CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday, October 25, 2009

တောင်ကြီးမီးပုံးပျံပွဲတော်

တောင်ကြီးမြို့စူဠာမုနိစေတီတော်





မီးကြည်မီးပုံးဖြာကျနေပုံ


စိန်နားပန် မီးပုံး


ဒီနေ့ ( ၂၅.၁၀.၂၀၀၉) ဆိုရင် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲစတဲ့နေ့လေ.....

တန်ဆောင်တိုင်ပွဲတော်ဆိုရင်မြန်မာပြည်မှာအထင်ရှားဆုံးနှင့်အစည်ကားဆုံး
နေရာကတော့တောင်ကြီးမြို့တန်ဆောင်တိုင်ပဲဆိုတာအားလုံးသိကြပြီးဖြစ်ပါတယ်။
ကျွန်မလည်းထိုတန်ဆောင်တိုင်ပွဲကိုဆင်နွှဲဖြစ်တာကတော့
ကျွန်မသူငယ်ချင်းရဲ့ယောင်္ကျားကတောင်ကြီးသားရှမ်းမို့လို့ပါ။
ကျွန်မသူငယ်ချင်းကတော့အရင်ကတည်းကယောင်္ကျားလိုပဲနေတတ်တယ် ။
သူကအိမ်မှုကိစ္စဘာမှမလုပ်တဲ့အပြင်ယောင်္ကျားကအလုပ်ကပြန်လာရင်တောင်
သူ့ကိုထမင်းဟင်းဝယ်လာပေးရသေးတယ်။သူကြောက်တာဆိုလို့တစ်ယောက်မှမရှိဘူး
သူ့မိဘတွေကငယ်ငယ်လေးတည်းကဆုံးသွားကြတာဆိုတော့သူ့အမတွေက
အရမ်းအလိုလိုက်ထားတာလေ၊ဒါပေမယ့်ဘယ်ဘ၀၀ဋ်ကြွေးလည်းတော့မသိဘူးတဲ့
သူပြောတယ်သူအကြောက်ရဆုံးနဲ့အချစ်ဆုံးကကျွန်မတဲ့လေ။
အဲဒါနဲ့သူကစပြီးတောင်ကြီးမီးပုံးပွဲလာဖို့ကျွန်မကိုမြှူဆွယ်တော့တာပဲ
အမှန်ကတော့သူကျွန်မကိုမတွေ့တာနှစ်နဲ့ချီနေလို့တွေ့ချင်လို့ခေါ်တာပါ။
ကျွန်မကလည်းတစ်ခါမှမရောက်ဖူးတော့စိတ်ဝင်စားပြီးသွားရာကနေ
ပျော်ရွှင်သွားတယ်ဆိုပါတော့ ...........

ဒီလိုနဲ့မီးပုံးပျံပွဲကိုမမြင်ဘူးတော့စသွားလည်တဲ့နှစ်မှာပဲမီးပုံးလွှတ်ခါနီးမှာ
တစ်ခါမှလည်းမကြည့်ဖူးဘူးစိတ်ဝင်စားစပ်စုချင်စိတ်ကလည်းဖြစ်တော့
ပထမဆုံးလွှတ်တဲ့မီးပုံးအနားထိရောက်အောင်တိုးသွားကြည့်မိလိုက်တယ်
ဖြစ်ချင်တော့အဲဒီမီးပုံးကမီးကြည်တွေဖျာကျတဲ့(မီးကြည်မီးပုံး)
အမြင့်ပေတော်တော်ရောက်မှမီးကြည်ဖျာရမှာကိုမီးပုံးကမအောင်တော့
အနိမ့်လေးမှာပဲဆောင်းပြီးမီးကြည်တွေနဲ့အတူမီးပုံးပျက်ကျပါလေရော
ကျွန်မကြောက်လန့်တကြားလူတွေနဲ့အတူပြေးရတာပေါ့ဒါကပထမနေ့မို့လို့
လူသိပ်မများသေးလို့လူမပိတာနို့မို့ဆိုမလွယ်ဒါတောင်နည်းနည်းပိလိုက်သေးတယ်
လူတွေကိုယ့်ပေါ်ကျလာတာနောက်ဆုံးနေ့မှာတော့လူတွေများလိုက်တာမှ
အနားတောင်ကပ်ဖို့မပြောနဲ့ကွင်းထဲတောင်သွားလို့မရဘူးလေ။
လူကအောက်ခြေလွတ်သွားတာ
အဲ...လူညပ်ပါသွားတာကိုပြောတာနော်၊မီးပုံးကသုံးမျိုးသုံးစားရှိပါတယ်
(မီးကြည်၊စိန်နားပန်၊နေ့လည်လွှတ်တဲ့အရုပ်မီးပုံး)တို့ပါ...
နေ့လည်မီးပုံးကတော့မကြည့်ဖြစ်တာများပါတာနေ့လည်ဆိုလျှောက်လည်နေတာလေ


