CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Wednesday, October 28, 2009

စင်္ကပူမှာသာတဲ့..လ




လမုန့်ပွဲတော်တဲ့ပြောတာနဲ့လမုန့်စားချင်တဲ့ရောဂါကထလာရောလေ
လမုန့်ကိုလည်းသိပ်အကြိုက်ကြီးတော့မဟုတ်ပါဘူးဒါပေမယ့်အထဲမှာဆားဘဲဥပါတဲ့
လမုန့်ကကောင်းလွန်းလို့လမုန့်ပွဲတော်လည်းရှိတယ်ဆိုတာကြားတာနဲ့
စားချင်နေလိုက်တာဘယ်လိုဖြစ်နေမှန်းကိုမသိလောက်အောင်ပါပဲ
ဒါနဲ့ထိုင်ဝမ်ကအမကပို့ပေးမယ်ပြောတော့မပို့နဲ့လို့ပဲပြန်ပြောလိုက်တယ်
လမုန့်စားချင်တဲ့အကြောင်းကတော့ဒီလိုပါပဲပြောမိတာပေါ့သူငယ်ချင်းတွေကိုလည်း
အဲ..ဒါနဲ့စင်္ကပူကတစ်ယောက်ကလမုန့်ကိုဝယ်ထားပေးပါလေရော
လမုန့်ပွဲတော်ကလည်း၅ရက်ပဲလုပ်တာတဲ့လေသူလည်းမသိတော့သွားဝယ်တာမရှိတော့လို့
ဟော်တယ်က၃ဗူးဝယ်လာလိုက်တယ်တဲ့ဝယ်ပြီးတော့လည်းလူကြုံကမရှိပြန်ဘူး
နောက်တော့ကျွန်မသူငယ်ချင်းတစ်ယောက်အလည်သွားတာနဲ့အပြန်ထဲ့ပေးလိုက်ဖို့ပြောတော့
ကောင်မလေးကဖုံးနံပါတ်ပေးလိုက်တာနိုင်ငံကုတ်မှားဆက်မိလို့ပြန်ခါနီး၁ရက်မှ
သူတို့ချိတ်မိတော့မအားတာနဲ့မပေးလိုက်နိုင်ပြန်ဘူးဒါနဲ့မပို့ပေးနဲ့တော့လို့ပြောလိုက်တာကို
နောက်သုံးရက်လောက်ကြတော့သူငယ်ချင်းတစ်ယောက်နဲ့ထည့်ပေးလိုက်တယ်ပြောတယ်။
သူထဲ့ပေးလိုက်တဲ့သူငယ်ချင်းကအဝေးကြီးမှာနေတာနေရာကခေါင်လိုက်တာလည်းလွန်ပါရော
ဘယ်လိုလုပ်သွားယူနိုင်မလဲ....ဟိုကလည်းနီးစပ်ရာတောင်မလာတတ်ဘူး
ချင်းလူမျိုးတွေမြန်မာလိုလည်းကောင်းကောင်းမပြောတတ်နောက်တော့
သူတို့နဲ့ချိန်းမရတဲ့အတူတူသွားမယူတော့ဘူးဆိုပြီး
နီးစပ်ရာသူငယ်ချင်းကိုသွားယူပြီးစားလိုက်တော့လို့ပြောလိုက်တော့တယ်။
အယ်..ဖြစ်ချင်တော့သူကလည်းမြို့နယ်တူနေတာတောင်အဲဒီနေရာကခေါင်လွန်းလို့
တစ်ခေါက်ပဲရောက်ဖူးတယ်တဲ့လေသူလည်းသွားမယူဖြစ်ပြန်ဘူး။တော်ပြီ...စိတ်ကုန်သွားပြီ
လုံးဝသွားမယူတော့ဘူးနေပစေတော့လို့စိတ်ဆုံးဖြတ်လိုက်တော့တယ်။
တစ်ခါမှလည်းမသွားဘူးခေါင်လည်းခေါင်တဲ့နေရာမို့လို့မသွားရဲပါဘူး။
ပေးတဲ့လူကိုပဲအပစ်တင်လိုက်တော့တယ်။ဒီလောက်ဝေးတဲ့နေရာကိုပေးလိုက်ရလားလို့
သူလည်းမသိဘူးလေတဲ့ကောင်းရောနီးလားဝေးလားဘယ်နားမှန်းမသိစွတ်စပ်တွေ
ပေးလိုက်တာစားစေချင်လို့တဲ့လေ။ဒီကတော့ဒေါကန်နေပြီ အဲ့လမုန့်နဲ့
သံသရာကမပြီးသေးဘူး..ပါးစပ်ကအငြိမ်မနေနိုင်လမုန့်ရောက်လာလို့
သွားမယူနိုင်ကြောင်းကိုပြောမိပြန်ပြီ ခုမှခင်ကာစကောင်လေးတစ်ယောက်ကို
အဲကောင်လေးကဒီလောက်အမစားစေချင်လို့ပို့ပေးတာ
သူနေရာသိတယ်သွားယူပေးမယ်ဆိုပြီး သွားယူပေးပါတယ်
နောက်နေ့ဆိုရင်တော့သူလည်းစာမေးပွဲရှိလို့ သွားမယူနိုင်ပါဘူး။
ဒီနေ့လာယူလို့ရမလားလို့ ဖုံးဆက်ပြီးမေးလိုက်ရသေးတယ် ရတယ်ဆိုလို့ပေါ့
သွားယူပေးတဲ့လူကခရီးဝေးသွားလည်းယူပေးရသေးနောက်နေ့မှာလာပို့ပေးရသေးတယ်
သူမှာလည်းစေတနာသက်သက်နဲ့တကူးတကလျှောက်လုပ်ပေးနေတာ
ဘာရည်ရွယ်ချက်မှမပါပါဘူး သူ့ကိုမုန့်ကျွေးတာတောင်မစားဘူး
လမုန့်၂ဗူးကလည်းအတော်လေးသားသံဗူးတွေနဲ့ဆိုတော့သွားယူပေးတဲ့
လူကိုအားနာပြီးပို့ပေးလိုက်တဲ့လူကိုပဲလှိမ့်ကောနေတာ။
လမုန့်သံသရာလည်နေလို့ ရောက်လာတော့လည်းစားတာပါပဲ။
အိမ်ကတော့လမုန့်မှာတဲ့ကျွန်မကိုပဲအပစ်တင်နေပါတော့တယ်။
ဒါပေမယ့်စားကြတာပါပဲ...ဟိ........


