CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Friday, December 4, 2009

ကျွန်မထင်မြင်မိသောအိမ်ထောင်ရေး(Tag)

ဘလော့မှာခင်တာသိပ်မကြာသေးပေမယ့်
သူများတွေနဲ့တန်းတူခင်မင်တဲ့စိတ်ကလေးဖြစ်နေမိတဲ့
မေကျော်ကကျွန်မနှင့်အိမ်ထောင်ရေးဆိုပြီး(Tag)လာတယ်လေ

ဘယ်လိုပြောရပါ့နော် မသိသေးတဲ့အိမ်ထောင်ရေးအကြောင်းကို
ထင်မြင်ချက်နဲ့ရေးရမယ်ဆိုတော့ခေါင်းစဉ်လေးကိုအနည်းငယ်ပြောင်းထားလိုက်ပါတယ်
ကျွန်မတောင်းပန်တယ်ဆိုတဲ့စကားကိုလွယ်လွယ်မသုံးတတ်ပါဘူး
အွန်လိုင်းမှာလည်းခဏခဏမသုံးသလိုအပြင်မှာလည်းထိုနည်းတူပါပဲ
ဘာကြောင့်လည်းဆိုတော့ကိုယ်မမှားဘူးထင်လို့ပါခုဟာကလည်း
မသိသေးတာကိုကိုယ်သိသလိုထင်မြင်ချက်နဲ့ရေးလိုက်ရတဲ့အတွက်
စ မရေးခင်တည်းကအမှားတစ်ခုခုပါမယ်ဆိုတာကြိုသိထားလို့
အိမ်ထောင်သည်အကိုအမများကိုကြိုတင်တောင်းပန်ပါတယ်..လို့

Marriage Pictures, Images and Photos


အိမ်ထောင်ရေးဆိုတာကြီးကိုတော့ထွေထွေထူးထူးမပြောတတ်ပါဘူး
ကျွန်မနဲ့သိကြတဲ့ယောင်္ကျားလေးတော်တော်များများကတော့အိမ်ထောင်ကျပြီးရင်မိန်းမကိုဘယ်လိုမျိုး
ချက်ကြွေးခိုင်းမယ်ဘယ်လိုပြုစုခိုင်းမယ်ကလေးတွေမွေးခိုင်းမယ်စသဖြင့်တစ်ယောက်တစ်မျိုးပြောကြပါတယ်
သိပ်မကြာသေးခင်ကပဲကျွန်မနဲ့သိတဲ့ကောင်လေးတစ်ယောက်ကစူပါမားကတ်မှာ
ဟင်းအမြည်းကျွေးနေတဲ့နေရာရောက်တော့ကျွန်မကအမြည်းယူစားပါတယ်
သူကလည်းလိုက်ယူစားပြီးဘာပြောတယ်မှတ်လည်းသူမိန်းမရရင်
အဲလိုဟင်းကောင်းကောင်းချက်ကျွေးခိုင်းမယ်တဲ့လေကျွန်မရီတော့တာပဲ(အကြံကြီးပါပေ့နော်)
ပြီးတော့သူ့ကိုပြန်ပြောလိုက်ပါတယ်ဒါဆိုအိမ်ဖော်ယူထားပေါ့လို့
သူတို့ကဟင်းကောင်းကောင်းချက်တတ်တယ်လို့ဒါနဲ့ပဲသူကစိတ်ဆိုးပြီးထပ်ပြောပါတယ်
တော်တဲ့တတ်တဲ့မိန်းမယူမယ်ဟင်းလည်းချက်တတ်ရမယ်အခြားပညာရပ်တွေလည်းတော်ရမယ်တဲ့လေ
ကျွန်မကလည်းထပ်ပြန်ပြောလိုက်ပါသေးတယ်အခြားပညာရပ်တွေတော်နေတတ်နေ၊
အိမ်ထောင်မှုလည်းထိမ်းသိမ်းနိုင်ဒီလောက်တောင်တော်တတ်နေရင်တော့
ယောင်္ကျားကိစ္စရှင်းမှာမဟုတ်ဘူးလို့လူဆိုတာဘက်စုံတော်တတ်တယ်ဆိုတာမရှိပါဘူးလို့ကျွန်မပြောခဲ့ပါတယ်
သူက၂၁နှစ်ပဲရှိသေးတဲ့ကောင်လေးဆိုတော့သဘောပေါက်လွယ်တယ်ကျွန်မကိုစိတ်မဆိုးပဲ
ကျွန်မဆိုလိုချက်ကိုသဘောပေါက်သွားတယ်။ဒီနေရာမှာလူကြီးတွေဆိုငြင်းခုန်ကြမှာပါပဲ။

