိုးတဲ့တစ်နေ့ဆိုတာမမြင်ရပါဘူးလေ..........

အဲဒီနေ့မှာပေါ့သူစာမေးပွဲပြီးလို့သူမနှင့်အွန်လိုင်းမှာ
တွေ့ဖို့ချိန်းထားတဲ့နေ့ပေါ့။သူမတစ်နေကုန်အောင်စောင့်နေပေမယ့်
သူမလာခဲ့ပါဘူး။သူမစိတ်တော်တော်တိုဒေါလဲကန်နေပါပြီ
သူမဆက်စောင့်နေပါသေးတယ်ဒါကတော့သူ့ကိုသိပ်တွေ့ချင်လွန်းလို့
မဟုတ်တော့ပါဘူး...အရမ်းကိုစိတ်တိုနေလို့စောင့်ရတာကြာလို့
သူ့ကိုပြောပြစ်လိုက်မယ်ဆိုပြီးတော့ပေါ့ ..

နောက်နေ့တွေမှာလဲသူ့ကိုစောင့်နေတာသူပေါ်မလာပါဘူး
အဲလိုနဲ့တပတ်လောက်အကြာမှာသူမတော်တော်လေး
စိတ်ထိခိုက်နေပါပြီ။သူမအတွက်သူကအရေးကြီးနေပြီလား....
သူမအနားမှသူရှိတုန်းကအော်လိုက်ငေါက်လိုက်နဲ့အရေးမလုပ်ခဲ့သမျှ
ခုသူမရှိတော့သူမဘယ်လိုမှမနေတတ်တော့ပါ..
သူမသူ့ကိုဘယ်လိုရှာရမလဲစဉ်းစားနေတုန်း.....
သူမအကြံတစ်ခုရသွားတာကသူ့မေးလ်ပါ့ဝေါ့ကို
သူမကိုပေးဘူးတယ်သူမအသေအလဲလိုက်ရှာတော့
ဟောတွေ့ပါပြီ..သူ့ပါ့ဝေါ့နဲ့ဖွင့်ကြည့်လိုက်တယ်။
သူအဲဒီနေ့ကစပြီးဘယ်သူနဲ့မှချက်တင်မလုပ်ထားပါဘူး
ဒါနဲ့တအောင့်လောက်နေတော့သူ့သူငယ်ချင်းတက်လာပါတယ်။
သူ့သူငယ်ချင်းကိုအကျိုးအကြောင်းမေးမြန်းကြည့်တော့
သူကတကယ်ကိုသူမနှင့်အဝေဆုံးနေရာကိုထွက်သွားပါပြီ


အဲဒီနေ့ကသူစာမေးပွဲဖြေပြီးသူမနဲ့စကားပြောဖို့ကို
သူ့သူငယ်ချင်းတွေကိုမစောင့်တော့ပဲစောစောစီးစီးပြန်သွားခဲ့တယ်တဲ့
သူငယ်ချင်းတွေနဲ့တောင်မုန့်တူတူမစားတော့ပဲသူပြန်သွားခဲ့တာ
ဒါပေမယ့်သူသိပ်တွေ့ချင်တဲ့သူမနဲ့မတွေ့နိုင်တော့မယ့်
တနေရာကိုသူရောက်သွားခဲ့ပြီလေ...
သူလမ်းအကူးမှာရုတ်တရက်သူ့ဖုံးမှသူမပေးထားတဲ့
ဖုံးချိတ်တာလေးပြုတ်ကျသွားတော့လှည့်အကောက်
တဘက်မှလာတဲ့ကားကိုသူမမြင်လိုက်တော့ပါဘူး..........

ဇာတ်သိမ်းပိုင်း..ဆက်ရန်...
မချစ်ရ

Wednesday, August 12, 2009

အရူးလေးရဲ့ချစ်ပုံပြင်(၂)

Anime Couple Pictures, Images and Photos

အဝေးကိုရောက်တော့လည်းသူကသူမကိုပဲချစ်မြဲပါပဲ
သူမကလည်းထုံးစံအတိုင်းပဲနေနေမြဲပါသူ့အပေါ်မှာလည်း
မောင်လေးတစ်ယောက်လိုပဲဆက်ဆံတုန်းပါပဲ.....

