CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday, December 28, 2008

What is real love ? ? ?

အချစ်စစ်ဆိုတာဘာလဲလို့............?????











အချစ်ဆိုတာ... တိုက်ဆိုင်မှုရှိတာလား

သနားတာလား

ကြင်နာတာလား

သ၀န်တိုတာလား

သည်းခံနိုင်တာလား

အနေနီးစပ်မှုလား

ဝေးနေတဲ့အချိန်သတိရနေတာလား

ပူဆွေးတမ်းတမှုလား

ရယူပိုင်ဆိုင်ချင်တာလား

စိတ်ညစ်ရင်သတိရတာလား

ပျော်နေရင်သတိရတာလား

ထပ်တူခံစားရခြင်းလား


ကျွန်မနဲ့သိသမျှသူတွေကိုလိုက်မေးဘူးပါတယ်။
ဖြေရှင်းချက်မျိုးစုံပေးတဲ့အထဲကဒီအချက်တွေလဲပါဝင်တယ်။
ဒါပေမယ့်အဲလိုတွေခံစားဘူးပြီးတော့ရီးစားထားလိုက်တိုင်းကျွန်မတကယ်မချစ်ဘူးဖြစ်ဖြစ်သွားလို့
တကယ်ချစ်တယ်ဆိုတာကိုက့်ကိုကိုယ်ပဲတကယ်ချစ်ကြတာမဟုတ်လားလို့..........? ? ?တကယ်ချစ်လို့သတ်သေကြတယ်ဆိုတာလဲကိုယ်လိုချင်တာမရလို့ကိုယ့်အတ္တအတွက်ပဲမဟုတ်လား...?

စာဖတ်သူများဖြေပေးစေချင်ပါတယ်
မချစ်ရ

Thursday, December 25, 2008

Merry X'mas & happy new year


No matter what the season
Where we go or what we do
Anytime and all the time
I'm more in love with you
And so it's only natural
Now that christmas time is here
To wish you all that's happiest
Today & always ...,Dear
Merry X'mas & happy new year


Ps..,I like the best poem

မချစ်ရ

Sunday, December 21, 2008

လုပ်စားကြည့်နော်

ပါဝင်သော...
၁.ခေါက်ဆွဲခြောက်
၂.မုန်လာဥနီ

၃.မှို
၎.ပဲသီးစိမ်း
၅.ဂေါ်ဖီပန်းပွင့်
၆.ငုံးဥ
၇.ငါးဖယ်လုံး
၈.၀က်/ကြက်(နှစ်သက်ရာတစ်မျိုး)



ငုံးဥကိုပြုတ်ပြီးသီးသန့်ဖယ်ထားပါ။
မုန်လာဥနီကိုလှီးပြီးရေနွေးနဲ့စိမ်ထားပါ(သို့)ရေနွေးနဲ့ခဏပြုတ်ပါ။
ကျန်သောဟင်းသီးဟင်းရွက်များကိုရေစင်အောင်ဆေးပြီးဆစ်ထားပါ။
ဆီတည်ထားသောအိုးတွင်ကြက်သွန်ဖြူအနည်းငယ်ဆီသတ်၍
ရေဆစ်ထားသောအသီးအရွက်ကိုကြော်ပါ။
အသီးအရွက်ကြော်တွင်ဆား၊အချိုမှုန့်၊ပဲငံပြာရည်အကြည်၊အနောက်၊ခရုဆီ လိုသလောက်ထည့်ပါ။အသားနှင့်ငါးဖယ်ကိုသီသန့်ကြော်ပြီးလျှင်ဟင်းသီးဟင်းရွက်များနှင့်မုန်လာဥနီ၊ငုံးဥ ကိုရော၍ထည့်ပြီးဖျော်ပြီးသားကော်ရည်ကိုထည့်၍အသာအရာမွှေပေးပါ။
ကော်မှုန့်ခဲနိုင်၍အဆက်မပြတ်မွှေပေးပါ။ဆား၊အချိုမှုန့်၊ပဲငံပြာရည်အကြည်၊အနောက်ကိုလိုသလိုထပ်ထည့်ပါ။
သောက်ရေသန့်ထပ်ထည့်ပါ။ကော်ရည်ကိုအနည်းငယ်ပျစ်အောင်ထိကော်မှုန့်ကိုလိုသလိုထပ်ထည့်ပေးပါ။
အရောင်လိုချင်ရင်တော့ပဲငံပြာရည်အနောက်ကိုထပ်ထည့်ပါ။
ဆူလာသည်အထိဆက်တိုက်အသာအရာမွှေပေးနေရပါမည်။
ဆူလာရင်တော့မီးဖိုမှချနိုင်ပါပြီ။ဒီလိုပုံစံရပြီပေါ့နော်။

