CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Wednesday, December 30, 2009

"မ "အတွက်




ဇူလိုင်လရဲ့ ညနေခင်းတစ်ခုမှာ
ရီဝေသောမျက်ဝန်းတစ်စုံ
ကာရံမညီသော အပြုံးတစ်ချို့တွေနဲ့
စူးရှပြီး စွဲမက်စေမယ့်
မျက်ဝန်းလှရှင် မြတ်နိုးရသူ
'မ' ကို စတွေ့ခဲ့တယ်...

စစ်ဘုရင်နပိုလီယံက
သေမင်းထံ ကျဆုံးခဲ့သလို
'မ'ရဲ့ ရိုးစင်းတဲ့ အကြည့်တွေအောက်မှာ
ကျနော့်ချစ်ခြင်းတွေအားလုံးကျရှုံးခဲ့တယ်

ရူးတယ်လို့ဘဲ ပြောမလား
တုံးတယ် လို့ဘဲ အပြစ်တင်မလား
ချစ်တတ်လွန်းတယ်ဘဲ ချီးကျူးမလား
မဖြစ်နိုင်မှန်းသိရက်နဲ့ တန်ဖိုးမဖြတ်ရက်ခဲ့ဘူး

'မ' ရဲ့ အပြုံးကို မြင်ရရုံနဲ့ပင်
တစ်လောကလုံးကို ယှဉ်ပြိုင်ရဲခဲ့တာ
'မ' အတွက်တော့ ဟာသတစ်ခုပေါ့

ဓါးတောင်ကို ကျော်ရမလား
မီးပင်လယ်ကိုဖြတ်ရမလား
ဘာညာအာပလာပြောတတ်တဲ့သူတော့မဟုတ်ဘူး

'မ' ဆန္ဒသာရှိမယ်ဆို အသက်တောင်ပေးဝံ့တဲ့သူပါ
'မ'လိုအပ်တဲ့ အချိန်တိုင်းမှာ ကျနော့်ကိုတောင့်တ
မလိုအပ်တဲ့ အခါ 'မ' ဘေးမှာ
အရိပ်တစ်ခုနေရာထက် ပိုမစွပ်ဖက်ဖို့ ကတိပြုတယ်။
ဒါပေမယ့်...'မ' မရှိဘဲ မရှင်သန်နိုင်တဲ့
ကျနော့်ဘ၀ပြည့်စုံဖို့ ချစ်နေခွင့်လေး တစ်ခုသာ ပေးပါ


PS... ကျွန်မအတွက်ယခင်ကတစုံတယောက်ရေးသားထားတဲ့ကဗျာလေးပါ

မချစ်ရ

6 comments:

~ဏီလင်းညို~ said...

မချစ်ရရေ...
အဲ့ဒီတစ်စုံတစ်ယောက်ကလည်း...ကဗျာလေးရေးတတ်လိုက်တာဗျာ...။
ခံစားချက်အပြည့်နဲ့ရေးထားတဲ့ ကဗျာလေး....။
ခင်မင်တဲ့
ဏီလင်းညို

Beauty Studio USA Branded Store said...

ကဗျာလေးက ကြွေလောက်တယ်ဗျာ။
=)

ညီညီ said...

ကဗျာလေးခံစားသွားပါတယ်ခင်ဗျာ။
အမှတ်ရစရာ ကဗျာလို့ ထင်တယ်နော် :P ။

ကောင်လေးငယ် said...

ကောင်းလိုက်တဲ့ ကဗျာလေးပဲ... ဘယ်သူများရေးထားလဲမသိဘူးနော်..
မင်းအတွက်ဆို ပစိဖိတ်သမုဒ္ဒရာကိုလည်း ဖြတ်ရဲတယ်... ဆာဟာရသဲကန္တာရကိုလည်း လျှောက်ရဲတယ်.. ဓူဝံကြယ်ကိုလည်း ခူးဆွတ်ပေးပါ့မယ်.မောင်နဲ့တွေ့ဖို့ ချိန်းထားတဲ့နေရာကို ညနေ မိုးမရွာရင်တော့ လာခဲ့ပါ့မယ် ချစ်သူရယ်...
တော့ မဟုတ်လောက်ဘူးနော... ဟီးးးးဟီးးးးးးး

ကိုရဲ said...

ကဗျာလေးကို လာခံစားသွားတရ်း)

tamalarsay said...

မင်းရဲ့ဘလော့ကအကျိုးရှိပါတယ်
မသိတဲ့လူတွေကတော့ပြောကြမှာပဲ
ဘလော့ဆိုတာအကျိုးမရှိဘူးတဲ့
လာလည်သွားတယ်နော်
သူငယ်ချင်း