CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Friday, October 30, 2009

ကျွန်မကြိုက်သောသရဲကား(invisible)

ဒီကားလေးကသရဲကားဆိုပေမယ့်ကြောက်စရာမကောင်းပဲသနားစရာဇာတ်လမ်းလေးပါ
နားလည်သလိုပြန်ထားပါတယ်။ ဇာတ်ကားနာမည်ကတော့ Invisible ပါ

Twilight Pictures, Images and Photos

ဆိုးသွမ်းသောလမ်းသရဲမလေးကျောင်းမှာဂျစ်ပစီယောင်္ကျားလေးအုပ်စုနဲ့
အခြားလူတွေကိုအနိုင်ကျင့်သောင်းကျန်းနေတာပေါ့
တနေ့တော့ကောင်လေးသူငယ်ချင်းကိုစော်ကားလိုက်လို့မင်းသားကောင်လေးက
ကောင်မလေးကိုပြန်ပြောရာမှာကောင်မလေးဒေါသပုန်ထပြီးကောင်လေးကို
ကျောင်းကန်တင်းမှာနပန်းလုံးလို့ကျောင်းအုပ်ကြီးထံရောက်အဆူခံရပါလေရော
ကောင်မလေးဘယ်လောက်ဆိုးသလဲဆိုတော့ဂျစ်ပစီကောင်တွေအုပ်စုလိုက်နဲ့
ညဘက်လျှောက်သွားရာကစိန်ဆိုင်တစ်ခုမှစိန်ဘားယက်ကိုတွေ့ပြီးလောဘတက်ကာ
မှန်ကိုခွဲပစ်လိုက်ပြီးလုယူထွက်ပြေးသွားတယ်။မှန်ကွဲတော့အလန်းထမြည်ပြီးရဲကားများ
တန်းစီလိုက်လာကြတယ်ကားမောင်းပေးတဲ့ကောင်ကသူနဲ့ကြိုက်နေတဲ့လူဆိုးပေါ့။
ဒီလူဆိုးကလည်းကောင်မလေးလုပ်ရပ်ကိုမျက်လုံးတွေပြူးပြီးနောက်တော့လွတ်ဖို့အတူတူ
ပြေးရာကလွတ်မြောက်ခဲ့ပါတယ်။မနက်မိုးလင်းတော့ကောင်မလေးလူဆိုးအိမ်မှကျောင်းသို့
သွားဖို့စောစောထွက်အသွားလူဆိုးကောင်မှမသွားနဲ့လို့ပြောရာမှာကောင်မလေး
ှဂရုမပြုဟန်လုပ်ပြပြီးထွက်သွားလို့ရဲစခန်းကိုအကြောင်းကြားလိုက်ရာကကောင်မလေး
ကိုရဲများလိုက်ဖမ်းလို့ကျောင်းမှာခွေးပြေးဝက်ပြေးပြေးခဲ့ရပါတယ်။

နောက်တော့မင်းသားကောင်လေးကိုမကျေနပ်ရာမှကောင်လေးရှိမယ့်နေရာကိုလိုက်လံရှာဖွေပြီး
မတွေ့တော့ကောင်လေးသူငယ်ချင်းကိုနှိပ်စက်ပြီးမေးမြန်းခဲ့ရာကောင်လေးရှိရာကို
သိရှိသွားတယ်။ကောင်မလေးသူငယ်ချင်းဆိုးသွမ်းတဲ့ကောင်တွေအုပ်စုလိုက်အားကိုးနဲ့
ကောင်လေးကိုအသေနှိပ်စက်ရိုက်နှက်လိုက်ရာကကောင်လေးသေသွားပါရော..

ကောင်လေးသေတော့သူလည်းသေစေလိုလို့လုပ်တာမဟုတ်ပဲဒေါသအလျှောက်
ဖြစ်သွားတာဆိုတော့လန့်ပြီးကျွင်းထဲကိုပစ်ချလိုက်ပါတော့တယ်...
ကျန်လူတွေကလည်းအလိုတူအလိုပါတွေဖြစ်တော့ရေငုံနှုတ်ပိတ်နေကြပြီး
လိုက်လုပ်ပေးရတော့တာပေါ့အဲဒီအထဲမှာကောင်လေးသူငယ်ချင်းလည်းပါပါတယ်
ကောင်လေးအမေကတော့သူ့သားပျောက်လို့ရဲစခန်းတွေတိုင်တယ်
ကောင်လေးကအနားမှာသူ့အမေကိုခေါ်နေတယ်ဒါပေမယ့်သူ့အမေမကြားပါ
ကောင်မလေးဆီသွားပြီးကြိမ်းမောင်းတယ်သူ့ကိုကောင်မလေးလဲမမြင်ပါဘူး

ဒီနောက်ကောင်မလေးသွားရာတကောက်ကောက်နောက်ကလိုက်တော့တာပါပဲ
ကောင်မလေးကအကြီးအကျယ်နောင်တရနေပါပြီ၊သူနဲ့ကြိုက်တဲ့လူဆိုးကိုလည်း
ဘယ်လိုလုပ်ရမလဲမေးတော့သူ့ကိုပဲဟိုကကြိမ်းမောင်းတာပေါ့
ရဲတွေကလိုက်စုံစမ်းနေတော့ကောင်မလေးထွက်ပြေးတိမ်းရှောင်နေရပါတယ်
ကောင်မလေးသွားရာနောက်တကောက်ကောက်လိုက်ပြီး
ကောင်လေးကတတွတ်တွတ်ပြောနေပါတယ်ကောင်မလေးမကြားပေမယ့်
သူ့ရဲ့စိတ်မှာကောင်လေးရှိနေတယ်ဆိုတာကိုသိသိလာပါတယ်

နောက်ဆုံးတော့ကောင်မလေးကောင်လေးကိုပစ်ချထားခဲ့တဲ့နေရာကိုပြန်သွားရှာပါတယ်
ကောင်လေးခန္ဒာကိုယ်ကိုမတွေ့တော့ပါဘူးကောင်လေးဝိညာဉ်ကလည်း
ကောင်မလေးနောက်တကောက်ကောက်လိုက်နေလို့
သူ့ခန္ဒာကိုယ်ဘယ်ပျောက်နေလည်းမသိပါဘူး။
သူ့ကိုယ်ထဲကိုပြန်ဝင်လိုက်ရင်အသက်ပြန်လည်ရှင်လာမယ်လို့
ကောင်မလေးရောကောင်လေးဝိညာဉ်ကပါယုံကြည်ထားတယ်လေ။

ကောင်မလေးကသူ့သူငယ်ချင်းလူဆိုးကောင်တွေဆီကိုသေနတ်ကိုင်သွားပြီးအတင်းကျပ်
မေးမြန်းခဲ့ပါတယ်ဒီနေရာမှာဘာလို့အဲလိုသွားလဲဆိုတော့ကောင်လေးကိုပစ်ချထားတဲ့နေရာ
ကောင်မလေးနဲ့ဒီလူတွေပဲသိလို့ပါ။နောက်ဆုံးတော့လူဆိုးကောင်ကပြောပါတယ်...
ကောင်လေးကသေနေပြီပဲသူ့ခန္ဒာကိုယ်ဘာလုပ်ဖို့လဲလို့ကောင်မလေးကသူမသေသေးတာ
သိတယ်ဆိုပြီးသေနတ်နဲ့ခြိမ်းခြောက်မေးရာကနောက်ဆုံးရေကာတာကြီးနားမှာပစ်ချထားတာ
သိလို့ကောင်မလေးရဲကိုဖုံးဆက်အကြောင်းကြားလိုက်ပါတယ်။
ကောင်မလေးသေနတ်နဲ့ခြိမ်းခြောက်မေးတဲ့လူဆိုးကကောင်မလေးရဲကိုဖုံးဆက်နေတုန်း
ကောင်မလေးကိုသေနတ်နဲ့ပစ်လို့ကောင်မလေးဒဏ်ရာရခဲ့တယ်...

