
ရင်၌ဖြစ်စေ
ယူမျှဝေမယ်
သံယောဇဉ်ထုံး
ဖြေထုတ်ရန်ခက်
ချည်ထုတ်နှောင်ရန်
ရည်စူးသူကို
ခဏမဟုတ်
တစ်ဘ၀လုံး
ပုံအပ်ယုံကြည်
တိတ်တခိုးမှ
သူသိစေရန်
ဖွင့်ဟ၀န်ခံ
ပြောလိုက်ပါ့မယ်
အရမ်းချစ်တယ်
PS...သူပေးတဲ့ကဗျာ
Friday, September 4, 2009
စကားလေးတစ်ခွန်း
Posted by မချစ်ရ at 12:55 AM 4 comments
Labels: ကျွန်မအတွက်ကဗျာ
Thursday, September 3, 2009
ဝက်ဝံလေးရဲ့ရက်စက်ချက်(Tag)

အကြိုက်ဆုံးဘလော့၅ခုနဲ့ဘာကြောင့်ကြိုက်ရသလဲ
ဝက်ဝံလေးးးးးးဝက်ဝံလေးးးရက်စက်လိုက်ပြီလားးး
အင်းလေပြဿနာတက်ရင်သူရှင်းပေးမှာဆိုတော့လည်း
ရေးပြီနော်..၅ယောက်၊ကျန်တဲ့လူတွေတာဝန်ဝက်ဝံလေးယူ(ဟိ)
ပထမဆုံးကြိုက်မိတဲ့ဘလော့က ညခင်းရဲ့လမင်း
တီလေးညခင်းဘလော့ကိုသွားလည်တာကပညာပေးလေးတွေနဲ့
ဘုရားအကြောင်းရာဇ၀င်ပုံပြင်လေးတွေရေးတတ်တဲ့တီလေးဆီကပညာ
လည်းရတယ်ဗဟုသုတလည်းရတယ်လေပြီးတော့ပုံပြင်လေးတွေဆိုကြိုက်တတ်
တော့အသစ်တင်တိုင်းသွားဖတ်ဖြစ်တယ်။တီလေးကလည်းတခါတလေမချစ်ရ
စိတ်ညစ်ရင်ညီမငယ်အတွက်ဆိုရေးပေးတတ်တော့အသစ်တင်တိုင်း
စိတ်ညစ်တိုင်းတီလေးဆီသွားသွားနေကြလေ......(ဟိ)
ဒုတိယအကြိုက်ဘလော့ကတော့ အကိုမြစ်ကျိုးအင်း
အကိုမြစ်ကျိုးအင်းဘလော့ကိုသွားလည်တာရီစရာလေးတွေရေးထားတော့
ဖတ်ရတဲ့သူစိတ်ရွှင်လန်းတယ်ပြီးတော့ပညာပေးလေးတွေလည်းရှိတယ်
စိတ်ညစ်ရင်အကိုမြစ်ကျိုးအင်းဆီသွားဟားဟားဟားဟားနဲ့ကိုဟားရမယ်နော်
တတိယအကြိုက်ဘလော့က အကိုဂျေဂျူဝိုင်
အကိုဂျေဂျူဆီကဘုရားတရားနဲ့ပတ်သတ်တဲ့အသိပညာရတယ်
နားမလည်တာမရှင်းတာမေးတိုင်းအကိုဂျေဂျူကစိတ်ရှည်လက်ရှည်
ရှင်းပြပေးတဲ့အတွက်အဖြေကိုရှင်းရှင်းလင်းလင်းသဘောပေါက်သွားတယ်
စတုတ္ထအကြိုက်ဘလော့က ကယ်လေးငေါင်(ခေါ်)ကောင်လေးငယ်
ဘာကြောင့်ကြိုက်သလဲတော့မေးမနေနဲ့တော့(ဟီးးးး)
ကိုယ်လုပ်ပေးထားတဲ့ဘလော့လေးမို့လို့လေ..
ကိုယ့်ငချဉ်ကိုယ်ချဉ်..အဲ..ကိုယ့်ဘလော့ကိုယ်ချဉ်ပေါ့
မောင်လေးကပုံပြင်လေးတွေရေးတတ်တယ်ဟာသလေးတွေရေးတတ်တယ်
ဒါကြောင့်လည်းသွားဖတ်ရတာအမောပါပဲ.....