အဲ..အမြဲပုံမှန်တော့အွန်လိုင်းကစကားပြောဖြစ်ကြတယ်
သူမအွန်လိုင်းမ၀င်တာနဲနဲလောက်ကြာရင်သူကဖုံးခကုန်ခံပြီးဆက်လေ့ရှိပါတယ်
သူမဘယ်လောက်ဆိုးဆိုးသူမဘယ်လောက်ပြောပြောခေါင်းငုံ့ခံတယ်
အွန်လိုင်းသူတက်လာလို့သူမကတခြားသူနဲ့ပြောနေလို့မပြောနိုင်သေးဘူး၊
တခြားလူနဲ့ပြောချင်လို့အခုဖုံးချပေးဆိုလည်းသူကချပေးပြီးစောင့်နေပါတယ်


ရင်ထဲကတော့တော်တော်လေးနာကျင်ပေါက်ကွဲနေမှာပေါ့
ဒါပေမယ့်သူမအတွက်ဆိုသူအသက်တောင်ပေးရဲပါတယ်တဲ့လေ
သူမအတွက်တော့သူပြောသမျှကရီစရာတွေပေါ့
အဝေးကနေသူမကိုလွမ်းတိုင်းသူလုပ်နေကျကတော့
ကဗျာလေးတွေရေးတယ်သီချင်းလေးတွေဆိုပြီးသူမဆီပို့ပေးတယ်
သစ်ရွက်လေးတွေကောက်ပြီးသိမ်းထားခဲ့တယ်
သူမကတော့ဒါတွေကိုလည်းသိပ်ဂရုမစိုက်ခဲ့ပြန်ဘူး
သူမကတခြားကောင်လေးတွေနဲ့ပြတ်ရင်လည်းအစားထိုးရှာထားလိုက်ရော
သိပ်ပြီးစိတ်ညစ်မခံတတ်ဘူးသူမကလည်းခပ်ဆိုးဆိုးထဲကပဲလေ....


တစ်နေ့သူမအသဲအသန်ဖျားပြီးဆေးရုံတက်ရပါလေရော
သူမနေပြန်ကောင်းလို့ဆေးရုံကဆင်းတော့
သူနဲ့အွန်လိုင်းကနေတွေ့ပြီးသူကပြောပါတယ်
သူမသေရင်သူပါလိုက်သေမှာတဲ့....
သူမကိုအဲလောက်ချစ်လို့တဲ့သူ့သူငယ်ချင်းတွေကသူမကိုတော်တော်လေး
မုန်းနေကြတယ်လေတုံ့ပြန်မှုမရပဲပေးဆပ်အချစ်သက်သက်ကို
သူကပေးနေလေတော့သူ့သူငယ်ချင်းတွေကကြည့်မရတော့ဘူးထင်ပါရဲ့
နောက်တော့အဲလောက်ထိသူမကိုအရူးတစ်ယောက်လိုဦးနှောက်နဲ့
ရူးလောက်အောင်ချစ်လို့ဆိုပြီးသူမကသူ့ကို

အရူးကောင်လေးလို့နာမည်ပေးလိုက်တော့တယ်။


မချစ်ရ

Monday, August 10, 2009

အရူးလေးရဲ့ချစ်ပုံပြင်(၁)

couple anime Pictures, Images and Photos

သိပ်ချစ်ပါတယ်ဆိုတဲ့သူမရဲ့အရူးကောင်လေးကသူမကိုထားသွားခဲ့ပါပြီ
ဒါပေမယ့်သူထားသွားတယ်ဆိုတာကသူမကိုမချစ်တော့တာမဟုတ်ပါဘူး
နောက်ထပ်အသစ်တစ်ယောက်ရသွားတာလဲမဟုတ်ပါဘူး
ဘယ်လိုထားသွားသလဲဆိုတော့..........

