CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday, December 27, 2009

မေတ္တာစစ်

mother's hugs Pictures, Images and Photos
အေးမြတဲ့အမေရဲ့ချစ်ခြင်းမေတ္တာရိပ်
အောက်မှာနေခွင့်ရတဲ့သမီးမိုက်က
ပူလောင်တဲ့ချစ်ခြင်းမေတ္တာကို
ရှာဖွေနေမိတယ်အမေ
နောက်ဆုံးတော့လည်း
ပူပြီးလောင်ကျွမ်းခြင်းခံရတဲ့
သမီးကအမေ့ရဲ့အေးမြတဲ့
ရင်ခွင်ထဲတိုးလို့ငိုရင်း
မေတ္တာစစ်ကိုရှာနေမိတော့တယ်

မချစ်ရ

4 comments:

~ဏီလင်းညို~ said...

မချစ်ရရေ...
အမေတိုင်းရဲ့ မေတ္တာကတော့ တစ်ကယ့် မေတ္တာစစ်ပါပဲဗျာ...။
ခင်မင်တဲ့
ဏီလင်းညို

နွေဆူးလင်္ကာ said...

လူတိုင်း ဖြစ်တတ်တဲ့ ခံစားချက်လေးပေါ့ဗျာ

Nge Naing said...

စိတ်သောက ရောက်စရာ ဒါမှမဟုတ် ကိုယ့်အပေါ်မှာ အကြင်နာတရား နည်းတဲ့သူတွေနဲ့ ကြုံတွေ့ရရင် မိဘကို အောက်မေ့ သတိရတတ်တာ သဘာဝပဲ။

ကြယ်ပြာ said...

အပျိုကြီးလုပ်တော့မလို့လား ငယ် ...