အကြိုက်ဆုံးဘလော့၅ခုနဲ့ဘာကြောင့်ကြိုက်ရသလဲ
ဝက်ဝံလေးးးးးးဝက်ဝံလေးးးရက်စက်လိုက်ပြီလားးး
အင်းလေပြဿနာတက်ရင်သူရှင်းပေးမှာဆိုတော့လည်း
ရေးပြီနော်..၅ယောက်၊ကျန်တဲ့လူတွေတာဝန်ဝက်ဝံလေးယူ(ဟိ)
ပထမဆုံးကြိုက်မိတဲ့ဘလော့က ညခင်းရဲ့လမင်း
တီလေးညခင်းဘလော့ကိုသွားလည်တာကပညာပေးလေးတွေနဲ့
ဘုရားအကြောင်းရာဇ၀င်ပုံပြင်လေးတွေရေးတတ်တဲ့တီလေးဆီကပညာ
လည်းရတယ်ဗဟုသုတလည်းရတယ်လေပြီးတော့ပုံပြင်လေးတွေဆိုကြိုက်တတ်
တော့အသစ်တင်တိုင်းသွားဖတ်ဖြစ်တယ်။တီလေးကလည်းတခါတလေမချစ်ရ
စိတ်ညစ်ရင်ညီမငယ်အတွက်ဆိုရေးပေးတတ်တော့အသစ်တင်တိုင်း
စိတ်ညစ်တိုင်းတီလေးဆီသွားသွားနေကြလေ......(ဟိ)
ဒုတိယအကြိုက်ဘလော့ကတော့ အကိုမြစ်ကျိုးအင်း
အကိုမြစ်ကျိုးအင်းဘလော့ကိုသွားလည်တာရီစရာလေးတွေရေးထားတော့
ဖတ်ရတဲ့သူစိတ်ရွှင်လန်းတယ်ပြီးတော့ပညာပေးလေးတွေလည်းရှိတယ်
စိတ်ညစ်ရင်အကိုမြစ်ကျိုးအင်းဆီသွားဟားဟားဟားဟားနဲ့ကိုဟားရမယ်နော်
တတိယအကြိုက်ဘလော့က အကိုဂျေဂျူဝိုင်
အကိုဂျေဂျူဆီကဘုရားတရားနဲ့ပတ်သတ်တဲ့အသိပညာရတယ်
နားမလည်တာမရှင်းတာမေးတိုင်းအကိုဂျေဂျူကစိတ်ရှည်လက်ရှည်
ရှင်းပြပေးတဲ့အတွက်အဖြေကိုရှင်းရှင်းလင်းလင်းသဘောပေါက်သွားတယ်
စတုတ္ထအကြိုက်ဘလော့က ကယ်လေးငေါင်(ခေါ်)ကောင်လေးငယ်
ဘာကြောင့်ကြိုက်သလဲတော့မေးမနေနဲ့တော့(ဟီးးးး)
ကိုယ်လုပ်ပေးထားတဲ့ဘလော့လေးမို့လို့လေ..
ကိုယ့်ငချဉ်ကိုယ်ချဉ်..အဲ..ကိုယ့်ဘလော့ကိုယ်ချဉ်ပေါ့
မောင်လေးကပုံပြင်လေးတွေရေးတတ်တယ်ဟာသလေးတွေရေးတတ်တယ်
ဒါကြောင့်လည်းသွားဖတ်ရတာအမောပါပဲ.....
ပဉ္စမအကြိုက်ဘလော့က ဆောင်းနှင်းဝေ
သူကတော့ဘလော့မှာသိပ်လူသိမများပါဘူး
ဒါပေမယ့်သူ့ကိုဘလော့မှာမဟုတ်ပဲအပြင်မှာခင်တာမို့လို့
သူ့ဘလော့ကိုခဏခဏသွားလည်တယ်
သူနဲ့သူ့သူငယ်ချင်း၂ယောက်ရေးတဲ့ကဗျာလေးတွေကဖတ်လို့ကောင်းတယ်
အဲ........ကျန်၅ယောက်ပါရေးလိုက်ပြီနော်...
မော်စကွီတို ကိုဗီလိန် မောင်လေးမိုးစက်
စိတ်အေးချမ်းရာတရားရိပ် ပိတ်ထားတဲ့ကိုဝင်းဇော်
ဘာကြောင့်ကြိုက်ရသလဲဆိုတာကိုဒီနေရာလေးတွေသွားကြည့်ရင်သိပါလိမ့်မယ်
မရောက်ဘူးသေးရင်အားတဲ့အခါအလည်တစ်ခေါက်သွားလည်ကြည့်ကြပါနော်
ကဲ..ခုမှစသိပေမယ့်ခင်မင်မိတဲ့ဝက်ဝံလေးရေကျေနပ်နော်၅ခုမကရေးပေးလိုက်ပြီ
မချစ်ရ
အရမ်းလွမ်းတာပဲ
1 month ago
10 comments:
ကျေနပ်တယ် မချစ်ရရေ ဟိဟိ ဟဲ့ အောက် က ၅ ယောက်ပါ ထပ် တဂ်လိုက်လေ ဟိဟိ ဒါမှ ဟဲဟဲ
ငါ ၁ ထင်တာပဲ မန့်တာ မတွေ့ရသေးတော့ ဟုတ်မယ် ထင်တယ် ဟက်
ဟိုကောင်လေးငယ် မလာသေးဘူးလား ဟ ငါတောင် ရောက်နေပြီလေ ကောင်ယေးရဲ့ ဟဲဟဲ
ဝက်ဝံလက်ဆော့သွားတာကို သည်းခံပါ ဟိဟိ ဂနေ့ သိပ်သိပ်ပျော်နေတယ် ကွန်မန့်တွေမှာ ၁ ရလို့ ဟားဟားးးးးးးးးးးးးးးးးး
အော် ပြန်တော့မယ် ဆိုတဲ့အကြောင်းလေး လာပြောတာနော် ဘိုင်တာ့တာ ထော်နဲ့တော့နော် ရှိတော့ဝူးးး ဟိဟိ
လိမ့်ပြီဗျိုးးး ဒုန်းးးဒုန်းးးး (အဲဒါ နာ့စတိုင်လ်နော် ဘယ်လူမှ မခိုးနဲ့ ဟွန်းးးး)
ညီမငေးရေ... အဲလုပ်နဲ့... နေတတ်ဘူးဒီက.... ဟိ..
ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်အားလုံးကို ခင်ခင်မင်မင် စိတ်ထားတာ အကောင်းဆုံးပါပဲ။
ကျွန်တော့်ကို ဒီပို့စ်ရေးခိုင်းပေမယ့် မိတ်ဆွေသူငယ်ချင်း တွေ အခင်အမင်လျော့မှာစိုး စိတ်နဲ့ မရေးတော့ဘူးလေ။
where is me
ဝက်ဝံလေးရေခေါင်းကြိမ်းတယ်နော်
သံခမောက်ဆောင်းထားရတော့မယ်
ကျန်တာတွေဝက်ဝံလေးကြည့်ရှင်းပါလိမ့်မယ်
ဟီးးးးးးးးးးးးး
Post a Comment