အင်းလေးဖောင်တော်ဦးစေတီတော်



အင်းလေးဘုရားတို့၊တောင်ပေါ်ကရွှေဘုန်းပွင့်ဘုရားတို့ကိုလေစုံနေအောင်လိုက်ဖူးတာ
တောင်ကြီးမြို့ပေါ်ကဘုရားကတော့အပေါ်ကပုံ စူဠာမုနိ ပဲဖြစ်ပါတယ်
တောင်ပေါ်က ရွှဘုန်းပွင့်ဘုရား ဆိုရင်လည်းတမြို့လုံးကိုရှုခင်းလိုမြင်တွေ့
နေရတော့စိတ်ကြည်လင်အေးချမ်းတာမှအရမ်းပါပဲ...
အေးချမ်းတာမှစိတ်ရောလူရောပဲ..နော်...
သူငယ်ချင်း၂ယောက်ဆိုင်ကယ်တစ်စီးနဲ့လျှောက်သွားတာလည်းပျော်စရာပဲ
၂၀၀၇ ခုနှစ်ကစပြီးမီးပုံးလွှတ်တဲ့ကွင်းအသစ်ကြီးကိုပြောင်းသွားခဲ့ပြီး
ကျယ်လည်းကျယ်တော့အန္တရာယ်သိပ်မရှိတော့ဘူးကြည့်လို့လည်းပိုကောင်းလာတယ်
သူငယ်ချင်း၂ယောက်ကတော့ပရီမီယာကော်ဖီဆိုင်ရဲ့ဖောက်သယ်တွေပဲလေ
တစ်ညကိုသုံးလေးခေါက်သွားသောက်လို့မှတ်မိနေကြပြီ။
မနှစ်က မီကို နှင့် ဂိုးရို့စ်ကော်ဖီဆိုင်ဆိုရင်ဒစ်စကိုမီးလုံးတွေနဲ့တစ်ညလုံးစည်ကားနေလိုက်တာ
စင်ပေါ်တက်ကနေလိုက်ကြတဲ့လူတွေကကျိတ်ကျိတ်တိုး(ကလပ်)ထက်ဆိုးပါသေးတယ်
သူတို့ကိုကြည့်တဲ့လူတွေကလည်းဝိုင်းအုံကြည့်ကြတာပေါ့
ပရီမီယာဆိုင်ကတော့အဲလိုမျိုးတွေမရှိပါဘူးအေးဆေးလေးကော်ဖီသောက်ရုံပါပဲ
ဒါတောင်ထိုင်စရာနေရာမရှိလို့သူများနဲ့ပဲအမြဲတွဲထိုင်ရတယ်နောက်ဆုံးနေ့မှာတော့
စတိတ်ရှိုးလေးလုပ်ပေးတယ်အဆိုတော်လေးတွေလာဆိုဖျော်ဖြေတယ်လေ။
ကော်ဖီလာချပေးတဲ့ကောင်မလေးတွေကလည်းမော်ဒယ်ချောချောလေးတွေ
ကံစမ်းမဲတွေလည်းပေးသေးတယ်..စုံနေတာပါပဲပွဲဈေးကလည်းကျိတ်ကျိတ်တိုး
အမြို့မြို့အနယ်နယ်ကလာရောင်းတဲ့ပစ္စည်းစုံ၊မုန့်မျိုးကလည်းအစုံပဲ
နိုင်ငံခြားဖြစ်ပစ္စည်းတွေလည်းဈေးပေါပေါနဲ့လာရောင်းကြတယ်
၂၀၀ရ၊၂၀၀၈ နှစ်နှစ်လုံးသွားလည်ခဲ့ပေမယ့်ဒီနှစ်တော့မသွားနိုင်တော့ပါဘူး
သူငယ်ချင်းကတော့မလာနိုင်လို့စိတ်ဆိုးနေလေရဲ့......
တောင်ကြီးမြို့မီးပုံးပျံပွဲကတော့မြန်မာလူမျိုးစုံသာမကပဲနိုင်ငံခြားသားများပါ
လာရောက်မှတ်တမ်းတင်ကြည့်ရှုရတဲ့မြန်မာ့ဂုဏ်ဆောင်ပွဲတစ်ပွဲပါပဲ။

PS..ကိုယ်တိုင်ရိုက်ထားတဲ့ဓါတ်ပုံများဖြစ်သောကြောင့်သိပ်မပေါ်လွင်ပါ

မချစ်ရ

9 comments:

တောင်ပေါ်သား said...

