CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Friday, October 30, 2009

ကျွန်မကြိုက်သောသရဲကား(invisible)

ဒီကားလေးကသရဲကားဆိုပေမယ့်ကြောက်စရာမကောင်းပဲသနားစရာဇာတ်လမ်းလေးပါ
နားလည်သလိုပြန်ထားပါတယ်။ ဇာတ်ကားနာမည်ကတော့ Invisible ပါ

Twilight Pictures, Images and Photos

ဆိုးသွမ်းသောလမ်းသရဲမလေးကျောင်းမှာဂျစ်ပစီယောင်္ကျားလေးအုပ်စုနဲ့
အခြားလူတွေကိုအနိုင်ကျင့်သောင်းကျန်းနေတာပေါ့
တနေ့တော့ကောင်လေးသူငယ်ချင်းကိုစော်ကားလိုက်လို့မင်းသားကောင်လေးက
ကောင်မလေးကိုပြန်ပြောရာမှာကောင်မလေးဒေါသပုန်ထပြီးကောင်လေးကို
ကျောင်းကန်တင်းမှာနပန်းလုံးလို့ကျောင်းအုပ်ကြီးထံရောက်အဆူခံရပါလေရော
ကောင်မလေးဘယ်လောက်ဆိုးသလဲဆိုတော့ဂျစ်ပစီကောင်တွေအုပ်စုလိုက်နဲ့
ညဘက်လျှောက်သွားရာကစိန်ဆိုင်တစ်ခုမှစိန်ဘားယက်ကိုတွေ့ပြီးလောဘတက်ကာ
မှန်ကိုခွဲပစ်လိုက်ပြီးလုယူထွက်ပြေးသွားတယ်။မှန်ကွဲတော့အလန်းထမြည်ပြီးရဲကားများ
တန်းစီလိုက်လာကြတယ်ကားမောင်းပေးတဲ့ကောင်ကသူနဲ့ကြိုက်နေတဲ့လူဆိုးပေါ့။
ဒီလူဆိုးကလည်းကောင်မလေးလုပ်ရပ်ကိုမျက်လုံးတွေပြူးပြီးနောက်တော့လွတ်ဖို့အတူတူ
ပြေးရာကလွတ်မြောက်ခဲ့ပါတယ်။မနက်မိုးလင်းတော့ကောင်မလေးလူဆိုးအိမ်မှကျောင်းသို့
သွားဖို့စောစောထွက်အသွားလူဆိုးကောင်မှမသွားနဲ့လို့ပြောရာမှာကောင်မလေး
ှဂရုမပြုဟန်လုပ်ပြပြီးထွက်သွားလို့ရဲစခန်းကိုအကြောင်းကြားလိုက်ရာကကောင်မလေး
ကိုရဲများလိုက်ဖမ်းလို့ကျောင်းမှာခွေးပြေးဝက်ပြေးပြေးခဲ့ရပါတယ်။

နောက်တော့မင်းသားကောင်လေးကိုမကျေနပ်ရာမှကောင်လေးရှိမယ့်နေရာကိုလိုက်လံရှာဖွေပြီး
မတွေ့တော့ကောင်လေးသူငယ်ချင်းကိုနှိပ်စက်ပြီးမေးမြန်းခဲ့ရာကောင်လေးရှိရာကို
သိရှိသွားတယ်။ကောင်မလေးသူငယ်ချင်းဆိုးသွမ်းတဲ့ကောင်တွေအုပ်စုလိုက်အားကိုးနဲ့
ကောင်လေးကိုအသေနှိပ်စက်ရိုက်နှက်လိုက်ရာကကောင်လေးသေသွားပါရော..

ကောင်လေးသေတော့သူလည်းသေစေလိုလို့လုပ်တာမဟုတ်ပဲဒေါသအလျှောက်
ဖြစ်သွားတာဆိုတော့လန့်ပြီးကျွင်းထဲကိုပစ်ချလိုက်ပါတော့တယ်...
ကျန်လူတွေကလည်းအလိုတူအလိုပါတွေဖြစ်တော့ရေငုံနှုတ်ပိတ်နေကြပြီး
လိုက်လုပ်ပေးရတော့တာပေါ့အဲဒီအထဲမှာကောင်လေးသူငယ်ချင်းလည်းပါပါတယ်
ကောင်လေးအမေကတော့သူ့သားပျောက်လို့ရဲစခန်းတွေတိုင်တယ်
ကောင်လေးကအနားမှာသူ့အမေကိုခေါ်နေတယ်ဒါပေမယ့်သူ့အမေမကြားပါ
ကောင်မလေးဆီသွားပြီးကြိမ်းမောင်းတယ်သူ့ကိုကောင်မလေးလဲမမြင်ပါဘူး

