CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »
Showing posts with label Tag. Show all posts
Showing posts with label Tag. Show all posts

Friday, December 4, 2009

ကျွန်မထင်မြင်မိသောအိမ်ထောင်ရေး(Tag)

ဘလော့မှာခင်တာသိပ်မကြာသေးပေမယ့်
သူများတွေနဲ့တန်းတူခင်မင်တဲ့စိတ်ကလေးဖြစ်နေမိတဲ့
မေကျော်ကကျွန်မနှင့်အိမ်ထောင်ရေးဆိုပြီး(Tag)လာတယ်လေ

ဘယ်လိုပြောရပါ့နော် မသိသေးတဲ့အိမ်ထောင်ရေးအကြောင်းကို
ထင်မြင်ချက်နဲ့ရေးရမယ်ဆိုတော့ခေါင်းစဉ်လေးကိုအနည်းငယ်ပြောင်းထားလိုက်ပါတယ်
ကျွန်မတောင်းပန်တယ်ဆိုတဲ့စကားကိုလွယ်လွယ်မသုံးတတ်ပါဘူး
အွန်လိုင်းမှာလည်းခဏခဏမသုံးသလိုအပြင်မှာလည်းထိုနည်းတူပါပဲ
ဘာကြောင့်လည်းဆိုတော့ကိုယ်မမှားဘူးထင်လို့ပါခုဟာကလည်း
မသိသေးတာကိုကိုယ်သိသလိုထင်မြင်ချက်နဲ့ရေးလိုက်ရတဲ့အတွက်
စ မရေးခင်တည်းကအမှားတစ်ခုခုပါမယ်ဆိုတာကြိုသိထားလို့
အိမ်ထောင်သည်အကိုအမများကိုကြိုတင်တောင်းပန်ပါတယ်..လို့

Marriage Pictures, Images and Photos


အိမ်ထောင်ရေးဆိုတာကြီးကိုတော့ထွေထွေထူးထူးမပြောတတ်ပါဘူး
ကျွန်မနဲ့သိကြတဲ့ယောင်္ကျားလေးတော်တော်များများကတော့အိမ်ထောင်ကျပြီးရင်မိန်းမကိုဘယ်လိုမျိုး
ချက်ကြွေးခိုင်းမယ်ဘယ်လိုပြုစုခိုင်းမယ်ကလေးတွေမွေးခိုင်းမယ်စသဖြင့်တစ်ယောက်တစ်မျိုးပြောကြပါတယ်
သိပ်မကြာသေးခင်ကပဲကျွန်မနဲ့သိတဲ့ကောင်လေးတစ်ယောက်ကစူပါမားကတ်မှာ
ဟင်းအမြည်းကျွေးနေတဲ့နေရာရောက်တော့ကျွန်မကအမြည်းယူစားပါတယ်
သူကလည်းလိုက်ယူစားပြီးဘာပြောတယ်မှတ်လည်းသူမိန်းမရရင်
အဲလိုဟင်းကောင်းကောင်းချက်ကျွေးခိုင်းမယ်တဲ့လေကျွန်မရီတော့တာပဲ(အကြံကြီးပါပေ့နော်)
ပြီးတော့သူ့ကိုပြန်ပြောလိုက်ပါတယ်ဒါဆိုအိမ်ဖော်ယူထားပေါ့လို့
သူတို့ကဟင်းကောင်းကောင်းချက်တတ်တယ်လို့ဒါနဲ့ပဲသူကစိတ်ဆိုးပြီးထပ်ပြောပါတယ်
တော်တဲ့တတ်တဲ့မိန်းမယူမယ်ဟင်းလည်းချက်တတ်ရမယ်အခြားပညာရပ်တွေလည်းတော်ရမယ်တဲ့လေ
ကျွန်မကလည်းထပ်ပြန်ပြောလိုက်ပါသေးတယ်အခြားပညာရပ်တွေတော်နေတတ်နေ၊
အိမ်ထောင်မှုလည်းထိမ်းသိမ်းနိုင်ဒီလောက်တောင်တော်တတ်နေရင်တော့
ယောင်္ကျားကိစ္စရှင်းမှာမဟုတ်ဘူးလို့လူဆိုတာဘက်စုံတော်တတ်တယ်ဆိုတာမရှိပါဘူးလို့ကျွန်မပြောခဲ့ပါတယ်
သူက၂၁နှစ်ပဲရှိသေးတဲ့ကောင်လေးဆိုတော့သဘောပေါက်လွယ်တယ်ကျွန်မကိုစိတ်မဆိုးပဲ
ကျွန်မဆိုလိုချက်ကိုသဘောပေါက်သွားတယ်။ဒီနေရာမှာလူကြီးတွေဆိုငြင်းခုန်ကြမှာပါပဲ။

ဒီလိုပါပဲကောင်လေးတစ်ယောက်ကသူအိမ်ထောင်ကျရင်ကလေးဘယ်နှစ်ယောက်လောက်မွေးခိုင်းမယ်ပြော
ပါတယ်ကျွန်မကလည်းမောင်လေးတွေလိုခင်နေလို့ပြန်ပြောမိသေးတယ်
မင်းဗိုက်ကြီးပါလားလို့ မင်းမမွေးရတိုင်းလို့..တကယ်တမ်းတော့မိခင်တိုင်းသနားစရာကောင်းပါတယ်
ကြီးဒေါ်တစ်ယောက်ပြောဘူးတယ်ဝမ်းပိတ်လို့ခံရတာထက်အဆ၁၀၀နာတယ်ဆိုပဲ
၉လလုံးလုံးသယ်ဆောင်ထားရတဲ့ဒုက္ခကလည်းနည်းတာမှမဟုတ်တာမွေးပြီးတော့လည်း
ကျွန်မအမေဆိုအမလတ်ကိုမွေးတုန်းကသွေးတွေသွန်တာသေမလိုပါပဲတဲ့လေ
မွေးပြီးတဲ့ထိဒုက္ခခံရသေးတယ် ကြီးလာတော့ရော မိဘကိုအကောင်းမမြင်ကြတဲ့သူတွေကအများသားပါ
ကြားဘူးတွေ့ဘူးပါသေးတယ် မိဘကိုပြန်သတ်တာအခြားနိုင်ငံတွေမှာဆိုပေါလွန်းလို့ပါ
ဒီနိုင်ငံမှာလည်းရှိပါတယ်တောရွာတွေမှာပါ။အိမ်ပေါ်ကနှင်ချတာမိဘကိုဆဲဆိုကျိမ်းမောင်းတာတွေစုံနေတာပါပဲ
ဘယ်သားသမီးကိုမှမိခင်ကပြန်မသတ်ပါဘူးနှင်ချတာကတော့ဆိုးလွန်းရင်လုပ်တတ်ပါတယ်