လွမ်းနေရတယ်ဗျာ အဝေးကပဲ ကြည့်နေတယ် ခုတော့


လေးစားလျက်
တောင်ပေါ်သား

Nge Naing said...

ညီမလေးရေ
ဘုရားလည်း ဖူးသွားတယ်၊ မီးပုံးပျံပွဲလည်း ကြည့်သွားတယ်။ မရောက်ဖူးတဲ့ နေရာဆိုတော့ ပုံတွေကို ကြည့်ပြီး စိတ်ကူးနဲ့ လိုက်လည်သွားတယ်။ မျှဝေပေးတဲ့အတွက် ကျေးဇူးပဲနော့်။

ဝက်ဝံလေး said...

ပျော်စရာကြီးနေမှာနော် ဂျစ်ရေ

kiki said...

ဒီနှစ်ဘာလို့ မသွားတာလဲဗျိုးး ?
မနှစ်က ပျောက်သွားတဲ့ ၁၀၀၀ / ကျပ် .. ပြန်သွားရှာပါလားလို့ ။ ဟိဟိ ။ မျက်လှည့်ဆရာ ကြီး ကိုကြောက်လို့ လား ..ဒီနှစ်ဆိုရင်တော့ အနဲဆုံး ဆင်ဖြူ တကောင် ပျောက်မှာ ...
http://www.taunggyicherryland.com/live/
ဒီနှစ်တော့ အဝေးကနေ ၊ကြည့်မယ်ဆိုရင်တော့ အဲဒီမှာပဲ ကြည့်ပေတော့ ။ live show ကြည့်လို့ရတယ် ။
မနေ့က စပြီး ပြနေတယ် ။ ပျော်စရာကြီး ...

ကောင်လေးငယ် said...

မမရာ တောင်ကြီးတန်ဆောင်တိုင်ကို အခုချိန်ထိ
တစ်ခါမှ မရောက်ဖူးသေးဘူး..သွားချင်လိုက်တာကွာ.
နောက်တစ်ခါသွားရင် ခေါ်ဦးနော်.. ဒါဗြဲ

စိမ်း... said...

တောင်ကြီးတန်ဆောင်တိုင်မရောက်ဖူးသေးဘူး... လည်လည်လာတယ်နော် အစ်မရေ...

Khyl said...

တောင်ကြီး တန်ဆောင်တိုင် သွားချင်လိုက်တာ နော်... ဒီတိုင်းကြီးပဲသွားဘူးတယ်... နောက်တခေါက်ပြန်လာရင် ရက်တိုက်နေရင် သွားရအောင်အေ့.....

မနှစ်ကပျောက်သွားတဲ့ ၁၀၀၀ တန်သွားပြန်ရှာတဲ့ ကိကိ အချွန်နဲ့မသွားတယ်... လုပ်စရာလားလို့....

ဟိဟိ အဲဒီ ဆြာဝန်မကို ဒဒိထား.... သူက အဲလိုပဲ..

may kyaw said...

တစ်နေ့နေ့တော့ ရောက်အောင်သွားဦးမယ်လေ...
ဒါနဲ့ ဘလော့လိပ်စာ ပြောင်းထားတယ် အမ... ပြောင်းလင့်ပေးပါဦးနော်....

ကိုရဲ said...

ဟဟဟ ပျော်စရာကြီးပါလား ။ မရောက်ဖြစ်တာကြာပြီ ။ ခုမှလိုက်ဖတ်ရင်းတွေ့လို့မန့်တာ ။ လူက စာသာဖတ်တာ မန့်ပျင်းတရ် ဒီအိမ်မှာက ဆီပုန်းမရှိတော့ ပိုဆိုးတာပေါ့ လာရင် လာမှန်းတောင်သိလိုက်မှာမဟုတ်ဘူး ။ မသိသေးတာလေးတွေ သိလိုက်ရလို့ ရှဲရှဲ ပါ ။ စာတွေလည်းဖတ်သွားတရ် ။ ဒီမှာပဲ ပေါင်းမန့်လိုက်မယ်နော် ။ ဟီးးး သရဲကားဆို ကြောက်တတ်လို့ ကြည့်ဝူး :D ။

(အရူးလေး)