ကောင်လေးရဲ့ခန္ဒာကိုယ်ကိုတော့ရဲများကရေကာတာပွင့်ချခါနီးလေးမှာကယ်လိုက်နိုင်တယ်
ရေကာတာပွင့်ကျရင်ကောင်လေးခန္ဒာကိုယ်ကမျောပါသွားတော့မှာမို့ဆုံးရှုံးရတော့မှာပါ
ကောင်လေးကိုဆေးရုံတင်ပြီးကောင်လေးအမေကိုအကြောင်းကြားတယ်။
ကောင်မလေးကညဘက်မှာကောင်လေးအမေဆီလာပြီးကောင်လေးနဲ့တွေ့ဖို့ခွင့်တောင်းပါတယ်
ကောင်လေးအမေကဒီကောင်မလေးကြောင့်ဖြစ်တာသိပြီးကောင်မလေးကိုဆဲဆိုပြီးတွေ့ခွင့်မပေးပါဘူး
ကောင်မလေးကကောင်လေးသူ့အနားမှာရှိနေတယ်လို့ဘယ်လိုပြောပြောမရခဲ့ပါဘူး
ကောင်လေးရဲ့ဝိညာဉ်ကကောင်မလေးနားကနေသူ့အမေကိုတောင်းပန်ပြောနေတယ်
နောက်ဆုံးတော့ကောင်လေးနဲ့သူ့အမေ၂ယောက်ထဲဖတ်တဲ့ကဗျာလေးရွတ်ပြလိုက်တော့
တွေ့ခွင့်ပေးလိုက်ပါတော့တယ်။ကောင်မလေးကကောင်လေးကုတင်ပေါ်တက်ပြီးသေနတ်ဒဏ်ရာနဲ့
ကောင်လေးသူ့အနားမှာရှိတာကိုသူသိနေကြောင်းနဲ့ကောင်လေးကိုသူ့အမှားအတွက
တောင်းပန်ပြောဆိုပြီးသေသွားပါတော့တယ်။ကောင်မလေးသေသွားပြီးမှကောင်လေးပြန်လည်
သတိရလာပါတော့တယ်။ကောင်မလေးကတော့သေသွားပါပြီကောင်လေးကအသက်ပြန်ရှင်လာခဲ့ပါတယ်
ကောင်လေးကလည်းကောင်မလေးသူ့အတွက်ကြိုးစားပြီးသေသွားခဲ့တယ်ဆိုတာကိုအားလုံးသိနေပါတယ်

(ဒီကားလေးကိုကြိုက်တာသရဲခြောက်နေတာမဟုတ်ပဲကောင်လေးက၀ိညာဉ်နဲ့ဘ၀မှာ
ကောင်မလေးကလူသား၊ကောင်လေးကလူပြန်ဖြစ်တော့ကောင်မလေးကသေသွားခဲ့ပြီလေ)


အဲဒီဇာတ်လမ်းလေးကအရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်၊
အတိုချုံးပဲသိသလောက်ရေးပြထားတဲ့အတွက်သိပ်ပီပြင်မှာမဟုတ်ပါဘူးနော်...

မချစ်ရ

Wednesday, October 28, 2009

စင်္ကပူမှာသာတဲ့..လ




လမုန့်ပွဲတော်တဲ့ပြောတာနဲ့လမုန့်စားချင်တဲ့ရောဂါကထလာရောလေ
လမုန့်ကိုလည်းသိပ်အကြိုက်ကြီးတော့မဟုတ်ပါဘူးဒါပေမယ့်အထဲမှာဆားဘဲဥပါတဲ့
လမုန့်ကကောင်းလွန်းလို့လမုန့်ပွဲတော်လည်းရှိတယ်ဆိုတာကြားတာနဲ့
စားချင်နေလိုက်တာဘယ်လိုဖြစ်နေမှန်းကိုမသိလောက်အောင်ပါပဲ
ဒါနဲ့ထိုင်ဝမ်ကအမကပို့ပေးမယ်ပြောတော့မပို့နဲ့လို့ပဲပြန်ပြောလိုက်တယ်
လမုန့်စားချင်တဲ့အကြောင်းကတော့ဒီလိုပါပဲပြောမိတာပေါ့သူငယ်ချင်းတွေကိုလည်း
အဲ..ဒါနဲ့စင်္ကပူကတစ်ယောက်ကလမုန့်ကိုဝယ်ထားပေးပါလေရော
လမုန့်ပွဲတော်ကလည်း၅ရက်ပဲလုပ်တာတဲ့လေသူလည်းမသိတော့သွားဝယ်တာမရှိတော့လို့
ဟော်တယ်က၃ဗူးဝယ်လာလိုက်တယ်တဲ့ဝယ်ပြီးတော့လည်းလူကြုံကမရှိပြန်ဘူး
နောက်တော့ကျွန်မသူငယ်ချင်းတစ်ယောက်အလည်သွားတာနဲ့အပြန်ထဲ့ပေးလိုက်ဖို့ပြောတော့
ကောင်မလေးကဖုံးနံပါတ်ပေးလိုက်တာနိုင်ငံကုတ်မှားဆက်မိလို့ပြန်ခါနီး၁ရက်မှ
သူတို့ချိတ်မိတော့မအားတာနဲ့မပေးလိုက်နိုင်ပြန်ဘူးဒါနဲ့မပို့ပေးနဲ့တော့လို့ပြောလိုက်တာကို
နောက်သုံးရက်လောက်ကြတော့သူငယ်ချင်းတစ်ယောက်နဲ့ထည့်ပေးလိုက်တယ်ပြောတယ်။
သူထဲ့ပေးလိုက်တဲ့သူငယ်ချင်းကအဝေးကြီးမှာနေတာနေရာကခေါင်လိုက်တာလည်းလွန်ပါရော
ဘယ်လိုလုပ်သွားယူနိုင်မလဲ....ဟိုကလည်းနီးစပ်ရာတောင်မလာတတ်ဘူး
ချင်းလူမျိုးတွေမြန်မာလိုလည်းကောင်းကောင်းမပြောတတ်နောက်တော့
သူတို့နဲ့ချိန်းမရတဲ့အတူတူသွားမယူတော့ဘူးဆိုပြီး
နီးစပ်ရာသူငယ်ချင်းကိုသွားယူပြီးစားလိုက်တော့လို့ပြောလိုက်တော့တယ်။
အယ်..ဖြစ်ချင်တော့သူကလည်းမြို့နယ်တူနေတာတောင်အဲဒီနေရာကခေါင်လွန်းလို့
တစ်ခေါက်ပဲရောက်ဖူးတယ်တဲ့လေသူလည်းသွားမယူဖြစ်ပြန်ဘူး။တော်ပြီ...စိတ်ကုန်သွားပြီ
လုံးဝသွားမယူတော့ဘူးနေပစေတော့လို့စိတ်ဆုံးဖြတ်လိုက်တော့တယ်။
တစ်ခါမှလည်းမသွားဘူးခေါင်လည်းခေါင်တဲ့နေရာမို့လို့မသွားရဲပါဘူး။
ပေးတဲ့လူကိုပဲအပစ်တင်လိုက်တော့တယ်။ဒီလောက်ဝေးတဲ့နေရာကိုပေးလိုက်ရလားလို့
သူလည်းမသိဘူးလေတဲ့ကောင်းရောနီးလားဝေးလားဘယ်နားမှန်းမသိစွတ်စပ်တွေ
ပေးလိုက်တာစားစေချင်လို့တဲ့လေ။ဒီကတော့ဒေါကန်နေပြီ အဲ့လမုန့်နဲ့
သံသရာကမပြီးသေးဘူး..ပါးစပ်ကအငြိမ်မနေနိုင်လမုန့်ရောက်လာလို့
သွားမယူနိုင်ကြောင်းကိုပြောမိပြန်ပြီ ခုမှခင်ကာစကောင်လေးတစ်ယောက်ကို
အဲကောင်လေးကဒီလောက်အမစားစေချင်လို့ပို့ပေးတာ
သူနေရာသိတယ်သွားယူပေးမယ်ဆိုပြီး သွားယူပေးပါတယ်
နောက်နေ့ဆိုရင်တော့သူလည်းစာမေးပွဲရှိလို့ သွားမယူနိုင်ပါဘူး။
ဒီနေ့လာယူလို့ရမလားလို့ ဖုံးဆက်ပြီးမေးလိုက်ရသေးတယ် ရတယ်ဆိုလို့ပေါ့
သွားယူပေးတဲ့လူကခရီးဝေးသွားလည်းယူပေးရသေးနောက်နေ့မှာလာပို့ပေးရသေးတယ်
သူမှာလည်းစေတနာသက်သက်နဲ့တကူးတကလျှောက်လုပ်ပေးနေတာ
ဘာရည်ရွယ်ချက်မှမပါပါဘူး သူ့ကိုမုန့်ကျွေးတာတောင်မစားဘူး
လမုန့်၂ဗူးကလည်းအတော်လေးသားသံဗူးတွေနဲ့ဆိုတော့သွားယူပေးတဲ့
လူကိုအားနာပြီးပို့ပေးလိုက်တဲ့လူကိုပဲလှိမ့်ကောနေတာ။
လမုန့်သံသရာလည်နေလို့ ရောက်လာတော့လည်းစားတာပါပဲ။
အိမ်ကတော့လမုန့်မှာတဲ့ကျွန်မကိုပဲအပစ်တင်နေပါတော့တယ်။
ဒါပေမယ့်စားကြတာပါပဲ...ဟိ........


