အပေါင်းနဲ့အနုတ် မှာ
မင်းကပေါင်းတာကို
ငါကနုတ်သွားခဲ့တယ်
အမြှောက်နဲ့အစား မှာ
မင်းကမြှောက်တာကို
ငါကစားသွားလိုက်တယ်
ညီမျှခြင်းတိုင်းမှာ
> ကြီးမားတဲ့အချစ်တွေကို
တဘက်သတ်ရယူချင်ခဲ့တဲ့ငါဟာ
မင်းကိုမညီမျှတဲ့အချစ်တွေပဲပေးခဲ့လိုက်တယ်
ရလာဒ်ကမင်းအတွက်အနုတ်
ငါ့အတွက်အပေါင်းလို့ထင်နေတဲ့မင်း....
အဖြေကိုသေချာမသိသေးတဲ့အတွက်
တကယ်တမ်းအဖြေရှာကြည့်လိုက်တော့
ငါ့ဘက်မှာလည်းမင်းထက်မနည်းတဲ့
အနုတ်လက္ခဏာတွေနဲ့ပါပဲ
မချစ်ရ
အရမ်းလွမ်းတာပဲ
1 month ago
13 comments:
အင်းးးးး %^#@!*(#^*+_!
+ - x % ပေါင်းနှုတ်မြှောက်စား
ဒေါ်မချစ်ရ သချာင်္ အထူးတန်း သင်တန်းဖွင့် နေတာ မှတ်လို့  ..
စာရင်း လာသွင်းတာ ပါ ..
ကျူရှင်ခ ဘယ်လောက် ယူ ပါသလဲ။
၎ ဘာသာစလုံးယူရင် ၈၀% ဈေးလျှော့ပေးနော် ..
ထုတ်ချင်းပေါက် ဂွင်းလုံးကျွတ် အဲလေ..
နှစ်ချင်းပေါက် တန်းလုံးကျွတ် အောင်ရင် .. ဂျာနယ်ထဲ မှာရော .. အွန်လိုင်း အင်တာနက်ပေါ်မှာရော အခမဲ့  ကြော်ငြာပေးမယ်နော် ..း)))))))
( ဂျစ်လို့ ခြင်လို့  စပါတယ် .. စိတ်ဆိုးလိုက်ပါ )...
ကယ်ကူလေတာ ကိုင်ပြီး ကဗျာဖတ်နေတာ
အချစ်ဆိုတဲ့ စကားလုံးကို ဂဏန်းပေါင်းစက်ထဲ ထည့်မရလို့ တိကျတဲ့ ရလဒ်ကို မသိရဘူးဖြစ်နေတယ်
တသက်တာပျော်ရွှင်ရနိင်သလို ဘ၀တခုလုံးစာလည်း ရှုံးသွားနိင်တယ်။
အဟင့် အလိုလိုမှ ၆ မှန်း ၉ မှန်းတောင် မကွဲပါဘူးဆို
ပေါင်းလိုက် နှုတ်လိုက် မြှောက်လိုက် စားလိုက်နဲ့
ရူးကြောင်ကြောင်တောင် ဖြစ်သွားပြီ......
ဘာတဲ့ 1500 ပေါင်းတာကို 528 ပြန်နှုတ်လိုက်တော့ 972 ကျန်သွားရော.... အဲဒီက 972 နဲ့မြှောက်တာကို 528 က စားလိုက်တော့ 1.8409090 ဆိုတဲ့ ကိန်းလေးတွေရတယ်လေ...အင်း..ပြောရရင်တော့
၁ခုသာသာလေးပဲရှိတော့တာလေ ၂ခုတောင်မပြည့်တော့ဘူး.......
ဟုတ်မဟုတ်တော့ သိဘူးနော်.... ပြီးကျမှပဲ ပြန်ရှင်းပြတော့......
တကယ်တမ်းအဖြေရှာကြည့်လိုက်တော့
ငါ့ဘက်မှာလည်းမင်းထက်မနည်းတဲ့
အနုတ်လက္ခဏာတွေနဲ့ပါပဲ......ဆိုတဲ့ စာစုလေးကို
သဘောကျပါတယ်
ပျော်ပါစေခင်ဗျာ
အနုတ်လက္ခဏာ တွေ ပြနေပြီလာဗျ.။ အင်းးးး အချစ်ကို စားသော ပေါင်းသော မြှောက်သော နုတ်သော ကိန်းဂဏာန်းများပေါ့.နော်.။ ခံစားမှု့တစ်ခုပါပဲ။
ခင်မင်လေးစားလျှက်
ညီညီ(အနာဂါတ်သံစဉ်)
အညည်းနော်... အညည်းနော်.... တများက နကိုထဲက တခန်းပျက်နေတာပါဆို..... ခုတော့ ဂလောက်ဂလောက် မြည်ကုန်ပြီ.... ပြန်လျော်ဘေး....
ကိန်းဂဏန်းတွေကို ကြောက်တယ် မချစ်ရရေ ...အတွေးလေးတွေ များများ ထွက်နိုင်ပါစေ...လာရောက်ဖတ်ရှု အားပေးနေမယ်နော်။ကျမ်းမာခြင်း(မှား)
ကျန်းမာခြင်း(မှန်)..လက်ဆောင်နော် ။။ဆရာလုပ်တာ မဟုတ်ဘူး ..ပြောရမှာ အားနာနေတာ မပြောဘဲ မနေနိုင်တော့လို့ ..။နားလည်ပါဗျာ။
အချစ်တွေကိုကိန်းဂဏာန်းတွေနဲ့ရေတွက်ပြန်ငဲ့မယ်ဆို
အပေါင်းကိုအပေါင်း..အနှုတ်ကိုနှုတ်,အမြှောက်ကိုအမြှောက်,အစားကိုစားက ညီမျှခြင်းသဘောတစ်မျိုးပြော၏......
အစားကိုစားက ဗိုက်ဝတာတော့ သေချာတယ်....ဟဲ...ဟဲ.... :)....:P.....
ဆောင်းနှင်း
in love theory, 1+1 = everything and 2 -1 = nothing :P
ညီမလေးရေ ဒီလူနဲ့ ဒီလူပဲ ရှိတာဟာပဲနော်.... ဟိဟိ လာလည်အူးနော်...
ဟုတ်ပါတယ် အနုတ်တွေနဲ့ပါပဲ
အတ္တကို ကောင်းမွန်စွာ ဖော်ကြူးပြတယ်။
အနိုင်ယူချင်ရင် အရှုံးပဲရမယ်လို့ ဖော်ကျူးပြတယ်လို့ ယူဆပါတယ် မချစ်ရရေ
ဆိုင်တော့ မဆိုင်ဘူးပေမယ့် အချစ်ကို စားသော ကိန်းဂဏာန်းများကို သတိရသွားတယ်.... :)
မိန်းကလေးဆန်တဲ့ ကဗျာလေးတစ်ပုဒ်လို့ မြင်မိတယ်။
နှစ်သက်စွာနဲ့ ဖတ်သွားပါတယ်။
Post a Comment