သူမရဲ့ညှိုးနွမ်းတဲ့ စိတ်ကိုသူ့ရဲ့အားပေးမှုစကားတွေနဲ့
နှစ်သိမ့်ပေးနေတဲ့သူရေ
သူ့ရဲ့နွေးထွေးမှုအောက်မှာ
သူမချစ်ခြင်းတွေမြုပ်နှံထားလိုက်ချင်ရဲ့
သူ့ရဲ့ဂရုစိုက်မှုတွေကြားမှာ
သူမလျစ်လျှူရှုမှုတွေပျက်သုံးချင်ရဲ့
သူ့ရဲ့ကြင်နာတတ်တဲ့မျက်ဝန်းအောက်မှာ
သူမသံသယမျက်လုံးတွေဆုံးရှုံးချင်ရဲ့
သူ့ရဲ့ဖြူစင်တဲ့ချစ်ခြင်းမှာ
သူမရဲ့မချစ်သေးတဲ့နှလုံးသားကိုနာကျည်းလိုက်ချင်ပါရဲ့
မချစ်ရ
အရမ်းလွမ်းတာပဲ
1 month ago
9 comments:
အဲ အဲဒါ ကဗျာလား ရွေ နိပ်ဟ များဂါတွေများ ကဗျာ စပ်တတ်တယ် အားကျပါ့ ဟွင်းးးး
ဆန္ဒနှင့် ဘ၀ တစ်ထပ်တည်းကျနိုင်ပါစေ " မချစ်ရ " ရေ..ဆုတောင်းပေးပါတယ်။ ရင်တွင်းဖြစ် လေးထင်တယ်နော်..
ခင်မင်လေးစားလျှက်
ညီညီ(အနာဂါတ်သံစဉ်)
၁- ဖြစ်ဖူးသွားပါပြီ မိတ်ဆွေသစ်ဆီမှာ.. by chance :)
ကျွန်မ နှလုံးသား ချစ်တတ်လာသည့် တိုင်အောင်
သူ့ချစ်ခြင်းတွေ ရှိစေချင်ရဲ့။
နှလုံးသားနဲ့ခံစားလိုက်ပေါ့.... :)
စိတ်လျှော့ညီမလေး အစိတ်လျှော့.... မတ်တင်းပဲထား... ဟီး... စသွားတယ်..
ဆန္ဒမျက်ဝန်း
အချစ်သွန်း၍
မြင်ကြည်မယ်ဆို
ွှအကောင်းပကတိ
ယုတ်တိရှိမို့
အားသွန်ခွန်စိုက်
ချစ်လိုက်ပါတော့လားကွယ်....ဟဲဟဲ
ဆိုင်မဆိုင်တော့မသိ
စိတ်ထဲရှိတာလေးရေရွှတ်လိုက်တာ...
အမှားပါက ခွင်လွတ်ပါ....
ပျော်ရွှင်နိုင်ပါစေ
ညီမလေးရေ ပျော်ရွှင် ချမ်းမြေ့ပါစေ။
သူ့ရဲ့ဖြူစင်တဲ့ချစ်ခြင်းမှာ
သူမရဲ့မချစ်သေးတဲ့နှလုံးသားကိုနာကျည်းလိုက်ချင်ပါရဲ့
အင်........ မလုပ်ပါနဲ့မရယ်..
ချစ်တတ်သူတိုင်း ပျော်ရွှင်ပါစေနော်။
ကဗျာလေးကောင်းတယ်။
မချစ်ရ တကယ် ခံစားလိုက်တာ ထင်တယ် D: ...
ဒါမျိုးလေးတွေက ဖတ်ရတာ အရသာရှိတယ်ဗျ။
များများ ဖွင့်ထုတ်ပေါ့ဗျာ ...အားပေးမယ် လေ။
Post a Comment