မချစ်ရ

Tuesday, October 27, 2009

ကထိန်သင်္ကန်း

ဗုဒ္ဓဘုရားသည် ဇေတ၀န် ကျောင်းတော်မြတ်၌ကိန်းဝပ်စံမ္ပယ်တင့်တယ်စွာ
သီတင်းသုံးနေတော်မူစဉ် သင်္ကန်းလျာနွမ်းနယ်ပါးရှား ပါဝေယျကတိုင်းသား
ဘဒ္ဒ၀ဂ္ဂီညီနောင်သုံးကျိပ်(၃၀)ပါးတို့အားအကြောင်းပြု၍
ကထိန်အလှူဖြစ်ပေါ်လာပါသည်။ကထိန-ဟူသောပါဠိစကားသည်
“ခင်းခြင်း (သို့) (ရဟန်းတော်များအား) ကပ်လှူခြင်း” ဟုအဓိပ္ပါယ်ရသည်။
ကထိန်အလှူကို လူများသာမက ရဟန်းတော်များကိုယ်တိုင်လည်း လှူဒါန်းနိုင်သည်။
နတ်များလည်း လှူဒါန်းခွင့်ရှိသည်။

ကထိန်ခင်းရန် လိုအပ်သည့်ကိစ္စ -၈-ပါး

၁။ ကထိန်သင်္ကန်းကို အလှူခံမှု၊

၂။ ကထိန်ခံထိုက်သောပုဂ္ဂိုလ်ကို သံဃာတော်တို့က စိစစ်ရွေးချယ်ပေးမှု၊

၃။ ထိုရွေးချယ်ခံရသူအားသိမ်တွင်း၌ ကမ္မဝါဖတ်၍ ကထိန်သင်္ကန်းကို ပေးမှု၊

၎။ တိစီဝရိက် အဓိဋ္ဌာန်တင် သင်္ကန်းဟောင်းကိုပစ္စဒ္ဓိုရ်ပြု အဓိဋ္ဌာန်စွန့်မှု၊

၅။ ခင်းမည့် သင်္ကန်းသစ်ကို ကပ္ပဗိန္ဒုထိုးမှု၊

၆။ သင်္ကန်းအမည်ဖြင့်အဓိဋ္ဌာန်တင်မှု၊

၇။ နှုတ်မြွက်၍ ခင်းမှု၊

၈။ အနုမောဒနာပြုမှု။

ကထိန်ခင်းခံရမည့် ရဟန်း၏ အင်္ဂါ -၈-ပါး

၁။ ပုဗ္ဗကရဏံဇာနာတိ- ရှေးဦးစွာ ပြုလုပ်ရမည့်ကိစ္စရပ်တို့ကို သိရ ပြုရခြင်း၊

၂။ ပစ္စုဒ္ဓါရံ- ပစ္စုဒ္ဓိရ်ပြုတတ်ရခြင်း၊

၃။ အဓိဋ္ဌာနံ- အဓိဋ္ဌာန်တင်တတ်ရခြင်း၊

၎။ အတ္ထာရံ- ခင်းပုံခင်းနည်း သိထားရခြင်း၊

၅။ မာတိကံ- မာတိကာကို သိထားရခြင်း၊

၆။ ပလိဗောဓံ- ကြောင့်ကြကို သိထားရခြင်း၊

၇။ ဥဒ္ဓါရံကထိန်နှုတ်ပုံကိုသိထားရခြင်း၊

၈။ အာနိသံသံ- အာနိသင်တို့ကို သိထားရခြင်း။
၎င်းအင်္ဂါရှစ်ပါးနှင့်ပြည့်စုံသောရဟန်းမှသာကထိန်ခံထိုက်သည်။

ကထိန်အာနိသိသင် -၅-ပါး

ကထိန်ခင်းရသောရဟန်းတော်များခံစားရသည့်ကထိန်အကျိုး-၅-ပါးဖြစ်သည်။

၁။အ နာမန္တ စာရ- ထင်ရှားရှိသောရဟန်းကိုမပန်ကြားမူ၍ မြို့တွင်းရွာတွင်းဆွမ်းဖိတ်ရာအိမ်သို့သွားနိုင်ခြင်း

