CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Monday, December 14, 2009

ငါ၏စိတ်စေရာ

မင်းဘ၀နဲ့ငါ့ဘ၀အကြား
ခြားနားချက်တွေကအများသားပဲ
ငါ၏စိတ်စေရာကိုအလိုလိုက်
အကြိုက်ဆောင်ပြီး
ဒီခြားနားချက်တွေကိုဂရုမမူ
မင်းနဲ့ဆက်နွယ်ခဲ့တဲ့
ငါ့ရဲ့အပြုအမူတွေကမှားနေသလား
စဉ်းစားသုံးသပ်ခဲ့ပေမယ့်
မှားလည်းမှားပါစေတော့ဆိုပြီး
ရှေ့ဆက်တိုးလို့ကျေနပ်နေခဲ့တယ်
ပြန်လည်စမ်းစစ်လိုက်တော့
ဒီအမှားဟာ

မှားပြီးရင်းထပ်မှားနေတဲ့
အမှားများဖြစ်နေတာကို
နောက်ကျမှသိလိုက်ရတော့တယ်

မချစ်ရ

5 comments:

ကောင်လေးငယ် said...

စိတ်ထဲမှာရှိတဲ့ အမှားကို မှားမှန်းသိရဲ့သားနဲ့လုပ်လိုက်ရတာလည်း တစ်မျိုးတော့ကောင်းတာပဲ..ဒါပေမယ့်..နောင်တ မရကြေးပေါ့ မမရ... မှားမှန်းသိရင်တော့ အမှန်ရိှတယ်လေ... မှားမှန်းမသိရင်သာ အမှန်ကို ရှာဖို့ခက်တာပါ... သိသိကြီးနဲ့မှားပြီး..မှန်အောင်ဆုံးဖြတ်နိုင်ပါစေ.....

Nge Naing said...

ညီမလေးရေ ဘာတွေ အဆင်မပြေ ဖြစ်နေလဲ။ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပြီး အဆင်ပြေ ပျော်ရွှင်ပါစေ။

ဂျေဂျူဝိုင် said...

အချစ်နဲ့ ပတ်သက်လာရင် အမှားဟာ အမှားနဲ့ မတူဘူး။ ခါးလည်းမခါးဘူး



ဗဟုသုတများချင်ယောင်ဆောင်ခြင်း” သိပ်မှန်တာပေါ့။ ဒီလို မချစ်ရရဲ့။ cbox ဖြုတ်ထားပြီဆိုတော့ကာ comment ပေးခွင့်ကို everyone ကိုရွေးထားပေးပါလားခင်ဗျာ။ google account ထဲ မ၀င်ချင်တဲ့လူလည်း ကွန်းမင့်န်လေး ဘာလေး ချန်လို့ ရအောင်ပေါ့။

may kyaw said...

ခက်တယ် တစ်ခါတစ်လေ အဲလိုပဲ မှားမှန်း သိသိနဲ့ ရှေ့ဆက်တိုးကြတယ်....
ဒါပေမယ့် မလွန်ခင် ပြင်နိုင်မှ ဖြစ်မယ်နော်အမ... မဟုတ်ရင် ....

ဂျေဂျူဝိုင် said...

အော် ဘာမှ မရေးဘဲနဲ့ ၀င်လိုက်တော့ မှားနေတယ်တဲ့။

ဘာပဲဖြစ်ဖြစ် စာတော့ ရေးပါဗျ။ စာရေးတတ်သူတွေ စာမရေးတော့ မရေးတတ်သူတွေ ရေးတဲ့အခါ ကိုယ့်နိုင်ငံ ကိုယ့်စာပေ ထိခိုက်နစ်နာရပါတယ်