CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Saturday, August 29, 2009

သူ့ရဲ့ကျွန်မ

anime couple Pictures, Images and Photos


သူကကျွန်မကိုအလွန်တရာမှနားလည်ပေးနိုင်လွန်းသောသူတစ်ယောက်ပေါ့
သူနားလည်ပေးနိုင်တာကတော့ကျွန်မကိုချစ်လှပါတယ်ဆိုတဲ့
ယောင်္ကျားတွေအားလုံးထက်ကိုနားလည်ပေးနိုင်တာပါ
ကျွန်မအသံကျွန်မစာအရေးအသားတွေကြည့်ပြီးစိတ်ညစ်နေတာသိပြီး
နားလည်ပေးသလိုကျွန်မစိတ်ညစ်စေမယ့်စကားစိတ်ရှုပ်စေမယ့်
စကားတခွန်းမျှကိုဘယ်တုန်းကမှလည်းမပြောခဲ့ဘူးပါဘူး...
စိတ်ညစ်နေတာသိရင်တောင်ဘာကြောင့်စိတ်ညစ်သလဲဆိုတာကိုလည်း
အတင်းအကျပ်မမေးခဲ့ဘူးပြောပြစေချင်တယ်ဆိုတဲ့ပုံစံနဲ့ပဲမေးခဲ့တယ်လေ
ကျွန်မကတော့သူ့ကိုအကြိမ်ကြိမ်ဂရုမပြုခဲ့ပါဘူးဒါကိုလည်းသူသိပါတယ်
ဒါပေမယ့်သူကတော့ကျွန်မကိုအကြိမ်၁၀၀မကဖေးမခဲ့တယ်
သူ့အပေါ်ကျွန်မဆိုးခဲ့သလို၊မကောင်းခဲ့ပါဘူး
သူကတော့ဒါတွေကိုလည်းနားလည်ပေးပြန်သေးတယ်
ဘယ်တုန်းကမှကျွန်မကိုမရစ်ခဲ့သလို၊စိတ်အနှောင့်ယှက်လေး
တစ်ခုတောင်မပေးခဲ့ပါဘူးလေ။သြော်..မနေ့ကလည်းကျွန်မစိတ်ညစ်တာ
သူ့ကိုမပြောပဲသူဘယ်လိုများသိပါလိမ့် ?
ဒီလောက်တောင်နားလည်ပေးနိုင်တဲ့သူ့ကိုတခါတလေတော့လည်း
စိတ်တိုမိပြန်တယ်အဲလောက်တောင်သဘောထားကြီးလွန်း
စိတ်မဆိုးတတ်လွန်းလို့ဘုန်းကြီးဝတ်ပါလားလို့တောင်
ကျွန်မနဲ့အမတို့ကစနေကြသေးတယ်
အဲ..သူ့စိတ်ကလည်းတစ်မျိုးနော်ကျွန်မနဲ့မှမဆိုးတတ်တာ
သူများနဲ့တော့စိတ်တွေဆိုးလို့တစ်ခါဆွဲထိုးလိုက်သေးဆိုပဲ
ခုချိန်ထိတော့...ကျွန်မရဲ့သူမဟုတ်သေးပေမယ့်
သူ့ရဲ့ကျွန်မကတော့ဖြစ်နေတာပဲလေ..................

မချစ်ရ

4 comments:

ကောင်လေးငယ် said...

သူ့ရဲ့ကျွန်မတောင် ဖြစ်နေသေးတာ ကျွန်မရဲ့သူက ဖြစ်သေးဘူးလား မြန်မြန်ဖြစ်လိုက်တော့လေ..တော်ကြာနောက်ကျနေဦးမယ်နော်...... အပျိုကြီး

ဆောင်းနှင်းဝေ said...

(ပ)မရလို့ပြန်လစ်ပြီး.....ညီလေးပြောသလို့ပဲပေါ့နော်...

မြစ်ကျိုးအင်း said...

မကြာခင်မှာ ဆွတ်ပျံ့ကြည်နူးဖွယ် ဇာတ်လမ်းလေး တပုဒ်ဖတ်ရဘို့ မျှော်လင့်ပါတယ်။
တချို့အရာတွေက အချိန်ယူတာကောင်းပေမယ့် တချို့ အရာတွေကတော့ အစီအစဉ်တကျ ဖြစ်သင့်တယ်။
စကားပုံတခုရှိတယ်ဗျ လွတ်တဲ့ငါးကြီးတယ်ဆိုတာလေ။

ကျွန်မရဲ့သူ ကတော့ ကျွန်တော့်ကို ကျေးဇူးတင်နေမှာပဲနော် :)

nweminthit said...

တိုရှင်း လိုရင်းနဲ့ ပြောတတ်တဲ့ ပုံစံလေးတွေ ကြိုက်ပါတယ် ..