အမေဆိုခုချိန်ထိအဖွားသူ့အမေအိုကြီးအနွံတာကိုခံပြီးလုပ်ကျွေးနေတုန်း
ဒါ့အပြင်သားသမီးတွေရဲ့အလိုကိုလိုက်ဖြည့်စည်းပေးနေတာတောင်မကျေနပ်ချင်ကြသေးပါဘူး
ကျွန်မငယ်ငယ်တုန်းကအရမ်းဆိုးခဲ့ပါတယ်
ခုတော့အမေ့ကိုစာနာပြီးတတ်နိုင်သလောက်စိတ်ချမ်းသာအောင်ထားပေးပါတယ်
အမေနဲ့လည်းဘာနဲ့မှနှိုင်းယှဉ်လို့မရပါဘူး(နှိုင်းယှဉ်ဖို့လည်းစိတ်မကူးပါဘူး)
ကျွန်မငယ်ငယ်ထဲကအဖေဆုံးတော့အမေကအဖေလိုရောအမေလိုပါဖြည့်ဆည်းပေးပါတယ်
အမေကအိမ်ထောင်သည်ဘ၀မှာသိပ်ကိုလွတ်လပ်ခဲ့ပါတယ်ဘာကြောင့်လည်းဆိုတော့
အဖေကအရမ်းချစ်အရမ်းကိုအလိုလိုက်ခဲ့လို့ပါ
အဖေမရှိတော့လည်းအမေတစ်ယောက်ထဲကပဲရုန်းကန်ပြုစုပေးသွားတာပါ
အမေအရင်ကအရမ်းကိုထက်မြက်သြဇာလွှမ်းမိုးခဲ့ပေမယ့်အခုတော့
သူ့မာနချိုးနှိမ်ပြီးသားသမီးတွေအကုန်လုံးကိုကျေနပ်အောင်လိုက်ဖြည့်ဆည်းနေရတာပါ
ဒါတောင်တစ်ခါတစ်လေဆိုအမေကကျွန်မကိုအငယ်ဆုံးမို့အလိုလိုက်မိရင်တောင်
အထက်ကအကိုအမတွေကိုကြည့်ရပါသေးတယ်။အမေဟာမှားနေသည်ဖြစ်စေ၊
မှန်နေသည်ဖြစ်စေ၊မွေးထားတဲ့ကျေးဇူးနဲ့တင်လုံလောက်နေပြီဖြစ်လို့အမေဘက်ကပဲလိုက်ရမှာပါပဲ။
ဥုးသုမင်္ဂလ တရားတော်ထဲမှာလည်းပါပါတယ်ကိုယ့်မိဘမှားနေဦးတော့
အမေအဖေဘက်ကပဲလိုက်လုပ်ပေးရမှာပါလို့...

ကိုယ့်မိဘအိမ်မှာတောင်မအေးချမ်းရင်ဘယ်အိမ်ကမှအေးချမ်းမှာမဟုတ်ပါဘူး
ယောင်္ကျားဆိုတာကတော့လိုရင်တမျိုးမလိုရင်တမျိုးပေါ့မိဘဆိုတာကတော့အဲလိုမရှိပါဘူး
အိမ်ထောင်တစ်ခုမှာသားသမီးရှိမှစိုပြေတယ်တဲ့လေ။
တကယ်ချစ်တယ်ဆိုရင်တောင်မှကြာလာရင်လူ့သဘာဝအလျှောက်ငြီးငွေ့လာနိုင်တယ်
ဒါဆိုရင်ကြာလာတော့ငြီးငွေ့လာလို့သားသမီးနဲ့ချည်နှောင်လိုက်တာလားလို့သိချင်ပါတယ်
တွေ့ဘူးပါသေးတယ်သမီးချောချောလေးတွေမွေးထားပြီးကိုယ့်သမီးအရွယ်လောက်လေးတွေနဲ့
ပျော်ပါးနေတဲ့လူတွေကို...အိမ်ထောင်ရေးကတော့မိမိကံတရားပေါ်မှာပဲမူတည်နိုင်ပါတယ်
ကံစမ်းမဲပေါက်သလို၊ထီပေါက်သလိုပေါ့ဘယ်လောက်ဆိုးတဲ့လူကိုယူယူကိုယ့်လက်ထဲရောက်လို့
ကောင်းသွားတာရှိသလိုဘယ်လောက်လိမ္မာပါတယ်ဆိုတဲ့လူဖြစ်နေပါစေကိုယ်နဲ့ယူမှ
ဆိုးသွမ်းသွားတာတွေလည်းတပြုံကြီးပါ်...

အိမ်ထောင်ဆိုတာကလည်းတကယ်တော့ရှေးလူကြီးဆိုရိုးစကားလိုပါပဲထောင်ကျနေတာပါပဲ။
လူလွတ်ဘ၀လောက်တော့မလွတ်လပ်နိုင်ပါဘူး။
အိမ်ထောင်ရေးဆိုတာထက်မြက်တဲ့မိန်းမတွေအတွက်အချစ်စစ်နဲ့ယူတာဖြစ်သလို
သာမာန်မိန်းမတွေအတွက်ကတော့မှီခိုချင်စရာယောင်္ကျားတစ်ယောက်ကိုကောက်ယူလိုက်တာ
ပါပဲလို့ထင်မြင်ယူဆမိပါတယ်။

မချစ်ရ

Friday, November 13, 2009

ပျက်ချင်ပျက်မပျက်ချင်နေ..ကမ္ဘာမြေ(Tag)

