ကမ္ဘာပျက်မယ်ပျက်မယ်နဲ့ပြောနေလိုက်ကြတာ
ကမ္ဘာမပျက်ခင်လူပျက်သွားရင်ဘယ်လိုလုပ်မလဲ
မနက်ဖြန်လား၊သဘက်ခါလား အာမခံချက်ပေးမထားနိုင်တဲ့
လူတွေက ကမ္ဘာပျက်မှာတွေးကြောက်နေရင်တော့
မိုးပြိုမှာကြောက်တဲ့ယုန်လိုဖြစ်ကုန်တော့မှာပေါ့နော်
ဒါနဲ့ဘယ်သူကစ လိုက်သလည်းတော့မသိဘူး ဘလော့ကမ္ဘာလည်းပျက်နေတာကြာပေါ့
ခုတော့ကိုယ့်ဘလော့ကမ္ဘာလေးကိုဖျက်ဆီးဖို့ မော်စကွီတို လာပါပြီ(ရက်စက်ပါပေ့ခြင်ရယ်)
အဲဒီမော်စကွီတိုလုပ်ရင်တော့လူပါပျက်မဲ့ကိန်းစိုက်တယ်(သွေးလွန်တုပ်ကွေး)
ကဲကဲ မထူးပါဘူးလေ သွေးလှူရတော့မှာပေါ့ သူကမှစုပ်ချင်တာကိုးးးး(သွေး..စုပ်တာပြောတာနော်)
ဒါနဲ့ကမ္ဘာကမပျက်သေးပါဘူးလေခြင်ကတခြားနိုင်ငံတွေတောင်ကမ္ဘာလှည့်လို့ရသေးတယ်(မပူနဲ့)
သံယောဇဉ်ကအများသားဆိုတော့ဘယ်သူနဲ့မှမရှိချင်ပါဘူးတော်ကြာအမျှင်မပြတ်
သံယောဇဉ်တွေဖြတ်ရခက်နေလို့နောင်ဘ၀တွေလိုက်လာနေမှဒုက္ခ(လိုက်အရှုပ်မခံနိုင်ဘူး :D)
ခုချိန်မှာတော့အပူအအေးတစ်လှည့်စီတော့ခံစားနေရတယ်လေ...
အပြင်အဆင်တော့သိပ်မတတ်ဘူးကြုံရင်ကြုံသလိုရင်ဆိုင်လိုက်တာပေါ့(ဖြစ်မှမဖြစ်နိုင်တာ :P)
တကယ်တမ်းဖြစ်လာရင်တောင်ဝမ်းနည်းပူဆွေးနေချိန်ကရှိမှာမဟုတ်ပါဘူးပျာယာခတ်လိုက်ကြမယ့်
လူတွေ(အသက်လုပြေးနေကြမှာပြောပါတယ်)ဒါကြောင့်မိုးပြိုမှာတွေးမကြောက်ပေါင်..လို့
(ကြိုမကြောက်တတ်လို့ကြောက်လန့်မိတာမရှိသလောက်ပါပဲ)ဖြစ်လာရင်တော့ကြောက်မှာပေါ့နော် :P
အဆောင်ကတော့ငယ်ငယ်ထဲကအမေပေးတဲ့ကြိုးတွေပုံတော်တွေတောင်ပိုက်ဆံအိတ်ကပ်ထဲ
ထည့်ပြီးအိမ်သာသွားလို့မတော်တဆပါသွားခဲ့ရင်ငရဲကြီးမှာကြောက်လို့မဆောင်ထားတော့ဘူး
တကယ်တမ်းဖြစ်လာပြီဆိုရင်လည်းဘာမှဆောင်ဖို့တောင်သတိရကြမှာမဟုတ်ပါဘူး
ရေးမိနေတာကတော့ကမ္ဘာပျက်မယ့်အကြောင်းရေးချင်စိတ်ကတော့မရှိပါ(ဟိ..မယုံလို့)
