CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »
Showing posts with label ၀မ်းနည်းခြင်း. Show all posts
Showing posts with label ၀မ်းနည်းခြင်း. Show all posts

Sunday, August 16, 2009

အမှတ်ရစေမယ့်..ဆရာထူးအိမ်သင်













ဆရာဆုံးတာ၅နှစ်ပြည့်ဆိုလို့
သြော်.........
အချိန်တွေကလည်းမြန်လိုက်တာမနေ့တနေ့ကလိုပါပဲလား
ဆရာ့ဆီမှာသင်တန်းတက်စအချိန်ကိုသတိရမိသွားတယ်
ဆရာကဆူဆဲလွန်းလို့အားလုံးထဲမှာအငယ်ဆုံးဖြစ်တဲ့
ကျွန်မတော်တော်ကြောက်လန့်နေမိတယ်
ဒါပေမယ့်ဆရာကပါးစပ်ကသာဆဲဆိုနေတာစေတနာတကယ်ကောင်းပြီး
အနစ်နာတော်တော်ခံနိုင်တဲ့လူပါ။တခါမှလည်းဆရာ့ကိုမမုန်းဘူးစိတ်မတိုဘူးပါဘူး
သင်တန်းကိုလူတိုင်းအခမဲ့ပို့ချပေးခဲ့ပြီးသူ့အိမ်မှာပဲသင်တယ်လေ။
အဲဒီတုန်းကဆရာအိမ်ထောင်မကျသေးဘူးမှတ်မိသေးတယ်
သင်တန်းကသူဆက်မသင်နိုင်တော့လို့လည်းသူများသင်တန်းသွားသင်ဖို့
ပြောပြလမ်းညွှန်ခဲ့တယ်။နောက်ပိုင်းသင်တန်းတွေလည်းပြီးနှစ်တွေလည်း
တော်တော်ကြာလာတော့ဆရာကလေးတောင်ရနေပါပြီ။
ဆရာ့ကိုတော့ကျွန်မမှတ်မိတာပေါ့ဆရာကမမှတ်မိတော့ဘူးထင်ထားတာ
အံ့သြလောက်အောင်ဆရာ့ရဲ့မှတ်ဥာဏ်ကကောင်းနေပြန်ရော
ဆရာကပဲစခေါ်တာပဲလေနာမည်ကိုအစအဆုံးတောင်ခေါ်လိုက်သေးတယ်
မာနလည်းမရှိတာလူကြားထဲမှာဆရာကစခေါ်တာသာကြည့်ပါတော့
ဒီလောက်ပညာတွေတော်ပြီးအသံပါရမီရှင်ဆရာတစ်ယောက်ဆုံးသွားပြီဆိုတော့
တော်တော်လေးစိတ်မကောင်းဖြစ်မိပြန်ပါတယ်....
ဆရာမရှိတော့ပေမယ့်လည်း.............
ဒီနေ့ထိတိုင်ဆရာ့ရဲ့အသံကနားထဲမှာကြားယောင်နေတုန်းပါပဲ...

