CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday, October 18, 2009

သီချင်းများနဲ့မချစ်ရ(Tag)

ဆိုညည်းဖြစ်သောသီချင်းများတဲ့ မငယ်နိုင် Tag ထားတာလေ
ဘယ်လိုလုပ်ရပါ့ ညည်းလိုက်တဲ့သီချင်းတွေကတော့
ပြောမဆုံးပေါင်တောသုံးထောင်မကရှည်လိမ့်မယ်အသစ်အသစ်ပေါ်တိုင်းကြိုက်နေတော့လည်း
အခက်သားလူ့စိတ်များနော်ဒီသီချင်းလေးတော့အကြိုက်ဆုံးပဲဆိုပြီး
နောက်သီချင်းအသစ်ပေါ်တော့လည်းအဟောင်းသီချင်းကမြောင်းထဲရောက်သွားရော
အဲဒီတော့လောလောဆယ်ကြိုက်နေတုန်းကြိုက်နေဆဲသီချင်းလေးတွေပဲရေးလိုက်တော့မယ်နော်
အင်္ဂလိပ်သီချင်းလေးတွေအကြိုက်များတော့ထဲ့ရေးဦးမယ်နော်..



အင်္ဂလိပ်သီချင်း

အသံရောအဆို၊အကပါကောင်းတဲ့ Sharkira (မချစ်ရအသဲစွဲ)သီချင်းမြူးကြွတာလေး
Objection နဲ့ Hip don't lies ကိုအခန်းထဲဝိုင်းဒိုင်းကြဲနားထောင်တဲ့အချိန်တွေမှာ
နားထောင်ပြီးအော်ကြီးဟစ်ကျယ်လိုက်ဆိုဖြစ်တယ်။ ပေါက်ကွဲသံစဉ်ပေါ့ (ဟိ)
သူ့ရဲ့သီချင်းအေးအေးလေး The One ကလည်းစားသားအဓိပ္ပါယ်လေးက
အရမ်းခံစားလို့ကောင်းတာပဲ your the one I need တဲ့စာသားလေးက

နောက် POP သီချင်းလေးတွေဆိုတဲ့ Britney သူရဲ့သီချင်းလေးတွေက
ကလေးဆန်တယ်လိုက်ဆိုရလွယ်တယ်။ Everytime သီချင်းလေးကညည်းဆိုရလွယ်ပြီး
အဓိပ္ပါယ်လည်းကြိုက်တယ်(သူ့ရီးစားဟောင်းကိုဆိုထားတယ်လို့ပြောတာပဲ)။
everytime i try to fly I fall without my wings I feel so small I guess i need u baby
သူ့သီချင်းတွေအများကြီးကြိုက်တယ်ဒါပေမယ့်လောလောဆယ်ဒါလေးဆိုဆိုဖြစ်နေတယ်။

နောက်ယောင်္ကျားလေးဆိုတဲ့ထဲက James Blunt ရဲ့You're beautiful သီချင်း

your beautiful your beautiful your beautiful it's true

(Air spily) Making love out of nothing at all feel သီချင်းလေးတွေကြိုက်တယ်ဆိုဖြစ်တယ်
I know just how to whisper..,and i know just how to cry..
I know just where to find the answers and I know just how to lie
ဆက်ဆိုလို့မဖြစ်တော့ဘူး ဒီသီချင်းကဆင်ဆာပါသည် ဟီးး

မြန်မာသီချင်း

ခေါင်းစဉ်တော့မသိဘူးမိန်းကလေးရဲ့
တဘက်သတ်ခံစားချက်ကိုဖော်ပြထားတာလေးမို့ကြိုက်တယ်

နေနိုင်သူရေမင်းကိုလေ........စိတ်ကုန်ချင်ပြီကွယ်
ဒီမှာအချစ်များယူလိုက်........ငါအော်ဟစ်လိုက်ချင်
ဒီမှာအချစ်များယူလိုက်....ငါတစ်ယောက်ထဲတမ်းတ
အသည်းထဲအချစ်များစွာမင်းအတွက်သိမ်းဆည်းထား
မျှော်လင့်ရတဲ့မိန်းကလေးတို့ဘ၀ရည်ရွယ်သူကိုစောင့်စား
မင်းမျက်လုံးထဲမှာရှာခဲ့အချစ်ရိပ်များ
မျှော်လင့်ရတဲ့မိန်းကလေးတို့ဘ၀ရည်ရွယ်သူကိုစောင့်စား

