CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »
Showing posts with label မွေးနေ့ဆုတောင်း. Show all posts
Showing posts with label မွေးနေ့ဆုတောင်း. Show all posts

Saturday, October 3, 2009

မောင်လေး(ကောင်လေးငယ်)မွေးနေ့

happy birthday Pictures, Images and Photos

သီတင်းကျွတ်လပြည့်နေ့လေးမှာ
မြန်မာလိုမွေးရက်အဖြစ်မွေးဖွားလာတဲ့
မွေးနေ့ရှင်ကောင်လေးငယ်ရေ
မောင်လေးမွေးနေ့မှစပြီး
ကိုယ်ကျန်းမာ၊စိတ်ချမ်းသာ၍
အနန္တော၊အနန္တငါးပါးကိုသိတတ်သော
ကောင်းမွန်သောစိတ်ထားရှိတဲ့
လူကောင်းတစ်ယောက်ဖြစ်ပါစေ..လို့
အမဆုတောင်းပေးလိုက်ပါတယ်..

အမ.မချစ်ရ

Thursday, September 17, 2009

ဂျစ်လေး(၀က်ဝံလေး)အတွက်

Happy Birthday Pictures, Images and Photos


ဘယ်လိုလုပ်ပြီးသံယောဇဉ်ဖြစ်သွားလည်းမသိပါဘူး
ဘလော့ထဲမှာဆိုလို့အမလိုခင်တဲ့(တီလေးညခင်း)အပြင်အသိမိတ်ဆွေ
ခင်ခင်မင်မင်သိပ်မရှိတဲ့ကျွန်မကမြင်တောင်မမြင်ဘူးသေးအသံလည်း
မကြားဘူးသေးပဲနဲ့သံယောဇဉ်ဖြစ်နေရတဲ့ညီမလေးဂျစ်(၀က်ဝံကလေး)
ချစ်လို့ဆိုပြီးဂျစ်လို့သူကစခေါ်ရင်းနဲ့ကိုယ်ကပါချစ်လို့လိုက်ခေါ်တဲ့
နာမည်လေးပေါ့ခုတော့၁၈ရက်နေ့မှာဂျစ်လေးမွေးနေ့တဲ့လေ..
ဂျစ်လေးဘာလိုချင်လည်းတော့မသိဘူးအပြင်မှာလည်းပို့ပေးချင်ပါတယ်
ဂျစ်လေး(၀က်ဝံလေး)မွေးနေ့မှစ၍ကိုယ်ကျန်းမာခြင်း၊စိတ်ချမ်းသာခြင်းနဲ့
ပြည့်စုံပါစေလို့အမဆုတောင်းပေးပါတယ်ညီမလေးရေ.........

Happy Birthday 1 Pictures, Images and Photos

ဒီမှာလည်းဂျစ်လေးအတွက်အမှတ်တရနော်
happy birthday Pictures, Images and Photos


ဂျစ်လေးအတွက်မွေးနေ့ကိတ်လေးအမှတ်တရ..နော်


happy birthday Pictures, Images and Photos


ဂျစ်လေးအတွက်ဝက်ဝံရုပ်ကလေးအမှတ်တရ...နော်


Happy Birthday Pictures, Images and Photos



မွေးနေ့လက်ဆောင်တွေကိုအဲလိုလိုက်ကုန်းပြီးရှာမနေနဲ့ဦးနော် :P


Happy Birthday Pictures, Images and Photos




မချစ်ရ
Happy Birthday Pictures, Images and Photos

Thursday, August 20, 2009

HappyBirthday Brother

Happy Birthday Brother Pictures, Images and Photos

Happy Birthday brother jon

ဒါကတော့ကျွန်မအကိုကိုစပြီးခေါ်နေကြပါ.ဘရာသားဂျွန်ဆိုပြီးတော့
နာမည်ကတော့ဂျွန်မဟုတ်ပါဘူး ...ဟဲဟဲ

