CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Friday, July 31, 2009

လိုအပ်ချက်

lamp Pictures, Images and Photos

.............ချစ်သူက.........
တရုတ်ဓါတ်မီးထဲကမီးသီးလေးဆို
...........ကိုယ်က..........
မင်းအလင်းရောင်ပေါက်အောင်
တိတ်တိတ်ကလေး
ထွန်းမြှောက်ပေးမယ့်
ဘ၀ဓါတ်ခဲခြောက်ပါ
တောက်လျှောက်ကြီးတော့
အလင်းမဆီးလိုက်နဲ့ကွယ်
မီးမလာရင်ကိုယ်လည်း
ချာဂျင်မ၀င်ပဲဗို့အားကျ။
.....................အ။

ကောင်လေးငယ်

"သြော် ငါ့ဘ၀နှယ်"

ငါ့ကိုယ်ငါ
အမွှေးတိုင်လုပ်မိလို့
ပြာတွေကလည်း တဖုတ်ဖုတ်.....
ရိုးတံလေးက ငုတ်တုတ်....
အဲဒါလေး ကျန်ခဲ့တာကိုပဲ
( ချစ်သူက...)
သွားကြားထိုးတံ...
လုပ်သွားသေးတယ်။

ကောင်လေးငယ်

Thursday, July 30, 2009

"စဉ်းစာကြပါဦးဗျာ"

Anime Pictures, Images and Photos

ကျွန်တော်အသက်က၂၀ပြည့်ပြီးပါပြီ
ဒီအရွယ်ကစိတ်ကစားတတ်တဲ့အရွယ်တော့မဟုတ်လောက်တော့ပါဘူးဗျာနော်.....
ပြီးတော့ကျွန်တော်ကကိုယ်ဝါသနာပါတဲ့အလုပ်ကိုစပြီးလုပ်နေပြီလေဗျာ လုပ်ငန်းထဲကိုရောက်နေပြီဆိုပါတော့အဲဒါတွေကအဓိကမဟုတ်ပါဘူး
ဟဲဟဲ...စကားပုလ္လင်ခံနေတာဗျကျွန်တော်ပြောချင်တာကတော့လူတစ်ယောက်ကို ချစ်မိနေပြီဆိုတာကိုဗျဘယ်လိုချစ်သလဲလို့တော့
မေးမနေတော့ဗျို့ (မမေးလဲ ပြောမှာပဲ..ဟဲဟဲ)
သူနဲ့အချိန်တိုင်းတွေ့နေချင်တယ်စကားတွေအများကြီးပြောချင်နေတယ်
ပြီးတော့သူ့ကိုကျွန်တော်ပဲချစ်နေချင်တာသူ့ဆီကဘာမှပြန်မလိုချင်ဘူး
သူစိတ်ရှုပ်သွားမှာကြောက်တယ်ပြီးတော့ကျွန်တော့်ကိုပြန်ချစ်ပါလို့လဲ
မပြောရဲဘူးဗျ... ဘာလို့လဲဆိုတော့အလှမ်းကဝေးလွန်းတယ်
ကျွန်တော်တို့ကသာမန်လူတန်းစားလေဒါပေမယ့်တစ်ဦးတည်းသောသားပါ။
အဲဒါကြောင့်သူ့ကိုကျွန်တော်ချစ်တဲ့အချစ်ကပိုပြီးလေးနက်တယ်..ထင်ပါ့....
ဘာလို့လဲဆိုတော့သူ့ကိုအစ်မတစ်ယောက်လိုလဲချစ်တယ်
ချစ်သူတစ်ယောက်လိုလဲသိပ်ချစ်တာဗျ....
အမှန်တိုင်းဝန်ခံရရင်လူဆိုတာကိုယ့်ကိုကိုယ်ပိုချစ်ကျတာမဟုတ်လားဗျာ
ဒါပေမယ့်ချစ်တာချင်းကမတူဘူးဗျသူ့ကိုကျွန်တော်ကချစ်တာသက်သက်ပဲ
ဘာမှမပါဘူးအဲဒါကျွန်တော်ဘယ်လိုလုပ်ရမလဲ?
ကြုံတွေ့ခဲ့ဖူးရင်ကိုယ်ချင်းစာပြီးအကြံဥာဏ်လေးများလည်းပေးကြပါဦးနော်...