ဒီလိုပါပဲကောင်လေးတစ်ယောက်ကသူအိမ်ထောင်ကျရင်ကလေးဘယ်နှစ်ယောက်လောက်မွေးခိုင်းမယ်ပြော
ပါတယ်ကျွန်မကလည်းမောင်လေးတွေလိုခင်နေလို့ပြန်ပြောမိသေးတယ်
မင်းဗိုက်ကြီးပါလားလို့ မင်းမမွေးရတိုင်းလို့..တကယ်တမ်းတော့မိခင်တိုင်းသနားစရာကောင်းပါတယ်
ကြီးဒေါ်တစ်ယောက်ပြောဘူးတယ်ဝမ်းပိတ်လို့ခံရတာထက်အဆ၁၀၀နာတယ်ဆိုပဲ
၉လလုံးလုံးသယ်ဆောင်ထားရတဲ့ဒုက္ခကလည်းနည်းတာမှမဟုတ်တာမွေးပြီးတော့လည်း
ကျွန်မအမေဆိုအမလတ်ကိုမွေးတုန်းကသွေးတွေသွန်တာသေမလိုပါပဲတဲ့လေ
မွေးပြီးတဲ့ထိဒုက္ခခံရသေးတယ် ကြီးလာတော့ရော မိဘကိုအကောင်းမမြင်ကြတဲ့သူတွေကအများသားပါ
ကြားဘူးတွေ့ဘူးပါသေးတယ် မိဘကိုပြန်သတ်တာအခြားနိုင်ငံတွေမှာဆိုပေါလွန်းလို့ပါ
ဒီနိုင်ငံမှာလည်းရှိပါတယ်တောရွာတွေမှာပါ။အိမ်ပေါ်ကနှင်ချတာမိဘကိုဆဲဆိုကျိမ်းမောင်းတာတွေစုံနေတာပါပဲ
ဘယ်သားသမီးကိုမှမိခင်ကပြန်မသတ်ပါဘူးနှင်ချတာကတော့ဆိုးလွန်းရင်လုပ်တတ်ပါတယ်

အမေဆိုခုချိန်ထိအဖွားသူ့အမေအိုကြီးအနွံတာကိုခံပြီးလုပ်ကျွေးနေတုန်း
ဒါ့အပြင်သားသမီးတွေရဲ့အလိုကိုလိုက်ဖြည့်စည်းပေးနေတာတောင်မကျေနပ်ချင်ကြသေးပါဘူး
ကျွန်မငယ်ငယ်တုန်းကအရမ်းဆိုးခဲ့ပါတယ်
ခုတော့အမေ့ကိုစာနာပြီးတတ်နိုင်သလောက်စိတ်ချမ်းသာအောင်ထားပေးပါတယ်
အမေနဲ့လည်းဘာနဲ့မှနှိုင်းယှဉ်လို့မရပါဘူး(နှိုင်းယှဉ်ဖို့လည်းစိတ်မကူးပါဘူး)
ကျွန်မငယ်ငယ်ထဲကအဖေဆုံးတော့အမေကအဖေလိုရောအမေလိုပါဖြည့်ဆည်းပေးပါတယ်
အမေကအိမ်ထောင်သည်ဘ၀မှာသိပ်ကိုလွတ်လပ်ခဲ့ပါတယ်ဘာကြောင့်လည်းဆိုတော့
အဖေကအရမ်းချစ်အရမ်းကိုအလိုလိုက်ခဲ့လို့ပါ
အဖေမရှိတော့လည်းအမေတစ်ယောက်ထဲကပဲရုန်းကန်ပြုစုပေးသွားတာပါ
အမေအရင်ကအရမ်းကိုထက်မြက်သြဇာလွှမ်းမိုးခဲ့ပေမယ့်အခုတော့
သူ့မာနချိုးနှိမ်ပြီးသားသမီးတွေအကုန်လုံးကိုကျေနပ်အောင်လိုက်ဖြည့်ဆည်းနေရတာပါ
ဒါတောင်တစ်ခါတစ်လေဆိုအမေကကျွန်မကိုအငယ်ဆုံးမို့အလိုလိုက်မိရင်တောင်
အထက်ကအကိုအမတွေကိုကြည့်ရပါသေးတယ်။အမေဟာမှားနေသည်ဖြစ်စေ၊
မှန်နေသည်ဖြစ်စေ၊မွေးထားတဲ့ကျေးဇူးနဲ့တင်လုံလောက်နေပြီဖြစ်လို့အမေဘက်ကပဲလိုက်ရမှာပါပဲ။
ဥုးသုမင်္ဂလ တရားတော်ထဲမှာလည်းပါပါတယ်ကိုယ့်မိဘမှားနေဦးတော့
အမေအဖေဘက်ကပဲလိုက်လုပ်ပေးရမှာပါလို့...