ခေါက်ဆွဲကြွပ်ကြော်





ခေါက်ဆွဲခြောက်ကိုဆီဆူဆူထဲထည့်ပွအောင်ကြော်ပါ။

ပြီးလျှင်ခေါက်ဆွဲခြောက်ကြော်ပေါ်သို့ချက်ပြီးသားကော်ရည်လောင်းထည့်၍အဆင်သင့်စားသုံးနိုင်ပါပြီရှင်။


ကျွန်မရဲ့အကြိုက်ဆုံးအစားအစာကိုသူများတွေလည်းလုပ်စားနိုင်အောင်ဖော်ပြလိုက်ပါတယ်နော်။

မချစ်ရ

Wednesday, December 17, 2008

ကျွန်မချစ်သောဖိနပ်များ(ဖိနပ်ချစ်သူ)

ဒီနေ့ဘာရေးရမှန်းမသိဘူး သူများတွေချစ်စရာဖိနပ်လေးတွေတင်တာမြင်လို့
ိနပ်အရမ်းကြိုက်တဲ့ကျွန်မလည်းဖိနပ်လေးတွေတင်လိုက်တယ်နော်.


တောင်ကြီးသွားတုန်းကအရမ်းကြိုက်လို့သူငယ်ချင်းက၀ယ်ပေးလိုက်တဲ့ဖိနပ်လေး
ပထမတွေ့တွေ့ခြင်းကြိုက်လွန်းလို့ဆိုဒ်မတော်တာနဲ့သူငယ်ချင်းကတမြို့လုံးရှာပေးလိုက်ရတဲ့ဖိနပ်ပေါ့














ဒီဖိနပ်လေးတွေကတော့ကျွန်မကိုအရမ်းချစ်တဲ့Taipaiကအမ
ဝယ်လာပေးတဲ့ဖိနပ်သစ်လေးတွေ






ဒါကတော့အမြဲစီးနေကြလေးတွေပေါ့





အရင်ကအပြင်သွားရင်စီးတယ်ဒါပေမယ့် သိပ်မကြိုက်ဘူးဒီ ladyshoes ပုံတွေကို
အသစ်တွေ့လို့အဟောင်းပစ်ချင်ပြီ :P





သင်္ကြန်မှာစီးတဲ့ဖိနပ်




ဖိနပ်လှလှလေးတွေတင်ပေးကြပါဦးနော် ဖိနပ်ချစ်သူများအတွက်...........

Tuesday, December 9, 2008

အောင်မြင်ခြင်းရဲ့နောက်ဆုံး






"ကလင် ကလင်" ဆိုသောအိမ်ကဖုံးသံကြားလျှင်

ကျွန်မကို"ဖုံးကိုင်လေသမီးဖုံးတွေချည်းပဲ"ဟုအမေမဆူခင်ဦးအောင်ကြိုကိုင်ရသည်။
ဒီနေ့ည၈နာရီလောက်ကဖုံးလာတော့ကျွန်မထိုင်နေတုန်း
အနားမှာရှိတဲ့ဖုံးကိုကောက်ကိုင်လိုက်တော့တောင်ကြီးကကျွန်မသူငယ်ချင်း
ဖြစ်နေတယ်လေသူကကျွန်မကိုအချိန်ပြည့်ဖုံးဆက်ပြီးလွမ်းတယ်လို့
ပြောနေတဲ့သူလေ။ကျွန်မကိုရီးစားလည်းမထားရဘူးတဲ့လေသူကြတော့
ယောင်္ကျားယူပြီးတော့သူကယောင်္ကျားရလို့ကလေး၁ယောက်တောင်ရနေပြီ
သူ့ကိုကျွန်မကအရူးမလို့ခေါ်တယ်သူ့ယောင်္ကျားနဲ့ကလေးကို
ကျွန်မလောက်မချစ်လို့လေ...ပြောရင်တော့ယုံမှာမဟုတ်ဘူး
သူကျွန်မကိုချစ်တာကရူးသွပ်ခြင်းလိုပဲကလေးကိုလဲသူ့အိမ်မှာမထားဘူး
ယောက္ခမအိမ်မှာထားပြီးသွားမကြည့်ဘူးကျွန်မကိုတော့အသံမကြားရရင်တောင်
သူသေသွားမလားပဲသူ့ယောင်္ကျားဆိုဝေးသေးရှိတယ်လို့တောင်မထင်
သူ့ယောကျာင်္းကလည်းသဘောကောင်းပေလို့ပေါ့မဟုတ်ရင်တော့
ကျွန်မအနေကျပ်လို့သေရချည်ရဲ့ကျွန်မအနားမှာရှိတဲ့သူတွေနဲ့သူ့အနားက
သူငယ်ချင်းတွေဆိုသူ့လိုလူကရှိမှာမဟုတ်ဘူးလို့ပြောကြတယ် ဟုတ်ပါတယ်သူကယောင်္ကျားနဲ့ကလေးရှိရက်နဲ့လုံးဝကြီးကိုဂရုမစိုက်ပဲ
ကျွန်မကိုပဲဂရုစိုက်လွန်နေတာကမကောင်းဘူးပေါ့ .....
ဒါပေမယ့်ခက်တာကကျွန်မလည်းသူ့ကိုပြောမရဘူးအဲဒီကိစ္စနဲ့ပတ်သတ်ပြီးတော့
အခုတော့သူ့ဖုံးဖြစ်နေတော့ကျွန်မအတွက်ကမထူးဆန်းပေါင်..
အဲထူးဆန်းတာကတော့သတင်းထူးပဲသူ့ဆီကသတိရလို့ဆက်တာ
လွမ်းလို့ဆက်တာဆိုတဲ့အသံပဲကြားနေရတဲ့..ကျွန်မအဖို့တော့
ဒီနေ့မှာကြားရတဲ့သီတင်းကိုတော်တော်အံ့အားသင့်သွားခဲ့တယ်
ထူးထူးခြားခြားကြားလိုက်ရတဲ့သီတင်းကတော့သူ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့
အဆိုတော်ကောင်မလေးနှင်းဧကရီဆုံးသွားပြီတဲ့ကျွန်မနဲ့နှင်းဧကရီကတော့