မချစ်ရ

Monday, January 26, 2009

ကြွေလွင့်သွားသောညီမလေး


ကျွန်မအခုတလောနေသိပ်မကောင်းပါဘူး။ဒါကြောင့်လဲစာမရေးဖြစ်ဘူးပေါ့။
ဘာကိုမှလည်းသိပ်မလုပ်ချင်ဖြစ်နေတယ်ကျွန်မညီမလေးလိုချစ်ခင်ရတဲ့
ညီမလေးမွန်မွန်ကျော်ဆုံးသွားလို့ပါပဲ။
သူမသေခင်ကကျွန်မနဲ့တစ်ခန်းတည်းတူတူအိပ်ဖြစ်ကြတယ်။
သူ့မွေးနေ့၁၆ရက်နေ့မှာကျွန်မမရောက်သေးလို့ဆိုပြီးတော့ရောက်နေပြီဖြစ်တဲ့
သူငယ်ချင်းတွေအမတွေအကုန်လုံးကိုမစားသေးပဲစောင့်ခိုင်းထားတယ်။
အဲလောက်ထိကျွန်မကိုချစ်တဲ့သူတစ်ယောက်ကအခုလိုရုတ်တရက်ြကီး
ခွဲခွာသွားတော့ကျွန်မဘယ်လိုမှမခံစားနိုင်လောက်အောင်ကိုဖြစ်နေရပါတယ်။
ကြားကြားချင်းနေ့ကကြောင်တောင်တောင်ဖြစ်သွားပြီးမယုံပါဘူး။
ဘာလို့လဲဆိုတော့သူဆေးရုံတက်တာခါတိုင်းလိုရိုးရိုးလိုပဲထင်နေခဲ့တာ။
သူဆုံးတဲ့နေ့ကကျွန်မသွားတဲ့နောက်ကိုသူအရမ်းလိုက်ချင်တဲ့နေ့ပေါ့
အဲဒီနေ့ကျရင်မမနောက်ကိုလိုက်မယ်လို့သူပြောထားတဲ့နေ့
သူ့ရက်လည်ပြီးတစ်ရက်ကကျွန်မမွေးနေ့တကယ်ကိုမခံစားနိုင်
လောက်အောင်ဖြစ်နေရပါတယ်။သူကကျွန်မမွေးနေ့ကိုသိပ်လာချင်တာလေ။
ကျွန်မကဆူရင်လည်းမမဆူတာကိုသူကြိုက်တယ်လို့တောင်
သူ့အမေကိုပျော်ပြီးပြောပြသေးတယ်တဲ့။ဒီနေ့သူ့အိမ်သွားတော့သူ့အမေလည်း
ကျွန်မကိုမြင်ရောငိုတော့တာပါပဲသူမသေခင်လေးကတောင်မှ
ဘုန်းကြီးဆွမ်းမှာလိုအပ်နေတဲ့တို့စရာကိုလှူခဲ့သေးတယ်onlineလဲဝင်ပြီး
အမတွေကိုနှုတ်ဆက်သွားသေးတယ်။ကြိုသိနေသလိုပါပဲ။
ကျွန်မလုပ်ပေးနိုင်တာကတော့သူ့အတွက်ကုသိုလ်ကောင်းမှု
တစ်ခုပဲရှိပါတော့တယ်။မသေခင်ကလည်းသူ့စိတ်ကြိုက်အကုန်လုပ်ပေး
လိုက်ရလို့ကျေနပ်လိုက်ပါတယ်။
ညီမလေးလည်းကောင်းမွန်ရာဘုံဘ၀မှာပျော်ရွှင်နိုင်ပါစေ...........

ကျွန်မတို့ညီအစ်မနှစ်ယောက်နဲ့အလယ်ကညီမလေးမွန်မွန်ကျော်ပုံ
အမှတ်တရလေးဖော်ပြထားပါတယ်။