2012 mayan end of the world Pictures, Images and Photos

ကမ္ဘာပျက်မယ်ပျက်မယ်နဲ့ပြောနေလိုက်ကြတာ
ကမ္ဘာမပျက်ခင်လူပျက်သွားရင်ဘယ်လိုလုပ်မလဲ
မနက်ဖြန်လား၊သဘက်ခါလား အာမခံချက်ပေးမထားနိုင်တဲ့
လူတွေက ကမ္ဘာပျက်မှာတွေးကြောက်နေရင်တော့
မိုးပြိုမှာကြောက်တဲ့ယုန်လိုဖြစ်ကုန်တော့မှာပေါ့နော်
ဒါနဲ့ဘယ်သူကစ လိုက်သလည်းတော့မသိဘူး ဘလော့ကမ္ဘာလည်းပျက်နေတာကြာပေါ့
ခုတော့ကိုယ့်ဘလော့ကမ္ဘာလေးကိုဖျက်ဆီးဖို့ မော်စကွီတို လာပါပြီ(ရက်စက်ပါပေ့ခြင်ရယ်)
အဲဒီမော်စကွီတိုလုပ်ရင်တော့လူပါပျက်မဲ့ကိန်းစိုက်တယ်(သွေးလွန်တုပ်ကွေး)
ကဲကဲ မထူးပါဘူးလေ သွေးလှူရတော့မှာပေါ့ သူကမှစုပ်ချင်တာကိုးးးး(သွေး..စုပ်တာပြောတာနော်)
ဒါနဲ့ကမ္ဘာကမပျက်သေးပါဘူးလေခြင်ကတခြားနိုင်ငံတွေတောင်ကမ္ဘာလှည့်လို့ရသေးတယ်(မပူနဲ့)

သံယောဇဉ်ကအများသားဆိုတော့ဘယ်သူနဲ့မှမရှိချင်ပါဘူးတော်ကြာအမျှင်မပြတ်
သံယောဇဉ်တွေဖြတ်ရခက်နေလို့နောင်ဘ၀တွေလိုက်လာနေမှဒုက္ခ(လိုက်အရှုပ်မခံနိုင်ဘူး :D)
ခုချိန်မှာတော့အပူအအေးတစ်လှည့်စီတော့ခံစားနေရတယ်လေ...
အပြင်အဆင်တော့သိပ်မတတ်ဘူးကြုံရင်ကြုံသလိုရင်ဆိုင်လိုက်တာပေါ့(ဖြစ်မှမဖြစ်နိုင်တာ :P)
တကယ်တမ်းဖြစ်လာရင်တောင်ဝမ်းနည်းပူဆွေးနေချိန်ကရှိမှာမဟုတ်ပါဘူးပျာယာခတ်လိုက်ကြမယ့်
လူတွေ(အသက်လုပြေးနေကြမှာပြောပါတယ်)ဒါကြောင့်မိုးပြိုမှာတွေးမကြောက်ပေါင်..လို့
(ကြိုမကြောက်တတ်လို့ကြောက်လန့်မိတာမရှိသလောက်ပါပဲ)ဖြစ်လာရင်တော့ကြောက်မှာပေါ့နော် :P
အဆောင်ကတော့ငယ်ငယ်ထဲကအမေပေးတဲ့ကြိုးတွေပုံတော်တွေတောင်ပိုက်ဆံအိတ်ကပ်ထဲ
ထည့်ပြီးအိမ်သာသွားလို့မတော်တဆပါသွားခဲ့ရင်ငရဲကြီးမှာကြောက်လို့မဆောင်ထားတော့ဘူး
တကယ်တမ်းဖြစ်လာပြီဆိုရင်လည်းဘာမှဆောင်ဖို့တောင်သတိရကြမှာမဟုတ်ပါဘူး
ရေးမိနေတာကတော့ကမ္ဘာပျက်မယ့်အကြောင်းရေးချင်စိတ်ကတော့မရှိပါ(ဟိ..မယုံလို့)
လူတွေဘာလို့ကမ္ဘာပျက်မယ်သူများပြောတိုင်းယုံနေကြတာလည်းလို့ပေါက်တတ်ကလောက်အတွေး
လေးတော့တွေးမိသားးးဒီအမေကမွေးလာတဲ့သမီးဖြစ်တာကိုတော့ဂုဏ်ယူနေမိတယ်(ဘာလို့လည်း
ဆိုတော့ကျွန်မအပေါ်သိပ်ကိုနားလည်ပေးပြီးသူငယ်ချင်းလိုအရင်းနှီးဆုံးအပွင့်လင်းဆုံးဆက်ဆံပေးခဲ့လို့ပါ)
နာဂစ်တုန်းကတောင်ကိုယ့်အိမ်အခြေအနေဆိုးတာကမဖြစ်စလောက်ပါပဲလေလို့ကိုယ့်ဟာကိုယ်လေး
မသိမသာဖြေသိမ့်နေမိသားတကယ်တမ်းဖြစ်ရင်သူရောကိုယ်ရောရှောင်လွဲမရတဲ့ကံကြမ္မာဆိုးဖြစ်နေမယ်
ဆိုတော့တနေ့သေရမှာပဲလေဆိုပြီးတော့ဖြေသိမ့်ရမှာပါပဲ....(တတ်သလောက်လေးပေါ့)
ဗုဒ္ဓဘာသာဝင်တိုင်းဗုဒ္ဓဘာသာကိုသေချာနားမလည်ကြပါဘူးဒီအထဲကမှဗုဒ္ဓဘာသာဝင်လည်း
ဖြစ်တယ်သိသင့်သိထိုက်တာကိုလည်းသိလိုက်ရတယ်၊လိုက်နာလည်းကျင့်သုံးဘူးတယ်၊
အလှူအတန်းလည်းလုပ်ဘူးတယ်၊သိအောင်နားလည်အောင်ဟောပြောပေးတဲ့သူ
(ဘုန်းကြီး၊လူ၊ဘလော့ဂါများ)အားလုံးကိုလည်းတကယ်ကိုကျေးဇူးတင်ပါတယ်
အားလုံးကိုလုပ်သင့်လုပ်ထိုက်တာလုပ်ဘူးပြီးသွားတဲ့အတွက် ........
ဒီဘ၀မှာလူဖြစ်ရတာသိပ်ကိုအားရကျေနပ်မိပါတယ်လို့ (ကျူးရင့်တာပေါ့)

အသက်တစ်ရာမနေရအမှုတရာကြုံရဆိုတာသိပ်မှန်တာပဲနော်
ခုပဲကြည့်လေကမ္ဘာပျက်မယ်ဆိုတာကြားရပြန်ပြီ ဟုတ်တာမဟုတ်တာတော့မသိ
ကြားနေရတာကအထူးအဆန်းတွေချည်းပဲ....