နောက်၁ပုဒ်ကတော့..... ကံကောင်းမယ့်အချစ် (ဂရေဟမ်)လောလောဆယ်ဘလော့မှာတင်ထားတဲ့သီချင်းလေးပါ (ဟိုးအရင်ကမေးလ်ထဲပို့ပေးထားတဲ့သီချင်းလေးပါပေးပို့လာသူက
ဘာရည်ရွယ်ချက်နဲ့ပို့လည်းတော့မသိပါဘူးနားထောင်သူကတော့
ဒီသီချင်းလေးကိုကြားတိုင်းဘယ်ရောက်နေမှန်းမသိတဲ့သူ့ကိုသတိရမိနေတယ်)

ကမ္ဘာကျော်အလှ ဘုရင်မကြီး ငိုချင်းချလိမ့်မယ်နင်ရီပြုံးမပြလိုက်ပါနဲ့....သိပ်ချစ်တဲ့အကြောင်းဖွင့်ပြောလိုက်ချင်လည်းငါ့နှုတ်ခမ်းမျာနဲ့ဆွံအ...သွားခဲ့
ဘယ်လိုပြောရမလဲ ..ရိုးသားစွာနဲ့..သီချင်းလေးထဲကမင်းကိုချစ်တယ်

(ဒီသီချင်းလေးကကောင်လေးတစ်ယောက်ဇော်ပီယာမှာတင်ထားတဲ့သီချင်း
သွားသွားနားထောင်ရင်းနဲ့သူနဲ့ခင်မင်ခဲ့တာလေးသတိရလို့ခုတော့မတွေ့တော့ပါဘူး)

မျိုးကြီးရဲ့ခေါင်းစဉ်မသိပြန်ဘူး

ရွှေ၊ငွေနဲ့တိမ်တိုက်တို့မရှိလည်းနေနိုင်ပါတယ်...တသက်လုံး
အလိုအပ်ဆုံးကဘ၀ကိုအရိုးသားဆုံးနေဖို့...........
(ရိုးရှင်းစွာနေနိုင်တယ် ဘ၀ကို ဆိုတာလေးသဘောကျလို့)

နောက်တစ်ပုဒ်က........တစိမ်းတယောက်ပါ
(အချိန်တန်ရင်လူတွေကတစိမ်းလိုဖြစ်သွားကြတာပါပဲ)

ဒိုးလုံးရဲ့သီချင်းကတောင်ကြီးကသူငယ်ချင်းဂစ်တာတီးပြီးဆိုပြ
နေကြလေးမို့ကြိုက်မိပြန်တယ်

ဒီအတွက်တော့ငါ....နောက်တစ်ခါ ဘာတွေကို တောင်းဆုခြွေမလဲ
ခံစားချက်တွေခန်းခြောက်ခဲ့.......လိုချင်တာလည်းဖြစ်မလာတော့
အမှောင်မှာလည်းတိတ်ဆိတ်ငြိမ်သက်....အဖော်တွေဝေးကွာ
အပြင်ထွက်ပြီးလိုက်လို့ရှာလည်း......အဝေးကလမင်းငယ်

ဟဲလေးရဲ့ဘာဖြစ်ဖြစ်ချစ်မယ်

နင်ဘာပဲဖြစ်ဖြစ်ချစ်မယ်ကလေးရယ်..နင့်ဘက်ကလိုက်လျောပါ့မယ်
(ဘာပဲဖြစ်ဖြစ်သည်းညည်းခံချစ်နေမယ်ဆိုပြီးခုထိသည်းခံပြီးကပ်နေတဲ့သူပို့ပေးတဲ့သီချင်းလေးပါ)

ဒီမှာနေ့တိုင်းတမ်းတတ်ပြီ မ ရယ်...အပြုံးလေးများကြောင့်ကြိတ်မှိတ်ရူးခဲ့

ကျွန်တော့အတွေးများထဲ မ ကစိုးမိုးနေတော့ရှုံးလို့သွားတဲ့နှလုံးသားလေးမှာ

စကားပြောသံလေးတွေနားထဲပြန်ကြားနေ ညကျအိပ်လို့မရ

ဒါတွေဟာ မ ကြောင့်ဖြစ်လာတာ...အိပ်မက်ကလေးမက်ခွင့်ပေးပါ မ ဘယ်သူဆိုလည်းတော့မသိကောင်းလို့ကြိုက်သည်။

ဟစ်ဟော့မကြိုက်ပေမယ့် လင်းရာ ရဲ့ မင်းစေရာ နဲ့ အရမ်းကြိုက်တယ်

ဆရာထူးအိမ်သင် ရဲ့အကျော်ကြားဆုံးသီချင်းဘယ်တော့ပဲဖြစ်ဖြစ်မရိုးနိုင်တဲ့ အကြင်နာအိပ်မက်