အကိုကရုပ်တည်နဲ့ခပ်တည်တည်ပဲနေတတ်တယ်
ဘယ်သူ့ကိုမှလည်းရောရောနှောနှောမနေဘူး
အမတို့နဲ့ဆိုလည်းအမြဲလိုစနောက်တာမရှိပါဘူးခပ်တည်တည်ပါပဲဒါပေမယ့်...
ကျွန်မကတော့အကိုကိုစလိုက်အကိုကကျွန်မကိုစလိုက်နဲ့
ကျွန်မအကိုကိုအမတွေထက်ပိုချစ်ပါတယ်
စကားလည်းသိပ်မပြောဘူးပြောရင်လည်းတိုတိုနဲ့လိုရင်းပဲ
အကိုရုံးသွားခါနီးရေချိုးပြီးခါစထွက်လာပြီဆိုရင်မျက်နှာမသစ်သေးပဲ
သူ့ဗိုက်ပူကိုလိုက်ပွတ်တာတို့..သင်္ကြန်မှာအလည်ကောင်းလို့
ညဘက်သူဧည့်သည်နဲ့ချိန်းထားတာကားပေါ်ထိုင်လိုက်တာ
ဖင်ရေစိုကွက်သွားပြီးအော်ဆဲတာတို့ဆိုတော်တော်ရီရပါတယ်
ပြီးတော့ရှိသေးတယ်ငယ်ငယ်တုန်းကအကိုကိုသ၀န်တိုတာသူ့ဆော်ကဖုံးဆက်တာ
ကျွန်မကောက်ကိုင်လိုက်ပြီးမရှိဘူးအမေပေးစားမယ့်မိန်းမနဲ့အပြင်သွားတယ်
လို့လဲပြောပြီးရောအကိုကအခန်းထဲကကောက်ကိုင်ပါလေရော....
ဟားဟ..အဲလောက်ထိ.......အကိုကတော့မဆူပါဘူး
ကျွန်မနဲ့သူကအသက်အများကြီးကွာတာကိုးး
မုန့်ဖိုးပေးမယ်ဆိုဆံပင်ဖြူရှာခိုင်းပြီးမပေးတာကရှိသေးတယ်
ဒီကလည်းဘာရမလဲသူ့ပိုက်ဆံအိပ်ယူပြေးတော့တာပဲ( :D )
အပြင်ကိုကျွန်မကသူငယ်ချင်းတွေနဲ့လျှောက်လိမ့်လွန်းလို့ဆိုပြီး
သူကလည်းကျွန်မကိုနာမည်လှလှလေးပေးထားပါသေးတယ်..(ဂေါ်လီ)တဲ့လေ
သူ့သူငယ်ချင်းတွေကဂေါ်လီလို့ခေါ်သံကြားကြားဘူးနေတော့မင်းညီဂေါ်လီရောတဲ့
ဟီးးးးညီမလို့မထင်ကြဘူးလေ ( :P )
ကျွန်မကလည်းဘာရမလဲသူ့လိမ့်ရင်ဂေါ်လီကြီးလို့ပြန်ခေါ်တာပေါ့
အဲဒါနဲ့အမေကပါလိုက်ခေါ်တာဂေါ်လီကြီးနဲ့ဂေါ်လီလေးဖြစ်သွားရော...
အကိုမွေးနေ့မှာအဝေးရောက်နေတဲ့အကိုအတွက်ဘယ်လိုစရမလဲ
စဉ်းစားအကြံထုတ်နေတာမရသေးပါဘူးအနီးနားမှာမရှိတော့လည်းပျင်းလိုက်တာ
ဘယ်တတ်နိုင်မလဲလေသူကစီးပွားရှာနေတာကိုးးး
မနက်ကတော့ဘုရားမှာဆုတောင်းပေးတယ်ဌက်လွှတ်ပေးတယ်
အကိုမွေးနေ့အမေက Dimsum လိုက်ကြွေးတာအ၀တီးပြစ်လိုက်တယ် :P
အင်းတစ်ခုတော့ဆိုးတယ်မုန့်ဖိုးတောင်းရင်တော့မရဘူးကပ်စေးနဲကြီး
ကျန်တာတော့ပူဆာလို့ရတယ်အရင်ကကျွန်မအရုပ်တွေဆိုအသည်းယားပြီး
လွှတ်ပစ်တတ်တဲ့အကိုကခုတော့သတိတရနဲ့ဟိုကနေအမွှေးပွပွ
အရုပ်ဝယ်ပေးခဲ့သေးတယ်

အကိုဖြစ်တဲ့ကိုအောင်မွေးနေ့မှာပျော်ရွှင်စိတ်ချမ်းသာပြီး......
ဘေးအန္တရာယ်မှကင်းဝေးနိုင်ပါစေလို့........
ညီမငယ်ဆုံးလေးမှဆုတောင်းပေးလိုက်ပါတယ်..........