မချစ်ရ

Tuesday, December 9, 2008

အောင်မြင်ခြင်းရဲ့နောက်ဆုံး






"ကလင် ကလင်" ဆိုသောအိမ်ကဖုံးသံကြားလျှင်

ကျွန်မကို"ဖုံးကိုင်လေသမီးဖုံးတွေချည်းပဲ"ဟုအမေမဆူခင်ဦးအောင်ကြိုကိုင်ရသည်။
ဒီနေ့ည၈နာရီလောက်ကဖုံးလာတော့ကျွန်မထိုင်နေတုန်း
အနားမှာရှိတဲ့ဖုံးကိုကောက်ကိုင်လိုက်တော့တောင်ကြီးကကျွန်မသူငယ်ချင်း
ဖြစ်နေတယ်လေသူကကျွန်မကိုအချိန်ပြည့်ဖုံးဆက်ပြီးလွမ်းတယ်လို့
ပြောနေတဲ့သူလေ။ကျွန်မကိုရီးစားလည်းမထားရဘူးတဲ့လေသူကြတော့
ယောင်္ကျားယူပြီးတော့သူကယောင်္ကျားရလို့ကလေး၁ယောက်တောင်ရနေပြီ
သူ့ကိုကျွန်မကအရူးမလို့ခေါ်တယ်သူ့ယောင်္ကျားနဲ့ကလေးကို
ကျွန်မလောက်မချစ်လို့လေ...ပြောရင်တော့ယုံမှာမဟုတ်ဘူး
သူကျွန်မကိုချစ်တာကရူးသွပ်ခြင်းလိုပဲကလေးကိုလဲသူ့အိမ်မှာမထားဘူး
ယောက္ခမအိမ်မှာထားပြီးသွားမကြည့်ဘူးကျွန်မကိုတော့အသံမကြားရရင်တောင်
သူသေသွားမလားပဲသူ့ယောင်္ကျားဆိုဝေးသေးရှိတယ်လို့တောင်မထင်
သူ့ယောကျာင်္းကလည်းသဘောကောင်းပေလို့ပေါ့မဟုတ်ရင်တော့
ကျွန်မအနေကျပ်လို့သေရချည်ရဲ့ကျွန်မအနားမှာရှိတဲ့သူတွေနဲ့သူ့အနားက
သူငယ်ချင်းတွေဆိုသူ့လိုလူကရှိမှာမဟုတ်ဘူးလို့ပြောကြတယ် ဟုတ်ပါတယ်သူကယောင်္ကျားနဲ့ကလေးရှိရက်နဲ့လုံးဝကြီးကိုဂရုမစိုက်ပဲ
ကျွန်မကိုပဲဂရုစိုက်လွန်နေတာကမကောင်းဘူးပေါ့ .....
ဒါပေမယ့်ခက်တာကကျွန်မလည်းသူ့ကိုပြောမရဘူးအဲဒီကိစ္စနဲ့ပတ်သတ်ပြီးတော့
အခုတော့သူ့ဖုံးဖြစ်နေတော့ကျွန်မအတွက်ကမထူးဆန်းပေါင်..
အဲထူးဆန်းတာကတော့သတင်းထူးပဲသူ့ဆီကသတိရလို့ဆက်တာ
လွမ်းလို့ဆက်တာဆိုတဲ့အသံပဲကြားနေရတဲ့..ကျွန်မအဖို့တော့
ဒီနေ့မှာကြားရတဲ့သီတင်းကိုတော်တော်အံ့အားသင့်သွားခဲ့တယ်
ထူးထူးခြားခြားကြားလိုက်ရတဲ့သီတင်းကတော့သူ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့
အဆိုတော်ကောင်မလေးနှင်းဧကရီဆုံးသွားပြီတဲ့ကျွန်မနဲ့နှင်းဧကရီကတော့

သိပ်မခင်ပါဘူးသူမိတ်ဆက်ပေးလို့သိတယ်ဆိုရုံလေးပါပဲ ဒါပေမယ့်ကျွန်မသူငယ်ချင်းတော်တော်များများနဲ့တော့ခင်ကြတယ်လေ
အဲဒီကောင်မလေးကအဆိုလောကမှာသိပ်အောင်မြင်ချင်ခဲ့တာ