၂။ အ သမာဒါန စာရ- အဓိဋ္ဌာန်တင်ပြီးဆောင်သောသင်္ကန်းကိုမယူမူ၍သွားနိုင်နေနိုင်ခြင်း

၃။ ယာဝ ဒတ္ထစီဝရ- အလိုရှိတိုင်းသင်္ကန်းကိုအဓိဋ္ဌာန်ဝိကပ္ပနာမပြုမူ၍ထားနိုင်ခြင်း

၎။ ဂဏ ဘောဇန- ထမင်းစားကြွပါစသည်ဖြင့်မအပ်သောဖိတ်ခြင်းရှိသောဆွမ်းဘောဇဉ်ကိုစားနိုင်ခြင်း

မှတ်ချက်။ ။ပုံမှန်အရဆိုလျှင်ရဟန်းသံဃာများကိုဆွမ်းစားပင့်လျှင်
“ဒကာ+ဒကာမတို့ကတပည့်တော်တို့အိမ်“ဆွမ်းဘုဉ်းပေးကြွပါ
ဘုရား၊ မုန့်တီဆွမ်းဘုဉ်ပေးကြွပါဘုရား”စသည်ဖြင့် မိမိကပ်လှူမည့်
စားဖွယ် နောက်ဝယ် “ဆွမ်း”ဟူသော စကားလုံးထည့်ပြီးပင့်ဖိတ်မှရဟန်းတော်များ
ဒကာ+ဒကာမများ ပင့်ဖိတ်၍ ကပ်လှူသောဆွမ်းခဲဖွယ်များ ဘုဉ်းပေးကောင်းသည်။
ဒါပေမယ့်ဘုရားရှင်ခွင့်ပြုလိုက်သောကထိန်ကြောင့်ကထိန်အကျိုးခံစားခွင့်ရသော
ရဟန်းတော်များစားဖွယ်နောက်ဝယ် “ဆွမ်း”ဟူသော စကားလုံးမပါဘဲဖိတ်မန်၍
လှူဒါန်းကလည်းဘုဉ်းပေးကောင်းသည်။

၅။ကထိန်ခင်းသောကျောင်းတိုက်၌ကထိန်ခင်းပြီးနောက်တပေါင်းလပြည့်နေ့အတွင်း
သံဃာအားလှူသောသင်္ကန်းလျာပုဆိုးကိုလည်းကောင်း၊ သို့မဟုတ် သင်္ကန်းကိုလည်းကောင်း၊
ထိုကျောင်းတိုက်ရှိ ကထိန် အနုမောဒနာပြုသော ရဟန်းတို့သာ ရနိုင်ခြင်း၊

မှတ်ချက်။ ။ ဒကာ+ဒကာများကကထိန်အာနိသင်ရသောရဟန်းတော်များအား
ဤအကျိုး၅ပါးခံစားရအောင်လုပ်ပေးလိုက်ခြင်းဖြစ်သည်။ရဟန်းတော်များ
အကျိုး၅ပါးရရှိသလိုဒကာ+ဒကာမများလည်းအန္တရာယ်ကင်းစွာခရီးသွားနိုင်ခြင်း၊
အဆိပ်အတောက်မခံစားရခြင်းစသည့် အကျိုးများ ရရှိနိုင်ပါသည်။

ကထိန်သင်္ကန်း-၃-မျိုး

ကထိန်ခင်းရန်အတွက်ဘုရားရှင်ခွင့်ပြုတော်မူခဲ့သောသင်္ကန်းသုံးမျိုးရှိသည်။

၁။ သံဃာဋိ- ဒုကုဋ်ခေါ်နှစ်ထပ်သင်္ကန်းကြီး

၂။ ဥတ္တရာသင်္ဂေါ- ကိုယ်ဝတ်ခေါ် ဧကသီ

၃။ အန္တရဝါသကော-ခါးဝတ်ခေါ် သင်းပိုင်အထက်ပါသင်္ကန်း-၃-ထည်
တို့တွင် ကထိန်ခင်းမည့်သင်္ကန်း၌ လိုအပ်သော အင်္ဂါများ

အဟတေန အတ္တတံ ဟောတိ ကထိနံ

သင်္ကန်းအသစ်ဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။

အနိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ

ဘယ်သင်္ကန်း ၊ ဘယ်အမျိုးအစား သင်္ကန်း စသည်ဖြင့် နိမိတ်မပြပဲ
အလိုလိုဖြစ်ပေါ်လာသောသင်္ကန်းဖြင့်ကထိန်ခင်းမှကထိန်မြောက်ပါသည်။

အပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ

ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်မဆိုပဲ အလိုလို ဖြစ်ပေါ်လာသော
သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။

အကုက္ကုကတေန အတ္ထေတံ ဟောတိ ကထိနံ

မငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။

အသန္နိဓိကတေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းမည့် နေ့မရောက်မီ ကျောင်း၌ မသိုမှီး မထိန်းသိမ်းထားသော
သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။

အနိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းမည့် နေ့မရောက်မှီ ကျောင်းကို ကြိုတင် ပို့မထားသော သင်္ကန်း ၊
ကထိန်ခင်းမည့် နေ့ရောက်မှ ကျောင်းကို ပို့သော
သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။

ပဉ္စကေန ဝါ အတိရေကပဉ္စကေန ဝါ တဒဟေဝ သဥ္ဆိန္နေန
သမဏ္ဏလီကတေန အတ္ထတံ ကထိနံ


ကထိန်ခင်းသည့် နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက်
ပိုအောင် ဖြတ်ချုပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။

ကထိန် မမြောက်သော သင်္ကန်းများ

န ဒဠှီကမ္မကရဏ မတ္တေန အတ္ထတံ ဟောတိ ကထိနံ

နှစ်လွှာစပ်ကာမျှဖြင့်နှစ်လွှာစပ်ထားသောသင်္ကန်းဖြင့်ကထိန်ခင်းလျှင်ကထိန်မမြောက်

န နိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ

ဤသင်္ကန်းဖြင့်ကထိန်ခင်းမည်ဟုနိမိတ်ပြသောသင်္ကန်းဖြင့်ကထိန်ခင်းလျှင်ကထိန်မမြောက်

န ပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ

ဤသင်္ကန်းဖြင့်ကထိန်ခင်းမည်ဟုပရိယာယ်ဆို၍ရသောသင်္ကန်းဖြင့်ကထိန်ခင်းလျှင်ကထိန်မမြောက်

န ကုက္ကုကတေန အတ္ထတံ ဟောတိ ကထိနံ

ခေတ္တ ငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်

န သန္နိကတေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းမည့်နေ့မရောက်မီကျောင်း၌သိုမှီးထားသောသင်္ကန်းဖြင့်ကထိန်ခင်းလျှင်ကထိန်မမြောက်

န နိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းမည့်နေ့မရောက်မီကျောင်းကိုကြိုတင်ပို့ထားသောသင်္ကန်းဖြင့်ကထိန်ခင်းလျှင်ကထိန်မမြောက်

န အညတြ ပဉ္စကေန အတိရေကပဉ္စကေန ဝါ တဒဟေဝ သဦ္ဆန္နေန
သမဏ္ဏလီကတေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းသည့် နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက် ပိုအောင် ဖြတ်မထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။
(အိမ်ကြီး/အိမ်ငယ်)ဟူသည် သင်္ကန်းမှာ ပါသော အဖွဲ့များကို ဆိုလိုသည်။
ကထိန်သင်္ကန်းအား ညတ်သင်္ကန်း၊ ကထိန်လျာသင်္ကန်း၊ မိုးပေါ်ကျသင်္ကန်း၊
မသိုးသင်္ကန်းဟု အမျိုးမျိုး ခေါ်ဝေါ်ကြသည်။

ကထိန် “ညတ်သင်္ကန်း”ဆိုသည်မှာ..