ဒီနောက်ကောင်မလေးသွားရာတကောက်ကောက်နောက်ကလိုက်တော့တာပါပဲ
ကောင်မလေးကအကြီးအကျယ်နောင်တရနေပါပြီ၊သူနဲ့ကြိုက်တဲ့လူဆိုးကိုလည်း
ဘယ်လိုလုပ်ရမလဲမေးတော့သူ့ကိုပဲဟိုကကြိမ်းမောင်းတာပေါ့
ရဲတွေကလိုက်စုံစမ်းနေတော့ကောင်မလေးထွက်ပြေးတိမ်းရှောင်နေရပါတယ်
ကောင်မလေးသွားရာနောက်တကောက်ကောက်လိုက်ပြီး
ကောင်လေးကတတွတ်တွတ်ပြောနေပါတယ်ကောင်မလေးမကြားပေမယ့်
သူ့ရဲ့စိတ်မှာကောင်လေးရှိနေတယ်ဆိုတာကိုသိသိလာပါတယ်

နောက်ဆုံးတော့ကောင်မလေးကောင်လေးကိုပစ်ချထားခဲ့တဲ့နေရာကိုပြန်သွားရှာပါတယ်
ကောင်လေးခန္ဒာကိုယ်ကိုမတွေ့တော့ပါဘူးကောင်လေးဝိညာဉ်ကလည်း
ကောင်မလေးနောက်တကောက်ကောက်လိုက်နေလို့
သူ့ခန္ဒာကိုယ်ဘယ်ပျောက်နေလည်းမသိပါဘူး။
သူ့ကိုယ်ထဲကိုပြန်ဝင်လိုက်ရင်အသက်ပြန်လည်ရှင်လာမယ်လို့
ကောင်မလေးရောကောင်လေးဝိညာဉ်ကပါယုံကြည်ထားတယ်လေ။

ကောင်မလေးကသူ့သူငယ်ချင်းလူဆိုးကောင်တွေဆီကိုသေနတ်ကိုင်သွားပြီးအတင်းကျပ်
မေးမြန်းခဲ့ပါတယ်ဒီနေရာမှာဘာလို့အဲလိုသွားလဲဆိုတော့ကောင်လေးကိုပစ်ချထားတဲ့နေရာ
ကောင်မလေးနဲ့ဒီလူတွေပဲသိလို့ပါ။နောက်ဆုံးတော့လူဆိုးကောင်ကပြောပါတယ်...
ကောင်လေးကသေနေပြီပဲသူ့ခန္ဒာကိုယ်ဘာလုပ်ဖို့လဲလို့ကောင်မလေးကသူမသေသေးတာ
သိတယ်ဆိုပြီးသေနတ်နဲ့ခြိမ်းခြောက်မေးရာကနောက်ဆုံးရေကာတာကြီးနားမှာပစ်ချထားတာ
သိလို့ကောင်မလေးရဲကိုဖုံးဆက်အကြောင်းကြားလိုက်ပါတယ်။
ကောင်မလေးသေနတ်နဲ့ခြိမ်းခြောက်မေးတဲ့လူဆိုးကကောင်မလေးရဲကိုဖုံးဆက်နေတုန်း
ကောင်မလေးကိုသေနတ်နဲ့ပစ်လို့ကောင်မလေးဒဏ်ရာရခဲ့တယ်...

ကောင်လေးရဲ့ခန္ဒာကိုယ်ကိုတော့ရဲများကရေကာတာပွင့်ချခါနီးလေးမှာကယ်လိုက်နိုင်တယ်
ရေကာတာပွင့်ကျရင်ကောင်လေးခန္ဒာကိုယ်ကမျောပါသွားတော့မှာမို့ဆုံးရှုံးရတော့မှာပါ
ကောင်လေးကိုဆေးရုံတင်ပြီးကောင်လေးအမေကိုအကြောင်းကြားတယ်။
ကောင်မလေးကညဘက်မှာကောင်လေးအမေဆီလာပြီးကောင်လေးနဲ့တွေ့ဖို့ခွင့်တောင်းပါတယ်
ကောင်လေးအမေကဒီကောင်မလေးကြောင့်ဖြစ်တာသိပြီးကောင်မလေးကိုဆဲဆိုပြီးတွေ့ခွင့်မပေးပါဘူး
ကောင်မလေးကကောင်လေးသူ့အနားမှာရှိနေတယ်လို့ဘယ်လိုပြောပြောမရခဲ့ပါဘူး
ကောင်လေးရဲ့ဝိညာဉ်ကကောင်မလေးနားကနေသူ့အမေကိုတောင်းပန်ပြောနေတယ်
နောက်ဆုံးတော့ကောင်လေးနဲ့သူ့အမေ၂ယောက်ထဲဖတ်တဲ့ကဗျာလေးရွတ်ပြလိုက်တော့
တွေ့ခွင့်ပေးလိုက်ပါတော့တယ်။ကောင်မလေးကကောင်လေးကုတင်ပေါ်တက်ပြီးသေနတ်ဒဏ်ရာနဲ့
ကောင်လေးသူ့အနားမှာရှိတာကိုသူသိနေကြောင်းနဲ့ကောင်လေးကိုသူ့အမှားအတွက
တောင်းပန်ပြောဆိုပြီးသေသွားပါတော့တယ်။ကောင်မလေးသေသွားပြီးမှကောင်လေးပြန်လည်
သတိရလာပါတော့တယ်။ကောင်မလေးကတော့သေသွားပါပြီကောင်လေးကအသက်ပြန်ရှင်လာခဲ့ပါတယ်
ကောင်လေးကလည်းကောင်မလေးသူ့အတွက်ကြိုးစားပြီးသေသွားခဲ့တယ်ဆိုတာကိုအားလုံးသိနေပါတယ်