တစ်နေ့မှာသူငယ်ချင်းကောင်မလေးတစ်ယောက်မိတ်ဆက်ပေးလို့
သူ့ကိုစသိခဲ့ရတာပါ။အဲဒီကောင်လေးတစ်ယောက်ပေါ့
သူကသူမထက်အများကြီးငယ်လို့သူမကမောင်လေး
တစ်ယောက်လိုသဘောထားပြီးခင်မင်မိခဲ့တယ်လေ။
အဲဒီချိန်မှာသူမကလည်းချစ်သူရီးစားနဲ့အဆင်သိပ်မပြေတဲ့အချိန်ပေါ့
သူမရဲ့ချစ်သူကအွန်လိုင်းကသိတာပါသူမကလည်းသူမရဲ့ချစ်သူ ရီးစားအကြောင်းကိုအဲဒီကောင်လေးကိုအမြဲပြောပြခဲ့တယ်။
ပြောသမျှကိုဟန်မပျက်နားထောင်ပြီးတော့အပြန်မှာ
သူ့သူငယ်ချင်းတွေနဲ့စိတ်လေပြီးလျှောက်သွားခဲ့တယ်တဲ့
ဒါကိုနောက်မှသူမသိရတာ..
သူမကိုသူချစ်နေတာကြာပါပြီဒါပေမယ့်သူလုံးဝဖွင့်မပြောခဲ့ဘူး...
သူမစိတ်ညစ်သွားမှာစိတ်အနှောင့်ယှက်ဖြစ်သွားမှာကိုသူမလိုလားဘူးတဲ့လေ။
တစ်နေ့တော့သူမရဲ့အွန်လိုင်းကရီးစားကနောက်တစ်ယောက်နဲ့တွဲနေတာ
သူမရိပ်မိတော့ဖြတ်လိုက်ပါတော့တယ်။
ဒါနဲ့ပဲသူမရီးစားနဲ့ပြတ်သွားတဲ့အကြောင်းကိုထုံးစံအတိုင်းသူမပြောပြခဲ့ပြန်ပါတယ်။
အဲလိုပြောပြနေတုန်းမှာပဲသူမအွန်လိုင်းကကောင်လေးကအခုအွန်လိုင်းဝင်ခဲ့ပါ
လို့သူမလက်ထဲမှဖုံးကိုလာလို့သူမသူနဲ့စကားပြောနေတုန်းသူ့ကိုထားခဲ့ပြီး
အပြေးလွှားအွန်လိုင်းဝင်ခဲ့တယ်။နောက်တော့လည်းမကြာမကြာဒီလိုဖြစ်ပြီး
အပြီးဖြတ်လိုက်တော့တယ်။သူမစိတ်ရှုပ်သိပ်မခံနိုင်တော့လို့...


နောက်ပိုင်းတော့သူမကိုချစ်လွန်းလို့အချိန်ကြာမြင့်စွာမြိုသိပ်ထားရတဲ့
သူကဆက်လက်မမြိုသိပ်နိုင်တော့ပဲဖွင့်ပြောလာရောပေါ့...
အဲ...ဒါပေမယ့်သူကသူမဆီကအချစ်ကိုမတောင်းခံခဲ့ပါဘူး
သူမကိုချစ်ရုံလေးသက်သက်ပါပဲသူမဒီကြားထဲစိတ်လေလေနဲ့
ကောင်လေးတွေနဲ့စကားပြောတယ်လျှောက်သွားတယ်
ဒါကိုလည်းသူတစ်ခွန်းမှမတားမြစ်ပဲသူမစိတ်ချမ်းသာဖို့ကိုသာဦးစားပေးခဲ့တာပဲ
သူမကသူ့ကိုလိုရင်ခေါ်တယ်။မလိုရင်သူမကတခြားကောင်လေးတွေနဲ့
စကားပြောနေတာတောင်သူကိုစောင့်ခိုင်းပေးပြီးမှသူ့ကိုအရေးလုပ်ခဲ့တာ
သူကအဲဒီလိုလုပ်ပေးလို့လဲတချက်လေးမှမငြီးငြူခဲ့ဘူး
သူမစိတ်ချမ်းသာရင်ပြီးတာပါပဲတဲ့လေ..
ဒါပေမယ့်..သူ့ရင်ထဲမှာတော့နာကျင်နေမှာပါ
ဒါကိုလည်းသူမသိသိနဲ့မသိကျိုးကျွံပြုနေခဲ့တယ်
ဒီလိုနဲ့ပဲသူမကိုချစ်ရုံလေးသက်သက်နဲ့သူမအနားကပ်ပြီးတော့နေလာတာ
သူအဝေးကိုခရီးထွက်သွားရတော့မယ့်အချိန်ကိုရောက်လာခဲ့ပါတယ်။

မချစ်ရ