ကထိန် ခင်းထိုက်သော ရဟန်းအား ကထိန်ခင်းမည့် သင်္ကန်းကို
“ညတ္တိဒုတိယ ကမ္မ၀ါစာ”ဖတ်ပြီး ပေးအပ်ရသည်ကို စွဲ၍
ကထိန်းသင်္ကန်းကို “ညတ်သင်္ကန်းကြီး”ဟု ခေါ်ကြပါသည်။
ကထိန်ခင်းမည့် သင်္ကန်းသည် ဒုကုဋ် နှစ်ထပ်သင်္ကန်းမှ “ညတ်”သင်္ကန်းဟု မဆိုလိုပါ။
သင်းပိုင်၊ ဧကသီ တထည်ထည်ဖြင့် လည်းကောင်း၊ သင်းပိုင်၊ ဧကသီ ထွဲထားသည့်
ဒွိစုံဖြင့် လည်းကောင်း ကထိန်လှူဒါန်း နိုင်ပါသည်။


ဤကထိန်အကြောင်းကို မောင်လေး မှစုဆောင်းမျှဝေပေးထားခြင်းပါ။
အမှားပါပါကကွန်မန့်တွင်ပြင်ခဲ့ပေးနိုင်ပါသည်။


မချစ်ရ

Sunday, October 25, 2009

တောင်ကြီးမီးပုံးပျံပွဲတော်

တောင်ကြီးမြို့စူဠာမုနိစေတီတော်





မီးကြည်မီးပုံးဖြာကျနေပုံ


စိန်နားပန် မီးပုံး


ဒီနေ့ ( ၂၅.၁၀.၂၀၀၉) ဆိုရင် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲစတဲ့နေ့လေ.....

တန်ဆောင်တိုင်ပွဲတော်ဆိုရင်မြန်မာပြည်မှာအထင်ရှားဆုံးနှင့်အစည်ကားဆုံး
နေရာကတော့တောင်ကြီးမြို့တန်ဆောင်တိုင်ပဲဆိုတာအားလုံးသိကြပြီးဖြစ်ပါတယ်။
ကျွန်မလည်းထိုတန်ဆောင်တိုင်ပွဲကိုဆင်နွှဲဖြစ်တာကတော့
ကျွန်မသူငယ်ချင်းရဲ့ယောင်္ကျားကတောင်ကြီးသားရှမ်းမို့လို့ပါ။
ကျွန်မသူငယ်ချင်းကတော့အရင်ကတည်းကယောင်္ကျားလိုပဲနေတတ်တယ် ။
သူကအိမ်မှုကိစ္စဘာမှမလုပ်တဲ့အပြင်ယောင်္ကျားကအလုပ်ကပြန်လာရင်တောင်
သူ့ကိုထမင်းဟင်းဝယ်လာပေးရသေးတယ်။သူကြောက်တာဆိုလို့တစ်ယောက်မှမရှိဘူး
သူ့မိဘတွေကငယ်ငယ်လေးတည်းကဆုံးသွားကြတာဆိုတော့သူ့အမတွေက
အရမ်းအလိုလိုက်ထားတာလေ၊ဒါပေမယ့်ဘယ်ဘ၀၀ဋ်ကြွေးလည်းတော့မသိဘူးတဲ့
သူပြောတယ်သူအကြောက်ရဆုံးနဲ့အချစ်ဆုံးကကျွန်မတဲ့လေ။
အဲဒါနဲ့သူကစပြီးတောင်ကြီးမီးပုံးပွဲလာဖို့ကျွန်မကိုမြှူဆွယ်တော့တာပဲ
အမှန်ကတော့သူကျွန်မကိုမတွေ့တာနှစ်နဲ့ချီနေလို့တွေ့ချင်လို့ခေါ်တာပါ။
ကျွန်မကလည်းတစ်ခါမှမရောက်ဖူးတော့စိတ်ဝင်စားပြီးသွားရာကနေ
ပျော်ရွှင်သွားတယ်ဆိုပါတော့ ...........

ဒီလိုနဲ့မီးပုံးပျံပွဲကိုမမြင်ဘူးတော့စသွားလည်တဲ့နှစ်မှာပဲမီးပုံးလွှတ်ခါနီးမှာ
တစ်ခါမှလည်းမကြည့်ဖူးဘူးစိတ်ဝင်စားစပ်စုချင်စိတ်ကလည်းဖြစ်တော့
ပထမဆုံးလွှတ်တဲ့မီးပုံးအနားထိရောက်အောင်တိုးသွားကြည့်မိလိုက်တယ်
ဖြစ်ချင်တော့အဲဒီမီးပုံးကမီးကြည်တွေဖျာကျတဲ့(မီးကြည်မီးပုံး)
အမြင့်ပေတော်တော်ရောက်မှမီးကြည်ဖျာရမှာကိုမီးပုံးကမအောင်တော့
အနိမ့်လေးမှာပဲဆောင်းပြီးမီးကြည်တွေနဲ့အတူမီးပုံးပျက်ကျပါလေရော
ကျွန်မကြောက်လန့်တကြားလူတွေနဲ့အတူပြေးရတာပေါ့ဒါကပထမနေ့မို့လို့
လူသိပ်မများသေးလို့လူမပိတာနို့မို့ဆိုမလွယ်ဒါတောင်နည်းနည်းပိလိုက်သေးတယ်
လူတွေကိုယ့်ပေါ်ကျလာတာနောက်ဆုံးနေ့မှာတော့လူတွေများလိုက်တာမှ
အနားတောင်ကပ်ဖို့မပြောနဲ့ကွင်းထဲတောင်သွားလို့မရဘူးလေ။
လူကအောက်ခြေလွတ်သွားတာ
အဲ...လူညပ်ပါသွားတာကိုပြောတာနော်၊မီးပုံးကသုံးမျိုးသုံးစားရှိပါတယ်
(မီးကြည်၊စိန်နားပန်၊နေ့လည်လွှတ်တဲ့အရုပ်မီးပုံး)တို့ပါ...
နေ့လည်မီးပုံးကတော့မကြည့်ဖြစ်တာများပါတာနေ့လည်ဆိုလျှောက်လည်နေတာလေ