သိပ်မခင်ပါဘူးသူမိတ်ဆက်ပေးလို့သိတယ်ဆိုရုံလေးပါပဲ ဒါပေမယ့်ကျွန်မသူငယ်ချင်းတော်တော်များများနဲ့တော့ခင်ကြတယ်လေ
အဲဒီကောင်မလေးကအဆိုလောကမှာသိပ်အောင်မြင်ချင်ခဲ့တာ

သူ့အောင်မြင်မှုတွေအတွက်လည်းသူ့မှာအရမ်းကိုကြိုးစားခဲ့ရတယ်လေ
သူကအောင်မြင်ချင်တော့တောကြိုက်သီချင်းလည်းဆိုခဲ့တယ်
အခုခေတ်အကြိုက်လည်းဆိုတယ်စီးရီး၂ခွေထွက်ပြီးပြီလေအခုတော့သူလိုချင်တဲ့
အောင်မြင်မှုဆိုတာကိုရခါစလေးရှိသေးတယ်။သူ့မှာစွန့်လွှတ်လိုက်ရပြီ
ဦးနှောက်ထဲဌက်ဖျားပိုးဝင်လို့တဲ့။ဆေးရုံတက်နေတဲ့အချိန်တိုလေးအတွင်းမှာ
ဘာမှမသိတော့ပဲလျှောက်ပြေးနေခဲ့တယ်တဲ့သူမေးနေကြသိပ်မှန်တယ်ဆိုတဲ့
ဗေဒင်ကခန္ဒာပျက်ကိန်းကြုံတယ်တွေ့လို့သီလရှင်ဝတ်ခိုင်းတာ
သူဝတ်လိုက်သေးတယ်တဲ့ဒါပေမယ့်လည်း............
သေခြင်းတရားကတော့ရှောင်လွှဲလို့မရခဲ့ပါဘူး။

ကျွန်မရဲ့အကိုဝမ်းကွဲတစ်ယောက်ဆိုလည်းသူအရမ်းအောင်မြင်နေတဲ့အချိန်မှာမှ
သေဆုံးသွားခဲ့တယ်လေ။သူလိုချင်တဲ့အောင်မြင်မှုကိုရတော့ရပါရဲ့
ဒါပေမယ့်သူသိပ်ကြာကြာမခံစားနိုင်ခဲ့လိုက်ဘူးပေါ့။
ကိုးစားရတာတော့နှစ်ပေါင်းများစွာအရာရာကိုစတေးပြီးမှအောင်မြင်တဲ့အချိန်မှာ
သေခြင်းတရားနဲ့တွေ့ရင်ရောသေခြင်းတရားကိုရက်စက်တယ်လို့ပြောကြဦးမှာလား
အမှန်တော့လည်းကိုယ့်ကံကြမ္မာကိုကမခံစားထိုက်လို့ပါ။
လူတိုင်းကတော့အောင်မြင်မှုကိုမက်မောကြတာပဲ(ကျွန်မအပါအ၀င်ပေါ့) တကယ်တမ်းတော့ဒါတွေဟာတခဏသာခံစားခွင့်လေးပါပဲ၊
ကံတရားကမကောင်းရင်တော့ခံစားခွင့်တောင်ရလိုက်မှာမဟုတ်ဘူးလေ။

