
နှစ်တွေဘယ်လောက်ကြာကြာ
နေရာဘယ်လောက်ဝေးဝေး
တနေရာမှာရှိတယ်ဆိုတဲ့အသိနဲ့
စိတ်အားငယ်နေချိန်မှာသတိရတာ
အကို့ကိုပါ....
အကိုမချစ်တဲ့သူ၊အကိုပစ်တဲ့သူ
ဖြစ်ပေမယ့်နစ်နာစေမယ့်
စကား၁ခွန်းမဆိုပဲ
စာနာစွာနဲ့ညီမလေးတစ်ယောက်လို
ခင်မင်ပေးတဲ့အကို့ကို
ဒီညီမအနေနဲ့
အကိုနဲ့အဝေးဆုံးမှာရှိနေလည်း
အကို့ဆီကဘာတစ်ခုမှမရရှိပေမယ့်
ကျေနပ်နေဦးမှာပါ......
(ပထမဦးဆုံးအွန်လိုင်းမှာစသိခဲ့ရတဲ့အဝေးရောက်အကိုမွေးနေ့သို့...)
မချစ်ရ
Monday, December 28, 2009
တမ်းတမိတဲ့အကို
Posted by မချစ်ရ at 12:02 AM 1 comments
Labels: ကဗျာ
Tuesday, October 20, 2009
ချစ်ခြင်းရဲ့..........

သူမရဲ့ညှိုးနွမ်းတဲ့ စိတ်ကိုသူ့ရဲ့အားပေးမှုစကားတွေနဲ့
နှစ်သိမ့်ပေးနေတဲ့သူရေ
သူ့ရဲ့နွေးထွေးမှုအောက်မှာ
သူမချစ်ခြင်းတွေမြုပ်နှံထားလိုက်ချင်ရဲ့
သူ့ရဲ့ဂရုစိုက်မှုတွေကြားမှာ
သူမလျစ်လျှူရှုမှုတွေပျက်သုံးချင်ရဲ့
သူ့ရဲ့ကြင်နာတတ်တဲ့မျက်ဝန်းအောက်မှာ
သူမသံသယမျက်လုံးတွေဆုံးရှုံးချင်ရဲ့
သူ့ရဲ့ဖြူစင်တဲ့ချစ်ခြင်းမှာ
သူမရဲ့မချစ်သေးတဲ့နှလုံးသားကိုနာကျည်းလိုက်ချင်ပါရဲ့
မချစ်ရ
Posted by မချစ်ရ at 12:30 AM 9 comments
Labels: ကဗျာ
Saturday, September 12, 2009
အမှိုက်များရှင်းလိုက်ပြီ

အခန်းထဲကအမှိုက်များ
ကွန်ပျူတာထဲကအမှိုက်များ
ဖုံးထဲမှအမှိုက်များ
နောက်ဆုံးလက်ကျန်
ငါ့စိတ်ထဲကအမှိုက်များပါ
ရှင်းလိုက်ပြီ...........
ဘာမှမရှိတော့တဲ့
ငါ့နှလုံးသားအသစ်နဲ့
ခရီးဆက်ဦးမည်.........
မချစ်ရ
Posted by မချစ်ရ at 12:26 AM 9 comments
Labels: ကဗျာ
Sunday, September 6, 2009
ဂေါက်တံလေး

ညညဆိုရောက်ရောက်လာ
ဂေါက်တောက်တောက်နဲ့
ကောင်လေးတစ်ယောက်
အဖော်လုပ်လို့
စကားတွေပြော
မမောနိုင်ပဲ
ဟာသလေးတွေ
ရီမောစွာနဲ့
ပျော်ရွှင်စရာ
ဒီညချမ်းမှာ
ဂေါက်တံလေးနဲ့ကစားတာ
PS..ကဗျာထဲကဂေါက်တံလေးဆိုတာကောင်လေးကိုပေးထားတဲ့နာမည်ပါ :P
မချစ်ရ
Posted by မချစ်ရ at 12:30 AM 5 comments
Labels: ကဗျာ
Saturday, August 1, 2009
မိုးထဲကစိတ်ကူး

ပူလောင်နေတယ်လို့ထင်တဲ့
ငါ့ကိုယ်ငါပြန်စမ်းကြည့်တော့လည်း
အေးစက်နေပါ့လား
မိုးကိုမကြိုက်တဲ့ငါက
မိုးရွာထဲမှာတစ်ယောက်ထဲ
ငုတ်တုတ်ထိုင်နေမိပါလား
သြော်.....ငါ့အဖြစ်က
အပြင်ပိုင်းကအေးစက်နေပြီး
အတွင်းပိုင်းကပူလောင်နေတာပါ့လား
မချစ်ရ
Posted by မချစ်ရ at 12:20 AM 2 comments
Labels: ကဗျာ
Tuesday, June 16, 2009
ချစ်အဖြေ

အချိန်တွေရယ်ကုန်ဆုံးမြန်လိုက်တာ
နေ့ရက်တွေကိုရေတွက်လို့
သူပြန်ရတော့မယ်ဆိုပြီး
ညှိုးငယ်စွာနဲ့ ကြည့်နေခဲ့တဲ့
အကြည့်တွေကိုသနားညှာတာနေမိတဲ့
ငါ့ရင်ထဲမှာ........
အချစ်ကိုမခံစားတတ်သေးပါလား
အချစ်ဆိုတာကိုသေချာမသိသေးတဲ့ငါက
ချစ်အဖြေ ကိုဘယ်လိုများပေးရပါ့..........
မချစ်ရ
Posted by မချစ်ရ at 11:08 PM 2 comments
Labels: ကဗျာ
Sunday, June 14, 2009
ဒဏ်ရာ
မေ့ပျောက်တာကြာပြီဖြစ်တဲ့
ဒဏ်ရာတစ်ခုကိုအသက်သွင်းရင်း
ငါဟာရူးမိုက်ချင်သေးတယ်
အမှန်တော့သူဟာငါ့ကိုမိုက်မဲစေခဲ့တာပါ
မေ့ပျောက်စေခဲ့တဲ့ဒီဒဏ်ရာကို
မသိချင်ယောင်ဆောင်ရင်း
ဂရုစိုက်ကြည့်မိတဲ့အချိန်တိုင်းမှာ
ငါ့ရဲ့အတွင်းဒဏ်ရာကမကျက်သေးပါလား
ဆိုတာကိုသိလိုက်ရတော့တာပါပဲ........
Posted by မချစ်ရ at 1:27 AM 3 comments
Labels: ကဗျာ
Thursday, June 4, 2009
ဖြူစင်-မေတ္တာ
မှောင်မဲနေတဲ့ကောင်းကင်မှာ
ကြယ်စင်တွေအလင်းပေးသလို
ညစ်နွမ်းနေတဲ့ငါ့စိတ်မှာ
ဖြူစင်မှုတွေနဲ့ချစ်ခြင်းပေးခဲ့တဲ့
မင်းရဲ့ဖြူစင်မေတ္တာကို
အစဉ်ထာဝရတန်ဖိုးထားနေမှာပါ
မချစ်ရ
Posted by မချစ်ရ at 2:18 AM 1 comments
Labels: ကဗျာ




