CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday, December 20, 2009

အပေါ်ယံအရေခွံ

snowwhite Pictures, Images and Photos

ဒီနေ့ဈေးထဲက၀ယ်လာခဲ့တဲ့ဘဲဥ၂လုံးအကြောင်းပြောပြမယ်
အိမ်ပြန်ရောက်တာနဲ့ဆူးပုတ်ရွက်လေးနဲ့ကြော်မယ်ပေါ့
၂လုံးထဲကမှအလုံးကြီးကြီးလှလှလေးတစ်လုံးကိုရွေးယူလိုက်တယ်
၁လုံးပဲသုံးမယ်ဆိုပြီး........ခွဲလိုက်တော့.......အားးးးပါးပါးးး
နံစော်ပြီးပုတ်နေတဲ့ဘဲဥဖြစ်နေပါလေရော......
ဒါနဲ့နောက်အသေး၁လုံးကိုခွဲတော့မှကောင်းနေတယ်လေ
ဘဲဥရဲ့အပြင်ကပုံကတော့လှပါရဲ့အတွင်းပိုင်းကပုတ်ပွနေတာ
ဘယ်သိပါ့မလဲနော်ခွဲကြည့်မှသိမှာပေါ့...

ငယ်ငယ်တုန်းကလည်းသင်ဘူးထားမှာပေါ့
သိုးအရေခြုံတဲ့မြေခွေးအကြောင်းကိုလေ
အထွေအထူးပြောစရာမလိုတော့ပါဘူး

စနိုးဝှိုက်မင်းသမီးလေးပုံပြင်ဆိုလည်းလူတိုင်းသိပါတယ်
ပန်းသီးထဲကအဆိပ်ကိုမမြင်နိုင်ပါဘူး
ဒီပန်းသီးကိုစတင်ပြုလုပ်တဲ့သူကလည်းစုန်းမပါပဲ
စနိုးဝှိုက်ကတော့ကာတွန်းမို့လို့ပါ
အပြင်မှာတော့အဆိပ်ပန်းသီးကိုစားမိရင်သေမှာပါပဲ


ဒီလိုပါပဲလူတွေရဲ့အတွင်းစိတ်ဆိုတာလည်းမမြင်နိုင်ဘူးလေ
ဘယ်သူကကြိုသိနိုင်မလဲကောင်းသလားဆိုးသလားဆိုတာကို
နတ်မျက်စိမှမရှိတာနော်...(ဟားဟ..နတ်တောင်အစစ်ပါသွားပြီ)
.....လူအကြောင်းပေါင်းကြည့်မှသိတဲ့.....

တချို့တချို့သောလူတွေကလူတစ်ယောက်အကြောင်းသေချာမသိသေးပဲ အပေါ်ယံကြည့်ပြီးအတင်းပြောတတ်ကြတယ်အဲလူတွေကိုတော့အမုန်းဆုံးပါပဲ မုန်းတယ်ဆိုတာထက်သူတို့ကိုပိုအထင်မြင်သေးမိတယ်။ဘုန်းကြီးပြောသလိုပါပဲ သူများသားသမီးကိုစော်ကားရင်ကိုယ့်သားသမီးပြန်ခံရမယ်ဆိုတာ
ပါးစပ်နဲ့စော်ကားရင်လည်းပြန်ခံရမှာပါပဲ ရောင်ပြန်ဆိုတာဟပ်တတ်စမြဲပါ

ချိတ်ထမီလေးဝတ်၊ရင်ဖုန်းအကျီင်္လေးနဲ့သူများလင်သားတွေနဲ့ကာမေသုမိစ္ဆာစာရကံ ဖောက်ပြန်နေတဲ့သူတွေရှိသလိုခေတ်ရှေ့ပြေးနေအောင်ဝတ်ပြီးလည်း ဘယ်သူ့ကိုမှမစော်ကားတဲ့သူတွေရှိပါသေးတယ် ဒီခေတ်မှာအပြင်အရေခွံကာတွေကိုကြည့်ပြီးဝေဖန်ပစ်တင်လို့မရတော့ပါဘူး သူတပါးကိုဝေဖန်ချင်တယ်ဆိုရင်တော့သူ့ရဲ့အတွင်းစိတ်မှန်မှန်ကန်ကန်ကိုမသိပဲ ပစ်တင်ရှုံ့ချတာဟာရွံစရာကောင်းလှပါတယ်

တချို့မိုက်ရိုင်းတယ်ဆိုတဲ့လူတွေမှာလည်းအချိန်ပြည့်တော့ဘယ်ရိုင်းပြနိုင်မလဲ
တစ်ခုခုကိုအလိုမကျတာ၊မကျေနပ်တာရှိလာရင်တော့ဇာတိရုပ်အမှန်က
ထွက်ပေါ်လာတတ်ကြတာပါပဲအပေါင်းသင်းနည်းတဲ့လူတွေကျတော့လည်း
ရှိတာလေးကိုအကောင်းထင်တတ်ကြတာပေါ့ဒါကတော့သူတို့အပြစ်မဟုတ်ပါဘူး
သူတို့မှာသူငယ်ချင်းမိတ်ဆွေများများစားစားမရှိတော့လည်း
ကောင်းသလားဆိုးသလားကိုမစမ်းသပ်တတ်ဘူးလေ
နည်းမျိုးစုံနဲ့စမ်းသပ်ကြည့်ပါမိတ်ဆွေအစစ်မှန်ကိုအောင်မြင်စွာ
တွေ့ရှိလာပါလိမ့်မယ်။အဲဒီတော့မှပဲအပေါ်ယံအရေခွံလွှာတွေကွာကျပြီး
ဇာတိရုပ်အမှန်ပေါ်ထွက်လာပါလိမ့်မယ်
မဟုတ်ရင်တော့နော်အဆိပ်ပန်းသီးစားမိသွားမယ်

PS..အရင်အဟောင်းပို့စ်လေးကိုနည်းနည်းထပ်ဖြည့်ထားပါတယ်

မချစ်ရ

5 comments:

Khyl said...

ညီမလေးရေ ဘာဒေဒေါပွ..... အစိပ်လျှော့.. ညီမလေး

မိုးစက်အိမ် said...

ဟင်းးးးးးးးးးး ဘဲဥ ချည်းနေတိုင်းစားနေတယ် :(

ကောင်လေးငယ် said...

လူဆိုတာကတော့ လူလိုကျင့်ကြတယ်လေ မမရဲ့......
သတ္တ၀ါတွေထဲမှာ လူတွေက ဟန်ဆောင်မှုအများ ဆုံးပဲလေ.....
ကြည့်ပါ့လား ဘယ်သတ္တ၀ါမှ ဟန်ဆောင်ပြီး အ၀တ် အစား မ၀တ်ကြဘူးလေ.........ဟီး ..ဟီး
တွေးတတ်သလိုတွေးကြည့်တာ

ဆောင်းနှင်းဝေ said...

ဘဲဥ အသဲနု
စွဲလု ကွဲလု
မနဲ့ယု တဲပု
.......ဟဲ့......ဘဲဥ.....
စိတ်လျှော့ပါကွယ်.....နောက်တစ်ခါဘဲဥ၀ယ်ရင်သေချာအောင်ခွဲကြည့်ပြီးမှဝယ်နော်....းp

မချစ်ရ said...

ခွဲဝယ်လို့ရတဲ့ဘဲဥရှိရင်မင်းပဲကျုပ်ကိုဝယ်ပေးတော့
ဟေ့ ....ကျုပ်စားချင်တဲ့အချိန်မင်းကိုပြောမယ်