အင်းလေးဖောင်တော်ဦးစေတီတော်



အင်းလေးဘုရားတို့၊တောင်ပေါ်ကရွှေဘုန်းပွင့်ဘုရားတို့ကိုလေစုံနေအောင်လိုက်ဖူးတာ
တောင်ကြီးမြို့ပေါ်ကဘုရားကတော့အပေါ်ကပုံ စူဠာမုနိ ပဲဖြစ်ပါတယ်
တောင်ပေါ်က ရွှဘုန်းပွင့်ဘုရား ဆိုရင်လည်းတမြို့လုံးကိုရှုခင်းလိုမြင်တွေ့
နေရတော့စိတ်ကြည်လင်အေးချမ်းတာမှအရမ်းပါပဲ...
အေးချမ်းတာမှစိတ်ရောလူရောပဲ..နော်...
သူငယ်ချင်း၂ယောက်ဆိုင်ကယ်တစ်စီးနဲ့လျှောက်သွားတာလည်းပျော်စရာပဲ
၂၀၀၇ ခုနှစ်ကစပြီးမီးပုံးလွှတ်တဲ့ကွင်းအသစ်ကြီးကိုပြောင်းသွားခဲ့ပြီး
ကျယ်လည်းကျယ်တော့အန္တရာယ်သိပ်မရှိတော့ဘူးကြည့်လို့လည်းပိုကောင်းလာတယ်
သူငယ်ချင်း၂ယောက်ကတော့ပရီမီယာကော်ဖီဆိုင်ရဲ့ဖောက်သယ်တွေပဲလေ
တစ်ညကိုသုံးလေးခေါက်သွားသောက်လို့မှတ်မိနေကြပြီ။
မနှစ်က မီကို နှင့် ဂိုးရို့စ်ကော်ဖီဆိုင်ဆိုရင်ဒစ်စကိုမီးလုံးတွေနဲ့တစ်ညလုံးစည်ကားနေလိုက်တာ
စင်ပေါ်တက်ကနေလိုက်ကြတဲ့လူတွေကကျိတ်ကျိတ်တိုး(ကလပ်)ထက်ဆိုးပါသေးတယ်
သူတို့ကိုကြည့်တဲ့လူတွေကလည်းဝိုင်းအုံကြည့်ကြတာပေါ့
ပရီမီယာဆိုင်ကတော့အဲလိုမျိုးတွေမရှိပါဘူးအေးဆေးလေးကော်ဖီသောက်ရုံပါပဲ
ဒါတောင်ထိုင်စရာနေရာမရှိလို့သူများနဲ့ပဲအမြဲတွဲထိုင်ရတယ်နောက်ဆုံးနေ့မှာတော့
စတိတ်ရှိုးလေးလုပ်ပေးတယ်အဆိုတော်လေးတွေလာဆိုဖျော်ဖြေတယ်လေ။
ကော်ဖီလာချပေးတဲ့ကောင်မလေးတွေကလည်းမော်ဒယ်ချောချောလေးတွေ
ကံစမ်းမဲတွေလည်းပေးသေးတယ်..စုံနေတာပါပဲပွဲဈေးကလည်းကျိတ်ကျိတ်တိုး
အမြို့မြို့အနယ်နယ်ကလာရောင်းတဲ့ပစ္စည်းစုံ၊မုန့်မျိုးကလည်းအစုံပဲ
နိုင်ငံခြားဖြစ်ပစ္စည်းတွေလည်းဈေးပေါပေါနဲ့လာရောင်းကြတယ်
၂၀၀ရ၊၂၀၀၈ နှစ်နှစ်လုံးသွားလည်ခဲ့ပေမယ့်ဒီနှစ်တော့မသွားနိုင်တော့ပါဘူး
သူငယ်ချင်းကတော့မလာနိုင်လို့စိတ်ဆိုးနေလေရဲ့......
တောင်ကြီးမြို့မီးပုံးပျံပွဲကတော့မြန်မာလူမျိုးစုံသာမကပဲနိုင်ငံခြားသားများပါ
လာရောက်မှတ်တမ်းတင်ကြည့်ရှုရတဲ့မြန်မာ့ဂုဏ်ဆောင်ပွဲတစ်ပွဲပါပဲ။

PS..ကိုယ်တိုင်ရိုက်ထားတဲ့ဓါတ်ပုံများဖြစ်သောကြောင့်သိပ်မပေါ်လွင်ပါ

မချစ်ရ

Tuesday, October 20, 2009

ချစ်ခြင်းရဲ့..........

anime couple Pictures, Images and Photos

သူမရဲ့ညှိုးနွမ်းတဲ့ စိတ်ကိုသူ့ရဲ့အားပေးမှုစကားတွေနဲ့
နှစ်သိမ့်ပေးနေတဲ့သူရေ

သူ့ရဲ့နွေးထွေးမှုအောက်မှာ
သူမချစ်ခြင်းတွေမြုပ်နှံထားလိုက်ချင်ရဲ့

သူ့ရဲ့ဂရုစိုက်မှုတွေကြားမှာ
သူမလျစ်လျှူရှုမှုတွေပျက်သုံးချင်ရဲ့

သူ့ရဲ့ကြင်နာတတ်တဲ့မျက်ဝန်းအောက်မှာ
သူမသံသယမျက်လုံးတွေဆုံးရှုံးချင်ရဲ့

သူ့ရဲ့ဖြူစင်တဲ့ချစ်ခြင်းမှာ
သူမရဲ့မချစ်သေးတဲ့နှလုံးသားကိုနာကျည်းလိုက်ချင်ပါရဲ့


မချစ်ရ

Sunday, October 18, 2009

သီချင်းများနဲ့မချစ်ရ(Tag)

ဆိုညည်းဖြစ်သောသီချင်းများတဲ့ မငယ်နိုင် Tag ထားတာလေ
ဘယ်လိုလုပ်ရပါ့ ညည်းလိုက်တဲ့သီချင်းတွေကတော့
ပြောမဆုံးပေါင်တောသုံးထောင်မကရှည်လိမ့်မယ်အသစ်အသစ်ပေါ်တိုင်းကြိုက်နေတော့လည်း
အခက်သားလူ့စိတ်များနော်ဒီသီချင်းလေးတော့အကြိုက်ဆုံးပဲဆိုပြီး
နောက်သီချင်းအသစ်ပေါ်တော့လည်းအဟောင်းသီချင်းကမြောင်းထဲရောက်သွားရော
အဲဒီတော့လောလောဆယ်ကြိုက်နေတုန်းကြိုက်နေဆဲသီချင်းလေးတွေပဲရေးလိုက်တော့မယ်နော်
အင်္ဂလိပ်သီချင်းလေးတွေအကြိုက်များတော့ထဲ့ရေးဦးမယ်နော်..



အင်္ဂလိပ်သီချင်း

အသံရောအဆို၊အကပါကောင်းတဲ့ Sharkira (မချစ်ရအသဲစွဲ)သီချင်းမြူးကြွတာလေး
Objection နဲ့ Hip don't lies ကိုအခန်းထဲဝိုင်းဒိုင်းကြဲနားထောင်တဲ့အချိန်တွေမှာ
နားထောင်ပြီးအော်ကြီးဟစ်ကျယ်လိုက်ဆိုဖြစ်တယ်။ ပေါက်ကွဲသံစဉ်ပေါ့ (ဟိ)
သူ့ရဲ့သီချင်းအေးအေးလေး The One ကလည်းစားသားအဓိပ္ပါယ်လေးက
အရမ်းခံစားလို့ကောင်းတာပဲ your the one I need တဲ့စာသားလေးက