သူ့အောင်မြင်မှုတွေအတွက်လည်းသူ့မှာအရမ်းကိုကြိုးစားခဲ့ရတယ်လေ
သူကအောင်မြင်ချင်တော့တောကြိုက်သီချင်းလည်းဆိုခဲ့တယ်
အခုခေတ်အကြိုက်လည်းဆိုတယ်စီးရီး၂ခွေထွက်ပြီးပြီလေအခုတော့သူလိုချင်တဲ့
အောင်မြင်မှုဆိုတာကိုရခါစလေးရှိသေးတယ်။သူ့မှာစွန့်လွှတ်လိုက်ရပြီ
ဦးနှောက်ထဲဌက်ဖျားပိုးဝင်လို့တဲ့။ဆေးရုံတက်နေတဲ့အချိန်တိုလေးအတွင်းမှာ
ဘာမှမသိတော့ပဲလျှောက်ပြေးနေခဲ့တယ်တဲ့သူမေးနေကြသိပ်မှန်တယ်ဆိုတဲ့
ဗေဒင်ကခန္ဒာပျက်ကိန်းကြုံတယ်တွေ့လို့သီလရှင်ဝတ်ခိုင်းတာ
သူဝတ်လိုက်သေးတယ်တဲ့ဒါပေမယ့်လည်း............
သေခြင်းတရားကတော့ရှောင်လွှဲလို့မရခဲ့ပါဘူး။

ကျွန်မရဲ့အကိုဝမ်းကွဲတစ်ယောက်ဆိုလည်းသူအရမ်းအောင်မြင်နေတဲ့အချိန်မှာမှ
သေဆုံးသွားခဲ့တယ်လေ။သူလိုချင်တဲ့အောင်မြင်မှုကိုရတော့ရပါရဲ့
ဒါပေမယ့်သူသိပ်ကြာကြာမခံစားနိုင်ခဲ့လိုက်ဘူးပေါ့။
ကိုးစားရတာတော့နှစ်ပေါင်းများစွာအရာရာကိုစတေးပြီးမှအောင်မြင်တဲ့အချိန်မှာ
သေခြင်းတရားနဲ့တွေ့ရင်ရောသေခြင်းတရားကိုရက်စက်တယ်လို့ပြောကြဦးမှာလား
အမှန်တော့လည်းကိုယ့်ကံကြမ္မာကိုကမခံစားထိုက်လို့ပါ။
လူတိုင်းကတော့အောင်မြင်မှုကိုမက်မောကြတာပဲ(ကျွန်မအပါအ၀င်ပေါ့) တကယ်တမ်းတော့ဒါတွေဟာတခဏသာခံစားခွင့်လေးပါပဲ၊
ကံတရားကမကောင်းရင်တော့ခံစားခွင့်တောင်ရလိုက်မှာမဟုတ်ဘူးလေ။

အောင်မြင်မှုနောက်ကိုအရမ်းလိုက်ပြီးကိုယ်ပိုင်လွတ်လပ်ခွင့်တွေဆုံးရှုံးရတဲ့
သူတွေဆိုရင်သူတို့ဘ၀ကအရမ်းကိုအောင်မြင်နေပေမယ့်သာမန်
လူလောက်တောင်ပျော်ရွှင်ဖွယ်ရာတွေရှိမှာမဟုတ်တော့ဘူး
ကျွန်မအကြိုက်ဆုံးကမ္ဘာကျော် pop အဆိုတော်Britney spears ဆိုရင်လည်း
သူ့ဘ၀ကအောင်မြင်မှုတွေကြားထဲမှာပိုးစိုးပက်စက်ရှုံးနိမ့်ခဲ့ရဖူးပါတယ်

အောင်မြင်မှုဆိုတာလူသားတိုင်းအတွက်တော့အလိုချင်ဆုံးအရာပါပဲ အောင်မြင်မှုဒဏ်မခံနိုင်လို့ပြိုလဲကြတဲ့သူတွေလည်းရှိတယ်
နောက်ဆုံးတော့လည်းဘယ်အချိန်သေမယ်မှန်းမသိတဲ့လူ့ဘ၀လေးရခိုက်မှာ
ပျော်ရွှင်ငြိမ်းချမ်းစွာနဲ့ကိုယ်ချစ်ရတဲ့သူနဲ့အဖြူစင်ဆုံးရိုးသားစွာ
လျှောက်လှမ်းနိုင်ဖို့ကအဓိကမကျဘူးလားလို့......................


မချစ်ရ