မချစ်ရ

15 comments:

kiki said...

ပြောတော့ ဘဲဥအငံနဲ့ အလုံးတွေ ကို ပိုကြိုက်တာဆို ။
မျက်နှာလိုက်တယ်ပေါ့ လေ ။
တော်ပါပြီ ။
ဝယ်မပေးတော့ပါဘူး ။
စိတ် တောင် မကောင်းဘူး ။း(

Nge Naing said...

လမုန့်ဆိုတာ မကြားဖူးဘူး အခုမှကြားဖူးတယ်။ ဘယ်လိုမုန့်အမျိုးစားပါလိမ့်။

လင်းကြယ်ဖြူ said...

လမုန့်နဲ့ သာနေတဲ့ လမင်း...
ညခင်းအေးအေးလေးမှာ ပျော်စရာပါပဲ...
ပျော်ပါစေ

မိုးစက်အိမ် said...

စလုံးမှာ လသာတာတော့ဟုတ်ပါပြီ အမကရော
ဘယ်တော့လောက် လ သာမလည်း :D

တောင်ပေါ်သား said...

နောက်ဆုံးတော့လဲ စားလိုက်ရတယ်ပေါ့ သံသရာ သံသရာတွေ လမုန့်တခု နိုင်ငံပတ်ခြင်း၊ မြို့ပတ်ခြင်းပေါ့း)


လေးစားလျက်
တောင်ပေါ်သား

စိမ်း... said...

ချိုလွန်းလို့ နည်းနည်းလေးပဲ စားနိုင်တယ်... :)

ဆောင်းနှင်းဝေ said...

လမုန့်နည်းနည်းလောက်ကြွေးပါဗျို့။ရှိသေးရင်နည်းနည်းကြွေးပါ...ရန်ကုန်မှာသာတဲ့...လဖြစ်ချင်လို့.....:)

စည်သူ said...

ပြောလိုက်ချင်ဘူး

စင်္ကာပူမှာ သာတဲ့လဆိုလို့ ပြောလာတာ
ဘဲဥနဲ့ လာတိုးတယ်.

တော်တော်ကိုဆိုး..း(

ပျော်ရွှင်ပါစေဟေ့

ညီညီ said...

လမုန့်မစားရတာကြာပြီဗျာ.။ မန္တလေးရောက်ဖြစ်တိုင်း အများကြီးဝယ်လာဖြစ်တယ်.။ ပြောရင်းစားချင်လာပြီ.။


ခင်မင်လေးစားလျှက်
ညီညီ(အနာဂါတ်သံစဉ်)

ကိုရဲ said...

နောက်မှပဲ အေးဆေးလာဖတ်တော့မယ်း)

(အရူးလေး)

ကိုရဲ said...

အမ် ဘယ်ပျောက်သွားလည်း မသိဘူးး(

(အရူးလေး)

sulatt said...

ဟုတ်ပါ...ဒီနှစ်လမုန့်ပွဲမှာ မအားလိုက်လို့ မုန့်တောင်မစားလိုက်ရပါဘူး
မမရှင်ရှင်ရယ်..

Min Myat Soe said...

link ယူသွားပါတယ်ဗျ

Khyl said...

စင်ကာပူမှာ သာတဲ့ ဘုအဲ.... :Ptclkseklkskk

ကျောက်တာ said...

လမုန့်တော့ အရမ်းကြိုက်တာ ပဲ ဗျ ..D:
မသိလိုက်လို့ သာပေါ့.. ပေးဦးဆိုပြီး တောင်းစားပစ်ဦးမယ်..
မချစ်ရရေ စာမေးပွဲ နီးနေလို့ သိပ် မရောက်ဖြစ်ဘူးနော် ..ပို့ အသစ် တင်ရင်တော့ လာခဲ့မယ်..