CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Wednesday, November 4, 2009

ကျွန်မကြိုက်သောဆောင်းနှင့်ကျွန်မကြောက်သောနေ

ဒီမနက်နိုးနိုးချင်းမှာပဲဆောင်းလေအေးအေးလေးတိုက်ခတ်တာခံလိုက်ရမှ
သြော်..ဆောင်းရောက်ပါပြီလားလို့သိတော့တယ်။ဘယ်လကဆောင်းတွင်းမှန်း
မသိအောင်ကိုပူနေလိုက်တာနွေ၊မိုး၊ဆောင်း ကလည်းပြက္ခဒိန်လတွေနဲ့
သတ်မှတ်လို့မရတော့လောက်အောင်ပဲမမှန်ဘူးဖြစ်နေတာလေ။ဒီနေ့တော့
ဆောင်းလေအေးအေးကြောင့်ဆောင်းဦးစ၀င်တာသေချာသွားပါပြီလို့
ဆောင်းရောက်တော့လည်းဆောင်းရာသီနဲ့အတူပေါက်တတ်ကလောက်အတွေးက
ဝင်လာပြန်တော့တယ်......

...............ကျွန်မကြိုက်သောဆောင်း...........

snowfall Pictures, Images and Photos
အခုလိုဆောင်းရောက်ပြီဆိုရင်တော့ကျွန်မအရမ်းကိုပျော်ပါတယ်
ဘာလို့လည်းဆိုတော့ဒီဆောင်းရာသီမှာပဲကျွန်မကိုမွေးခဲ့သလိုအေးချမ်းလှတဲ့
ဆောင်းရာသီကိုကျွန်မနှစ်သက်လို့ပါပဲ"ဆောင်းနှင်းဖွေးဖွေးလေး"တဲ့လေ
ဆောင်းရာသီအလှကိုတင်စားထားတာ၊ဆောင်းစ၀င်ပြီဆိုတာနဲ့အအေးဓါတ်လေး
လွှမ်းခြုံလို့ဆောင်းတွင်းကြီးရောက်ပြီဆိုရင်လည်းနှင်းစလေးတွေကိုမြင်တွေ့
နိုင်သလိုလူအေးချမ်းပြီးစိတ်လည်းအေးချမ်းလာပါတယ်....

...............ကျွန်မကြောက်သောနေ...................


Sun Pictures, Images and Photos


အဲ.....ဆောင်းရာသီကုန်လို့နွေရာသီရောက်ပြီဆိုရင်တော့ပူပြင်းလှတဲ့
နေရဲ့ဒဏ်ကိုမခံနိုင်တဲ့ကျွန်မကတော်တော်ကိုကြောက်ပါတယ်။
နေ..ဆိုတာကတော့ပူမှာပါပဲလေ။ဒါကိုတောင်နွေးတယ်လို့ထင်နေကြတာ
အမှန်ကတော့ဆောင်းအကုန်ကလက်ကျန်အအေးဓါတ်လေးကြောင့်
နွေးသယောင်ယောင်ဖြစ်နေတာပါ။နွေရာသီလုံးလုံးရောက်မှပဲအိုက်စပ်
ပူပြင်းပြီးနေစရာကိုမရှိလောက်အောင်ပါပဲပူလို့အပြင်ထွက်ရင်နေနဲ့
တိုက်ရိုက်ထိတွေ့လို့ပိုပူဒီကြားထဲအသားမဲသေး၊အိမ်ထဲမှာနေပြန်တော့လည်း
ပေါင်းအိုးထဲရောက်နေသလိုလို၊ဟော..မန္တလေးဆိုနှစ်တိုင်းပဲလူတွေနေပူလို့ဆို
ကျုံးထဲရေဆင်းချိုးလို့အေးမလားမှတ်တယ်သေကြရော...
နေ..သာကျွန်မတို့အနားနီးကပ်လာမယ်ဆိုရင်တော့မီးလိုလောင်ကျွမ်းပြီးပြာတောင်
ဖြစ်သွားနိုင်တယ်..ကဲကဲ..ဘာကောင်းတာရှိသေးလဲ...
တချို့မိုးကိုကြိုက်တယ်၊တချို့ဆောင်းကိုကြိုက်တယ်၊နွေကိုကြိုက်တာတော့
အသိထဲမှာတောင်မရှိဘူးနေပူတာကိုကြောက်လွန်းလို့ဆိုတဲ့လူတွေချည်းပဲနော်
နွေရာသီကြိုက်တယ်ဆိုတဲ့လူတချို့ကလည်းရုံး၊ကျောင်းပိတ်ရက်တွေရှိလို့ပါ။
နေပူတာကိုကြိုက်တာတော့မဟုတ်နိုင်ပါဘူးနော်....

ကျွန်မကတော့အေးချမ်းလှတဲ့ဆောင်းရာသီကိုပဲနှစ်သက်နေမိပါတော့တယ်
ဆောင်းတွင်းအိပ်မက်ကယောက်ကယက်ဆိုသလိုပေါ့၊
ဆောင်းတွင်းအတွေးလည်းအတူတူပါပဲနော်.........

PS..
..ဒီစာလေးနဲ့ ဆောင်းနှင်း နှင့် နေသူရိန် ကို စ,နောက်ထားပါတယ်
မချစ်ရဘယ်လိုပြောပြောစိတ်မဆိုးတတ်တဲ့လူတွေပေါ့

ရေးစရာမရှိလို့ဒီလူတွေကိုပဲရန်စတော့မယ်.....(ဟိ)
ကဲကဲ......ဆောင်းနှင်းကနေသူရိန်ကိုမုန့်ဝယ်ကြွေးလိုက်တော့...နော်

မချစ်ရ

12 comments:

kiki said...