ကိုယ့်မိဘအိမ်မှာတောင်မအေးချမ်းရင်ဘယ်အိမ်ကမှအေးချမ်းမှာမဟုတ်ပါဘူး
ယောင်္ကျားဆိုတာကတော့လိုရင်တမျိုးမလိုရင်တမျိုးပေါ့မိဘဆိုတာကတော့အဲလိုမရှိပါဘူး
အိမ်ထောင်တစ်ခုမှာသားသမီးရှိမှစိုပြေတယ်တဲ့လေ။
တကယ်ချစ်တယ်ဆိုရင်တောင်မှကြာလာရင်လူ့သဘာဝအလျှောက်ငြီးငွေ့လာနိုင်တယ်
ဒါဆိုရင်ကြာလာတော့ငြီးငွေ့လာလို့သားသမီးနဲ့ချည်နှောင်လိုက်တာလားလို့သိချင်ပါတယ်
တွေ့ဘူးပါသေးတယ်သမီးချောချောလေးတွေမွေးထားပြီးကိုယ့်သမီးအရွယ်လောက်လေးတွေနဲ့
ပျော်ပါးနေတဲ့လူတွေကို...အိမ်ထောင်ရေးကတော့မိမိကံတရားပေါ်မှာပဲမူတည်နိုင်ပါတယ်
ကံစမ်းမဲပေါက်သလို၊ထီပေါက်သလိုပေါ့ဘယ်လောက်ဆိုးတဲ့လူကိုယူယူကိုယ့်လက်ထဲရောက်လို့
ကောင်းသွားတာရှိသလိုဘယ်လောက်လိမ္မာပါတယ်ဆိုတဲ့လူဖြစ်နေပါစေကိုယ်နဲ့ယူမှ
ဆိုးသွမ်းသွားတာတွေလည်းတပြုံကြီးပါ်...

အိမ်ထောင်ဆိုတာကလည်းတကယ်တော့ရှေးလူကြီးဆိုရိုးစကားလိုပါပဲထောင်ကျနေတာပါပဲ။
လူလွတ်ဘ၀လောက်တော့မလွတ်လပ်နိုင်ပါဘူး။
အိမ်ထောင်ရေးဆိုတာထက်မြက်တဲ့မိန်းမတွေအတွက်အချစ်စစ်နဲ့ယူတာဖြစ်သလို
သာမာန်မိန်းမတွေအတွက်ကတော့မှီခိုချင်စရာယောင်္ကျားတစ်ယောက်ကိုကောက်ယူလိုက်တာ
ပါပဲလို့ထင်မြင်ယူဆမိပါတယ်။

မချစ်ရ

14 comments:

Nge Naing said...

အိမ်ထောင်ကျတာကို ထောင်နဲ့ ဥပမာပေးရင် အကြင်နား သနားတတ်ပြီး လင်သားအပေါ် ဦးစားပေးတတ်တဲ့ အမျိုးသမီးတွေ အတွက်တော့ တကယ်မှန်တယ် ညီမလေး။ အမျိုးသားတွေအတွက်တော့ အိမ်ထောင်ကျတာ ထောင်နဲ့မတူပဲ အပူပင် ကင်းမဲ့စွာနဲ့ လွတ်လပ်စွာ အနားယူရာ နေရာတခု ရသွားသလို ဖြစ်မယ်ထင်တယ်။

kiki said...

ဒါကြောင့် အပြိုဂျီးပဲလုပ်တော့မယ် စိတ်ကူးနေတာလား ။။
စောင့်ကြည့်ရသေးတာပေါ့လေ ......

ကံစမ်းမဲတွေ့ ရင် ထိုးသာထိုး နော် ။
ရပ်ကြည့်လို့ အမြတ်မရှိ ၊
ထိုးကြည့်မှ အကျိုးသိ မှာတဲ့ ။
ဗလာမဲ ပါ မပါ အရင် စုံစမ်းပြီးမှ ထိုးပေါ့ ။
ကံကောင်းပါစေ ။
ဟဲ ဟဲ ။။

တောင်ပေါ်သား said...