ကောင်လေးငယ်

Wednesday, July 29, 2009

တကယ်တော့

anime girl Pictures, Images and Photos

တကယ်တော့....
ဘာမှခံစားချက်မရှိတော့တဲ့
ရင်ခွင်ကိုပိုက်ပြီးနေနေရတယ်ဆိုရင်
မင်းယုံတယ်မဟုတ်လား
ခံစားနေရပါတယ်ဆိုရင်မယုံနိုင်မယ့်
မင်းအတွက်ငါ့မှာလည်း
ပြောစရာစကားမရှိတော့ပြီမို့
မင်းထင်သလိုပဲမခံစားရအောင်
ကြိတ်မှိတ်လုပ်ယူလို့
ကျင့်သားတောင်တော်တော်
ရနေပါပြီလေ....
ငါ..ကိုယ်တိုင်လည်း
လုပ်ယူနေရတဲ့ဘ၀ကို
တကယ်ငြီးငွေ့နေပါပြီ

မချစ်ရ

Tuesday, July 28, 2009

"သားအလိမ္မာ"

သူငယ်ချင်းအပေါင်း ရောင်းရင်းများကို

စုကာစည်းရုံး တရုန်းရုန်းနှင့်

ရတနာပုံကျောင်း

နေ့စဉ်ရောက်သော်

ထန်းပင်ခြေရင်း

ဝိုင်းဖွဲ့ကာဟစ်မူးလိုက်ပုံများ

အိမ်ကအမေ..မြင်ရပါသော်

နှလုံးလေဟပ် ရပ်လတ္တံ့။


ကောင်လေးငယ်

Monday, July 27, 2009

ရမလားလို့

ကျွန်မနဲ့လူ၁ယောက်အွန်လိုင်းမှာသိခဲ့ကြတယ်။
သူနဲ့သိတာသိပ်မကြာသေးခင်မှာပဲသူကကျွန်မကိုဘယ်လိုစိတ်ဝင်စားကြောင်း၊
ကျွန်မအကြောင်းတွေကိုစုံစမ်းခဲ့ရကြောင်း၊
သူ့ရင်ထဲမှာကျွန်မကရှိနေပါတယ်ဆိုတဲ့အကြောင်းတွေကိုပြောပြခဲ့တယ်။
သူနဲ့ကျွန်မကအကောင့်ဒါရိုက်အပ်ပြီးသိခဲ့ကြတာမဟုတ်ပါဘူး။
ဒါနဲ့သူကစောစီးလျှင်မြန်စွာပဲကျွန်မသဘောထားကိုမေးလာပါတယ်။
ဒါပေမယ့်သူကချစ်တယ်ဆိုတာတစ်လုံးမှပြောမသွားပဲနဲ့
သူနဲ့အတူနေရင်စီစဉ်ထားတဲ့အတိုင်းတာထိကိုပြောချလာတော့တယ်။
ကျွန်မသူ့ကိုပြောလိုက်တယ်လေချစ်တယ်တောင်မပြောပဲ
အဆင့်တွေကျော်တက်လာတာဘာလဲလို့
ကျွန်မသိတာကတော့တကယ်တမ်းဆိုရင်ချစ်တယ်
အရင်ပြောကြတာပဲမဟုတ်လား။
သူ့ရဲ့မူမမှန်ချက်တွေပေါ့ဒါနဲ့သူကပြောပြခဲ့တယ်
ချစ်တယ်ပြောရအောင်ကလေးတွေလည်းမဟုတ်ဘူး
သူ့ရင်ထဲမှာရှိနေတယ်လေတဲ့
သြော်..ဒါနဲ့သူ့ပါးစပ်ကပဲပြောလိုက်ပါသေးတယ်
အရင်ကသူမြန်မာပြည်ပြန်ရောက်ရင်မိန်းမယူဖို့ကို
အွန်လိုင်းမှာရှာခိုင်းထားတယ်ဆိုပဲ(ဟားဟ)သိပ်မကြာလိုက်ပါဘူး
ကျွန်မသူ့အကြောင်းကိုကောင်းကောင်းသိသွားလို့ပြောလိုက်ပါတယ်
"မိန်းမလိုချင်ရင်မြန်မာပြည်ပြန်လာရင်နိုင်ငံခြားကကောင်ဆို