နောက် POP သီချင်းလေးတွေဆိုတဲ့ Britney သူရဲ့သီချင်းလေးတွေက
ကလေးဆန်တယ်လိုက်ဆိုရလွယ်တယ်။ Everytime သီချင်းလေးကညည်းဆိုရလွယ်ပြီး
အဓိပ္ပါယ်လည်းကြိုက်တယ်(သူ့ရီးစားဟောင်းကိုဆိုထားတယ်လို့ပြောတာပဲ)။
everytime i try to fly I fall without my wings I feel so small I guess i need u baby
သူ့သီချင်းတွေအများကြီးကြိုက်တယ်ဒါပေမယ့်လောလောဆယ်ဒါလေးဆိုဆိုဖြစ်နေတယ်။

နောက်ယောင်္ကျားလေးဆိုတဲ့ထဲက James Blunt ရဲ့You're beautiful သီချင်း

your beautiful your beautiful your beautiful it's true

(Air spily) Making love out of nothing at all feel သီချင်းလေးတွေကြိုက်တယ်ဆိုဖြစ်တယ်
I know just how to whisper..,and i know just how to cry..
I know just where to find the answers and I know just how to lie
ဆက်ဆိုလို့မဖြစ်တော့ဘူး ဒီသီချင်းကဆင်ဆာပါသည် ဟီးး

မြန်မာသီချင်း

ခေါင်းစဉ်တော့မသိဘူးမိန်းကလေးရဲ့
တဘက်သတ်ခံစားချက်ကိုဖော်ပြထားတာလေးမို့ကြိုက်တယ်

နေနိုင်သူရေမင်းကိုလေ........စိတ်ကုန်ချင်ပြီကွယ်
ဒီမှာအချစ်များယူလိုက်........ငါအော်ဟစ်လိုက်ချင်
ဒီမှာအချစ်များယူလိုက်....ငါတစ်ယောက်ထဲတမ်းတ
အသည်းထဲအချစ်များစွာမင်းအတွက်သိမ်းဆည်းထား
မျှော်လင့်ရတဲ့မိန်းကလေးတို့ဘ၀ရည်ရွယ်သူကိုစောင့်စား
မင်းမျက်လုံးထဲမှာရှာခဲ့အချစ်ရိပ်များ
မျှော်လင့်ရတဲ့မိန်းကလေးတို့ဘ၀ရည်ရွယ်သူကိုစောင့်စား

နောက်၁ပုဒ်ကတော့..... ကံကောင်းမယ့်အချစ် (ဂရေဟမ်)လောလောဆယ်ဘလော့မှာတင်ထားတဲ့သီချင်းလေးပါ (ဟိုးအရင်ကမေးလ်ထဲပို့ပေးထားတဲ့သီချင်းလေးပါပေးပို့လာသူက
ဘာရည်ရွယ်ချက်နဲ့ပို့လည်းတော့မသိပါဘူးနားထောင်သူကတော့
ဒီသီချင်းလေးကိုကြားတိုင်းဘယ်ရောက်နေမှန်းမသိတဲ့သူ့ကိုသတိရမိနေတယ်)

ကမ္ဘာကျော်အလှ ဘုရင်မကြီး ငိုချင်းချလိမ့်မယ်နင်ရီပြုံးမပြလိုက်ပါနဲ့....သိပ်ချစ်တဲ့အကြောင်းဖွင့်ပြောလိုက်ချင်လည်းငါ့နှုတ်ခမ်းမျာနဲ့ဆွံအ...သွားခဲ့
ဘယ်လိုပြောရမလဲ ..ရိုးသားစွာနဲ့..သီချင်းလေးထဲကမင်းကိုချစ်တယ်

(ဒီသီချင်းလေးကကောင်လေးတစ်ယောက်ဇော်ပီယာမှာတင်ထားတဲ့သီချင်း
သွားသွားနားထောင်ရင်းနဲ့သူနဲ့ခင်မင်ခဲ့တာလေးသတိရလို့ခုတော့မတွေ့တော့ပါဘူး)

မျိုးကြီးရဲ့ခေါင်းစဉ်မသိပြန်ဘူး

ရွှေ၊ငွေနဲ့တိမ်တိုက်တို့မရှိလည်းနေနိုင်ပါတယ်...တသက်လုံး
အလိုအပ်ဆုံးကဘ၀ကိုအရိုးသားဆုံးနေဖို့...........
(ရိုးရှင်းစွာနေနိုင်တယ် ဘ၀ကို ဆိုတာလေးသဘောကျလို့)

နောက်တစ်ပုဒ်က........တစိမ်းတယောက်ပါ
(အချိန်တန်ရင်လူတွေကတစိမ်းလိုဖြစ်သွားကြတာပါပဲ)

ဒိုးလုံးရဲ့သီချင်းကတောင်ကြီးကသူငယ်ချင်းဂစ်တာတီးပြီးဆိုပြ
နေကြလေးမို့ကြိုက်မိပြန်တယ်

ဒီအတွက်တော့ငါ....နောက်တစ်ခါ ဘာတွေကို တောင်းဆုခြွေမလဲ
ခံစားချက်တွေခန်းခြောက်ခဲ့.......လိုချင်တာလည်းဖြစ်မလာတော့
အမှောင်မှာလည်းတိတ်ဆိတ်ငြိမ်သက်....အဖော်တွေဝေးကွာ
အပြင်ထွက်ပြီးလိုက်လို့ရှာလည်း......အဝေးကလမင်းငယ်

ဟဲလေးရဲ့ဘာဖြစ်ဖြစ်ချစ်မယ်

နင်ဘာပဲဖြစ်ဖြစ်ချစ်မယ်ကလေးရယ်..နင့်ဘက်ကလိုက်လျောပါ့မယ်
(ဘာပဲဖြစ်ဖြစ်သည်းညည်းခံချစ်နေမယ်ဆိုပြီးခုထိသည်းခံပြီးကပ်နေတဲ့သူပို့ပေးတဲ့သီချင်းလေးပါ)

ဒီမှာနေ့တိုင်းတမ်းတတ်ပြီ မ ရယ်...အပြုံးလေးများကြောင့်ကြိတ်မှိတ်ရူးခဲ့

ကျွန်တော့အတွေးများထဲ မ ကစိုးမိုးနေတော့ရှုံးလို့သွားတဲ့နှလုံးသားလေးမှာ

စကားပြောသံလေးတွေနားထဲပြန်ကြားနေ ညကျအိပ်လို့မရ

ဒါတွေဟာ မ ကြောင့်ဖြစ်လာတာ...အိပ်မက်ကလေးမက်ခွင့်ပေးပါ မ ဘယ်သူဆိုလည်းတော့မသိကောင်းလို့ကြိုက်သည်။

ဟစ်ဟော့မကြိုက်ပေမယ့် လင်းရာ ရဲ့ မင်းစေရာ နဲ့ အရမ်းကြိုက်တယ်

ဆရာထူးအိမ်သင် ရဲ့အကျော်ကြားဆုံးသီချင်းဘယ်တော့ပဲဖြစ်ဖြစ်မရိုးနိုင်တဲ့ အကြင်နာအိပ်မက်

Bigbag ရဲ့ နားလည်ပါ

မေစံပ္ပါယ်ညိုရဲ့ အလွမ်းနေ့ရက်ရှည် ခံစားချက်သီချင်းလေးပေါ့

အချစ်=အချစ် ကလည်းဒီလိုပါပဲကြိုက်ဖြစ်ပါတယ်
(မချစ်ရအချစ်ကတော့မညီမျှဘူးနော် အချစ်>အချစ် ပဲကိုယ့်ဘက်သာမှ :P)

ကိုရီးယားသီချင်ကလည်းကြိုက်သေးတယ်(ဟိ)

forbitten love , full house , crazy love song ခေါင်းစဉ်ကတော့အဲလောက်ပဲသိတယ်အဓိပ္ပါယ်နည်းနည်းပါးပါးပဲသိတယ်။
ကြိုက်တာတွေကတော့ကျန်သေးတယ်လိုက်လည်းဆိုတယ်...