Bigbag ရဲ့ နားလည်ပါ

မေစံပ္ပါယ်ညိုရဲ့ အလွမ်းနေ့ရက်ရှည် ခံစားချက်သီချင်းလေးပေါ့

အချစ်=အချစ် ကလည်းဒီလိုပါပဲကြိုက်ဖြစ်ပါတယ်
(မချစ်ရအချစ်ကတော့မညီမျှဘူးနော် အချစ်>အချစ် ပဲကိုယ့်ဘက်သာမှ :P)

ကိုရီးယားသီချင်ကလည်းကြိုက်သေးတယ်(ဟိ)

forbitten love , full house , crazy love song ခေါင်းစဉ်ကတော့အဲလောက်ပဲသိတယ်အဓိပ္ပါယ်နည်းနည်းပါးပါးပဲသိတယ်။
ကြိုက်တာတွေကတော့ကျန်သေးတယ်လိုက်လည်းဆိုတယ်...

တရုပ်သီချင်း

I miss you နဲ့ JAY သီချင်းတော်တော်များများကြိုက်တယ်ရသလောက်အကုန်လိုက်ဆိုတယ်

နောက်ဆုံးအပိတ်မှာတော့မချစ်ရငယ်ငယ်ကအမေချော့သိပ်တဲ့သီချင်း More than I can say

အဖေချီပြီးဆိုပြတဲ့သီချင်းက ပြေးပြေး..ပြေး ငါ့မြင်းကလေးပြေး မမောပါနဲ့မနားပါနဲ့မရပ်ပါနဲ့ပြေးးးးး

ပြေးးးးးးးးးးပြီအမရေ သြော်...ရေသောက်ဖို့ပြေးတာပြောပါတယ်

သီချင်းရူးသူကိုမှသီချင်းလာ Tag တဲ့အမမငယ်နိုင်ရေ
သီချင်းလည်းပေါင်းစုံသွားပြီအမလည်းကျေနပ်လောက်ပါပြီနော်...နော်
အမ မငယ်နိုင်ရေ ညီမ မချစ်ရလည်းသီချင်းတွေလိုက်ဆိုရတာမောသွားပြီ အမဆီအအေးတော့လာသောက်ဦးမှဖြစ်တော့မယ်နော်...ဟူးးးးးးးးး

ဘာရမလဲပြန် Tag မယ် .........

မ Tag ဘူးပေမယ့်ဘလော့ကိုအမြဲအားပေးသူ
ခုမှဘလော့ပြန်လာတဲ့ဘလော့တော်ပြန် အကိုဝင်းဇော်

မ Tag စဖူးကိုယ့်မောင်လေးကယ်လေးငေါင်ကိုဒုက္ခပေးမယ့်အမ

မောင်လေးသူငယ်ချင်း စည်သူ ရေမောင်လေးနဲ့ဒုက္ခတူတူခံလိုက်ကြဦးနော်

နာမည်ပြောင်းကင်ပွန်းတပ်တဲ့ စိမ်း

ဘာရေးရမှန်းမသိတဲ့ယောင်လည်လည်ဖြစ်နေတဲ့ ညလေးဆုလာဒ်

အမြဲနှိပ်စက်နေကျ အဲဟုတ်ပါဘူး ယောင်လို့ Tag နေကျ တီလေးညခင်း

သူမပါရင်နားတွေညီးလို့သေရပါလိမ့်မယ် ထိုင်ဝမ်ကအမ ကိကိ

အောင်မလေးမကိုက်နဲ့နော်မကျေနပ်ရင်ဆိုသာဆိုသီချင်း ခြင်

ရေးချင်လားမသိမရေးချင်လားမသိတဲ့သူ ဆောင်းနှင်း

မအားဘူးထင်ပေမယ့်သီချင်းလေးတွေကြိုက်တတ်တဲ့ မကြယ်ပြာ

သီချင်းလေးတော့လွယ်ပါတယ် ကိုကျောက်တာ

ဘာတွေမှန်းတော့မသိဘူးခေါင်းထဲပေါ်လာတဲ့လူတွေအကုန်အလုပ်ပေးလိုက်ပြီနော်
ရောသမမွှေချင်မွှေ မမွှေချင်လည်း ဒီတိုင်းသာရိုးရိုးလေးရေးပေးကြတော့..နော်

ဒုက္ခပေးမယ့်..မချစ်ရ

16 comments:

ကောင်လေးငယ် said...