ပဉ္စမအကြိုက်ဘလော့က ဆောင်းနှင်းဝေ
သူကတော့ဘလော့မှာသိပ်လူသိမများပါဘူး
ဒါပေမယ့်သူ့ကိုဘလော့မှာမဟုတ်ပဲအပြင်မှာခင်တာမို့လို့
သူ့ဘလော့ကိုခဏခဏသွားလည်တယ်
သူနဲ့သူ့သူငယ်ချင်း၂ယောက်ရေးတဲ့ကဗျာလေးတွေကဖတ်လို့ကောင်းတယ်
အဲ........ကျန်၅ယောက်ပါရေးလိုက်ပြီနော်...
မော်စကွီတို ကိုဗီလိန် မောင်လေးမိုးစက်
စိတ်အေးချမ်းရာတရားရိပ် ပိတ်ထားတဲ့ကိုဝင်းဇော်
ဘာကြောင့်ကြိုက်ရသလဲဆိုတာကိုဒီနေရာလေးတွေသွားကြည့်ရင်သိပါလိမ့်မယ်
မရောက်ဘူးသေးရင်အားတဲ့အခါအလည်တစ်ခေါက်သွားလည်ကြည့်ကြပါနော်
ကဲ..ခုမှစသိပေမယ့်ခင်မင်မိတဲ့ဝက်ဝံလေးရေကျေနပ်နော်၅ခုမကရေးပေးလိုက်ပြီ
မချစ်ရ
Posted by မချစ်ရ at 12:36 AM 10 comments
Labels: Tag
Tuesday, September 1, 2009
ကျွန်မနှင့်တစ်ဦးတည်းသောသားများ

ကျွန်မအွန်လိုင်းမှာတစ်ဦးတည်းသောသား၂ယောက်သိခဲ့ဘူးပါတယ်
ပထမစသိတဲ့တစ်ယောက်ကတော့ခပ်ဆိုးဆိုးလေးပေါ့
ကျွန်မကိုဆိုအမြဲစကားနိုင်လုပြောတယ်သူစကားအနိုင်ရမှကျေနပ်တယ်
စကားနိုင်လုတယ်ဆိုပေမယ့်လည်းရိုင်းစိုင်းတဲ့စကားလုံးမပါ,ပါဘူး
သူ့ရဲ့လှောင်ရီသံတွေ၊စနောက်သံတွေကမရိုးနိုင်လောက်အောင်ပါပဲ
အမြဲစတယ်မခံချင်အောင်ပြောတတ်တယ်။
သူ့ကိုစိတ်တိုပြီဆိုရင်သူကကျေနပ်နေတယ်လေ။
သူနဲ့ခင်ရတာအဲဒါလေးတွေနဲ့တင်ပျော်ခဲ့ရပါတယ်
အခု..ရည်းစားရှိသွားတော့နည်းနည်းအနေဝေးသွားသလိုပဲပေါ့။
ဒါပေမယ့်......သူ့ကိုအမြဲသတိရနေတတ်ပါတယ်
နောက်တစ်ယောက်ကတော့ခုလက်ရှိခင်မင်နေတုန်း
မောင်လေးတစ်ယောက်လိုပါပဲ.....ကယ်လေးငေါင်..ပေါ့
သူကလည်းကျွန်မနဲ့သာမဆိုးတာပါသူများနဲ့ဆိုဆိုးပေ့ပေပေ့ပဲ
သူ့ကိုကောင်မလေးကကြိုက်တာလူကြီးတွေသဘောတူတာတောင်
ကောင်မလေးကိုပြန်မကြိုက်ပဲဘုဂလန့်တွေလုပ်နေတာသာကြည့်တော့
အဲ..ဒါပေမယ့်သူကလည်းအဲဒီကောင်မလေးအပေါ်မှာရိုင်းရိုင်းစိုင်းစိုင်း
ဆက်ဆံတာမျိုးမလုပ်ခဲ့ပါဘူး။တခြားဘယ်သူ့အပေါ်မှာမှလည်းမလုပ်ဖူးပါဘူး
သူတို့၂ယောက်လုံးတစ်ဦးတည်းသောသားတွေဖြစ်ပေမယ့်လည်း
တစ်ဘက်သားအပေါ်မှာမောင်နှမသားချင်းမရှိဘူးဆိုပြီးနှမသားချင်းမစာမနာ
ရိုင်းစိုင်းတာမရှိပါဘူး။မိဘတွေနဲ့လည်းဝေးဝေးမှာနေကြရတဲ့လူတွေပါ...
