
.............ချစ်သူက.........
တရုတ်ဓါတ်မီးထဲကမီးသီးလေးဆို
...........ကိုယ်က..........
မင်းအလင်းရောင်ပေါက်အောင်
တိတ်တိတ်ကလေး
ထွန်းမြှောက်ပေးမယ့်
ဘ၀ဓါတ်ခဲခြောက်ပါ
တောက်လျှောက်ကြီးတော့
အလင်းမဆီးလိုက်နဲ့ကွယ်
မီးမလာရင်ကိုယ်လည်း
ချာဂျင်မ၀င်ပဲဗို့အားကျ။
.....................အ။
ကောင်လေးငယ်
Friday, July 31, 2009
လိုအပ်ချက်
Posted by မချစ်ရ at 12:03 AM 3 comments
Labels: ကောင်လေးကဗျာ
"သြော် ငါ့ဘ၀နှယ်"
ငါ့ကိုယ်ငါ
အမွှေးတိုင်လုပ်မိလို့
ပြာတွေကလည်း တဖုတ်ဖုတ်.....
ရိုးတံလေးက ငုတ်တုတ်....
အဲဒါလေး ကျန်ခဲ့တာကိုပဲ
( ချစ်သူက...)
သွားကြားထိုးတံ...
လုပ်သွားသေးတယ်။
ကောင်လေးငယ်
Posted by မချစ်ရ at 12:02 AM 1 comments
Labels: ကောင်လေးကဗျာ
Tuesday, July 28, 2009
"သားအလိမ္မာ"
သူငယ်ချင်းအပေါင်း ရောင်းရင်းများကို
စုကာစည်းရုံး တရုန်းရုန်းနှင့်
ရတနာပုံကျောင်း
နေ့စဉ်ရောက်သော်
ထန်းပင်ခြေရင်း
ဝိုင်းဖွဲ့ကာဟစ်မူးလိုက်ပုံများ
အိမ်ကအမေ..မြင်ရပါသော်
နှလုံးလေဟပ် ရပ်လတ္တံ့။
ကောင်လေးငယ်
Posted by မချစ်ရ at 12:01 AM 2 comments
Labels: ကောင်လေးကဗျာ
Tuesday, July 21, 2009
"ခက်ပါတယ်"
ရွာက ပျိုကညာ
ကျောင်းရောက်လာမှ
ထမိန်အကွဲ ၊စကပ်ပြဲနှင့်
လမ်းလျှောက်ပုံများမိတော့မိသား
အမာရွက် ဖွဲဖွဲ အသားမည်းနှင့်
မဆီမလျှော်
ဝတ်ပုံများတော့ပြောရမှာက
ခက်တော့ခက်သား
ကောင်လေးငယ်
Posted by မချစ်ရ at 12:11 AM 3 comments
Labels: ကောင်လေးကဗျာ