အားး မမက ကြိုက်တဲ့သီချင်းတွေကို ရေးသွားတာ
အဲဒီထဲမှာ ကြိုက်တဲ့ သီချင်းက ၄ပုဒ်လောက်ပါသွားပြီ

အချစ်=အချစ်

စိမ်း... said...

အိ... ပတ်ရှောင်နေပါတယ်ဆိုမှ.... တည့်တည့်ကြီးကိုတိုးတာပဲ အဲ့ဒီပို့စ်ရေးရမှာ အကြောက်ဆုံးပဲ... သူများ သီချင်းနားမှမထောင်ဖြစ်တာ...လို့..
အိုခေလေ...ချစ်မကြီးက တဂ်တော့လည်းရေးရတော့မှာပေါ့... အဟင့် နည်းနည်းတော့ အချိန်ပေးနော်... :)

Khyl said...

အမယ်လေးညီမလေးရယ်... သီချင်းသူရဲကိုမှ အကြိုက်ဆုံးသီချင်းတွေ လာရေးခိုင်းတယ်... အကုန်ကြိုက်နေတော့ တေပြီဆရာ... ညီမနဲ့ အကြိုက်အတူဆုံးက ကိုထူးအိမ်သင်ရဲ့ အကြင်နာအိမ်မက် ... ကောင်းလွန်းလို့ ဘာနဲ့မှ မလဲနိုင်ဘူး...

Nge Naing said...

ညီမလေးရေ
ကျေးဇူးအများကြီးတင်ပါတယ်။ ချက်ချင်းရေးပေးလိမ့်မယ်လို့ မထင်ထားဘူး။ သီချင်းကြိုက်တဲ့ ကလေးမကို သီချင်း tag လိုက်တော့ ညီမလေးအတွက်လည်း အပမ်းမကြီးတော့ဘူးပေါ့။ ဆိုလိုက်တဲ့ သီချင်းတွေကလည်း ဘာသာစုံနေတာပဲနော့်။ ဒီလောက် သီချင်းကြိုက်မှန်း အခုမှ သိတယ်။ ဒါပေယ့် ထူးအိပ်သင် သီချင်းတပုဒ်ကလွဲပြီး ကျန်တာ အစ်မတပုဒ်မှ မသိဘူး။ သီချင်းစာသားလေးတွေကို ဖတ်ရတာတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သီချင်းစာသားတွေကို ဖတ်ပြီး ပူလောင်နေတဲ့ ရင်ကိုတွေ့ရသလိုပဲ၊

နောက်တစ်ပုဒ်က........တစိမ်းတယောက်ပါ
(အချိန်တန်ရင်လူတွေကတစိမ်းလိုဖြစ်သွားကြတာပါပဲ)
အချစ်=အချစ် ကလည်းဒီလိုပါပဲကြိုက်ဖြစ်ပါတယ်
(မချစ်ရအချစ်ကတော့မညီမျှဘူးနော် အချစ်>အချစ် ပဲကိုယ့်ဘက်သာမှ :P)

အပေါ်က နှစ်ခုက တကယ်ခံစားချက်ဆိုရင် နည်းနည်းပြောမယ်နော့်။ လူတွေက အချိန်တန်ရင် တစိမ်းဟုတ်မဟုတ်ဆိုတာ ညီမလေး စိတ်ထဲမှာ အဲဒီလူအပေါ် ထားတဲ့ မေတ္တာနဲ့ ပဲဆိုင်ပါတယ်။ ကိုယ်က မေတ္တာထားနေသရွေ့ တစိမ်းမဟုတ်ဘူး ညီမလေး။ ဒါပေမယ့် မေတ္တာဆိုတာ ကိုယ်ပြန်ရဖို့ဆိုတဲ့ ကိုယ့်အတွက် ဘာမျှော်လင့်ချက်မှ မပါဘူး။ အစ်မကတော့ အစ်မနဲ့ ခင်မင်ရင်းနှီး ပတ်သက်ဖူးသူတွေ အားလုံးကို လူချင်း တစိမ်းဖြစ်သွားရင်တောင်မှ အစ်မရဲ့ မေတ္တာမပျက်တဲ့အတွက် အစ်မအတွက် တစိမ်းဆိုတာ ဘယ်သူမှ မရှိဘူး။

များများ ချစ်တဲ့သူက များများ အနိုင်ယူခံရ၊ တန်ဖိုးမထားခြင်း မလေးမခန့်ပြုခြင်းကို ခံရတတ်တယ်။ ဒါကြောင့်မို့ စွဲလန်းမှုသံယောဇဉ် အချစ်ကို များများထားတာ မကောင်းပါဘူး မေတ္တာပဲ များများထားပါနော့်။

နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပြီး ပျော်ရွှင်တဲ့ အနာဂတ်မှာ ညီမလေးရဲ့ လိုရာဆန္ဒတွေ ပြည့်ဝပါစေ။
With kind regard
Nge Naing

Welcome said...

