ကျွန်မအွန်လိုင်းမှာတစ်ဦးတည်းသောသား၂ယောက်သိခဲ့ဘူးပါတယ်
ပထမစသိတဲ့တစ်ယောက်ကတော့ခပ်ဆိုးဆိုးလေးပေါ့
ကျွန်မကိုဆိုအမြဲစကားနိုင်လုပြောတယ်သူစကားအနိုင်ရမှကျေနပ်တယ်
စကားနိုင်လုတယ်ဆိုပေမယ့်လည်းရိုင်းစိုင်းတဲ့စကားလုံးမပါ,ပါဘူး
သူ့ရဲ့လှောင်ရီသံတွေ၊စနောက်သံတွေကမရိုးနိုင်လောက်အောင်ပါပဲ
အမြဲစတယ်မခံချင်အောင်ပြောတတ်တယ်။
သူ့ကိုစိတ်တိုပြီဆိုရင်သူကကျေနပ်နေတယ်လေ။
သူနဲ့ခင်ရတာအဲဒါလေးတွေနဲ့တင်ပျော်ခဲ့ရပါတယ်
အခု..ရည်းစားရှိသွားတော့နည်းနည်းအနေဝေးသွားသလိုပဲပေါ့။
ဒါပေမယ့်......သူ့ကိုအမြဲသတိရနေတတ်ပါတယ်
နောက်တစ်ယောက်ကတော့ခုလက်ရှိခင်မင်နေတုန်း
မောင်လေးတစ်ယောက်လိုပါပဲ.....ကယ်လေးငေါင်..ပေါ့
သူကလည်းကျွန်မနဲ့သာမဆိုးတာပါသူများနဲ့ဆိုဆိုးပေ့ပေပေ့ပဲ
သူ့ကိုကောင်မလေးကကြိုက်တာလူကြီးတွေသဘောတူတာတောင်
ကောင်မလေးကိုပြန်မကြိုက်ပဲဘုဂလန့်တွေလုပ်နေတာသာကြည့်တော့
အဲ..ဒါပေမယ့်သူကလည်းအဲဒီကောင်မလေးအပေါ်မှာရိုင်းရိုင်းစိုင်းစိုင်း
ဆက်ဆံတာမျိုးမလုပ်ခဲ့ပါဘူး။တခြားဘယ်သူ့အပေါ်မှာမှလည်းမလုပ်ဖူးပါဘူး
သူတို့၂ယောက်လုံးတစ်ဦးတည်းသောသားတွေဖြစ်ပေမယ့်လည်း
တစ်ဘက်သားအပေါ်မှာမောင်နှမသားချင်းမရှိဘူးဆိုပြီးနှမသားချင်းမစာမနာ
ရိုင်းစိုင်းတာမရှိပါဘူး။မိဘတွေနဲ့လည်းဝေးဝေးမှာနေကြရတဲ့လူတွေပါ...
ဒါပေမယ့်..စိတ်ထားလေးတွေကောင်းကြပါတယ်။
လူငယ်လေးတွေဆိုပေမယ့်တချို့လူကြီးတွေထက်ကိုအသိဥာဏ်ရှိပြီး
စိတ်သဘောထားပြည့်ဝပါတယ်လူငယ်သဘာဝအရဆိုးပေမယ့်အသိဥာဏ်နဲ့
ထိမ်းသိမ်းပြီးနေတတ်တယ်ဆင်ခြင်တတ်တယ်အဆင်ခြင်မဲ့ပရမ်းပတာ
မပြောဆိုတတ်ဘူး။သူတစ်ဘက်သားကိုမစော်ကားဘူးမနှိမ့်ချတတ်ဘူး။
မောင်လေးမို့လို့ပြောတာမဟုတ်ပါဘူးတကယ်ပေါင်းကြည့်လို့စိတ်ဓါတ်လေးတွေ
သဘောကျပြီးမောင်လေးလိုခင်မိတာပါ..
ကဲကဲ..ကယ်လေးငေါင်..မမတော့မင်းဂုဏ်တွေဖော်လိုက်ပြီနော်
ကောင်မလေးတွေကိုလက်ခံဖို့သာပြင်ပေတော့..... :P
မချစ်ရ
အရမ်းလွမ်းတာပဲ
1 month ago
8 comments:
မမရေ no ပါ ကောင်မလေးတွေတွေ့တိုင်း ရင်ခုန်တတ်တဲ့ သူတော့ဟုတ်ဘူး ထင်ရာမြင်ရာတော့လုပ်တတ်တဲ့ ကောင်လေးတစ်ယောက်ပါ.. ဟီး..ဟီး ဟို j-me သီးချင်းလိုပဲ တစ်ယောက်ထဲလည်းနေတတ်တော့ အရမ်းလှတဲ့ကောင်မလေးတွေငါ့ကို ကြွေလျှက်ပေါ့ဆိုတာလေ... အဲ .....ဒါပေမယ့် အဲဒီထဲမှာ ကျွန်တော် အရမ်းကိုကြွေနေတဲ့ အပျိုကြီးက မပါသေးတော့ ဒုက္ခဗျ....................
ဟားဟား
မင်းကလည်းအပေါ်ကတစ်ဦးတည်းသားနဲ့
တူတူပဲသူလည်းအဲစာသားကိုအရင်က
သူ့ဂျီတော့မှာတင်ထားဘူးတယ်
အဲ...အပျိုကြီးတော့သွားမကြိုက်နဲ့နော်
မိန်းမ မရလိုက်ပဲ
မင်းပါအဖိုးကြီးဖြစ်သွားမယ် :P
လူငယ်တာထက် အသိတရား မြင့်မားဘို့ ပိုအရေးကြီးပါ တယ်။အခုခေတ်လူငယ်တွေက အရင်ကလူတွေထက် ဗဟုသုတ ပိုရှိကြတယ်။
အဲ ဖတ်သာဖတ်လိုက်ရတာ ငါနဲ့ ဘာမှလည်း ဆိုင်ဝူး......
ချစ်ရေ နံမည်က မချစ်ရဆိုတော့ ချစ်လို့ ခေါ်မယ် ဟားဟားးးးးးးးး ကောင်လေးငယ်အကြောင်းတိသွားပီ ဟားဟားးးးး
ပြောတော့ဘူး ဘာမှကိုပြောတော့ဘူး ဘယ်နေရာပဲဖြစ်ဖြစ် သားထက်ဦးတဲ့လူကရှိနေတာပဲ.. ဘာနေရာမှာများ သားကထိပ်ဆုံးကရောက်ဘူးလို့လဲ....
ဟေးးး... အများဂျီးဘဲဖြစ်နေပြီ... မမအားလုံးဖတ်သွားတယ်ဝေ့..... မတွေ့တာ ကြာပြီ နေကောင်းလားညီမလေးရေ..
ဖတ်ရတာလေးတွေက ကြည်နူးဖို့ကောင်းတယ် မချစ်ရရေ...
Post a Comment