လူတွေဘာလို့ကမ္ဘာပျက်မယ်သူများပြောတိုင်းယုံနေကြတာလည်းလို့ပေါက်တတ်ကလောက်အတွေး
လေးတော့တွေးမိသားးးဒီအမေကမွေးလာတဲ့သမီးဖြစ်တာကိုတော့ဂုဏ်ယူနေမိတယ်(ဘာလို့လည်း
ဆိုတော့ကျွန်မအပေါ်သိပ်ကိုနားလည်ပေးပြီးသူငယ်ချင်းလိုအရင်းနှီးဆုံးအပွင့်လင်းဆုံးဆက်ဆံပေးခဲ့လို့ပါ)
နာဂစ်တုန်းကတောင်ကိုယ့်အိမ်အခြေအနေဆိုးတာကမဖြစ်စလောက်ပါပဲလေလို့ကိုယ့်ဟာကိုယ်လေး
မသိမသာဖြေသိမ့်နေမိသားတကယ်တမ်းဖြစ်ရင်သူရောကိုယ်ရောရှောင်လွဲမရတဲ့ကံကြမ္မာဆိုးဖြစ်နေမယ်
ဆိုတော့တနေ့သေရမှာပဲလေဆိုပြီးတော့ဖြေသိမ့်ရမှာပါပဲ....(တတ်သလောက်လေးပေါ့)
ဗုဒ္ဓဘာသာဝင်တိုင်းဗုဒ္ဓဘာသာကိုသေချာနားမလည်ကြပါဘူးဒီအထဲကမှဗုဒ္ဓဘာသာဝင်လည်း
ဖြစ်တယ်သိသင့်သိထိုက်တာကိုလည်းသိလိုက်ရတယ်၊လိုက်နာလည်းကျင့်သုံးဘူးတယ်၊
အလှူအတန်းလည်းလုပ်ဘူးတယ်၊သိအောင်နားလည်အောင်ဟောပြောပေးတဲ့သူ
(ဘုန်းကြီး၊လူ၊ဘလော့ဂါများ)အားလုံးကိုလည်းတကယ်ကိုကျေးဇူးတင်ပါတယ်
အားလုံးကိုလုပ်သင့်လုပ်ထိုက်တာလုပ်ဘူးပြီးသွားတဲ့အတွက် ........
ဒီဘ၀မှာလူဖြစ်ရတာသိပ်ကိုအားရကျေနပ်မိပါတယ်လို့ (ကျူးရင့်တာပေါ့)
အသက်တစ်ရာမနေရအမှုတရာကြုံရဆိုတာသိပ်မှန်တာပဲနော်
ခုပဲကြည့်လေကမ္ဘာပျက်မယ်ဆိုတာကြားရပြန်ပြီ ဟုတ်တာမဟုတ်တာတော့မသိ
ကြားနေရတာကအထူးအဆန်းတွေချည်းပဲ....
မော်စကွီတို နဲ့ အမကိကိ ဘလော့လည်း ရီချင်စရာဟာသတွေ၊
ကြောက်စရာကောင်းတဲ့ဖြစ်ရပ်တွေပုံတွေနဲ့အထူးအဆန်းတွေချည်းပဲ...
ဂြိုလ်သားတွေကိုခုတည်းကဘွတ်ကင်လုပ်ထားကြလေဂြိုလ်ကမ္ဘာကို
ဒီကမ္ဘာမပျက်ခင်လာခေါ်ပါနေရာထိုင်ခင်းလေးပြောင်းချင်လို့ပါလို့..ဟိ
မချစ်ရ
အရမ်းလွမ်းတာပဲ
1 month ago
21 comments:
ဟဲ ဟဲ..
ဘာကြောက်သလည်းနော် ..
ုခြင်ဆိုတာ ပျံရင်းနဲ့ သေ ။
လူဆိုတာ ဖန်ရင်းနဲ့သေကြမှာချည်းပဲ ...