အောင်မြင်မှုနောက်ကိုအရမ်းလိုက်ပြီးကိုယ်ပိုင်လွတ်လပ်ခွင့်တွေဆုံးရှုံးရတဲ့
သူတွေဆိုရင်သူတို့ဘ၀ကအရမ်းကိုအောင်မြင်နေပေမယ့်သာမန်
လူလောက်တောင်ပျော်ရွှင်ဖွယ်ရာတွေရှိမှာမဟုတ်တော့ဘူး
ကျွန်မအကြိုက်ဆုံးကမ္ဘာကျော် pop အဆိုတော်Britney spears ဆိုရင်လည်း
သူ့ဘ၀ကအောင်မြင်မှုတွေကြားထဲမှာပိုးစိုးပက်စက်ရှုံးနိမ့်ခဲ့ရဖူးပါတယ်

အောင်မြင်မှုဆိုတာလူသားတိုင်းအတွက်တော့အလိုချင်ဆုံးအရာပါပဲ အောင်မြင်မှုဒဏ်မခံနိုင်လို့ပြိုလဲကြတဲ့သူတွေလည်းရှိတယ်
နောက်ဆုံးတော့လည်းဘယ်အချိန်သေမယ်မှန်းမသိတဲ့လူ့ဘ၀လေးရခိုက်မှာ
ပျော်ရွှင်ငြိမ်းချမ်းစွာနဲ့ကိုယ်ချစ်ရတဲ့သူနဲ့အဖြူစင်ဆုံးရိုးသားစွာ
လျှောက်လှမ်းနိုင်ဖို့ကအဓိကမကျဘူးလားလို့......................


မချစ်ရ

Monday, December 8, 2008

ဒီဇင်ဘာရဲ့အလွမ်းများ




ဒီဇင်ဘာလကိုအရင်ကတော့အရမ်းကိုနှစ်သက်ခဲ့ပါတယ်။
ဘာလို့လဲဆိုတော့နှင်းကျတာနဲ့အေးတာကိုကြိုက်နှစ်သက်လို့ပါပဲ။
ပျော်လည်းအရမ်းပျော်တယ်ဒီလမှာသီချင်းဆိုပွဲတွေရှိတယ်

ပျော်ပွဲရွှင်ပွဲတွေနဲ့သူငယ်ချင်းပေါများတဲ့ကျွန်မအဖို့ကတော
့အိမ်မှာကပ်တယ်ကိုမရှိပါဘူး။
စတိတ်ရှိုးတွေလည်းရှိတော့သွားဖို့သူငယ်ချင်းတွေကလာခေါ်တယ်။
စတိတ်ရှိုးဆိုကျွန်မတို့သူငယ်ချင်းတွေကအရမ်းကြိုက်ကြတာလေ။
ခရစ်စမတ်ဆိုရင်ပျော်စရာသိပ်ကောင်းတယ်ပြောကြပေမယ့်
ကျွန်မကတော့နယူးယားကိုပိုပျော်တယ်။
အဲဒီညဆိုရင်မိုးလင်းပေါက်ပဲသူငယ်ချင်းတွေနဲ့လျှောက်လည်တာလေ။

မနှစ်ကဒီဇင်ဘာနေ့လေးတစ်နေ့ကိုသတိရမိပါတယ်။
နေ့တော့အတိအကျမမှတ်မိတော့ပါဘူး၊ဒါပေမယ့်ဒီဇင်ဘာလပါပဲ
ဒီလဒီရာသီမှာပဲကျွန်မအတွက်ကတော့အမှတ်ရနေစရာတွေကိုသူကထားခဲ့တာပေါ့
ဒီဇင်ဘာလမှာသူ့ရဲ့မွေးနေ့လည်းရှိနေတယ်လေ။
ဒါပေမယ့်မွေးနေ့အမှတ်တရလေးတောင်ပြောခွင့်မကြုံခဲ့ပါဘူး။
ဒီနှစ်လည်းဒီလိုပါပဲရုတ်တရက်ပေါ်လာပြီးပျောက်သွားခဲ့ပြန်တော့
ဘယ်လိုမှအခွင့်အရေးမပေးခဲ့ပြန်ဘူးသူပြောခဲ့သလိုပဲလေ
ကျွန်မတို့ရဲ့ပြန်ဆုံနိုင်မယ့်ကံကိုယုံကြည်ရတော့မှာပေါ့...နော်

မချစ်ရ