အထင်ကြီးပြီးယူမယ့်မိန်းမတွေတပုံကြီးရှိတယ်
သွားယူကျွန်မကတော့အဲဒီထဲမှာမပါဘူး
ကျွန်မကိုလိုချင်လို့အမေကိုလာကပ်တဲ့လူမျိုးတောင်
အထင်ကြီးပြီးယူမယ့်မိန်းမမဟုတ်ဘူး
ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်တတ်တဲ့ဥာဏ်မရှိဦးနှောက်မရှိတဲ့လူကို
ဘာယုံကြည်ချက်ထားရဦးမှာလဲ"လို့ပြောလိုက်ပါတယ်။
ဒါနဲ့ပဲသူကကျွန်မထံမေးလ်ပို့လာပါတယ်။
သူကအွန်လိုင်းမှာအာချောင်နေတဲ့ကောင်တွေလိုမဟုတ်ဘူး။
ကျွန်မကဒီပုံစံနဲ့ဆိုမိဘချမ်းသာလို့သာလူဖြစ်မယ်။
ကိုယ့်ဟာကိုယ်ဆိုဘာမှဖြစ်လာမှာမဟုတ်ဘူးတဲ့လေ..
အမှန်တကယ်ဆိုကျွန်မအကြောင်းတွေကိုသူစုံစမ်းပြီးမှ
ှကျွန်မအနားကိုကပ်တဲ့ကောင်လေသူကခုလိုပြောတဲ့အတွက်
သူ့ကိုယ်တိုင်သူပြန်ပြောလိုက်သလိုပါပဲ
ကျွန်မကိုအွန်လိုင်းမှာချစ်တယ်ပြောတဲ့သူတွေက
သူ့လိုအာချောင်တဲ့ကောင်တစ်ယောက်မှမပါဘူးဆိုတာလဲ
သူစုံစမ်းပြီးလို့သိပြီးသားမို့ပြောစရာမလိုတော့ပါဘူး
ကျွန်မသူ့ကိုနောက်ဆုံးစာပို့လိုက်တော့တယ်
ကျွန်မကမိဘလုပ်စာအလကားထိုင်စားနေတဲ့လူတစ်ယောက်မဟုတ်ဘူးလို့(ဒါကတော့သူမသိပဲရမ်းစွပ်စွဲပြောလိုက်တာပါ)
ပြီးတော့ကျွန်မကဒီလိုလူဆိုရင်ဘာလာအထင်ကြီးပြီး
ကြိုက်နေတာလဲလို့ရေးလိုက်ပါတယ်
ဘာမှလည်းထပ်ပြန်ပြီးရေးမနေနဲ့တော့ကျွန်မစကားကုန်ပြီလို့ရေးလိုက်ပါတယ်။
လူတစ်ယောက်ရဲ့စိတ်ဓာတ်ကိုကျွန်မသိသွားပြီလေ။
ကျွန်မမိဘကိုကျွန်မတတ်နိုင်သလောက်ကူညီတယ်။
ကျန်တာတွေကျွန်မကြိုးစားမှုနဲ့ကျွန်မရပ်တည်နေတာ
သူ့ပုံစံကကျွန်မကိုအပိုင်ပဲလို့တွက်ထားတာလေ
မရတော့ခံပျင်းပြီးသူ့ဇာတိရုပ်ပေါ်လာတာပေါ့
သူ့မှာညီမတစ်ယောက်ရှိတယ်လို့ပြောပါတယ်။
သူ့လိုမရလို့စော်ကားပြီးပြောတဲ့လူနဲ့သူ့ညီမလည်းတနေ့မှာ
တွေ့နိုင်ကောင်းတွေ့ပါလိမ့်မယ်။ကျွန်မကတော့မပူပါဘူး
ဝဋ်ကလည်တာဒါရိုက်ပဲလည်တယ်အင်ဒါရိုက်မလည်ဘူးလေ(ဟားဟ)
ဒါရိုက်တောင်ကိုယ်ပြန်ခံရရင်၂ဆတဲ့အရှင်ဆန္ဒာဓိကစာအုပ်မှာဖတ်ဖူးတာလေးပါ။
စာဖတ်သူမိန်းကလေးများလည်းဒီလိုလူမျိုးတွေကိုမတွေ့ရလေအောင်
.....သေချာစစ်ဆေးကြပါနော်.....

