CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »
Showing posts with label ခံစားချက်. Show all posts
Showing posts with label ခံစားချက်. Show all posts

Wednesday, August 19, 2009

အိပ်မက်လိုလိုတကယ်လိုလို


မနေ့ညကမက်တဲ့အိပ်မက်ကလေးကိုစိတ်ထဲကပျောက်သွားမှာစိုးနေမိတယ်
အိပ်မက်ထဲကိုသူလာပြီးတော့စကားတွေအများကြီးပြောသွားတယ်
သီချင်းဆိုပြတယ်၊ကဗျာတွေရွတ်ပြတယ်...လိုက်ဆိုခိုင်းသေးတယ်
နောက်ဆုံးပြောသွားခဲ့တဲ့စကားတစ်ခွန်းကတော့.......
ဘယ်လိုမှမေ့မရနိုင်တော့ပါဘူး။
အဲဒီစကားလေးနဲ့အိပ်မက်လေးအဆုံးသတ်သွားခဲ့တာကိုပဲကျေနပ်တယ်။
အဲဒီစကားလေးသာအိပ်မက်ကလေးထဲမှာမကြားလိုက်ရတော့ဘူးဆိုရင်
ဘယ်တော့မှကြားရတော့မှာမဟုတ်တော့လို့ပဲ.....
မထင်မှတ်ပဲအိပ်မက်ကလေးထဲဝင်လာတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်

..............................အိပ်မက်ကလေးရယ်........................


မချစ်ရ

Monday, December 8, 2008

ဒီဇင်ဘာရဲ့အလွမ်းများ




ဒီဇင်ဘာလကိုအရင်ကတော့အရမ်းကိုနှစ်သက်ခဲ့ပါတယ်။
ဘာလို့လဲဆိုတော့နှင်းကျတာနဲ့အေးတာကိုကြိုက်နှစ်သက်လို့ပါပဲ။
ပျော်လည်းအရမ်းပျော်တယ်ဒီလမှာသီချင်းဆိုပွဲတွေရှိတယ်

ပျော်ပွဲရွှင်ပွဲတွေနဲ့သူငယ်ချင်းပေါများတဲ့ကျွန်မအဖို့ကတော
့အိမ်မှာကပ်တယ်ကိုမရှိပါဘူး။
စတိတ်ရှိုးတွေလည်းရှိတော့သွားဖို့သူငယ်ချင်းတွေကလာခေါ်တယ်။
စတိတ်ရှိုးဆိုကျွန်မတို့သူငယ်ချင်းတွေကအရမ်းကြိုက်ကြတာလေ။
ခရစ်စမတ်ဆိုရင်ပျော်စရာသိပ်ကောင်းတယ်ပြောကြပေမယ့်
ကျွန်မကတော့နယူးယားကိုပိုပျော်တယ်။
အဲဒီညဆိုရင်မိုးလင်းပေါက်ပဲသူငယ်ချင်းတွေနဲ့လျှောက်လည်တာလေ။

မနှစ်ကဒီဇင်ဘာနေ့လေးတစ်နေ့ကိုသတိရမိပါတယ်။
နေ့တော့အတိအကျမမှတ်မိတော့ပါဘူး၊ဒါပေမယ့်ဒီဇင်ဘာလပါပဲ
ဒီလဒီရာသီမှာပဲကျွန်မအတွက်ကတော့အမှတ်ရနေစရာတွေကိုသူကထားခဲ့တာပေါ့
ဒီဇင်ဘာလမှာသူ့ရဲ့မွေးနေ့လည်းရှိနေတယ်လေ။
ဒါပေမယ့်မွေးနေ့အမှတ်တရလေးတောင်ပြောခွင့်မကြုံခဲ့ပါဘူး။
ဒီနှစ်လည်းဒီလိုပါပဲရုတ်တရက်ပေါ်လာပြီးပျောက်သွားခဲ့ပြန်တော့
ဘယ်လိုမှအခွင့်အရေးမပေးခဲ့ပြန်ဘူးသူပြောခဲ့သလိုပဲလေ
ကျွန်မတို့ရဲ့ပြန်ဆုံနိုင်မယ့်ကံကိုယုံကြည်ရတော့မှာပေါ့...နော်

မချစ်ရ