ကျွန်မခုတလောတော်တော်လေးကိုလူပင်ပန်း၊စိတ်ပင်ပန်းဖြစ်နေရပါတယ်
လူပင်ပန်းတာကတော့အလုပ်လေးတွေကရှုပ်နေလို့
နေ့တိုင်းလိုလိုအပြင်သွားနေရလို့လူပင်ပန်းတယ်
စိတ်ပင်ပန်းတာကတော့စိတ်ညစ်စရာရှိတာပေါ့နော်(လူပဲလေ)
ဒါကိုလည်းမနက်ဆိုဘုရားရှစ်ခိုးပြီးစိတ်ညစ်တာလေးကိုဖြေဖျောက်လို့
ပျောက်မယ်ရှိခါစပဲရှိသေးတယ်ခုစိတ်ညစ်စရာကိစ္စလေးက၀င်လာပြန်ပါပြီ
အဲဒါကတော့အထင်လွဲမှားမှုပါပဲ...
ခုတ်တာတခြားရှတာတခြားဆိုတာခုမှပဲကြုံဘူးတော့တယ်
ဒါကကိစ္စမရှိပါဘူးလေကျွန်မကိုအထင်လွဲတဲ့သူကလည်း
သူ့မှာသံသယစိတ်လေးတွေ၊မုန်းတီးနေတဲ့စိတ်လေးတွေကမကုန်သေးလို့ပါ
ကျွန်မသူ့အပေါ်မှာဘယ်တုန်းကမှအတွင်းစိတ်ကမကောင်းမမြင်ခဲ့သလို
သူ့ကိုသူများတွေမကောင်းမြင်မှာကိုလည်းမလိုလားခဲ့ပါဘူး
(ဒါကတော့မှန်သောစကားပါ)
ကျွန်မခွင့်လွှတ်နိုင်လောက်တဲ့လူဖြစ်နေတာရယ်
သူ့စိတ်ထားလေးမညစ်နွမ်းစေချင်တာရယ်ကြောင့်
ဒီပို့စ်လေးကိုတင်လိုက်ရတာပါအဓိကကတော့သူ့ရဲ့အတွင်းစိတ်ကို
ကျွန်မအသိဆုံးမို့သူ့စိတ်ဓါတ်ကိုမဆိုးသွားစေချင်လို့ပါပဲ
အထင်လွဲမှားမှုအတွက်လည်းကျွန်မတကယ်ကိုစိတ်မကောင်းဝမ်းနည်းမိပါတယ်
မချစ်ရ
အရမ်းလွမ်းတာပဲ
1 month ago
4 comments:
စိတ်ညစ်တာတွေ ပျောက်ပြီး အဆင်ပြေပါစေ။
အဆင်ပြေပျော်ရွှင်ပါစေ.... စိတ်ညစ်ရင် ဖူဂျီနဲ့လျှော်နော်... ဟီး အထင်လွဲနေတဲ့သူရှိရင် အထင်မလွဲတော့အောင် မျက်မှန်တစ်လက်ဝယ်ပေးလိုက်
(ပ)
စိတ်ပန်း၊လူပန်း
မရွှင်လန်းနဲ့
ချိနွဲ့ပျော့ကျ
အမောရလည်း
အားမ လျှော့ နဲ့
စိတ်အားခိုင်ခိုင်
မယိုင်လဲစေနဲ.
သောကမကြုံ
ဘဝမစုံ....သတဲ့....
(ဒု)
စိတ်အားချင်းပြိုင်
နိုင်လိုသမူ
ထိုအစုအား
ချွတ်ချော်တွေးခေါ်
အတွေးချော်၍
တုနိုင်းလာသော်
ခွင့်လွတ်သည်းခံ
စိတ်အမှန်ဖြင့်
မေ့တ္တာရှေ့ထပ်
ပေးဆပ်၍သာ
တက်လမ်းဘဝ
ရှေ့ဆက်ရ၏.....
ငယ်ရေးဒီကဗျာလေးနဲ့အားပေးခဲ့ပါတယ်...
ပျော်ရွှင်ပါစေနော်....
အမြဲတမ်းအားပေးနေတဲ့ကိုဇော်ကို
ကျေးဇူးတင်ပါတယ်
Post a Comment