မချစ်ရ

Tuesday, July 21, 2009

"ခက်ပါတယ်"

ရွာက ပျိုကညာ

ကျောင်းရောက်လာမှ

ထမိန်အကွဲ ၊စကပ်ပြဲနှင့်

လမ်းလျှောက်ပုံများမိတော့မိသား

အမာရွက် ဖွဲဖွဲ အသားမည်းနှင့်

မဆီမလျှော်

ဝတ်ပုံများတော့ပြောရမှာက

ခက်တော့ခက်သား

ကောင်လေးငယ်

Monday, July 20, 2009

ငါ့ရဲ့နောက်ဆုံး(၂)

sad anime Pictures, Images and Photos

ရင်မခုန်တတ်တဲ့အချစ်နဲ့ငါ့ဘ၀မှာ
မင်းကြောင့်မသိမသာလေးရင်ခုန်တတ်လာခဲ့တယ်
မင်းနဲ့တွေ့တိုင်းငါ့စိတ်တွေနူးညံ့လာခဲ့မိတယ်
မင်းရဲ့စကားသံတွေကြားတိုင်းတိတ်တိတ်ပြုံးနေတတ်မိတယ်
မင်းနဲ့ငါလမ်းခွဲကြမယ်ဆိုတိုင်း
တစ်ယောက်ယောက်ကအလျှော့ပေးလို့ပြန်ငြိတွယ်တတ်ခဲ့တယ်
ငါစိတ်ဆိုးတိုင်းမချော့တတ်တဲ့မင်းက
စိတ်ပြေစေအောင်လုပ်ပေးတတ်တယ်
ငါမင်းကိုအရွဲ့တိုက်တိုင်းမင်းကသိသိနဲ့ပဲ
မသိချင်ယောင်ဆောင်ခွင့်လွှတ်ပေးခဲ့တယ်
မင်းရဲ့သီချင်းသံတွေကမင်းကျေနပ်တဲ့
ငါ့ရဲ့နောက်ပြောင်မှုတွေဖြစ်လာခဲ့တယ်
မင်းဂရုစိုက်တိုင်းဘုဂလန့်လုပ်တတ်တဲ့
ငါ့ကိုမင်းကစိတ်ရှည်ခဲ့တယ်
ဒါပေမယ့်လည်း........
ငါ့ရဲ့နာကျည်းမှုတွေကမင်းနဲ့အပြီးတိုင်
လမ်းခွဲစေဖို့ဖြစ်လာလိမ့်မယ်လို့
ငါ..ဘယ်တုန်းကမှထင်မထားခဲ့မိပါဘူး

မချစ်ရ

ငါ့ရဲ့နောက်ဆုံး(၁)