မော်စကွီတို နဲ့ အမကိကိ ဘလော့လည်း ရီချင်စရာဟာသတွေ၊
ကြောက်စရာကောင်းတဲ့ဖြစ်ရပ်တွေပုံတွေနဲ့အထူးအဆန်းတွေချည်းပဲ...
ဂြိုလ်သားတွေကိုခုတည်းကဘွတ်ကင်လုပ်ထားကြလေဂြိုလ်ကမ္ဘာကို
ဒီကမ္ဘာမပျက်ခင်လာခေါ်ပါနေရာထိုင်ခင်းလေးပြောင်းချင်လို့ပါလို့..ဟိ

မချစ်ရ

Sunday, October 18, 2009

သီချင်းများနဲ့မချစ်ရ(Tag)

ဆိုညည်းဖြစ်သောသီချင်းများတဲ့ မငယ်နိုင် Tag ထားတာလေ
ဘယ်လိုလုပ်ရပါ့ ညည်းလိုက်တဲ့သီချင်းတွေကတော့
ပြောမဆုံးပေါင်တောသုံးထောင်မကရှည်လိမ့်မယ်အသစ်အသစ်ပေါ်တိုင်းကြိုက်နေတော့လည်း
အခက်သားလူ့စိတ်များနော်ဒီသီချင်းလေးတော့အကြိုက်ဆုံးပဲဆိုပြီး
နောက်သီချင်းအသစ်ပေါ်တော့လည်းအဟောင်းသီချင်းကမြောင်းထဲရောက်သွားရော
အဲဒီတော့လောလောဆယ်ကြိုက်နေတုန်းကြိုက်နေဆဲသီချင်းလေးတွေပဲရေးလိုက်တော့မယ်နော်
အင်္ဂလိပ်သီချင်းလေးတွေအကြိုက်များတော့ထဲ့ရေးဦးမယ်နော်..



အင်္ဂလိပ်သီချင်း

အသံရောအဆို၊အကပါကောင်းတဲ့ Sharkira (မချစ်ရအသဲစွဲ)သီချင်းမြူးကြွတာလေး
Objection နဲ့ Hip don't lies ကိုအခန်းထဲဝိုင်းဒိုင်းကြဲနားထောင်တဲ့အချိန်တွေမှာ
နားထောင်ပြီးအော်ကြီးဟစ်ကျယ်လိုက်ဆိုဖြစ်တယ်။ ပေါက်ကွဲသံစဉ်ပေါ့ (ဟိ)
သူ့ရဲ့သီချင်းအေးအေးလေး The One ကလည်းစားသားအဓိပ္ပါယ်လေးက
အရမ်းခံစားလို့ကောင်းတာပဲ your the one I need တဲ့စာသားလေးက

နောက် POP သီချင်းလေးတွေဆိုတဲ့ Britney သူရဲ့သီချင်းလေးတွေက
ကလေးဆန်တယ်လိုက်ဆိုရလွယ်တယ်။ Everytime သီချင်းလေးကညည်းဆိုရလွယ်ပြီး
အဓိပ္ပါယ်လည်းကြိုက်တယ်(သူ့ရီးစားဟောင်းကိုဆိုထားတယ်လို့ပြောတာပဲ)။
everytime i try to fly I fall without my wings I feel so small I guess i need u baby
သူ့သီချင်းတွေအများကြီးကြိုက်တယ်ဒါပေမယ့်လောလောဆယ်ဒါလေးဆိုဆိုဖြစ်နေတယ်။

နောက်ယောင်္ကျားလေးဆိုတဲ့ထဲက James Blunt ရဲ့You're beautiful သီချင်း

your beautiful your beautiful your beautiful it's true

(Air spily) Making love out of nothing at all feel သီချင်းလေးတွေကြိုက်တယ်ဆိုဖြစ်တယ်
I know just how to whisper..,and i know just how to cry..
I know just where to find the answers and I know just how to lie
ဆက်ဆိုလို့မဖြစ်တော့ဘူး ဒီသီချင်းကဆင်ဆာပါသည် ဟီးး

မြန်မာသီချင်း

ခေါင်းစဉ်တော့မသိဘူးမိန်းကလေးရဲ့
တဘက်သတ်ခံစားချက်ကိုဖော်ပြထားတာလေးမို့ကြိုက်တယ်

နေနိုင်သူရေမင်းကိုလေ........စိတ်ကုန်ချင်ပြီကွယ်
ဒီမှာအချစ်များယူလိုက်........ငါအော်ဟစ်လိုက်ချင်
ဒီမှာအချစ်များယူလိုက်....ငါတစ်ယောက်ထဲတမ်းတ
အသည်းထဲအချစ်များစွာမင်းအတွက်သိမ်းဆည်းထား
မျှော်လင့်ရတဲ့မိန်းကလေးတို့ဘ၀ရည်ရွယ်သူကိုစောင့်စား
မင်းမျက်လုံးထဲမှာရှာခဲ့အချစ်ရိပ်များ
မျှော်လင့်ရတဲ့မိန်းကလေးတို့ဘ၀ရည်ရွယ်သူကိုစောင့်စား

နောက်၁ပုဒ်ကတော့..... ကံကောင်းမယ့်အချစ် (ဂရေဟမ်)လောလောဆယ်ဘလော့မှာတင်ထားတဲ့သီချင်းလေးပါ (ဟိုးအရင်ကမေးလ်ထဲပို့ပေးထားတဲ့သီချင်းလေးပါပေးပို့လာသူက
ဘာရည်ရွယ်ချက်နဲ့ပို့လည်းတော့မသိပါဘူးနားထောင်သူကတော့
ဒီသီချင်းလေးကိုကြားတိုင်းဘယ်ရောက်နေမှန်းမသိတဲ့သူ့ကိုသတိရမိနေတယ်)