မချစ်ရ

Monday, August 3, 2009

အမမွေးနေ့











ညကအမက"မနက်ကျဘာစားမလဲအမမွေးနေ့"တဲ့ပြောလာတယ်။
အမမွေးနေ့တောင်ကျွန်မမေ့နေပါ့လား။
ပြန်မဖြေနိုင်လို့ခေါင်းပဲခါပြပြီးထွက်လာလိုက်တယ်။
အမကနေမကောင်းဘူးလားတဲ့"အင်း"လို့ပဲဖြေပြီး
အပေါ်ထပ်ကျွန်မအခန်းကိုတက်လာလိုက်တယ်။
မှောင်အတိချထားတဲ့အခန်းကမနက်ထဲကအတိုင်းပဲ..
မတတ်နိုင်ပါဘူးလေနေ့လည်ကသူငယ်ချင်းလာတာတောင်
ဒီအမှောင်ထဲမှာမို့ပြောသွားသေးတယ်။
လိုက်ကာတွေဖွင့်မယ်ဆိုလို့မဖွင့်နဲ့လို့ပြောလိုက်ရသေးတယ်။
အင်း..အမမွေးနေ့လဲဘာမှထွေထွေထူးထူးဝယ်မပေးနိုင်တော့ဘူး
မနက်အမမွေးနေ့ဘုရားသွားတခြားမုန့်ဝယ်ကိစ္စတွေတောင်
လိုက်မပို့နိုင်တော့ပါလားအမသူ့သူငယ်ချင်းကိုခေါ်ထားတယ်တဲ့
ကျွန်မလည်းအမမွေးနေ့မှာတောင်ဘာမှလိုက်လုပ်မပေးနိုင်တော့ဘူး
ဒီကနေပဲဆုတောင်းပေးလိုက်ပါတယ်။
"အမကျန်းကျန်းမာမာနေနိုင်ပါစေလို့"

မချစ်ရ

Saturday, June 27, 2009

အမေ့မွေးနေ့အတွက်

Birthday Cake Pictures, Images and Photos

ဒီနေ့ဟာကျွန်မအမေရဲ့အသက်၇၀ပြည့်မွေးနေ့ဖြစ်ပါတယ်
မွေးနေ့ဆိုပေမယ့်အမေကဘာမှမွေးနေ့ပွဲရယ်လို့တော့မလုပ်ပါဘူးအလှူသွားလှူပါတယ် မနက်စောစောအမေနဲ့အမတို့အလှူသွားလှူကြတယ်
ကျွန်မကတော့မနက်စောစောဆိုမနိုးတတ်လို့အမေကလည်းမခေါ်ပါဘူး
ထုံးစံအတိုင်းအိပ်ပြီးကျန်နေခဲ့တယ်ပြီးတော့လည်း
နေ့လည်ကိုကျွန်မကမင်္ဂလာဆောင်သွားစရာရှိသေးတော့မလိုက်တော့ပဲနဲ့ကျန်ခဲ့တယ်လေ ဒါပေမယ့်အမေ့ကိုတော့မနေ့ထဲကမွေးနေ့လှူဖို့ငွေကိုမွေးနေ့လက်ဆောင်အဖြစ်ပေးလိုက်ပြီးပါပြီ
ညဘက်မုန့်သွားစားမယ်ဆိုပြန်တော့လည်းအမေကသူသိပ်နေမကောင်းတာကြောင့်ပျက်ခဲ့ရပြန်တယ်
ဘာမှတော့ထွေထွေထူးထူးမလုပ်ဖြစ်ကြပါဘူးအမေကအိမ်ကလူတွေစားချင်တာဝယ်ကြွေးတယ်
ကျွန်မကတော့ဒံပေါက်စားတယ်ကျန်တဲ့လူတွေကကြေးအိုးသောက်ကြတယ်လေ အမေအသက်ဒီထက်ပိုရှည်ပြီးကောင်းမွန်စွာနေထိုင်နိုင်ဖို့ဆုတောင်းလိုက်ပါတယ်
ကျွန်မအမေရဲ့မွေးနေ့ကိုသိနေတဲ့သူတစ်ယောက်ကမေးလ်ထဲကိုဒီကဗျာလေးအမေ့အတွက်ပေးပို့ထားပါတယ်

Jasmine's Birthday Cake Pictures, Images and Photos



Birthday Wish

It’s your birthday time again
It’s true.,there’s no denying
Another year has come and gone
You know that I’m not lying.
So for you, the birthday person,
Here’s what I want to say:
I hope this birthday’s the best one yet,
In every delightful way.
So happy birthday to you.
Have lots of birthday fun!
May your birthday wishes all come true,
Even if you have a ton.....

မချစ်ရ

Saturday, January 31, 2009

"အမ..အတွက် မွေးနေ့ဆုတောင်း"































မိုးဆန်းပန်းလို
ထာဝရလန်းဆန်းပြီး
တုနှိုင်းမ၀ ရှု့တိုင်းလှလို့
မိဘနှင့် ဆရာ အပေါ်ဝယ်
ယဉ်ကျေးလိမ္မာပြီး
ကျေးဇူးဆပ်နိုင်သော
သမီးကောင်း တစ်ယောက်အဖြစ်
လူ့သက်တမ်းရှိနေသရွှေ့
ပျော်ရွှင်ချမ်းမြေ့သော
ဘ၀တွေကို ပိုင်ဆိုင်နိုင်ပါစေ...