ဒီတော့ မသေမချင်း အကြံအဖန်လေး လုပ်လိုက်ပါအုံးမယ် ။။
ကမ္ဘာပျက်တော့ ကဗျက်ပါ ။
တခါပဲသေရမှာ ပါ ။
တချက်တည်းနဲ့ ပျက်ပြီး အတက်ထွက်သွားရင် တော်သေးရဲ့ ။
မပျက်တပျက် နဲ့  တဝက်တပျက်ကြီး ထွက်နေမှ ပြသနာပဲ ။။
ထွက်ခါနီးကျ လှမ်းအော်လိုက်မယ် ...
ကီး သာ အကုန်သွင်းထား ။ တခါတည်းနဲ့ ထွက်ရအောင်လို့  ပါ ။ မညှစ်ရ .. လို့  ..
အဲလေ.. မချစ်ရ ..လို့ 
ငှဲ ငှဲ ..
ခြင်ဆိုတာပျံရင်းနဲ့သေတယ်လို့ ဘတူပြောလဲ ကောလဟာလတွေ လက်ဝါးကြီးနဲ့ ရိုက်မှ သေတာပါ...
:P
တူညားလည်းကြောက်ဖူး...ဖြစ်ကာမှဖြစ်ကရော..အဟိ.
ဘယ်လို ဘယ်လို..
မညှစ်ရတဲ့ ဟုတ်လား..းP
နာမည်ကနော့ မိုက်တယ်ဟ..
မညှစ်ရတဲ့..
ဘယ်ညှစ်လို့ရမှာလဲ
ညှစ်လိုက်ရင်ကွဲသွားမှာပေါ့နော်..
ခုခေတ် ကြက်ဥတွေက အခွံပါးတာကိုး..း)
ဖြစ်ချင်ရဖြစ် မောင်ဘချစ်ပေါ့ မချစ်ရရေ..
လုပ်ဟ.. အားပေးတယ်.. ဘာသာရေး များမျးလုပ်
ခင်မင်စွာဖြင့်
စည်သူ။
လာဖတ်ကြည့်တယ်ဗျ ..။ဘလော့တော်တော်များများ ရေးထားတာ တွေ့မိတယ်။စံဇာဏီဘို အင်တာဗျူးလဲ ဖတ်မိလိုက်တယ်။အတော်များများက မာယာတွေ ပြက္ခဒိန် အဲဒီနှစ်မှာကုန်လို့တဲ့။စံဇာဏီဘိုကလဲ အတည်ပေါက် ပြောတာပဲ။ဘယ်သူမှတော့ ယံချင်စရာ လက်ခံချင်စရာ မကောင်းဘူးပေါ့ နော်...။သိပ်မကြာခင် ၂၀၁၂ ရောက်တော့မှာပဲ ကိုယ်တိုင် သွားကြည့်ကြတာပေါ့ မချစ်ရရေ။စာလုံးသတ်ပုံက မချစ်ရရဲ့ မေတ္တာပို့မှာဗျ။သိမယ် ထင်နေတာ ဟားဟား ..ကျမ်းမာလေ။အဆင်ပြေပါစေဗျား ...
ကမ္ဘာပျက်အတွေးကို လာဖတ်သွားပါတယ်..