ဒါပေမယ့်..စိတ်ထားလေးတွေကောင်းကြပါတယ်။
လူငယ်လေးတွေဆိုပေမယ့်တချို့လူကြီးတွေထက်ကိုအသိဥာဏ်ရှိပြီး
စိတ်သဘောထားပြည့်ဝပါတယ်လူငယ်သဘာဝအရဆိုးပေမယ့်အသိဥာဏ်နဲ့
ထိမ်းသိမ်းပြီးနေတတ်တယ်ဆင်ခြင်တတ်တယ်အဆင်ခြင်မဲ့ပရမ်းပတာ
မပြောဆိုတတ်ဘူး။သူတစ်ဘက်သားကိုမစော်ကားဘူးမနှိမ့်ချတတ်ဘူး။
မောင်လေးမို့လို့ပြောတာမဟုတ်ပါဘူးတကယ်ပေါင်းကြည့်လို့စိတ်ဓါတ်လေးတွေ
သဘောကျပြီးမောင်လေးလိုခင်မိတာပါ..
ကဲကဲ..ကယ်လေးငေါင်..မမတော့မင်းဂုဏ်တွေဖော်လိုက်ပြီနော်
ကောင်မလေးတွေကိုလက်ခံဖို့သာပြင်ပေတော့..... :P
မချစ်ရ
Posted by မချစ်ရ at 12:14 AM 8 comments
Labels: ကျွန်မနှင့်အကြောင်းအရာ
Saturday, August 29, 2009
သူ့ရဲ့ကျွန်မ

သူကကျွန်မကိုအလွန်တရာမှနားလည်ပေးနိုင်လွန်းသောသူတစ်ယောက်ပေါ့
သူနားလည်ပေးနိုင်တာကတော့ကျွန်မကိုချစ်လှပါတယ်ဆိုတဲ့
ယောင်္ကျားတွေအားလုံးထက်ကိုနားလည်ပေးနိုင်တာပါ
ကျွန်မအသံကျွန်မစာအရေးအသားတွေကြည့်ပြီးစိတ်ညစ်နေတာသိပြီး
နားလည်ပေးသလိုကျွန်မစိတ်ညစ်စေမယ့်စကားစိတ်ရှုပ်စေမယ့်
စကားတခွန်းမျှကိုဘယ်တုန်းကမှလည်းမပြောခဲ့ဘူးပါဘူး...
စိတ်ညစ်နေတာသိရင်တောင်ဘာကြောင့်စိတ်ညစ်သလဲဆိုတာကိုလည်း
အတင်းအကျပ်မမေးခဲ့ဘူးပြောပြစေချင်တယ်ဆိုတဲ့ပုံစံနဲ့ပဲမေးခဲ့တယ်လေ
ကျွန်မကတော့သူ့ကိုအကြိမ်ကြိမ်ဂရုမပြုခဲ့ပါဘူးဒါကိုလည်းသူသိပါတယ်
ဒါပေမယ့်သူကတော့ကျွန်မကိုအကြိမ်၁၀၀မကဖေးမခဲ့တယ်
သူ့အပေါ်ကျွန်မဆိုးခဲ့သလို၊မကောင်းခဲ့ပါဘူး
သူကတော့ဒါတွေကိုလည်းနားလည်ပေးပြန်သေးတယ်
ဘယ်တုန်းကမှကျွန်မကိုမရစ်ခဲ့သလို၊စိတ်အနှောင့်ယှက်လေး
တစ်ခုတောင်မပေးခဲ့ပါဘူးလေ။သြော်..မနေ့ကလည်းကျွန်မစိတ်ညစ်တာ
သူ့ကိုမပြောပဲသူဘယ်လိုများသိပါလိမ့် ?
ဒီလောက်တောင်နားလည်ပေးနိုင်တဲ့သူ့ကိုတခါတလေတော့လည်း
စိတ်တိုမိပြန်တယ်အဲလောက်တောင်သဘောထားကြီးလွန်း
စိတ်မဆိုးတတ်လွန်းလို့ဘုန်းကြီးဝတ်ပါလားလို့တောင်
ကျွန်မနဲ့အမတို့ကစနေကြသေးတယ်
အဲ..သူ့စိတ်ကလည်းတစ်မျိုးနော်ကျွန်မနဲ့မှမဆိုးတတ်တာ
သူများနဲ့တော့စိတ်တွေဆိုးလို့တစ်ခါဆွဲထိုးလိုက်သေးဆိုပဲ
ခုချိန်ထိတော့...ကျွန်မရဲ့သူမဟုတ်သေးပေမယ့်
သူ့ရဲ့ကျွန်မကတော့ဖြစ်နေတာပဲလေ..................
