CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Friday, December 18, 2009

အထုံပါလာသူ...ကြူကြူ

( ကြူကြူ ပုံ)

သူမနာမည်ကကြူကြူတဲ့မောင်နှမတွေထဲမှာတော်တော်ချောလို့
ဥစ္စာစောင့်ကလာတယ်လို့ပြောဆိုကြတယ်လေ။သူမအဒေါ်သေသွားတော့
အဒေါ်ရဲ့ယောင်္ကျားနဲ့သဘောတူပေးစားလို့ယူလိုက်ကြတယ်

ဒါပေမယ့်နှစ်ယောက်လုံးကချစ်ကြပါတယ်။သူမမှာစိတ်ညစ်စရာဆိုလို့ဘာမှကိုမရှိပါဘူး
ယောင်္ကျားကလည်းတော်တော်ချစ်ပြီးတော်တော်လေးကိုဂရုစိုက်တာကိုး

ဒါပေမယ့်သူမကံဆိုးချင်တော့သူမအသက်၃၀ကျော်လောက်မှာ
အပျင်းဖျားပါလေရောဖျားတာကအကြောင်းမဟုတ်ပါဘူး ..........
အဲနေ့မှာသူမကရုပ်ရှင်ကြည့်ချင်တယ်လို့ယောင်္ကျားကိုပူစာတော့
သူမယောင်္ကျားကဖျားနေသေးလို့နောက်နေ့မှကြည့်ဖို့ပြောတာပေါ့.. အဲဒီမှာပဲ
သူမအိပ်ခန်းထဲဝင်သွားပြီးဘာမှမဖြစ်ပဲနဲ့ဘာအကြောင်းအရာတစုံတရာမှမရှိပဲ

ယင်းလိပ်ကြိုးနဲ့ဆွဲကြိုးချသေသွားတာကိုအံ့သြစွာတွေ့ရတော့တာပါပဲ
ယင်းလိပ်ကလည်းအောက်ပြုတ်ကျပြီးသူမကလည်းဆွဲကြိုးချသေသူတွေလို
တန်းလန်းဖြစ်မနေပဲအောက်ပြုတ်ကျသေနေပါတယ်။အမှန်ကတော့မသေနိုင်ပါဘူး
ကြိုးတန်းလန်းဖြစ်မနေတဲ့အတွက်ကြိုးရောလူရောပြုတ်ကျနေတဲ့အတွက်ပေါ့
ထူးဆန်းတာကအဲဒါတင်မဟုတ်ပါဘူးသူမအလောင်းထားရာရေခဲတိုက်မှာလည်း
သူမနဲ့ရုပ်ချင်းဆင်တူတဲ့အလောင်းတစ်လောင်းကိုတွေ့ရသေးတာပါပဲ

သူမရက်လည်နေ့မှာလည်းညနေလောက်မှာအိမ်ပေါ်ကနေခပ်ချောချော
ရုပ်ချင်းဆင်တူမိန်းမ၂ယောက်အတူတူအိမ်ပေါ်ကနေဆင်းသွားတာ
တွေ့လိုက်တယ်လို့အနီးနားရပ်ကွက်ထဲကလူတွေပြောကြသတဲ့လေ

မချစ်ရ

1 comments:

~ဏီလင်းညို~ said...

မချစ်ရရေ...
ဒီပို့စ်လေး တင်တုန်းက လာဖတ်သေးတာ...။
အဲ့ဒီတုန်းက ကော်မန့်ပေးလို့မရခဲ့ဘူးဗျ...။
ဒီလိုအဖြစ်တွေက ရှိတယ်နော်...။ မကြုံဖူးလို့ မယုံကြပေမယ်... ဖြစ်လာခဲ့ရင်တော့နော်....???
ခင်မင်တဲ့
ဏီလင်းညို