CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Thursday, December 31, 2009

မမေ့နိုင်သောကဗျာ(သို့) နောက်ဆုံးနှုတ်ဆက်ခြင်း

ဒီကဗျာလေးကိုစစကြားချင်းထဲကအရမ်းကြိုက်နှစ်သက်ခဲ့ပါတယ် ကြားတယ်လို့ရေးတာကတော့သူများရွတ်ပြခဲ့လို့ပါ
အခုလည်းရှုပ်ထွေးပွေလီလာတဲ့ဘလော့ကို ၂၀၁၀ မှစရပ်နားတော့မှာဖြစ်လို့
ဒီကဗျာလေးနဲ့ပဲအဆုံးသတ်နောက်ဆုံးနှုတ်ဆက်လိုက်ပါတယ်
မည်သူတစ်ဦးတစ်ယောက်ရဲ့ပယောဂမှမပါပဲကိုယ်တိုင်စိတ်ကုန်သွားလို့မရေးဖြစ်ခြင်းပါ

my dream Pictures, Images and Photos

မျက်စိကိုမှိတ်ထားပါလျှက်..
ကောင်းကင်ကိုသတိရသည့်အခါ
တိမ်များကိုမြင်နေရပါသည်

အလွန်ဝေးကွာသည့်အရပ်သို့ရောက်နေပါလျှက်
ပင်လယ်ကိုစဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကိုကြားယောင်နေတတ်ပါသည်

အခန်းကျဉ်းထဲမှာအိပ်နေပါလျှက်
ဥယျာဉ်ထဲသို့စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကိုခံစားရရှိနေတတ်ပြန်သည်

ဘယ်တော့မှမမေ့ပဲ...........
မှတ်ကျွမ်းဝင်သွားစေမည့်အရာကတော့......
ချစ်သူ သည်သာ..........


မောင်စိန်ဝင်း(ပုတီးကုန်း)

*နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေလို့ဤဘလော့လေးမှနောက်ဆုံးဆုတောင်းပေးလိုက်ပါတယ်*

11 comments:

ကောင်လေးငယ် said...

ကဗျာလေးကို ဆက်လိုက်မယ်နော် ..မမ
ချစ်သူရဲ့ တီတီတာတာအသံလေးတွေ
ပြီးကျ ကြည်နူးစရာကောင်းတဲ့ နေ့ရက်လေးတွေပေါ့

ဆောင်းနှင်းဝေ said...

အစရှိပြီးအဆုံးမရှိသေးတဲ့ကဗျာအတွက်အားရပါးရအားပေးပါတယ်.....း)းp~_~

Khyl said...

ညီမလေးရေ.. ကဗျာလေးက ရိုးရိုးလေးနဲ့ ရှင်းရှင်းလေးနော် ကောင်းတယ်.....

ကျောက်တာ said...

ဟိဟိ လာအားပေးပါတယ် အဲဒီ ကဗျာ မူရင်စတိုင်က သိုင်းစာအုပ်ထဲက တိတိကျကျတော့ မမှတ်မိတော့ဘူး။အတော်ကောင်းတဲ့ သိုင်းစာအုပ်လေး။

may kyaw said...

ဒါ မောင်စိန်ဝင်း ပုတီးကုံး ရေးတာလား..

ဆောင်းနှင်းဝေ said...

နှုတ်ဆက်လို့နှုတ်ထွက်သွားတဲ့မမချစ်ရရေ
၂၀၀၉ရဲ့အလှအပတွေနဲ့အတူ
အရေးအသားကောင်းတဲ
ဘလော့ဂါတစ်ယောက်
အခုလို့နုတ်ဆက်သွားတော့
စားဖတ်သူတွေကလွမ်းလို့
နေတော့မှာပေါ့နော်.....

ဆောင်းနှင်းဝေ

Nge Naing said...

Happy New Year! 2009 ကို နှုတ်ဆက်ခဲ့ပါတယ်။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။ သမုဒယတွေကို ရင်ထဲမှာ သိပ်မထားနဲ့ ညီမလေး။ ပျော်ရွှင်ပါစေ။

မြစ်ကျိုးအင်း said...

စိတ်တွေ ပြန်လည်လာတဲ့ အခါ ပြန်လာပါလို့ ပြောချင်ပါတယ် ။ ကိုယ် ကို တိုင်လည်း ဘယ်နေ့ ထွက်သွားမယ် မသိရသေးပါဘူးလေ

နှစ်သစ်မင်္ဂလာဖြစ်ပါစေ

Unknown said...

နှစ်သစ်မှာပျော်ရွှင်ပါစေ

ဂျေဂျူဝိုင် said...

နှုတ်ဆက်ကဗျာလေးက ကောင်းပါတယ်။ နှုတ်ဆက်ခဲ့တာ ကတော့ မကောင်းဘူး

ကိုရဲ said...

.....