မချစ်ရ
Posted by မချစ်ရ at 12:05 AM 4 comments
Labels: သူ့အတွက်...
Friday, August 28, 2009
လွဲမှားသော..သံသယ

ကျွန်မခုတလောတော်တော်လေးကိုလူပင်ပန်း၊စိတ်ပင်ပန်းဖြစ်နေရပါတယ်
လူပင်ပန်းတာကတော့အလုပ်လေးတွေကရှုပ်နေလို့
နေ့တိုင်းလိုလိုအပြင်သွားနေရလို့လူပင်ပန်းတယ်
စိတ်ပင်ပန်းတာကတော့စိတ်ညစ်စရာရှိတာပေါ့နော်(လူပဲလေ)
ဒါကိုလည်းမနက်ဆိုဘုရားရှစ်ခိုးပြီးစိတ်ညစ်တာလေးကိုဖြေဖျောက်လို့
ပျောက်မယ်ရှိခါစပဲရှိသေးတယ်ခုစိတ်ညစ်စရာကိစ္စလေးက၀င်လာပြန်ပါပြီ
အဲဒါကတော့အထင်လွဲမှားမှုပါပဲ...
ခုတ်တာတခြားရှတာတခြားဆိုတာခုမှပဲကြုံဘူးတော့တယ်
ဒါကကိစ္စမရှိပါဘူးလေကျွန်မကိုအထင်လွဲတဲ့သူကလည်း
သူ့မှာသံသယစိတ်လေးတွေ၊မုန်းတီးနေတဲ့စိတ်လေးတွေကမကုန်သေးလို့ပါ
ကျွန်မသူ့အပေါ်မှာဘယ်တုန်းကမှအတွင်းစိတ်ကမကောင်းမမြင်ခဲ့သလို
သူ့ကိုသူများတွေမကောင်းမြင်မှာကိုလည်းမလိုလားခဲ့ပါဘူး
(ဒါကတော့မှန်သောစကားပါ)
ကျွန်မခွင့်လွှတ်နိုင်လောက်တဲ့လူဖြစ်နေတာရယ်
သူ့စိတ်ထားလေးမညစ်နွမ်းစေချင်တာရယ်ကြောင့်
ဒီပို့စ်လေးကိုတင်လိုက်ရတာပါအဓိကကတော့သူ့ရဲ့အတွင်းစိတ်ကို
ကျွန်မအသိဆုံးမို့သူ့စိတ်ဓါတ်ကိုမဆိုးသွားစေချင်လို့ပါပဲ
အထင်လွဲမှားမှုအတွက်လည်းကျွန်မတကယ်ကိုစိတ်မကောင်းဝမ်းနည်းမိပါတယ်
မချစ်ရ
Posted by မချစ်ရ at 1:37 AM 4 comments
Labels: သိစေလို
Wednesday, August 26, 2009
အရှက်မရှိ မြေခွေး

မမိုက်ရိုင်းတတ်ပါဘူး
ကောက်ကျစ်စွာ
ယုတ်မာတတ်ရုံပါ
မြေခွေးကတော့
မြေခွေးပါပဲ
ဒါပေမယ့် ဘို့နဲ့
ဘို့တောင်မှတစ်လုံးတည်းရှိပြီး
လိပ်လိုယက်တတ်တဲ့မြေခွေး
သိပ်လည်းမကြောက်ကြပါနဲ့
ခင်ဗျားတို့လိုလူတွေလောက်တော့
ဆိုးမယ်မထင်ပါဘူး
နင်မရှိ
နင်မသိ
နတ္ထိတန်ကို
အရှက်မရှိဖန်
နင့်မျက်စိပြန်ကြည့်
နင့်မျက်ချေးရယ်မစင်
တက်စင်စင်ရှက်ဖွယ်ငုတ်တိ
မူရင်းရေးသားသူ..ကိုဗီလိန်
PS..ကြိုက်လွန်းလို့ကိုဗီလိန်ဆီအခေါက်ခေါက်အခါခါသ၀န်လွှာပို့
တောင်းထားရတဲ့ကဗျာလေး၂ပုဒ်ကို၁ပုဒ်ပုံစံပေါင်းလိုက်ပါတယ်။
Posted by မချစ်ရ at 1:15 PM 5 comments
Labels: ကြိုက်မိသောကဗျာ
Monday, August 24, 2009
အနာဂတ်မှာ..........
Posted by မချစ်ရ at 12:20 PM 4 comments
Labels: ပေါက်ကွဲခံစားမှုကဗျာ