“ဒီဘ၀မှာလူဖြစ်ရတာသိပ်ကိုအားရကျေနပ်မိပါတယ်” ဆိုပါလား..း)
တက်ဂ်ပို့စ်လေး...လာဖတ်ပါတယ်ခင်ဗျ...။
ဖြေထားတာ..တစ်ကယ်သဘောကျစရာကောင်းတယ်...။ ချောင်တစ်ကင်...အဲ့လေ...ခြင်တစ်ကောင်ဆီကနေ...လာခဲ့တာပါခင်ဗျ...။
မင်္ဂလာပါဗျာ...။
လာရောက်ဖတ်သွားပါတယ် ခင်ဗျာ..။ ကမ္ဘာ ကြီးသာ တစ်ကယ် ပျက်တော့မဲ့ အချိန်ရောက်ရင် တုန်လှုပ်မိမယ်တော့ ထင်ပါတယ်.။
ခင်မင်လေးစားလျှက်
ညီညီ(အနာဂါတ်သံစဉ်)
ဖတ်သွားတယ်နော်
ရေးထားတယ်လေ ညီညီ ရဲ့
တကယ်ဖြစ်လာရင်တော့ကြောက်မှာပေါ့နော် လို့
ကိုယ့်အတွက်ပါအောင်လုပ်ကြရအောင်
ဟုတ်တယ် ပျက်ချင်ပျက် မပျက်ချင်နေ အဲဟောလီးဝုဒ်က
ရုပ်ရှင်က နာမည်ကြီးအောင် လံကြုတ် ခါတော်မှီလုပ်တာ
ပျက်လိုက်ကြတဲ့ ကမ္ဘာမြေပဲ။ 2012 Doomsday ကြည့်ပြီးမှ လူတောင် ဘာဖြစ်လုပ်ရမှန်းကိုမသိတော့ဘူး။
ညီမလေးရေ အခုမှ ကျောင်းပိတ်လို့ အခုမှ ပြန်ရောက်ဖြစ်တယ်။ ကမ္ဘာမပျက်သေးပါဘူး စိတ်မပူပါနဲ့။ တရားမပျက်ရင် ကမ္ဘာပျက်လည်း အကြောင်းမဟုတ်ပါဘူး။
ညီမလေးရေ... ငြိမ်နေပါလား... ဖွဘွတ်မှာတောင်းဂျန်းနေတယ် ပေါ့လေ.... ဟားဟား
လူဖြစ်ကျိုးနပ်ဆိုတာလေး တွေ့ရလို့ အားကျသွားတယ် မမ ချစ်ရ ရေ..... :)
ဗုဒ္ဓဘာသာဝင်တိုင်းဗုဒ္ဓဘာသာကိုသေချာနားမလည်ကြပါဘူးဒီအထဲကမှဗုဒ္ဓဘာသာဝင်လည်း
ဖြစ်တယ်သိသင့်သိထိုက်တာကိုလည်းသိလိုက်ရတယ်၊လိုက်နာလည်းကျင့်သုံးဘူးတယ်၊
အလှူအတန်းလည်းလုပ်ဘူးတယ် ဆိုတဲ့ စကားလေးနဲ့တင် ပြည့်စုံနေပါပြီ...
ဒီဘလော့လေးကို အခုမှရောက်ဘူးတော့တယ်
စကားလုံးခပ်ပျက်ပျက်လေးတွေနဲ့ ရေးဖွဲ့ထားတာကတော့ စာဖတ်ရတာ ရှင်းလင်းပြည့်စုံသလိုဖြစ်သွားတယ်..လူကလည်း မာနကြီးလောက်တယ်နဲ့တူတယ်(မချစ်ရ)တဲ့
ရွေးတတ်လိုက်တာ ဘလော့လေးက စီဘောက်ဘာလို့မထားတာလဲတော့မသိဘူးနော်
SWEET DECEMBERRRRRRRR.... ပြန်လာခဲ့တော့.. ညီမလေးရေ.... ဂိမ်း ဆော့နဲ့...
မချစ်ရရေ Sweet December မှာ ပျော်ရွှင်ချိုမြိန်ပါစေဗျာ။
လာလည်ဖတ်ရှု သွားပါတယ်။
မရောက်တာကြာပီမို့ စာကြွေးတော့ အတော်များသား
ကျောက်တာ ပြောသလိုပဲ ကိုယ်တိုင်သွားကြည့်ကြမယ်လေ
ခင်မင်စွာဖြင့်
Mydiary
ma yal...
yin tone sa yar twae ma yae par nae nor lo...
chit
nyi ma
Post a Comment