သီချင်းကြိုက်တာချင်းတော့ တူနေပြီ ..
အားနာပေမယ့် ခုတော့ ရေးနိုင်သေးဘူး ခရီးပေါ်မှာပဲ ရှိနေသေးလို့ပါ .. ရေးဖြစ်ရင်တောင် ပြီးပြည့်စုံမှာ မဟုတ်လို့ပါ။ နားလည်ပေးဖို့ မေတ္တာရပ် ပါတယ်။ ခရီးသွားရင်း(ကားမောင်းရင်း) သီချင်းတွေ နားမထောင်ဖို့ အစ်မတစ်ယောက်က ဆိုဆုံးမထားလို့ သီချင်းတွေနဲ့တောင် အဆက်ပြတ်နေတယ်။

ပျော်ရွှင်ပါစေ ..

ကြယ်ပြာ said...

ငယ်ရေ ...

အစ်မရေးပေးမယ်နော် ... အကြွေးမှတ်ထား ...
သိလား ...

စည်သူ said...

အောင်မလေးဗျ
သေပါပြီး.. ကိုက ဗမာစကားတောင် ကောင်းကောင်း မပီဘူး.. သီချင်းတောင် ကောင်းကာင်း မဆိုတတ်ဘူး

တရုတ်သီချင်းရော.. ကိုးရီးယားရော.. အင်္ဂလိပ်ရော သေဘီဆရာပဲ..

ကဗျာဦး said...

မချစ်ရရေ
လာဖတ်တယ်

ကျောက်တာ said...

မချစ်ရ ဒါလေးတော့ လွယ်လို့တော့ မဟုတ်ဘူး ။မြန်မြန်ပဲ ရေးပေးလိုက်တယ် သူများလို ဘာသာစုံတော့ မသိဘူးဗျ။ရေုး့ရေးနည်းတော့ မကောင်းဘူး ရေးဖြစ်တာတော့သေချာတယ် ...။နားထောင်ရမယ်နော်
...။

Ree Noe Mann said...

အမရေ လာလည်ပြီ မန့်သွားကျေးဇူးပါဗျာ။

စီဗုံးမတွေ့လို့ ဒီမှာပဲ ကျေးဇူးတင်ကြောင်းပြောသွားပါတယ်ဗျာ။

နောက်လဲ အားရင် လာအားပေးပါအုံးနော်။

ခင်တဲ့ ရီနို

yangonthar said...

သီချင်းလေးတွေ နားထောင်သွားတယ်မချစ်ရ ရေ နေကေင်းတယ်နော် ...
ခင်မင်လျှက်
ရန်ကုန်သား :)

kiki said...

အင်း ..စဉ်းစားအုံးမယ် ... မတဂ်ချင်ပဲ တဂ်ထားရတဲ့သဘော ဆိုတော့လဲ ...
း( ... နောက် တ ခါ ထပ်ပြောမှ ပဲ ရေးလဲ ရတာပဲလေ .. ဟဲဟဲ..

သိင်္ဂါကျော် said...

သီချင်းတွေ တော်တော် စုံစုံလင်လင်ပဲနော်...
ကြိုက်တာတွေလည်း အများကြီးပါတယ်။

ဝက်ဝံလေး said...

အယ် ဂျစ်ရဲ့ များလှချည်လား သီချင်းတွေ ဝံလေးတောင် အဲလောက်သီချင်းများများ စားစားမသိဘူးရယ် ဟီးးးး

ညီညီ said...

ကျွန်တော်ကြိုက်တဲ့သီချင်းတွေ ပါတယ်ဗျ.



ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)


P.S - လင့်ယူသွားတယ်အစ်မ အသစ်တွေရေးရင် လာဖက်ချင်လို့။ . အိမ်လာလည်လို့ကျေးကျေး ပါ.. နောက်လည်း အသစ်တင်ရင်လာခဲ့ပါဦး ဖိတ်ခေါ်ပါတယ်...

Angel Shaper said...

မမဂျစ်ရေ....
သီချင်းလေးတွေက အလန်းတွေပဲ။
ကြိုက်တယ်။
သီချင်းသံတွေကြားမှာ ပျော်ရွှင်ပါစေ။