ကမ္ဘာကျော်အလှ ဘုရင်မကြီး ငိုချင်းချလိမ့်မယ်နင်ရီပြုံးမပြလိုက်ပါနဲ့....သိပ်ချစ်တဲ့အကြောင်းဖွင့်ပြောလိုက်ချင်လည်းငါ့နှုတ်ခမ်းမျာနဲ့ဆွံအ...သွားခဲ့
ဘယ်လိုပြောရမလဲ ..ရိုးသားစွာနဲ့..သီချင်းလေးထဲကမင်းကိုချစ်တယ်

(ဒီသီချင်းလေးကကောင်လေးတစ်ယောက်ဇော်ပီယာမှာတင်ထားတဲ့သီချင်း
သွားသွားနားထောင်ရင်းနဲ့သူနဲ့ခင်မင်ခဲ့တာလေးသတိရလို့ခုတော့မတွေ့တော့ပါဘူး)

မျိုးကြီးရဲ့ခေါင်းစဉ်မသိပြန်ဘူး

ရွှေ၊ငွေနဲ့တိမ်တိုက်တို့မရှိလည်းနေနိုင်ပါတယ်...တသက်လုံး
အလိုအပ်ဆုံးကဘ၀ကိုအရိုးသားဆုံးနေဖို့...........
(ရိုးရှင်းစွာနေနိုင်တယ် ဘ၀ကို ဆိုတာလေးသဘောကျလို့)

နောက်တစ်ပုဒ်က........တစိမ်းတယောက်ပါ
(အချိန်တန်ရင်လူတွေကတစိမ်းလိုဖြစ်သွားကြတာပါပဲ)

ဒိုးလုံးရဲ့သီချင်းကတောင်ကြီးကသူငယ်ချင်းဂစ်တာတီးပြီးဆိုပြ
နေကြလေးမို့ကြိုက်မိပြန်တယ်

ဒီအတွက်တော့ငါ....နောက်တစ်ခါ ဘာတွေကို တောင်းဆုခြွေမလဲ
ခံစားချက်တွေခန်းခြောက်ခဲ့.......လိုချင်တာလည်းဖြစ်မလာတော့
အမှောင်မှာလည်းတိတ်ဆိတ်ငြိမ်သက်....အဖော်တွေဝေးကွာ
အပြင်ထွက်ပြီးလိုက်လို့ရှာလည်း......အဝေးကလမင်းငယ်

ဟဲလေးရဲ့ဘာဖြစ်ဖြစ်ချစ်မယ်

နင်ဘာပဲဖြစ်ဖြစ်ချစ်မယ်ကလေးရယ်..နင့်ဘက်ကလိုက်လျောပါ့မယ်
(ဘာပဲဖြစ်ဖြစ်သည်းညည်းခံချစ်နေမယ်ဆိုပြီးခုထိသည်းခံပြီးကပ်နေတဲ့သူပို့ပေးတဲ့သီချင်းလေးပါ)

ဒီမှာနေ့တိုင်းတမ်းတတ်ပြီ မ ရယ်...အပြုံးလေးများကြောင့်ကြိတ်မှိတ်ရူးခဲ့

ကျွန်တော့အတွေးများထဲ မ ကစိုးမိုးနေတော့ရှုံးလို့သွားတဲ့နှလုံးသားလေးမှာ

စကားပြောသံလေးတွေနားထဲပြန်ကြားနေ ညကျအိပ်လို့မရ

ဒါတွေဟာ မ ကြောင့်ဖြစ်လာတာ...အိပ်မက်ကလေးမက်ခွင့်ပေးပါ မ ဘယ်သူဆိုလည်းတော့မသိကောင်းလို့ကြိုက်သည်။

ဟစ်ဟော့မကြိုက်ပေမယ့် လင်းရာ ရဲ့ မင်းစေရာ နဲ့ မ အရမ်းကြိုက်တယ်

ဆရာထူးအိမ်သင် ရဲ့အကျော်ကြားဆုံးသီချင်းဘယ်တော့ပဲဖြစ်ဖြစ်မရိုးနိုင်တဲ့ အကြင်နာအိပ်မက်

Bigbag ရဲ့ နားလည်ပါ

မေစံပ္ပါယ်ညိုရဲ့ အလွမ်းနေ့ရက်ရှည် ခံစားချက်သီချင်းလေးပေါ့

အချစ်=အချစ် ကလည်းဒီလိုပါပဲကြိုက်ဖြစ်ပါတယ်
(မချစ်ရအချစ်ကတော့မညီမျှဘူးနော် အချစ်>အချစ် ပဲကိုယ့်ဘက်သာမှ :P)

ကိုရီးယားသီချင်း ကလည်းကြိုက်သေးတယ်(ဟိ)

forbitten love , full house , crazy love song ခေါင်းစဉ်ကတော့အဲလောက်ပဲသိတယ်အဓိပ္ပါယ်နည်းနည်းပါးပါးပဲသိတယ်။
ကြိုက်တာတွေကတော့ကျန်သေးတယ်လိုက်လည်းဆိုတယ်...

တရုပ်သီချင်း

I miss you နဲ့ JAY သီချင်းတော်တော်များများကြိုက်တယ်ရသလောက်အကုန်လိုက်ဆိုတယ်

နောက်ဆုံးအပိတ်မှာတော့မချစ်ရငယ်ငယ်ကအမေချော့သိပ်တဲ့သီချင်း More than I can say

အဖေချီပြီးဆိုပြတဲ့သီချင်းက ပြေးပြေး..ပြေး ငါ့မြင်းကလေးပြေး မမောပါနဲ့မနားပါနဲ့မရပ်ပါနဲ့ပြေးးးးး

ပြေးးးးးးးးးးပြီအမရေ သြော်...ရေသောက်ဖို့ပြေးတာပြောပါတယ်

သီချင်းရူးသူကိုမှသီချင်းလာ Tag တဲ့အမမငယ်နိုင်ရေ
သီချင်းလည်းပေါင်းစုံသွားပြီအမလည်းကျေနပ်လောက်ပါပြီနော်...နော်
အမ မငယ်နိုင်ရေ ညီမ မချစ်ရလည်းသီချင်းတွေလိုက်ဆိုရတာမောသွားပြီ အမဆီအအေးတော့လာသောက်ဦးမှဖြစ်တော့မယ်နော်...ဟူးးးးးးးးး

ဘာရမလဲပြန် Tag မယ် .........