(ဒီကားလေးကိုကြိုက်တာသရဲခြောက်နေတာမဟုတ်ပဲကောင်လေးက၀ိညာဉ်နဲ့ဘ၀မှာ
ကောင်မလေးကလူသား၊ကောင်လေးကလူပြန်ဖြစ်တော့ကောင်မလေးကသေသွားခဲ့ပြီလေ)


အဲဒီဇာတ်လမ်းလေးကအရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်၊
အတိုချုံးပဲသိသလောက်ရေးပြထားတဲ့အတွက်သိပ်ပီပြင်မှာမဟုတ်ပါဘူးနော်...

မချစ်ရ

11 comments:

ဆောင်းနှင်းဝေ said...

ဟယ်....မင်းသားလေးအတွက်စိတ်မကောင်းလိုက်တာနော်...ကျွတ်
ကျွတ်....ဂျွတ်...ဂျွတ်.....သရဲဆိုကြောက်....ဟီး

စည်သူ said...

အောင်မယ်လေးဟ.. သရဲ..သရဲ...

မနက်စောစောစီးစီး သရဲနဲ့ လာတိုးတယ်..

အောင်မယ်လေးးးးးး ပြေးပြီ ((((((((((((((((ဟေ့))))))))))))))))))

Khyl said...

ဟယ်.... ဖတ်လို့တကယ်ကောင်းတယ်.... အဲဒီကား ကြည့်ဦးမယ်..... တိုင်းကျူးညီမလေး..

တောင်ပေါ်သား said...

အင်း ဖြစ်ရမယ် ပြောင်းပြန် လမ်းသရဲက မင်းသမီးး)
နောက်ဆုံးတော့လဲ သူလုပ်တဲ့အမှား သူပြန်ခံရတယ်လို့ပဲ မှတ်လိုက်ပါတယ်။ ကောင်လေးက ပြန်ရှင်တယ်ဆိုတော့ ကောင်းတာပေါ့ သူက အမှားမှ မလုပ်တား)


လေးစားလျက်
တောင်ပေါ်သား

စိမ်း... said...

ဟေ့အေး ကြောက်စရာမကောင်းလဲ ကြောက်တာပဲ သရဲဆို အသံကြားတာနဲ့ သတိကလစ်ချင်နေပြီ ဟင်း ဘာမှတ်လဲသတ္တိက အဲ့လိုကောင်းတာ..

သားကြီး said...

linkလေးပေးဦးလေဗျာ
youtubeကနေဖြစ်ဖြစ်ပေါ့
ကြည့်ချင်ဒယ်

မိုးစက်အိမ် said...

သရဲကားကလည်း အော့လိုင်းက ခိုးချက်တဲ့ ဟာကြီး :D :P

ကောင်လေးငယ် said...

ဘယ်လိုပြောရမလဲပေါ့နော်...ဟိုဟာပေါ့...အင်း
ဒီဟာပဲပေါ့လေ... ဟိုလိုမျိုးပေါ့..
ဘာပဲဖြစ်ဖြစ်ပါလေ..အင်းပေါ့..ဟိုကောင်မလေးနဲ့
ဟိုကောင်လေးရဲ့ ဟိုဇာတ်လမ်းလေးက ဟိုဒင်းပေါ့လေ
ဘာလိုပြောရမလဲ..အာာာ. ရှုပ်ကုန်ပါပြီကွာ..

သိင်္ဂါကျော် said...

ကောင်မလေးက အမှားလုပ်ပေမယ့် ပြန်ကယ်ပေးသားပဲဟာ .. ကောင်မလေးကို သေမပေးပဲ ဒဏ်ရာပဲရပြီး ပြန်ပေါင်းပေး ပြီးရော...

ညီညီ said...

ကြော်ငြာကောင်းတာနဲ့ ကြည့်ချင်စိတ်တောင်ဖြစ်လာပြီ။ လင့်လေးပေးပါဦးဗျ.။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

Nge Naing said...

ညီမလေးရေ လာဖတ်သွားပါတယ်။ သရဲကားတော့ ဘယ်တော့မှ မကြည့်ချင်ဘူး။