ထောင်အကြောင်းလေး ဖတ်သွားပါတယ်.း)
ဘ၀မှာ ဒီလိုပဲ ဖြတ်သန်းနေကြတာပါပဲ အရာအားလုံးကို တူတူ ဖြေရှင်းပြီး ရှေ့ဆက်နိုင်မယ်ဆို ကောင်းပါတယ်။ မိဘသည်သာ ပထမပါပဲ

* အဆင်ပြေရင် ဖောင့်ကာလာကို ပြောင်းကြည့်ပါ့လား ဖတ်ရတာ အ၇မ်းတောက်နေတယ်*

လေးစားလျက်
တောင်ပေါ်သား

may kyaw said...

အိမ်ထောင်ရေးဆိုတာ ထက်မြက်တဲ့မိန်းမတွေအတွက် အချစ်စစ်နဲ့ယူတာဖြစ်သလို
သာမာန်မိန်းမတွေအတွက်ကတော့ မှီခိုချင်စရာယောင်္ကျားတစ်ယောက်ကို ကောက်ယူလိုက်တာ
ပါပဲလို့ထင်မြင်ယူဆမိပါတယ်။
ဆိုတာ မှန်တယ်လို့ ထင်တာပဲ..... :)

Beauty Studio USA Branded Store said...

အမြင်တွေကတော့ အမျိုးမျိုးပါပဲညီမရေ။ တစ်ယောက်စီရဲ့ ကံတရားပေါ်မှာပဲ မူတည်ပါတယ်။ မိမိစိတ်သာဖြူစင်အောင်နေ မိမိကြင်ယာဖက်ကလဲ မိမိလို စိတ်ထားနိုင်သူတွေရတတ်ပါတယ်။ =)

ကျောက်တာ said...

မချစ်ရ အိမ်ထောင်ရေး ဒဿလေး လာဖတ်သွားပါတယ်ဗျာ။အချိန်လုပြီးပေါ့။တွေးနိုင်လေ ကောင်းလေးပဲ ဖြစ်မယ် ထင်တယ်။ဒါပေမယ့် မချစ်ရ ရေးတာလေး ဖတ်ရတာ အပျိုကြီး ဖြစ်တော့မယ် ထင်တယ် အဟဲ။တကယ် ချစ်တဲ့သူတွေ့ရင် တဲအိုပျက်မှာ နေရ နေရ ဆိုတဲ့ ရှေးစကားလေးကို မမေ့နဲ့ဗျ..သိပ်တော့ မလွယ်ဘူး။ခေတ်ပညာတတ် မိန်းကလေးတွေကတော့ အလုပ်နဲ့ ပညာနဲ့ ရုန်းကန်နေတဲ့ သူတွေကတော့ မချစ်ရလိုပဲ မြင်ကြမယ် ထင်တယ်နော။ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေဗျာ...တစ်ဘဝလုံးပေါ့။

ကြယ်ပြာ said...

ငယ်ရေ ....ထင်မြင်ချက်တွေသိပ်မကွာဘူးလို့ခံစားမိတယ် ...း)

Khyl said...

သာမီးတောင် ဘာပြော၇မှန်း မသိတော့ဘူး.... ဟားဟား

Khyl said...

ဒီ အပျိုကြီးနှစ်ကောင် ပြောတာကောင်းသားပဲ... ဟိ..

~ဏီလင်းညို~ said...

တစ်ဦးနဲ့ တစ်ဦး..အပေးအယူမျှမျှတတနဲ့ နေကြရင် အကောင်းဆုံးပဲလို့ ကျွန်တော်တော့ထင်မိတာပဲလေ...။ ဒါပေမယ့် အပြောလွယ်ပေမယ့် တစ်ကယ်တမ်းခက်ပါတယ်နော် ကျွန်တော်ပြောတာကလည်းလေ..။
ဘာပဲဖြစ်ဖြစ်... မိန်းမရော...၊ ယောက်ျားပါ ခံစားတတ်တဲ့ သူတွေမို့လို့ ကိုယ်ချင်းစာစိတ်လေးတွေ အသီးသီးရှိဖို့လည်း လိုမှာအမှန်ပဲထင်မိတယ်ဗျာ...။
မိဘကတော့ ဘာနဲ့မှ အစားထိုးနိုင်စရာမရှိတာတော့ အမှန်ပါပဲဗျာ...။

ခင်မင်လျှက်...
ဏီလင်းညို

မြစ်ကျိုးအင်း said...

