CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday, November 1, 2009

ဖြစ်ပြီး အကုသိုလ်ပယ်ပုံ

တစ်ခါတုန်းက သုလသာဆိုတဲ့ ပြည့်တန်ဆာမတစ်ယောက်ရှိတယ်။
တစ်နေ့တော့မင်းချင်းတွေကသူခိုးတစ်ယောက်ကိုခေါင်းဖြတ်သတ်ဖို့
သုသာန်ကိုခေါ်ခဲ့ပါတယ်။
ဒါကိုလေသာပြတင်းကကြည့်နေတဲ့သုလသာက
မြင်သွားပါတယ်။
သူခိုးကိုမြင်လိုက်ရတယ်ဆိုရင်ပဲချစ်တဲ့စိတ်ဖြစ်သွားပါသတဲ့။
ဒါကြောင့်မြို့စောင့်ကိုအသပြာပေးပြီးလူမသိအောင်လွှတ်စေပါတယ်။
ပြီးတော့အိမ်ခေါ်ပြီးခင်ပွန်းအဖြစ်ယူလိုက်ပါတယ်။ဒါပေမယ့်သူခိုးက
သူ့စရိုက်အတိုင်း သုံးလေးရက်နေတော့မနေတတ်တော့ပါဘူး
ဒီအတိုင်းဆင်းသွားပြန်ရင်လည်း ဘာမှရမှမဟုတ်ဘူးလေ။

အဲဒီတော့ သူခိုးစိတ်နဲ့ပဲ မိန်းမရေတောင်ပေါ်မှာရှိတဲ့ရုက္ခစိုးနတ်ကို
ပူဇော်ရအောင
်ရှိရှိသမျှအဆင်တန်ဆာတွေအကုန်ဝတ်ခဲ့ဆိုပြီး........
ညာခေါ်ခဲ့ပါတယ်။
သုလသာကလည်းချစ်တဲ့စိတ်၁ခုတည်းရှိတာဆိုတော့
ဘာမှစဉ်းစားမနေတော့ပဲလိုက်ခဲ့ပါတယ်။
သူခိုးကတောင်ပေါ်ရောက်တာနဲ့
သူ့အကြံအတိုင်းသတ်ဖို့ ပြင်ပါတော့တယ်။
အဲဒီကျမှသုလသာက
ကြောက်ကြောက်လန့်လန့်တောင်းပန်ပါတယ်။
သူခိုးက မိန်းမရေ
ဝတ်ထားတာတွေကိုသာချွတ်လိုက်စမ်းပါငါ့ရာဇ၀င်မှာလူမသတ်ပဲ
ပစ္စည်းယူသွားတယ်ဆိုတာမရှိဘူး လို့ပြောလိုက်ပါတယ်။

နောက်ဆုံးတောင်းပန်တာမရမှန်းသိတော့ ကောင်းပါပြီမောင်ရယ်
ကျွန်မဘ၀မှာမောင့်ထက်ပိုပြီးချစ်ရတဲ့သူမရှိခဲ့ပါဘူး ။
ဒါကြောင့်မသေခင်လေးမှာအားရအောင်ဖက်ပါရစေဦး
လို့
တောင်းပန်ပါတယ်။သူခိုးကလည်းနောက်ဆုံးအနေနဲ့ခွင့်ပြုပါတယ်။

သုလသာကလည်း မောင့်ကိုအရှေ့အနောက်တောင်မြောက်ကနေ
လှည့်ပြီးရှိခိုးပါရစေဦးလို့ထပ်တောင်းဆိုပါတယ်။သူခိုးကလည်းခွင့်ပြုပါတယ်။

အနောက်ဘက်လည်းရောက်ရောရှစ်ခိုးသလိုလုပ်ပြီးတောင်အောက်ကို
တွန်းချပြစ်လိုက်ပါတယ်။
ဒါကိုတွေ့တဲ့တောင်စောင့်နတ်ကလောကကြီးမှာ
အခါခပ်သိမ်းယောင်္ကျားတွေသာပညာရှိတာမဟုတ်ပါဘူး
....
မိန်းမတွေလည်းပညာရှိပါတယ်ဆိုပြီးဂါထာတွေနဲ့ချီးမွမ်းပါတယ်။

ကိုယ့်အသတ်ကိုဘယ်လိုကာကွယ်ရမယ်ဆိုတာသိတာကပညာပါ။
တောင်အောက်တွန်းချလိုက်တာက ပါဏတိပါတ အကုသိုလ်ကံပါ။
သူခိုးကိုမတွန်းချပြန်ရင်လည်းကိုယ်သေမှာပါ၊တွန်းချပြန်ရင်လည်း
ပါဏတိပါတ အကုသိုလ်ကံထိုက်မှာပါ။