မ Tag ဘူးပေမယ့်ဘလော့ကိုအမြဲအားပေးသူ
ခုမှဘလော့ပြန်လာတဲ့ဘလော့တော်ပြန် အကိုဝင်းဇော်

မ Tag စဖူးကိုယ့်မောင်လေးကယ်လေးငေါင်ကိုဒုက္ခပေးမယ့်အမ

မောင်လေးသူငယ်ချင်း စည်သူ ရေမောင်လေးနဲ့ဒုက္ခတူတူခံလိုက်ကြဦးနော်

နာမည်ပြောင်းကင်ပွန်းတပ်တဲ့ စိမ်း

ဘာရေးရမှန်းမသိတဲ့ယောင်လည်လည်ဖြစ်နေတဲ့ ညလေးဆုလာဒ်

အမြဲနှိပ်စက်နေကျ အဲဟုတ်ပါဘူး ယောင်လို့ Tag နေကျ တီလေးညခင်း

သူမပါရင်နားတွေညီးလို့သေရပါလိမ့်မယ် ထိုင်ဝမ်ကအမ ကိကိ

အောင်မလေးမကိုက်နဲ့နော်မကျေနပ်ရင်ဆိုသာဆိုသီချင်း ခြင်

ရေးချင်လားမသိမရေးချင်လားမသိတဲ့သူ ဆောင်းနှင်း

မအားဘူးထင်ပေမယ့်သီချင်းလေးတွေကြိုက်တတ်တဲ့ မကြယ်ပြာ

သီချင်းလေးတော့လွယ်ပါတယ် ကိုကျောက်တာ

ဘာတွေမှန်းတော့မသိဘူးခေါင်းထဲပေါ်လာတဲ့လူတွေအကုန်အလုပ်ပေးလိုက်ပြီနော်
ရောသမမွှေချင်မွှေ မမွှေချင်လည်း ဒီတိုင်းသာရိုးရိုးလေးရေးပေးကြတော့..နော်

ဒုက္ခပေးမယ့်..မချစ်ရ

Sunday, October 11, 2009

ဦးနှောက်စားတဲ့ ..(Tag)

mad cat Pictures, Images and Photos

အမကိကိ နဲ့ အမခြင် တို့က
စားစရာမရှိဦးနှောက်လိုက်စားနေတာ
မသိလို့ကတော့အမပဲရေးပေးတော့လို့ဆိုတော့
လွယ်လွယ်လေးတဲ့ Google ထဲရှာလိုက်ပေါ့တဲ့ဟားဟ
ပေါ်ပြီပေါ်ပြီသူတို့ကလူလည်ကြီးတွေလုပ်စားနေတာအဲသလို

1.What is your name ..Machitya
2.M as four Letter Word ..Moon
3.Boy's Name ..Marhla ( my friend )
4.Girl's Name...MyoMyo( my friend )
5.Occupation ...Musician
6. Flower ... Myat lay (မြတ်လေးပန်း)
7. Something you'll wear .... made in myanmar (ဟဲဟဲ)
8.Food ....Mothinkhar
9.Something found in the bathroom ..Mouse ( :D )
10.Country ...Myanmar (Proud of you)
11.Color ....Make up colour
12.Exclamation ....Mom! ( အမေ့ )
13. Movie title ....Micky and Minney ( cartoon )
14.Something you drink ....Mocha ( cafe' )
15. A musical group .... Marilyn Monroe
16.An animal ....Mosquito ( I'm scare :(( ခြင်ကိုက်မှာစိုးလို့ )
17.A street name ...Myay ni gone
18.A type of car ...Mercedes Benz (ဟားဟ သိပ်မကြိုက်တတ်ပါဘူး ဒီကားလောက်ဆိုတော်ပါပြီ)
19.The title of a song ....Making love out of nothing at all
20.The reason for being late....Make up လိမ်းနေလို့ပါ ( ဟိ )

Google ထဲရှာထားတာမဟုတ်ပါဘူးနော်..ရှိသမျှလေးကိုအစွမ်းကုန်ညှစ်ထုတ်
အဲ.........ဖျစ်ညှစ်ပြီး ရေးထားရတာ ဟီးးးးးးးးး

( ဘာရေးရမှန်းမသိတဲ့ ညလေးဆုလာဒ် ရေ S for Sulatt ရေးပါတော့ )

ဘုရားစာတွေပဲရေးနေတဲ့ တီလေးညခင်း ကိုဦးနှောက်စားလိုက်ဦးမယ်ရေးပေးနော်

မချစ်ရဘလော့မှာအမြဲလာအားပေးနေတဲ့ မငယ်နိုင် ရေးပေးပါဦးနော်

အလယ်သွားနေကြ ကျောက်တာ စားလိုက်ပါဦး ဦးနှောက်

မကြာခဏလာလည်နေကြ တောင်ပေါ်ရွာကအရူးလေး တို့ရေ

ဆက်လက်၍.....ရေးလိုက်ပါဦးလို့နော်.............