Anime Girl Pictures, Images and Photos

အရာအားလုံးဟာပျက်စီးဆုံးရှုံးသွားတော့
ငါ...နာကျည်းခဲ့ပြီပေါ့
မင်းအနားမှာငါနဲ့ပတ်သတ်တာ
ဘာမှမရှိစေချင်သလို
ငါ့ရဲ့ဝိညာဉ်တောင်မင်းအနားမှာ
ဖြတ်သန်းခွင့်ငါပေးတော့မှာမဟုတ်ဘူး
ငါရဲ့ကြိုးစားမှုနဲ့ရပ်တည်နေရတဲ့
ငါ့ဘ၀ကိုပျော်အောင်မင်းပဲလုပ်ပေးခဲ့တယ်
ခုတော့..မင်းပဲပြန်နှုတ်ယူသွားခဲ့တယ်
ရလာဒ်ထက်ဆုံးရှုံးမှုကပိုများနေလေတော့
ငါ..ရင်နာတယ်
ဘာကြောင့်လည်းဆိုတော့
ငါထင်မထားတဲ့မင်းဖြစ်နေတဲ့အတွက်ပဲ

မချစ်ရ

Sunday, July 19, 2009

အာဇာနည်နေ့ တို့မမေ့


လူတိုင်း၏စိတ်ထဲ တွင်ကျန်ရစ်စေသော
အမှတ်တရနေ့လေးတစ်နေ့ကို
လူတိုင်း၏ရင်ထဲတွင်မေ့မရနိုင် ပါတော့မည်

မချစ်ရ

Saturday, July 18, 2009

မျှော်စင်ကျွန်းဖျော်ဖြေပွဲ




Romance Kaber Vcd promotion ပွဲ ကိုမျှော်စင်ကျွန်း( မိုးလုံလေလုံ)မှာ

စနေနေ့ (၁၈)ရက် ၊ ညနေ(၄)နာရီမှာစီကားစွာကျင်းပဖြစ်ခဲ့ပါတယ်။

ပရိတ်သတ်များကလည်းအရမ်းအားပေးကြပါတယ်။


မချစ်ရ

Friday, July 17, 2009

မျှော်စင်ကျွန်းရဲ့ Promotion show


Romance kabar ဗွီစီဒီပရိုမိုးရှင်းပွဲကို ၁၈.၇.၀၉ (စနေနေ့)ညနေ ၄ နာရီ မှစ၍

ကန်တော်ကြီးမျှော်စင်ကျွန်းတွင်စတင်ရောင်းချ၍အခွေထဲမှပါဝင်သူများအပြင်

အဆိုတော်များမှအခမဲ့သီဆိုဖျော်ဖြေပေးသွားမှာဖြစ်ပါတယ်။

ပါဝင်သည့်အဆိုတော်များမှာ......

Lလွန်းဝါ၊ဟဲလေး၊နေမျိုး၊ဇင်မင်းခန့်၊နီတာ၊ထန်မ်ဘွိုင်း၊ဟိန်းသူရစံ၊နေအလင်း၊ဇူးမြတ်ထက်၊

COBRA၊ X-RAYS၊ SMOKE ၊Lဆိုင်းဇီ၊ ရတနာမိုင်၊ရှင်ရှင်၊ဂျင်မီလာ၊အားနှီးယာန်း

တို့အပြင်အခြားသူများပါ,ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

လာရောက်ကြည့်ရှုအားပေးနိုင်ပါတယ်..နော်။


မချစ်ရ

Thursday, July 16, 2009

လက်မထပ်မီနှင့်လက်ထပ်ပြီး


လက်မထပ်မီ……… (အပေါ်မှအောက်သို့ဖတ်ပါ)