အဲဒီလိုအခြေအနေမျိုးကြုံလာရင်အသင်ရော ဘယ်လိုလုပ်မှာလဲ.....?
အသက်ပဲအသေခံမလား..? တွန်းပဲချမလား..?
ကျွန်မအထင်တော့ ဒီခေတ်မှာတော့အကုန်လုံးနီးပါးက တွန်းချကြမှာပါနော်။

ဤသို့ ပါဏတိပါတ အကုသိုလ်ကိုပြုမိသည့်အတွက်

နောက်တစ်ဖန်ပူပန်ခြင်းအကုသိုလ်တွေသာထပ်၍တိုးပွားတော့မည်။
ပူပန်မှုကြောင့်ပြုမိတာကိုမပြုရာရောက်အောင်လည်းမတတ်နိုင်
ဤသို့ဆင်ခြင်ပြီးလျှင်ထိုပြုမိသောအမှုကိုလုံးလုံးဂရုမပြုပဲပယ်စွန့်
လိုက်၏။
နောက်နောင်အခါလည်းထိုကဲ့သို့မဖြစ်ဖို့ရာလွန်စွာရှောင်ကြည်၏
ဤသို့သောနည်းဖြင့်အားထုတ်သည်ရှိသော်ဖြစ်ပြီးသောအမှုကိုလည်း
ပယ်နိုင်၏၊
အလားတူ ပါဏတိပါတ ကိုလည်းပယ်စွန့်ရာရောက်၏
ဤကဲ့သို့ပယ်စွန့်မှုကြောင့်ဘယ်တော့မှအကျိုးမပေးနိုင်ဟု
မဆိုနိုင်သော်လည်းတော်တော်နှင့်အကျိုးပေးခွင့်ရမည်မဟုတ်ပေ။

လိုရင်းကတော့ပြုပြီးတဲ့အကုသိုလ်ကိုနောက်နောင်ဘယ်တော့မှမပြုတော့ပဲ ကုသိုလ်တွေဆက်ကာဆက်ကာပြုနေလိုက်တော့တာပါပဲ။

PS..ဆရာတော်ရဝေနွယ် စာအုပ်မှကောက်နှုတ်ချက်။
(တန်ဆောင်တိုင်လပြည့်နေ့အမှတ်တရ)

မချစ်ရ

9 comments:

စည်သူ said...

အောင်မယ်လေးဟ..
တော်သေးတယ်.. တွန်းချတာလေ.. မျက်ရာကိုင်းလေး ကယ်ပေလို့သာပဲ ..မဟုတ်ရင် တေဘီချရာပဲ..

အင်း..
ဟုတ်ပါ့.. လုပ်မယ်ထင်တာပဲ..
ဖတ်ရင်းနဲ့ထင်လိုက်တယ်.. အင်း.. ဒီကောင်မတော့ အကြံထုတ်ပြီး..(စားပြီးဟာကို ပြောတာမဟုတ်ဘူး)

ဒီကောင်ကြီးတော့ နာတော့မယ်..
ထင်တာတော့ နောက်ကနေ ဓါးနဲ့ ထိုးမယ်ပေါ့..
ရုပ်ရှင်တွေမှာ ဒီတိုင်းတွေ့ဖူးတာကိုးဟ..

ပြီးတော့မှ တွန်းချလိုက်တာ..
((((((((((((((အား))))))))))))))))

Khyl said...

အမဆိုရင်လား.... ဘာပြောကောင်းမလဲ..... ဟွန်း

ညီညီ said...

ပါဏတိပါတ ကံတစ်ခုတည်းကို စောင့်ထိန်းရုံနဲ့ အဲဒီလောက် ကုသိုလ်တွေ ရနိုင်ရင် ငါးပါးလုံးသာ လူတိုင်းစောင့်ထိန်းနိုင်ကြမယ်ဆို. ကျွန်တော်တို့ ဒီကမ္ဘာ လောကကြီး ဘယ်လောက်များ သာယာအေးချမ်းလိမ့်မလဲဗျာနော်.။ ဟဲဟဲ. အိမ်မက်တစ်ခုလိုများဖြစ်နေမလားမသိဘူးနော်.။ လူတိုင်းငါးပါးသီလ သာလုံမယ်ဆိုတာလေ.။
ကိုယ့်ကိုတိုင်တောင် အာမမခံရဲသေးတာဆိုတော့လေ.။ ဒါပေမဲ့ သတိ လေးနဲ့တော့ မြဲနိုင်သမျှမြဲအောင် ကြိုးစားနေပါသည်။ No choice ဆိုတဲ့ အခြေနေရောက်ရင်တော့ ချိုးဖေါက်မိမှာအမှန်ပါပဲ။

အသိတရားတစ်ခု ပေးတာ ကျေးဇူးတင်ပါ၏။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

ကောင်လေးငယ် said...