မချစ်ရ

Thursday, September 10, 2009

အမြင်ကပ်ကြသောအကြောင်း(Tag)




ဝက်ဝံလေးတပ်ထားတာကြာပြီဖြစ်တဲ့အမြင်ကပ်ကြသောအကြောင်းရင်းတဲ့လေ
ခုတလောစိတ်ရှုပ်ရှုပ်နဲ့ဇာတ်လမ်းပဲကြည့်နေတာဘာမှမရေးဖြစ်သေးလို့ပါ
ကိုယ့်ကိုအမြင်ကပ်ကြတာတော့ရှိပါ့ဘာ့ကြောင့်အမြင်ကပ်သလဲတော့မမေးနဲ့
မသိဘူးရီးစားလုဖက်လိုမျိုးကြီးကိုယ်လည်းသူများဟာမလုရပါဘူး
ဝေးသေးတယ်အဲလိုစိတ်ကတော့သူများရီးစားခွဲတာတော့မလုပ်ဘူး
အဲကိုယ့်ကိုတော့အလကားနေရင်းအမြင်ကပ်နေ၊ကြည့်မရဖြစ်နေကြတာလေ
အလုပ်တွေများလို့မအားကြပါဘူးဆိုတဲ့လူတွေတောင်မှ
မချစ်ရအတင်းပြောရမယ်ဆိုအားသွားကြပြီလားမသိဘူး
အဲလောက်ထိဝက်ဝံလေးရေ....
ကောင်လေးတစ်ယောက်ကတဘက်သတ်ချစ်တာကိုဖြတ်လိုက်လို့ဆိုပြီးလည်း
အမုန်းခံနေရသေးတယ်အကြောင်းရင်းသေချာမသိပဲနဲ့အပြင်ပန်းကြည့်ပြီး
ပြောနေကြတာတွေလေ(မဖြစ်နိုင်တဲ့ကိစ္စကိုဆက်လုပ်လို့မှမရတာ)
မဟုတ်မခံပြန်ပြောတတ်တာကြောင့်လည်းအမြင်ကပ်ကြတယ်
ဒီလောက်ဆိုကိုယ့်ကိုဘယ်လောက်ထိလူတွေအမြင်ကပ်နေကြလည်း
တော့မသိဘူးပြောရင်းနဲ့ဒေါသထွက်လို့ကိုယ့်ကိုကိုယ်တောင်အမြင်ကပ်လာပြီ
အားနာပြီးလိုက်လျောတတ်တဲ့ကိုယ့်စိတ်ကိုယ်လည်းအမြင်ကပ်မိပါရဲ့
ဝက်ဝံလေးရေ.....ဆက်ပြောရင်မကောင်းဖြစ်တော့မယ်တော်ပြီနော်ကျေနပ်
ဂျစ်လေး ၀က်ဝံ............. :P

မချစ်ရ

Thursday, September 3, 2009

ဝက်ဝံလေးရဲ့ရက်စက်ချက်(Tag)

anime Pictures, Images and Photos


အကြိုက်ဆုံးဘလော့၅ခုနဲ့ဘာကြောင့်ကြိုက်ရသလဲ

ဝက်ဝံလေးးးးးးဝက်ဝံလေးးးရက်စက်လိုက်ပြီလားးး
အင်းလေပြဿနာတက်ရင်သူရှင်းပေးမှာဆိုတော့လည်း
ရေးပြီနော်..၅ယောက်၊ကျန်တဲ့လူတွေတာဝန်ဝက်ဝံလေးယူ(ဟိ)


ပထမဆုံးကြိုက်မိတဲ့ဘလော့က ညခင်းရဲ့လမင်း
တီလေးညခင်းဘလော့ကိုသွားလည်တာကပညာပေးလေးတွေနဲ့
ဘုရားအကြောင်းရာဇ၀င်ပုံပြင်လေးတွေရေးတတ်တဲ့တီလေးဆီကပညာ
လည်းရတယ်ဗဟုသုတလည်းရတယ်လေပြီးတော့ပုံပြင်လေးတွေဆိုကြိုက်တတ်
တော့အသစ်တင်တိုင်းသွားဖတ်ဖြစ်တယ်။တီလေးကလည်းတခါတလေမချစ်ရ
စိတ်ညစ်ရင်ညီမငယ်အတွက်ဆိုရေးပေးတတ်တော့အသစ်တင်တိုင်း
စိတ်ညစ်တိုင်းတီလေးဆီသွားသွားနေကြလေ......(ဟိ)


ဒုတိယအကြိုက်ဘလော့ကတော့ အကိုမြစ်ကျိုးအင်း
အကိုမြစ်ကျိုးအင်းဘလော့ကိုသွားလည်တာရီစရာလေးတွေရေးထားတော့
ဖတ်ရတဲ့သူစိတ်ရွှင်လန်းတယ်ပြီးတော့ပညာပေးလေးတွေလည်းရှိတယ်
စိတ်ညစ်ရင်အကိုမြစ်ကျိုးအင်းဆီသွားဟားဟားဟားဟားနဲ့ကိုဟားရမယ်နော်


တတိယအကြိုက်ဘလော့က အကိုဂျေဂျူဝိုင်
အကိုဂျေဂျူဆီကဘုရားတရားနဲ့ပတ်သတ်တဲ့အသိပညာရတယ်
နားမလည်တာမရှင်းတာမေးတိုင်းအကိုဂျေဂျူကစိတ်ရှည်လက်ရှည်
ရှင်းပြပေးတဲ့အတွက်အဖြေကိုရှင်းရှင်းလင်းလင်းသဘောပေါက်သွားတယ်



စတုတ္ထအကြိုက်ဘလော့က ကယ်လေးငေါင်(ခေါ်)ကောင်လေးငယ်
ဘာကြောင့်ကြိုက်သလဲတော့မေးမနေနဲ့တော့(ဟီးးးး)
ကိုယ်လုပ်ပေးထားတဲ့ဘလော့လေးမို့လို့လေ..
ကိုယ့်ငချဉ်ကိုယ်ချဉ်..အဲ..ကိုယ့်ဘလော့ကိုယ်ချဉ်ပေါ့
မောင်လေးကပုံပြင်လေးတွေရေးတတ်တယ်ဟာသလေးတွေရေးတတ်တယ်
ဒါကြောင့်လည်းသွားဖတ်ရတာအမောပါပဲ.....