သူ...... သိပ်ကောင်းတာပဲ ငါ့မျှော်လင့်တဲ့နေ့ရောက်လာခဲ့ပြီ
သူမ.... နင် နောင်တရမလား
သူ...... ဟာတစ်ခါမှအဲဒီလိုမစဉ်းစားမိဘူး
သူမ.... ငါ့ကို တကယ်ချစ်လား
သူ...... တကယ်ပေါ့
သူမ.... ငါ့အပေါ် သစ္စာဖောက်မှာလား
သူ...... အဲဒီလိုတစ်ခါမှမတွေးထားမိဘူး
သူမ.... ငါ့ကိုတစ်ခါလောက်နမ်းပါလား
သူ...... အင်း.တစ်ခါထက်ကိုမကဘူး
သူမ.... ယူပြီးရင်နင်ငါ့ကိုရိုက်မှာလား
သူ...... လုံးဝမဖြစ်နိုင်တာ
သူမ.... ငါနင့်ကိုယုံရမလား

လက်ထပ်ပြီး…………(အောက်မှအပေါ်သို့ပြန်ဖတ်ပါ)

မချစ်ရ

PS...ကြိုက်လို့အကိုတစ်ယောက် blog မှခွင့်တောင်းကူးထားခြင်းပါ။

Thursday, July 9, 2009

လတ်တလောပေါက်ကရအတွေးလေး(Tag)





လတ်တလောပေါက်ကရအတွေးလေးများဆိုတဲ့ခေါင်းစဉ်နဲ့ ညလေးဆုလာဒ် ကTagလာပြန်တော့
လတ်တလောမှာအရမ်းဖျားနေတာကြောင့်အတွေးတောင်မတွေးနိုင်အောင်ဖြစ်နေရတယ်
ဒါပေမယ့်ခုတော့အဖျားကျပြီဆိုတော့အတွေးတွေက၀င်လာပါပြီ ဘာလဲဆိုတော့အဖျားကျခါစလူတိုင်းရဲ့ထုံးစံအတိုင်းပါးစပ်ပျက်တော့
ဘာစားလို့စားချင်မှန်းမသိအောင်ကိုဖြစ်နေတယ်လေအစားအသောက်ကလည်းပျက်ထားတယ်
ခုနေကောင်းတော့လည်းကောင်းကောင်းမစားရသေးဘူးပြန်ဖျားမှာစိုးလို့လေ
အတွေးတွေကတော့အစားဆီပဲရောက်နေတယ်ဟော့ပေါ့သွားသောက်ရင်ကောင်းမလား
ဂဏန်းချက်နဲ့အကင်သွားစားရင်ကောင်းမလားပေါ့၊ဒီကြားထဲနေကောင်းပျောက်အောင်သာနေ၊
နေကောင်းရင်စားချင်တာလိုက်ကြွေးမယ်ဆိုတဲ့လူကလည်းရှိနေတော့ဘာစားရမလဲပဲတနေကုန်စဉ်းစားနေတာ
နောက်အတွေးတစ်ခုကတော့ဒီဇင်ဘာမှာဈေးဝယ်ထွက်ဖို့နဲ့
စိတ်အပန်းဖြေဖို့ခရီးသွားမယ်စိတ်ကူးတာပဲဖြစ်လာမလာတော့မသိသေးပါဘူး။အင်း....
ထူးထူးခြားခြားပေါက်ကရတွေးတာကတော့ယောင်္ကျားယူရင်ကောင်းမလားလို့ ဟီးး
ယောင်္ကျားကလည်းယူမယ်သာစဉ်းစားတာဘယ်သူမှန်းလဲမသိဘူး
ကိုယ်နဲ့မဖြစ်နိုင်တဲ့လူကိုယူရင်ဘာတွေဖြစ်မလဲတော့တွေးမိသားနောက်တော့
အတွေးဆုံးတော့လည်းမဖြစ်နိုင်ပါဘူးဆိုတဲ့အဖြေပဲရတာပါပဲ
လတ်တလောပေါက်ကရအတွေးတွေကတော့ဒီလောက်ပါပဲ
နေကောင်းတုန်းလေးရေးပေးလိုက်တယ်နော်
ဒီလောက်ဆိုတော်ရောပေါ့ကျန်တာနောက်မှတိုးတိုးလေးပြောပြမယ်နော် ဟိ

မချစ်ရ