လူတွေ ..လူတွေ ..ရတာမလို လိုတာမရ တဲ့ ။
နေပူတဲ့နေရာက လူတွေဟာ နေမကြိုက်ကြပေမဲ့
တနှစ်မှာ တလတောင် နေမရတဲ့ တိုင်းပြည်က လူတွေကျတော့လည်း နေရောင်ကို ကြိုက်ကြပြန်ရော .... အသားနေလောင်တဲ့ထိအောင် နေပူစာ
လှုံ ကြ ပါရောလား ။ သူတို့ ကို မေးကြည့်ပါ အုံး ၊ ဆောင်းတွင်းကြိုက်ရဲ့ လားလို့ လေ .. :))

စည်သူ said...

အင်း... ကြိုက်တယ်.. ဆောင်းကို ပြောတာနော်..
အတွေးမချော်နဲ့..

ဓါတ်ပုံထဲကလို နှင်းတွေကျနေတဲ့ နေရာကို သွားချင်သလိုပဲ..

ဘာမှမလုပ်ဘူး.. နှင်းခဲတွေစုပြီး.. ရေခဲဆုပ် လုပ်စားမလို့..းP

ပျော်ရွှင်ပါစေ
စည်သူ။

shwelannwelanwinkyi said...

ရွှေလမ်းငွေလမ်းဝင်းကြည်

ခင်မင်လေးစားစွာ စာဖတ်သွားပါတယ်။ သာသနာ၏ နေရာင်၊လရောင်အောက်မှာ နားခိုကြပါစို့ကွယ်..။

သိင်္ဂါကျော် said...

တို့လည်း ဆောင်းကို ကြိုက်တယ်..
နှင်းကျတဲ့ နေရာတွေကို နှင်းကျတဲ့ အချိန်မှာ သွားချင်တယ်...

ဆောင်းနှင်းဝေ said...

အားပါးပါး...မမချစ်ရကလုပ်ချလိုက်ပြန်ပြီးနေသူရိန်မုန့်
ဝယ်ကြွေးရမယ်..အမြဲလိုလိုဝယ်ကြွေးနေရတာပါနော်။ရှိသမျှလည်းလုံးပါးပါးနေပြီဗျို့။
အင်းပါဒီတစ်ခါကြွေလိုက်ပါမယ် မုန့်လက်သီး။။။။။
မကောင်းဘူးလား?မမချစ်ရလည်းမြည်း ကြည့်ပါလား။။။။။
စတာပါ....ဒါမျိုးတော့မလုပ်ရက်ပါ

နေသူရိန် said...

http://naythuyein.blogspot.com/
ညီမရေလာလည်ဖို့ဖိတ်ခေါ်ပါတယ်....ပျော်ရွှင်နိုင်ပါစေ
နေသူရိန်

ကျောက်တာ said...

မချစ်ရ ရေ လာဖတ်သွားတယ်နော် ..ကျနော်ကတော့ အညာသားဗျ။နွေနဲ့ ရင်းနှီးတယ် ..D:
နေရောင်ကို မကြိုက်လို့တော့ မဟုတ်ဘူး ..ကင်းလို့ကို မရတာလေ ..စာမေးပွဲ ကြီး နီးနေလို့ ဗျာ။အွန်လိုင်းပေါ် သိပ် မတက်ရဲဘူး နော် ။ရောက်ရင် မချစ်ရနေရာ လာမယ်ပေါ့ဗျာ။

နေသူရိန် said...

အားပေးမယ်ဆိုရင် thank you so much ပါ ညီမငယ်ရေ .... ပထမဦးဆုံးလာလည်သူမို့
ရန်မဖြစ်တော့ပါဘူးလေ ဟုတ်လါး

Khyl said...

အကြိုက်တူတယ် ညီမလေးရေ.... မတွေ့တာကြပြီဟ.... နေကောင်းရား...

ဂျေဂျူဝိုင် said...

အော် ဒီလိုပါပဲ။

မြစ်ကျိုးအင်း said...

ကျနော်တော့ ဆောင်းကို ပိုကြိုက်တယ်(ရာသီဥတုကိုပြောတာနော် :) )

နွေရာသီဆို ပူပူလောင်လောင်နဲ့ နေလို့ မကောင်းဘူး

ဆောင်းတွင်းဆို အနွေးထည်လေးဝတ်ပြီး သပ်သပ်ရပ်ရပ် နေလို့ရတယ်လေ။

ဒါကြောင့် ဆောင်းရာသီကို သဘောကျတယ်။

Unknown said...

အကြိုက်ချင်းတူတယ် မချစ်ရရေ
မင်းမင်းကိုလည်း ဆောင်းတွင်း မနက်စောစောကြီး
မေမေက မွေးဖွားခဲ့တာ။ အဲဒါကြောင့်လားမသိဘူး
ဆောင်းကိုချစ်တယ်။ အအေးဒဏ်ကိုလည်း သူများထက်
ပိုခံနိုင်တယ်.

မင်းမင်းကတော့ အပူဒဏ်ကိုကြောက်လို့
နေကို နည်းနည်းမုန်းတယ် (အပူ)

ခင်မင်လျက်
Mydiary