ပဉ္စမအကြိုက်ဘလော့က ဆောင်းနှင်းဝေ
သူကတော့ဘလော့မှာသိပ်လူသိမများပါဘူး
ဒါပေမယ့်သူ့ကိုဘလော့မှာမဟုတ်ပဲအပြင်မှာခင်တာမို့လို့
သူ့ဘလော့ကိုခဏခဏသွားလည်တယ်
သူနဲ့သူ့သူငယ်ချင်း၂ယောက်ရေးတဲ့ကဗျာလေးတွေကဖတ်လို့ကောင်းတယ်


အဲ........ကျန်၅ယောက်ပါရေးလိုက်ပြီနော်...
မော်စကွီတို ကိုဗီလိန် မောင်လေးမိုးစက်
စိတ်အေးချမ်းရာတရားရိပ် ပိတ်ထားတဲ့ကိုဝင်းဇော်

ဘာကြောင့်ကြိုက်ရသလဲဆိုတာကိုဒီနေရာလေးတွေသွားကြည့်ရင်သိပါလိမ့်မယ်
မရောက်ဘူးသေးရင်အားတဲ့အခါအလည်တစ်ခေါက်သွားလည်ကြည့်ကြပါနော်
ကဲ..ခုမှစသိပေမယ့်ခင်မင်မိတဲ့ဝက်ဝံလေးရေကျေနပ်နော်၅ခုမကရေးပေးလိုက်ပြီ

မချစ်ရ

Thursday, July 9, 2009

လတ်တလောပေါက်ကရအတွေးလေး(Tag)





လတ်တလောပေါက်ကရအတွေးလေးများဆိုတဲ့ခေါင်းစဉ်နဲ့ ညလေးဆုလာဒ် ကTagလာပြန်တော့
လတ်တလောမှာအရမ်းဖျားနေတာကြောင့်အတွေးတောင်မတွေးနိုင်အောင်ဖြစ်နေရတယ်
ဒါပေမယ့်ခုတော့အဖျားကျပြီဆိုတော့အတွေးတွေက၀င်လာပါပြီ ဘာလဲဆိုတော့အဖျားကျခါစလူတိုင်းရဲ့ထုံးစံအတိုင်းပါးစပ်ပျက်တော့
ဘာစားလို့စားချင်မှန်းမသိအောင်ကိုဖြစ်နေတယ်လေအစားအသောက်ကလည်းပျက်ထားတယ်
ခုနေကောင်းတော့လည်းကောင်းကောင်းမစားရသေးဘူးပြန်ဖျားမှာစိုးလို့လေ
အတွေးတွေကတော့အစားဆီပဲရောက်နေတယ်ဟော့ပေါ့သွားသောက်ရင်ကောင်းမလား
ဂဏန်းချက်နဲ့အကင်သွားစားရင်ကောင်းမလားပေါ့၊ဒီကြားထဲနေကောင်းပျောက်အောင်သာနေ၊
နေကောင်းရင်စားချင်တာလိုက်ကြွေးမယ်ဆိုတဲ့လူကလည်းရှိနေတော့ဘာစားရမလဲပဲတနေကုန်စဉ်းစားနေတာ
နောက်အတွေးတစ်ခုကတော့ဒီဇင်ဘာမှာဈေးဝယ်ထွက်ဖို့နဲ့
စိတ်အပန်းဖြေဖို့ခရီးသွားမယ်စိတ်ကူးတာပဲဖြစ်လာမလာတော့မသိသေးပါဘူး။အင်း....
ထူးထူးခြားခြားပေါက်ကရတွေးတာကတော့ယောင်္ကျားယူရင်ကောင်းမလားလို့ ဟီးး
ယောင်္ကျားကလည်းယူမယ်သာစဉ်းစားတာဘယ်သူမှန်းလဲမသိဘူး
ကိုယ်နဲ့မဖြစ်နိုင်တဲ့လူကိုယူရင်ဘာတွေဖြစ်မလဲတော့တွေးမိသားနောက်တော့
အတွေးဆုံးတော့လည်းမဖြစ်နိုင်ပါဘူးဆိုတဲ့အဖြေပဲရတာပါပဲ
လတ်တလောပေါက်ကရအတွေးတွေကတော့ဒီလောက်ပါပဲ
နေကောင်းတုန်းလေးရေးပေးလိုက်တယ်နော်
ဒီလောက်ဆိုတော်ရောပေါ့ကျန်တာနောက်မှတိုးတိုးလေးပြောပြမယ်နော် ဟိ

မချစ်ရ

Thursday, April 9, 2009

"၀ါသနာနဲ့ အိပ်မက်"


ကျွန်မငယ်ငယ်လေးကထဲကဖြစ်ချင်ခဲ့တဲ့
ဝါသနာကတော့ကျွန်မရဲ့အတွေးအိပ်မက်လေးတစ်ခုဖြစ်တဲ့
သီချင်းသီဆိုရင်းနဲ့အဆိုတော်နာမည်ကြီးတစ်ယောက်ဖြစ်ချင်ခဲ့တာပါ။
ငယ်ငယ်တုန်းကတော့နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်ချင်လွန်းလို့
ကျွန်မရဲ့အတွေးအိပ်မက်ထဲမှာကျွန်မကနာမည်ကြီးအဆိုတော်ပေါ့၊
အခုတော့ကြီးလာပြီဆိုတော့လည်းအတွေးအိပ်မက်ဆိုတာကတော့
အိပ်မက်တစ်ခုလိုပါဘဲလုံးဝဖြစ်မလာတာမဟုတ်သလို
ကျွန်မဖြစ်ချင်တာအကုန်လုံးလဲဖြစ်ခွင့်မရခဲ့ပြန်ဘူးလေ
ဒါပေမယ့်လည်းကျွန်မ၀ါသနာပါတာလေးကိုဆက်လုပ်ခွင့်ရနေတဲ့
အချိန်လေးတစ်ခုကိုဘဲကျေနပ်နေမိပါတော့တယ်..။
မချစ်ရ ချစ်တဲ့ တီလေး(ညခင်း)ရဲ့ပထမဦးဆုံး တဂ်တာခံရမှ ဘဲ
ကွန်နက်ရှင်တွေကမကောင်းလို့တဂ်ပို့စ်နောက်ကျသွားတဲ့အတွက်
တီလေး(ညခင်း)ကိုတောင်းပန်ပါတယ်နော်၊ ဒီလောက်နဲ့ဘဲကျေနပ်နိုင်ပါစေ....။
မချစ်ရကလည်းပြန်တဂ်လိုက်ပါဦးမယ်နော်..မချစ်ရတဂ်မယ့်သူတွေကတော့..
နေမင်းသံစဉ်
အမ အနမ်း
အမ ကိကိ
ရေးပေးကြပါရန် တောင်းဆိုပါတယ်နော်...။


မချစ်ရ