ဟန်လေး....





မွေးနေ့လက်ဆောင်တွေ အများကြီးပေးထားတယ်နော်...:P

Tuesday, January 20, 2009

Happy Birthday to you



HAPPY BIRTHDAY TO YOU
မချစ်ရ ...
ဒီလမှာကျရောက်သော ပျော်ရွှင်ဖွယ်မွေးနေ့ မင်္ဂလာရက်မြတ်လေးမှ စတည်ြပီး
နောင် နှစ်ပေါင်းများစွာ .ပျော်ရွှင်မှု၊အေးချမ်းမှုတွေနဲ့ အတူု ဘ၀ကို တိုးတက်တည်ဆောက်နိုင်ပါစေ မိဘအပေါ်ကျေးဇူးသိတတ်သော ..မိဘအတွက် ဂုဏ်ယူရသော သမီးကောင်းရတနာလေးဖြစ်ပါစေ အေးချမ်းသောမိသားစု ဘ၀လေးကို လဲပိုင်ဆိုင်ပါစေ...
ညခင်းရဲ့လမင်း
ကို အထူး ကျေးဇူးတင်ရှိပါတယ်..



Friday, January 9, 2009

"ချစ်သော ညီမငယ် "ငယ်လေး"အတွက်မွေးနေ့ဆုတောင်း"



မွေးနေ့မှသည်

နှစ်များစွာတိုင်

လိုအင်ဟူသမျှ

ပြည့်ဝပါစေ ……

သောကဟူသမျှ

ကင်းဝေးပါစေ …

ဆန္ဒ ဘဝ

ထပ်တူကျစေ …

မိဘသိတတ်

စိတ်ထားမြတ်သည့်

သမီးထူးလေးဖြစ်ပါစေ …

အများအကျိုး

နိုင်သလောက်ပိုး

လူတော်မလေးဖြစ်ပါစေ …


ကြယ်ပြာ

မအိရေကျေးဇူးပဲနော်

Tuesday, January 6, 2009

မွေးနေ့အတွက် ဆုတောင်း




နှစ်ဦးလရဲ့ နောက်ဆုံးတရက်
ပျော်ရွှင်စရာ ဒီမွေးနေ့ ရက်
စဉ်ဆက်မပျက် သံသရာအတွက်သာ မြတ်ဗုဒ္ဓာအား
ပူဇော်ကြည်ညို ကုသိုလ်ယူကာ
လိမ်မာရေးခြား ညီမငယ် အား
မွေးနေ့ ဆုမွန် တောင်းပြုလို၏
ဘေးဘယာဝေးကွာ ကျန်းမာစွာဖြင့်
သက်တော်ရာကျော် ရှည်စေကြောင်းနှင့်
ချမ်းမြေ့ ရွှင်လန်း ပါစေကြောင်း

ချစ်တဲ့  အမ kikie
အမရေကျေးဇူးပါ နော်

Sunday, January 4, 2009

ဆုတောင်း


တစ်နှစ်ကူးတဲ့ ...

မွေးနေ့ထူးမှာ ...

ကြည်နူးပျော်ပါး ...

သာယာမှုများ ...

ပြည့်စုံနိုင်စေ ...

တောင်းဆုချွေသည် ...။


အကိုဝင်းဇော်


ပေးပို့သူအားအထူးကျေးဇူးတင်ပါသည်။

မွေးနေ့အမှတ်တရ


နှစ်သစ်လေး တခုရဲ့ အစပြုသောလလေးမှာ

ပျော်ရွှင်ဖွယ် အတိနဲ့ ဖြစ်တည်ခြင်းများ စခဲ့သူ
ချစ်သော မိသားစု၊ ချစ်သူ နဲ့
ထာဝရ အတူပျော်ရွှင်စွာ နေနိုင်ပါစေကြောင်း


အကောင်းအဆိုး ဒွန်တွဲကြုံလို့
ရဲရဲရင်ဆိုင် ဖြေရှင်းနိုင်စေ
ချစ်ခင်သူများ အပြုံးများနှင့်ပျော်ရွှင်ပါစေ


ပူလောင်မူကင်းတဲ့
အလင်းပေးတဲ့ ဖိုးလမင်းလို
အများအပေါ် အေးမြတဲ့ အလင်းရောင်များ
ထာဝစဉ် ပေးနိုင်ပါစေ.....


တောင်ပေါ်သား

မွေးနေ့အမှတ်တရပေးပို့သူအားကျေးဇူးအထူးတင်ပါတယ်။