အိမ်ထောင်ရေးနဲ့ပါတ်သတ်တဲ့ ကမ္ဘာကျော် အဆိုအမိန့်လေးတခု သတိရမိတယ်
အိမ်ထောင်ရေးဆိုတာ လှောင်အိမ်လိုပဲတဲ့
အပြင်ကငှက်က အထဲဝင်ချင်တယ် အထဲကငှက် က အပြင်ထွက်ချင်တယ်တဲ့လေ

ခုထိတော့ ၀င်ချင်စိတ်မဖြစ်သေးဘူး
ဒီဘက်ခေတ်မှာတော့ လှောင်အိမ်အလွတ်တွေ ပိုများလာမလားဘဲ အစစအရာရာ တွက်ချက် နေရတာကိုး

Khyl said...

ညီမလေးရေ.... ထက်မြက်တဲ့မိန်းမတွေဟာ အချစ်စစ်ကြောင့် အိမ်ထောင်ပြုသလို... ကိုယ့်လင်သားကို ဘယ်လောက် ကိုယ့်ထက်နိမ့်ကျပေစေ.... မှီခိုချင်စိတ်ရှိကျပါတယ်... အနည်းဆုံး.. ၀မ်းနည်းလာရင် မှီပြီးငိုစရာ ပခုံးတဘက်ပေါ့လေ...

ထို့အတူပဲ.... သာမန်မိန်းမတွေ အတွက်လဲ... မှီခိုစရာသက်သက် မဟုတ်ပဲ.... ချစ်လို့ စွန့်စားလက်ထပ်လိုက်တာတွေလဲ ရှိပါတယ်....

ဒါတွေက ပြောလို့မရပါဘူး... တဦးခြင်းစီရဲ့ ခံယူချက်တွေ နဲ့ သက်ဆိုင်တာပေါ့နော်.....

ထင်မြင်တာကတော့ ဂလောက်ပါပဲညော်... ဟိဟိ တူမားက ဂုလုမှ မဟုတ်တာ... လူက ပေါက်တောက် ကလောက်ပါရှို...

ကောင်လေးငယ် said...

အိမ်ထောင်တစ်ခုတည်ထောင်တာက ပါရမီရှိမှလည်း
ထူထောင်လို့ရတာလေ...မမရ... လူဆိုတာ သူ့ဟာနဲ့သူ
ဖြစ်တည်နေတာ...အရာရာကို လုပ်ယူလို့တော့ မရဘူးလေ... အိမ်ထောင်ရေးမှာကတော့ အဓိက ကနားလည်မှုရှိဖို့က အရေးကြီးတယ်ထင်တယ်။။
မိန်းမအလုပ်ယောကျာင်္းအလုပ်ဆိုပြီးခွဲနေရင်တော့ အလကားပဲလေ..မိန်းမဖြစ်သူက အ၀တ်လျှော်နေရင် ယောင်္ကျားက ငါနဲ့မဆိုင်ဘူးလို့နေတာထက် ကိုယ်အလုပ်အားနေရင်တော့ အ၀တ်ကူ လှန်းပေး တာ ဟာ..ပိုမကောင်းဘူးလား...ယောကျာင်္းရဲ့စီးပွားရေးအလုပ်ကိုလည်း မိန်းမက စိတ်ပါဝင်စားစွာနဲ့လိုက်လေ့လာပြီး အကြံဥာဏ်ပေးတော့ပိုပြီး စီးပွားဖြစ်တာပေါ့နော်... လူ့ဘ၀ကိုရဲ့လောကဓံကို ရင်ဆိုင်တဲ့အခါမှာ တစ်ယောက်ထဲရင်ဆိုင်တာနဲ့ နှစ်ယောက်ပေါင်းပြီးတော့ ရင်ဆိုင်တာ ဘယ်ဟာ ကောင်းလဲ...

စည်သူ said...

အမ်..
ဘယ်လိုဖြစ်ကြတာတုန်းဟ..

အဖေ အမေတွေကိုလည်း ပြန်သတိရအုံးလေ..

အိမ်ထောင်ရေးဆိုတာ ထက်မြက်တဲ့မိန်းမတွေအတွက် အချစ်စစ်နဲ့ယူတာဖြစ်သလို
သာမာန်မိန်းမတွေအတွက်ကတော့ မှီခိုချင်စရာယောင်္ကျားတစ်ယောက်ကို ကောက်ယူလိုက်တာ
ပါပဲလို့ထင်မြင်ယူဆမိပါတယ်။... မှန်ပါတယ် အားလုံးတော့လည်း မဟုတ်ဘူးပေါ့လေ..

((((((((((((အားး)))))))))))))))
ရေးရင်းရေးရင်းနဲ့ ရှုပ်သွားပြီး.. ဟီးဟီး

ပျော်ရွှင်ပါစေ မချစ်ရရေ..