CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Wednesday, December 16, 2009

စိတ်ချမ်းမြေ့စရာအလှူ



ဗုဒ္ဓဟူးနေ့တိုင်းနံက်ဆိုခုလိုဘုန်းကြီးတွေတန်းစီပြီးလမ်းထိပ်မှာဆွမ်းခံကြွလေ့ရှိတယ်
ဒါပေမယ့် အိမ်မှာဘယ်သူမှသိပ်လုပ်နိုင်တဲ့လူမရှိကြလို့တစ်ခါမှဆွမ်းဟင်း၊ထမင်း
မကပ်ဖူးဘူးလို့အမေကပြောပါတယ်။ဟိုဘက်ဘေးအိမ်ကအဖွားတစ်ယောက်ကတော့
ဗုဒ္ဓဟူးနံက်တိုင်းဆွမ်းထမင်းသွားကပ်လေ့ရှိတယ်။
ဒါနဲ့သူနဲ့စကားစပ်ဆက်မိရာကစိတ်ပါလာတာနဲ့
ဝက်သား၊အာလူး၁ပိဿာစီကိုဆွမ်းဟင်းကပ်ဖြစ်ခဲ့လိုက်ပါတယ်။
ပျော်လည်းပျော်ဖို့ကောင်းတယ်မနက်စောစောမထတတ်တဲ့
ကျွန်မကမနက်၎နာရီထဆွမ်းဟင်းလောင်းရတာပျော်ပြီး
အဲနေ့ကတအိမ်လုံးအတွက်နံက်စာဝယ်ကျွေးလိုက်တယ်လေ
နောက်လည်းထပ်ကပ်ဖို့အစီစဉ်ရှိသွားတာပေါ့.........



မချစ်ရ

11 comments:

Nge Naing said...

သာဓုပါ ညီမလေးရေ။ မနက်အစောကြီး ထတဲ့ အလေ့အကျင့် လုပ်တာလည်း ကောင်းပါတယ်။ ဘုန်းကြီးကို မကပ်တဲ့နေ့တွေမှာလည်း မနက်စောစောထပြီး ဘုရားဆီမီး ရေချမ်းကပ် အချိန်ရရင် ဆွမ်းတော်တင်တာပါ လုပ်ရင်လည်း တော်တော်လေး စိတ်ကြည်လင်လန်းဆန်းပြီး ကုသိုလ်ရပါတယ်။

Khyl said...

ညီမလေးရေ... သာဓု သုံးခါခေါ်ပါတယ်.... အ၇မ်းကုသိုလ်ရပါတယ်... အမတို့တော့ အဲလို ပီတီ မရနိုင်သေးဘူး... ညီမရဲ့ ကုသိုလ်ကိုပဲ.. အမျှယူမယ်နော်... တနေ့ကျရင်တော့ အဲလို ပီတိချမ်းသာ ရနိုင်ကောင်းပါရဲ့... ပြည်တွင်းမှာနေတုန်း လုပ်လို့ရတာလေးတွေက ပြန်စဉ်းစားကြည့်ရင်... တကယ် ဝမ်းမြောက်စရာတွေ အများကြီးပဲနော်...

မိုးစက်အိမ် said...

သာဓု သာဓု သာဓု ပါအစ်မရေ . . .

စည်သူ said...

ကောင်းတယ်ဟေ့ မချစ်ရရေ
သာဓုသာဓုပါဟေ.. စောစောထ များများလှူဟ အလှူကို နဲနဲလေး လာယူသွားတယ်..း)

ဂျေဂျူဝိုင် said...

သာဓုပါဗ်ာ။ ခုလို စိတ်လက်ချမ်းသာစွာ ဆက်လက်လှူဒါန်းနိုင်ပါစေ

ဂျေဂျူဝိုင် said...

သာဓုဗ်ာ။ စိတ်လက် အေးအေးချမ်းချမ်းနှင့် အခုလို အလှူမျိုးကို လှူဒါန်းရင်း သာသနာ့အကျိုး တိုင်းပြည်အကျိုး ဆထက်တန်ဖိုး သယ်ပိုးနိုင်ပါစေ

ကျောက်တာ said...

မချစ်ရ လာလည်ပြီဟေ့။ နောက် တစ်လလောက် အထိ အမြဲ ရောက်နေလိမ့်မယ်။အဲဒါ ကျော်ပြီးရင် မြန်မာပြည် ပြန်ရောက်တော့ မချစ်ရ ဆီ လာလည်လို့ မရတော့ ဘူးနော်

စည်သူ said...

မချစ်ရရေ..
ကွန်မန့်ပေးမဲ့နေရာလည်း မတွေ့ပါလား
ဘယ်မှာ နှိပ်ရမှာလည်း.. ဒီမှာကျရှိတယ်..

ကျွန်တော်ပါ ကူးသွားတယ်ဗျာ..
အရမ်းကို ကြိုက်တယ်.. အတွေးလေး အရမ်းကို ကောင်းတယ်ဗျာ..

လုပ်သွားတယ်နော်..း(
မန်းသူလို့ ပြောဘူးဗျာ..း-)

may kyaw said...

ရွှေစက်တော် ဘုရားပွဲမှာလည်း အဲလို မနက်အစောကြီးထပြီး ဘုန်းဘုန်းတွေကို ဆွမ်းကပ်ရတယ်.... ပျော်ဖို့ကောင်းသလို စိတ်လည်းကြည်နူးရတယ်... အမအလှုကိုလည်း သာဓု ခေါ်သွားပါတယ်..
ဒါနဲ့ အမ စကားမစပ် ဒီနှစ်ကုန်ရင် စာမရေးတော့ဘူး ဆို ဟုတ်လား....

Beauty Studio USA Branded Store said...

အာရုဏ်တန်းစီဆွမ်းအလှုလေး ကြည့်ညိုရင်း ကုသိုလ်ပွားသွားပါတယ်ဗျာ။
နောက်ပိုင်းရေးတာတွေမှာ ကော်မာန်မပါတော့ဘူးလားဗျာ။

ကိုရဲ said...

သာဓုပါတော သာဓုပါ သာဓုပါး)