တရုပ်သီချင်း

I miss you နဲ့ JAY သီချင်းတော်တော်များများကြိုက်တယ်ရသလောက်အကုန်လိုက်ဆိုတယ်

နောက်ဆုံးအပိတ်မှာတော့မချစ်ရငယ်ငယ်ကအမေချော့သိပ်တဲ့သီချင်း More than I can say

အဖေချီပြီးဆိုပြတဲ့သီချင်းက ပြေးပြေး..ပြေး ငါ့မြင်းကလေးပြေး မမောပါနဲ့မနားပါနဲ့မရပ်ပါနဲ့ပြေးးးးး

ပြေးးးးးးးးးးပြီအမရေ သြော်...ရေသောက်ဖို့ပြေးတာပြောပါတယ်

သီချင်းရူးသူကိုမှသီချင်းလာ Tag တဲ့အမမငယ်နိုင်ရေ
သီချင်းလည်းပေါင်းစုံသွားပြီအမလည်းကျေနပ်လောက်ပါပြီနော်...နော်
အမ မငယ်နိုင်ရေ ညီမ မချစ်ရလည်းသီချင်းတွေလိုက်ဆိုရတာမောသွားပြီ အမဆီအအေးတော့လာသောက်ဦးမှဖြစ်တော့မယ်နော်...ဟူးးးးးးးးး

ဘာရမလဲပြန် Tag မယ် .........

မ Tag ဘူးပေမယ့်ဘလော့ကိုအမြဲအားပေးသူ
ခုမှဘလော့ပြန်လာတဲ့ဘလော့တော်ပြန် အကိုဝင်းဇော်

မ Tag စဖူးကိုယ့်မောင်လေးကယ်လေးငေါင်ကိုဒုက္ခပေးမယ့်အမ

မောင်လေးသူငယ်ချင်း စည်သူ ရေမောင်လေးနဲ့ဒုက္ခတူတူခံလိုက်ကြဦးနော်

နာမည်ပြောင်းကင်ပွန်းတပ်တဲ့ စိမ်း

ဘာရေးရမှန်းမသိတဲ့ယောင်လည်လည်ဖြစ်နေတဲ့ ညလေးဆုလာဒ်

အမြဲနှိပ်စက်နေကျ အဲဟုတ်ပါဘူး ယောင်လို့ Tag နေကျ တီလေးညခင်း

သူမပါရင်နားတွေညီးလို့သေရပါလိမ့်မယ် ထိုင်ဝမ်ကအမ ကိကိ

အောင်မလေးမကိုက်နဲ့နော်မကျေနပ်ရင်ဆိုသာဆိုသီချင်း ခြင်

ရေးချင်လားမသိမရေးချင်လားမသိတဲ့သူ ဆောင်းနှင်း

မအားဘူးထင်ပေမယ့်သီချင်းလေးတွေကြိုက်တတ်တဲ့ မကြယ်ပြာ

သီချင်းလေးတော့လွယ်ပါတယ် ကိုကျောက်တာ

ဘာတွေမှန်းတော့မသိဘူးခေါင်းထဲပေါ်လာတဲ့လူတွေအကုန်အလုပ်ပေးလိုက်ပြီနော်
ရောသမမွှေချင်မွှေ မမွှေချင်လည်း ဒီတိုင်းသာရိုးရိုးလေးရေးပေးကြတော့..နော်

ဒုက္ခပေးမယ့်..မချစ်ရ

Friday, October 16, 2009

အလှူရေစက် လက်နဲ့မကွာ

၁၄ ရက် ၁၀ လ ၂၀၀၉ အလှူ


ကျွန်မသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ဒူဘိုင်းမှာအလုပ်လုပ်နေသူက
မိတ်ဆက်ပေးလို့သိရတဲ့သူငယ်ချင်းတစ်ယောက်ပေါ့သူလည်း
ဒူဘိုင်းမှာအလုပ်လုပ်နေတာပါပဲသူတို့ခွင့်နဲ့ပြန်လာတော့မှာမို့ပြန်ရောက်ရင်
မှော်ဘီချမ်းမြေ့မြိုင်စာသင်တိုက် မှာဘုန်းကြီးဆွမ်းကျွေးအလှူလုပ်မယ်လို့
ကျွန်မကိုဖိတ်တယ်။အလှူတော့မခံပါဘူးသူတို့ဒူဘိုင်းကသူငယ်ချင်းတွေစုလှူတာ
ဆိုတော့.....စ လုပ်မယ်ပြောတဲ့သူကတော့ပိုစိုက်ရတာပေါ့လေ။
သူတို့တွေပြန်ရောက်လူစုကြတော့လည်းခရီးသွားသူကသွားနဲ့ဘယ်လိုမှလူမပြည့်တော့ဘူး
ကျွန်မလည်းဘုန်းကြီးဆွမ်းကိုအဲလိုမျိုးမလှူဘူးတော့ပါမယ်ဆိုပြီးပြောလိုက်တယ်။ သံဃာတော်နှင့်ဖိုးသူတော်လေး၂ပါးအပါအ၀င်အားလုံးပေါင်းအပါး(၅၀)ပါ။
အဲဒါနဲ့ထိုင်ဝမ်ကအမကိကိကိုပြောတော့သူကလည်းပါမယ်ဆိုပြီးနှစ်ယောက်ပေါင်း
သုံးသောင်းပါဝင်လှူတန်းဖြစ်ခဲ့ပါတယ်။နံက်မှော်ဘီကားနဲ့သွားတာနေ့ဆွမ်းကပ်မှီရုံပါပဲ အရမ်းကိုကြည်နူးပျော်ခဲ့တယ်။အားလုံးကိုလည်းအလှူဒါနအတွက်အမျှပေးဝေပါတယ်။

နံက်အာရုံဆွမ်းကော်ရည်ခေါက်ဆွဲ(သွားတာမမှီလိုက်လို့ဓါတ်ပုံမရိုက်နိုင်ခဲ့ဘူး)

နေ့လည်ဆွမ်းနဲ့ဟင်း(ပုစွန်ထုပ်၊ကြက်သား၊၀က်သားနဲ့ဘဲဥ၊
ဟင်းရွက်ကြော်၊ဟင်းရည်၊ငပိထောင်း၊ငပိရည်တို့စရာ)နှင့်အချိုပွဲအစုံ




သံဃာတော်များကြွလာ

ဆွမ်းဆက်ကပ်


ကျောင်းထိုင်ဘုန်းကြီးတို့ဝိုင်းမှလွဲ၍ဆွမ်းစားတာသပိတ်နဲ့ပဲဘုန်းပေးရတယ်တဲ့


ကျောင်းထိုင်ဘုန်းကြီးဆရာတော်ဥုးသာဂရာဘိဝံသတရားဟောနေစဉ်

မချစ်ရ