CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday, May 31, 2009

မှားပါတယ်



မှားပါတယ်တကယ်ပဲအမကိကိဆိုတာလည်းရေးပေးပါရေးပေးပါနဲ့
လာလာအော်နေတယ်တကယ်ကိုဦးနှောက်ကလည်းမထွက်ဘူးသူ့လိုများ
စာတွေရေးတိုင်းထွက်တဲ့ဦးနှောက်များမှတ်နေလားမသိဘူး(ဟွန့်......)
ကောက်တဲ့သူကကောက်နဲ့ကောက်တာတောင်မသိလိုက်ဘူး(ဟိ....)
အဲလောက်ထိ.....သူ့အတွက်ကဗျာရေးမိတာမှားပါတယ်လို့တောင်
ပြန်အော်ရတော့မလိုဖြစ်နေပြီ
တော်ပြီအမလာမရစ်နဲ့တော့နော်ရေးပြီးပြီတော်တော်ရစ်တဲ့
အမရစ်..အဲဟုတ်ပါဘူး၊မှားလို့၊အမကိ..

သူက blog မရှိလို့သူ့အတွက်ရေးပေးပါလို့ပြောလို့
blog ရှိတဲ့သူတွေကိုယ်ဟာကိုယ်ရေးကြပါလား။

မချစ်ရ

Wednesday, May 27, 2009

သူ့အတွက်..ကဗျာ

+AnImE cOuPlE uNdEr tHe RaIn+ Pictures, Images and Photos

မိုးတွေကရွာ..ငါ့စိတ်တွေကရှုပ်ထွေးလွန်းနေတယ်
မိုးရေနဲ့အတူလျှောက်လှမ်းခဲ့ဘူးတဲ့
နေ့လေးတွေရဲ့နောက်မှာ...
ကြည်နူးခြင်းတ၀က်၊ပျော်မြူးခြင်းတ၀က်နဲ့
ဘာတွေဖြစ်ဦးမလဲလို့စဉ်းစားမိလိုက်တိုင်း
အဖြေမရခဲ့တဲ့ငါ့ကို..ချစ်လားလို့မေးနေသူရေ
ငါမင်းရဲ့ချစ်ခြင်းတွေကို...
တန်ဖိုးမထား၊မလေးစားတာမဟုတ်ခဲ့ပါဘူး
ငါကိုယ်တိုင်အဖြေထုတ်မရသေးတဲ့အချစ်ပုစ္ဆာကို
သူများကိုဆရာကြီးလုပ်ပြီးမှန်းဆမဖြေချင်ခဲ့တာပါ
တကယ်တော့..ငါဟာလည်း
လူသားထဲကလူတစ်ယောက်မို့
ခံစားတတ်သူပါ..........

မချစ်ရ

Saturday, May 23, 2009

ကျွန်မရဲ့အိမ်ကလေး



ကျွန်မ blog မရေးတာကြာပါပြီစာရေးစာဖတ်ရတဲ့အလုပ်ကိုကျွန်မအရမ်းပျင်းတာပါ။
ဒါပေမယ့် blog လေးဖွင့်ပြီးထဲကသူများ blogတွေမှာစာဝင်ဖတ်
ကိုယ့်blogမှာစာရေးနဲ့စာရေးစာဖတ်ကိုတော်တော်စိတ်ဝင်စားလာခဲ့တာပါ။
ကျွန်မအမ(အနမ်း)ကတော့စာရေးစာဖတ်ဝါသနာကြီးသူမို့
ကျွန်မကိုနည်းနည်းလောက်ဖြစ်ဖြစ်စာဖတ်ဖို့အမြဲပြောပါတယ်။
ကျွန်မစာမရေးဖြစ်တာကလည်းနေသိပ်မကောင်းတာကတစ်ကြောင်း၊
အလုပ်ရှုပ်နေတာကတစ်ကြောင်းမို့
ကျွန်မရဲ့blogလေးကိုပါခဏပိတ်ထားခဲ့ပါတယ်။
အခုတော့လည်းblogကိုအသစ်ပြန်ပြုပြင်ပြီးပြန်ဖွင့်ခဲ့တာပါ။

မချစ်ရ