ဟုတ်ပါတယ် အကုန်လုံးနီးပါးကတော့ ကိုယ့်အသက်ကို
ထိပါးလာရင်တော့ တွန်းချကြပါပဲလေ....အဲဒီအတွက်
ပါဏတိပါတကံထိုက် တယ်လို့တော့ မထင်ပါဘူး.....
သားသတ်မုဆိုးတွေတောင် တစ်ယောက်ရဲ့အပြစ်နဲ့ နောက်တစ်ယောက်ရဲ့ အပြစ်က မတူညီနိုင်ပါဘူး....
သတ္တ၀ါတစ်ကောင်ကို သေပါစေတော့လို့ သဘောထားပြီးတော့ သတ်တာက အပြစ်တစ်မျိုးပါ....
ဝမ်းစာအလို့ငှာ ဒါမဟုတ် ကိုယ့်ရဲ့အသက်ဘေးက လွတ်မြောက်ဖို့ အလို့ငှာ သတ်လိုက်ရတာကတော့ အပြစ်မဖြစ်ပါဘူးလို့ ဘကြီးဘုန်းကြီးက ပြောထားဘူးတယ်

သားကြီး said...

ဖတ်မှတ်သွားတယ်

သိင်္ဂါကျော် said...

တစ်ခါ ပြုမိတဲ့ အကုသိုလ်ကို ဖုံးလွှမ်းအောင် ကုသိုလ်တရားတွေ များများ ပြုပေးဖို့ပါပဲ...။

Nge Naing said...

တရားပါတဲ့ ပို့စ်လေးကို ဖတ်သွားပါတယ်။ ပြုခဲ့တဲ့ ကောင်းမှု၊ ဆိုးမှု ကုသိုလ် အကုသိုလ်ကံက တကယ်တော့ ပျောက်မသွားပဲ မိမိနောက် အရိပ်လို လိုက်နေပါတယ် ညီမလေး။ လုပ်ခဲ့မိတာမှားတဲ့ အထဲက မှားတာကို မှားမှန်းသိလို့ နောင်တရပြီး နောက်ဘယ်တော့မှ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ရင် အပြစ်က လျှော့သွားတယ်။ ပျောက်တော့ ပျောက်သွားဘူး။ အဟောသိကံဆိုတာက ၀ိပဿနာဥာဏ်က သိပ်ပြီး အားကောင်းလွန်းမှသာ အကျိုးပေး မရှိတော့တာ ဖြစ်တယ်။ တော်ရုံနဲ့ ကံအကျိုးကို မပျက်စီးသွားစေနိုင်ဘူး။ အကယ်၍ အခု ဒီထဲက ရာဇ၀င်မှာ ပြည့်တန်ဆာမဟာ မတွန်းချပဲ အသေခံလိုက်ရင် အရင်ဘ၀တွေက သူလုပ်ခဲ့တဲ့ အကျိုး သူပြန်ခံရတယ်လို့ ယူဆလို့ရပြီး နောက်ထပ် အကျိုးဆက် ရှိချင်မှ ရှိမယ်။ ဒါပေမယ့် အခု တွန်းချလိုက်တော့ မဂ်ဥာဏ် ဖိုဥာဏ်ရအောင် အားမထုတ်ပဲ ကိလေသာထဲမှာ ဆက်ပြီး ကျင်လည်နေရင် ဒီတွန်းချတဲ့ ကံအကျိုးကို ဘ၀တခုခုမှာ သူအတွန်းချ ပြန်ခံရမှာ သေချာပါတယ်။ ဒါကြောင့်မို့ ကံအကျိုးဆိုတာ ၀ိပဿနာတရား လုပ်ခြင်းကလွဲပြီး မကောင်းမှုကျူးလွန်ထားပြီး ကောင်းမှုတခုနဲ့ ပြန်ချေဖျက်လို့ အကုန်လုံး မပျောက်နိုင်ပါဘူး။

ကိုရဲ said...

ဒါဆို မုဆိုးက တောပစ်ထွက်တဲ့အချိန်(အကောင်ငယ်ပေါ့နော်) အဲဒီ့မှာ ကျားနဲ့တွေ့လို့ အာ... ဟုတ်သေးပါဘူး ။ ဘာတွေမှန်းမသိဘူး ရောကုန်ပြီ နောက်မှပဲ မေးတော့မယ်း(

(အရူးလေး)

ရာစုသစ် said...

မုသာဝါဒါ ပြောပြီး ပါဏာတိပါတာ ကံကို ကျူးလွန်မှာပေါ့။ ကျွန်တော် တို့က ပုထုစဉ်တွေပဲ ရှိသေးတာပဲ။