
ဂေါတမမြတ်စွာဘုရား ရာဇဂြိုဟ်ပြည်တွင်သီတင်းသုံးနေစဉ်
အက္ကောသဘာရဒွါဇပုဏ္ဏားနှင့်သူ၏အမျိုးသမီးဖြစ်သူဓနဉ္စာနီပုဏ္ဏားမ
တို့ရှိလေသည်။တနေ့သော်ပုဏ္ဏားမခန္ဓာကိုယ်အနေအထားဟန်ချက်ပျက်
ယိုင်းယိုင်သွားသဖြင့် နမောဗုဒ္ဓ ဟုယောင်လိုက်ရာ..
ပုဏ္ဏားကြီး၏နားထဲမှာသံရည်ပူလောင်းချလိုက်သကဲ့သို့
အရှင်ဂေါတမကိုချီးကျူးနေကြသံပဲကြားနေရတယ်..
သူ၏အကိုရဟန်းပြုသည်ဟုလည်းကြားရသဖြင့်မြတ်စွာဘုရားထံလာရောက်
ဆဲရေးပြီး နောက် သူ၏ညီဖြစ်သူ အသုရိန္ဒကဘာရဒွါဇပုဏ္ဏားသည်လည်း
မြတ်စွာဘုရားထံသို့သွားပြီးမဖွယ်မရာရုန့်ရင်းကြမ်းတမ်းသောစကားတို့ဖြင့်
ဆဲရေးပြန်သည်။ယင်းသို့ ဆဲရေးသောအခါ မြတ်စွာဘုရားသည် တစုံတရာ
ဘာမျှပြန်မပြောဘဲဆိတ်ဆိတ်နေလေ၏။
ထိုအခါ အသုရိန္ဒက ပုဏ္ဏားက မြတ်စွာဘုရားအား....
ရဟန်းသင့်ကို ကျွန်ုပ်တို့ အောင်နိုင်ပြီ၊ရဟန်းသင့်ကို ကျွန်ုပ်တို့ အောင်နိုင်ပြီ
ဟု ပြောလေ၏။
ထိုအခါ မြတ်စွာဘုရားက-
ပုဏ္ဏား..သူမိုက်သည် စကားအားဖြင့် ရုန့်ရင်းကြမ်းတမ်းစွာ
ဆဲရေးပြောဆိုသည်ကို ငါ အောင်နိုင်သည် ဟုမှတ်ထင်လေ၏။
အသင်ပုဏ္ဏားအသင်သည်သူတစ်ပါးအားလက်ဆောင်ပဏ္ဏာသွားရောက်
ပေးကမ်းပါကထိုသူမှမယူလျှင်ဤလက်ဆောင်သည်မည်သူ့လက်ထဲ၌သာရှိမည်နည်း
ပေးသူသင်၏လက်ထဲ၌သာရှိနေပေလိမ့်မည်။ထိုနည်းတူစွာအသင်ပေးသော
ဆဲရေးပြောဆိုသည်ကိုလက်မခံပါကသင့်ထံ၌သာရှိနေပါသည်။
သည်းခံခြင်း၏ အကျိုးကျေးဇူးကိုသိသော ပညာရှိပုဂ္ဂိုလ်၏ နှုတ်တုံ့မပြန်ဘဲ
သည်းခံနေခြင်းသည်သာလျှင်အောင်နိုင်ခြင်းအစစ်ဖြစ်လေသည်
ဟု မိန့်တော်မူလိုက်လေသည်။
မြတ်စွာဘုရားဟောပြောတော်မူသောတရားလက်ဆောင်သည်လည်း
ကျွန်ုပ်အတွက်ဘုရားပေးသောလက်ဆောင်သာဖြစ်ပါတော့သည်။
္ကဤပို့စ်လေးတင်ချင်တာကြာခဲ့ပေမယ့်အတိကျမသိသေးတဲ့အတွက်
နောက်ကျခဲ့ပါသည်။ကူညီပြောပြပေးခဲ့သူအားအထူးကျေးဇူးတင်ပါသည်။
အမှားတစုံတရာပါ,ပါကကွန်မန့်တွင်ပြင်ပေးခဲ့နိုင်ပါသည်။
ကျေးဇူးတင်ပါသည်။
မချစ်ရ
အရမ်းလွမ်းတာပဲ
1 year ago




