CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Friday, October 16, 2009

အလှူရေစက် လက်နဲ့မကွာ

၁၄ ရက် ၁၀ လ ၂၀၀၉ အလှူ


ကျွန်မသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ဒူဘိုင်းမှာအလုပ်လုပ်နေသူက
မိတ်ဆက်ပေးလို့သိရတဲ့သူငယ်ချင်းတစ်ယောက်ပေါ့သူလည်း
ဒူဘိုင်းမှာအလုပ်လုပ်နေတာပါပဲသူတို့ခွင့်နဲ့ပြန်လာတော့မှာမို့ပြန်ရောက်ရင်
မှော်ဘီချမ်းမြေ့မြိုင်စာသင်တိုက် မှာဘုန်းကြီးဆွမ်းကျွေးအလှူလုပ်မယ်လို့
ကျွန်မကိုဖိတ်တယ်။အလှူတော့မခံပါဘူးသူတို့ဒူဘိုင်းကသူငယ်ချင်းတွေစုလှူတာ
ဆိုတော့.....စ လုပ်မယ်ပြောတဲ့သူကတော့ပိုစိုက်ရတာပေါ့လေ။
သူတို့တွေပြန်ရောက်လူစုကြတော့လည်းခရီးသွားသူကသွားနဲ့ဘယ်လိုမှလူမပြည့်တော့ဘူး
ကျွန်မလည်းဘုန်းကြီးဆွမ်းကိုအဲလိုမျိုးမလှူဘူးတော့ပါမယ်ဆိုပြီးပြောလိုက်တယ်။ သံဃာတော်နှင့်ဖိုးသူတော်လေး၂ပါးအပါအ၀င်အားလုံးပေါင်းအပါး(၅၀)ပါ။
အဲဒါနဲ့ထိုင်ဝမ်ကအမကိကိကိုပြောတော့သူကလည်းပါမယ်ဆိုပြီးနှစ်ယောက်ပေါင်း
သုံးသောင်းပါဝင်လှူတန်းဖြစ်ခဲ့ပါတယ်။နံက်မှော်ဘီကားနဲ့သွားတာနေ့ဆွမ်းကပ်မှီရုံပါပဲ အရမ်းကိုကြည်နူးပျော်ခဲ့တယ်။အားလုံးကိုလည်းအလှူဒါနအတွက်အမျှပေးဝေပါတယ်။

နံက်အာရုံဆွမ်းကော်ရည်ခေါက်ဆွဲ(သွားတာမမှီလိုက်လို့ဓါတ်ပုံမရိုက်နိုင်ခဲ့ဘူး)

နေ့လည်ဆွမ်းနဲ့ဟင်း(ပုစွန်ထုပ်၊ကြက်သား၊၀က်သားနဲ့ဘဲဥ၊
ဟင်းရွက်ကြော်၊ဟင်းရည်၊ငပိထောင်း၊ငပိရည်တို့စရာ)နှင့်အချိုပွဲအစုံ




သံဃာတော်များကြွလာ

ဆွမ်းဆက်ကပ်


ကျောင်းထိုင်ဘုန်းကြီးတို့ဝိုင်းမှလွဲ၍ဆွမ်းစားတာသပိတ်နဲ့ပဲဘုန်းပေးရတယ်တဲ့


ကျောင်းထိုင်ဘုန်းကြီးဆရာတော်ဥုးသာဂရာဘိဝံသတရားဟောနေစဉ်

မချစ်ရ

9 comments:

Khyl said...

ဝမ်းမြောက်ဝမ်းသာ သာဓု..သာဓု.. သာဓု.... သုံးကြိမ်ခေါ်ပါတယ်... ညီမလေးရေ....

အမလဲ ဒီသင်္ကြန်အပြီး မှာ ရန်ကုန်ပြန်ပြီး.... ဆင်းရဲသားရပ်ကွက်တွေမှာ ရေတုံကင်တွေ အနည်းဆုံး... ၃လုံး... အများဆုံး.... ၅လုံး...
(အမ တယောက်ထဲ မတည်) သွားလှူဒါန်းမှာ မို့ ခုထဲက ကြိုတွေးပြီး ပီတိ ကုသိုလ်ရနေပါတယ်... ညီမလေးရေ....
အဲလိုပဲ နှစ်တိုင်း ဆင်းရဲသားတွေ ကို သွားလှူမှာပါ...

မှော်ဘီက မိဘမဲ့ကျောင်းမှာလဲ အမ ရန်ကုန်မှာရှိနေတုန်းက လစဉ် လှူခဲ့သေးတယ်... ဆန်တို့... မိုးကာတို့ စတီးချိုင့်တို့...ထီးတို့.. ဗီစီဒီစက်တို့(ကြွားတာ... ငှဲငှဲ) အလကားနောက်တာ အမျှယူနော်...

kiki said...

သာဓု ...သာဓု....သာဓု......

နောင်လည်း အစဉ်အမြဲ လှူဒါန်းနိုင်ပါစေ ။။

ဤသို့ ပြုရ ကုသလကြောင့် ကုလားကြီးနဲ့  လွဲပါစေ ။
အဲလေ .. ယောင်လို့  ... ချစ်တဲ့သူ နဲ့  မြဲပါစေ ။။။။

Welcome said...

အမှတ်တရ ရှိနေပေးတဲ့အတွက်
အတိုင်းမသိဝမ်းသာတယ်။
ဘာဖြစ်ဖြစ် အမှတ်ရနေပါတယ်။
စာတွေ ဖြည်း၂ချင်း လာဖတ်ပါမယ်။

ကောင်လေးငယ် said...

အလှူအကြောင်းလေးဖတ်လိုက်တာ ပီတိဖြစ်သွားပါတယ် မမရေ...
များများလှူနိုင်ပါစေ......
အော်.... ဗျို့))) မော်စကွီရှည် ဆင်းရဲသားရပ်ကွပ်တွေကို လှူရင် လျှက်ဆားတို့
အစာကြေဆေးတို့တော့ မလှူနဲ့နော်..ဟီဟိ
(စိတ်ဆိုးနဲ့နော် )

မိုးစက်အိမ် said...

အလှုအကြောင်းလေး မြင်ရဖတ်ရတာ တကယ်
စိတ်ချမ်းသာတယ် အမရေ . . . :)

Khyl said...

ကယ်လေးငေါင် အမတ်ကြီးပေး သော အကျန် ကာလံဒေသံ လျော်ကန်လှပေသည်.... ဟားဟား... မှတ်သားသွားပါတယ် ခညာ..

Nge Naing said...

ညီမလေးရေ သာဓုခေါ်သွားပါတယ်နော့်။ ညီမလေး tag ထားတာ ရေးထားပြီးပြီ။ အစ်မ အရင်ရေးတဲ့ ညည်းဖြစ်သော သီချင်းများနဲ့ ပတ်သက်ပြီး ညီမလေးကို ပြန်တပ်ထားပါတယ်နော့်။

ရွှင်လန်းချမ်းမြေ့ပါစေ

စိမ်း... said...

သာဓု... သာဓု... သာဓု ... ပါ မချစ်ရရေ...
နောက်ထပ် နောက်ထပ်များမှာလည်း ဆထက်မက လှူနိုင်တန်းနိုင်ပါစေ....

မချစ်ရ said...

ပေးတဲ့ဆုနဲ့ပြည့်ပါစေ..
အများကြီးလှူချင်ပါသေးတယ်
ခုတော့တတ်နိုင်သလောက်ပေါ့