CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Thursday, July 9, 2009

လတ်တလောပေါက်ကရအတွေးလေး(Tag)





လတ်တလောပေါက်ကရအတွေးလေးများဆိုတဲ့ခေါင်းစဉ်နဲ့ ညလေးဆုလာဒ် ကTagလာပြန်တော့
လတ်တလောမှာအရမ်းဖျားနေတာကြောင့်အတွေးတောင်မတွေးနိုင်အောင်ဖြစ်နေရတယ်
ဒါပေမယ့်ခုတော့အဖျားကျပြီဆိုတော့အတွေးတွေက၀င်လာပါပြီ ဘာလဲဆိုတော့အဖျားကျခါစလူတိုင်းရဲ့ထုံးစံအတိုင်းပါးစပ်ပျက်တော့
ဘာစားလို့စားချင်မှန်းမသိအောင်ကိုဖြစ်နေတယ်လေအစားအသောက်ကလည်းပျက်ထားတယ်
ခုနေကောင်းတော့လည်းကောင်းကောင်းမစားရသေးဘူးပြန်ဖျားမှာစိုးလို့လေ
အတွေးတွေကတော့အစားဆီပဲရောက်နေတယ်ဟော့ပေါ့သွားသောက်ရင်ကောင်းမလား
ဂဏန်းချက်နဲ့အကင်သွားစားရင်ကောင်းမလားပေါ့၊ဒီကြားထဲနေကောင်းပျောက်အောင်သာနေ၊
နေကောင်းရင်စားချင်တာလိုက်ကြွေးမယ်ဆိုတဲ့လူကလည်းရှိနေတော့ဘာစားရမလဲပဲတနေကုန်စဉ်းစားနေတာ
နောက်အတွေးတစ်ခုကတော့ဒီဇင်ဘာမှာဈေးဝယ်ထွက်ဖို့နဲ့
စိတ်အပန်းဖြေဖို့ခရီးသွားမယ်စိတ်ကူးတာပဲဖြစ်လာမလာတော့မသိသေးပါဘူး။အင်း....
ထူးထူးခြားခြားပေါက်ကရတွေးတာကတော့ယောင်္ကျားယူရင်ကောင်းမလားလို့ ဟီးး
ယောင်္ကျားကလည်းယူမယ်သာစဉ်းစားတာဘယ်သူမှန်းလဲမသိဘူး
ကိုယ်နဲ့မဖြစ်နိုင်တဲ့လူကိုယူရင်ဘာတွေဖြစ်မလဲတော့တွေးမိသားနောက်တော့
အတွေးဆုံးတော့လည်းမဖြစ်နိုင်ပါဘူးဆိုတဲ့အဖြေပဲရတာပါပဲ
လတ်တလောပေါက်ကရအတွေးတွေကတော့ဒီလောက်ပါပဲ
နေကောင်းတုန်းလေးရေးပေးလိုက်တယ်နော်
ဒီလောက်ဆိုတော်ရောပေါ့ကျန်တာနောက်မှတိုးတိုးလေးပြောပြမယ်နော် ဟိ

မချစ်ရ

6 comments:

မိုးစက်အိမ် said...

အယ် မချစ်ရ ရေ ပေါက်ကရတွေ
တွေးတော.နဲ.နော် ... ဒီတိုင်း
လေးနေတာဘဲ ကောင်းမှာပါ :) ...
ခင်မင်တဲ. ...
မိုးစက်အိမ်

kiki said...

အဟမ်းးးး
ပေါက်ကရ အတွေး ဆိုပြီး ရောချ မနေပါနဲ့  ။
ဟိဟိ သိနေတယ်လေ ။
ယူချင် နေပြီဆိုတာ ..ခုမှ တွေးနေတာလဲ မဟုတ်..
ခက်တာက ...
အဲ .. မခက်ပါဘူး ။
တွေ့ တာ ကောက်ယူ လိုက်ပေါ့ . ပြီးရော ..
ပြီးတော့ မှ နောင်တ ရလည်း ရပေါ့ နော ။
ဘာဖြစ်သေးလဲ ။
နောင်တ ဆိုတာကြီး က မယူ ရင်လည်း မယူမိလို့  ... ယူပြန်တော့လည်း ယူ မိလို့  နဲ့  ဖြစ်မဲ့ အတူတူ လေ ။။

ယူသာယူလိုက် သိလား .. ပြီးမှ ဟိဟိ
ုဖြစ်ချင်တာဖြစ် စိတ်မညစ် နဲ့ တဲ့  ..

ဘာစားချင်လည်း ပြော ။။
ဝယ်ကျွေးမဲ့ သူ ကို သာပြောလိုက် ။
အားမနာ နဲ့  ။ အားရ ပါးရ သာ စားးး

ဟီးး ။ နေမကောင်း ပြန်ဖြစ်ရင်တော့ သိဘူးနော်

ဒီဇင်ဘာ ... အင်း .. ကောင်းသားဘဲ ..
ခရီး သွားဖြစ်ပါစေ..

:))

ကျောပိုးအိတ် said...

မချစ်ရရေ

လာလည်တယ်နော်။ နေမကောင်းဘူးလား။ ခံတွင်းပျက်နေတယ်ဆိုတော့ ချဉ်ချဉ်လေးတွေစားလေ။

ဥပမာ ရှောက်သီးသုတ်(တကယ်တော့ ကျောပိုးပိတ်စားချင်တာပါ)
း)

အစာစားဘို့ အဖော်လိုရင်ပြောနော်။ အားမနာနဲ့ ။ လိုက်ခဲ့ပေးမယ်။
း)

ယောကျာင်္းယူဘို့ စိတ်ကူးရှိရင် ယူသာယူ။ အားပေးတယ်နော်။

ပြီးတော့ ရှော့ပင်ထွက်လဲ ခေါ်။လိုက်မယ်။
အဟီးးးးးးးးးး

ဂျစ် said...

ပျော်တတ်တယ် ထင်တယ်.....ယောကျာင်္းယူဘို့စိတ်ကူးရှိနေပြီပေါ့....။

နေထိုင်ကောင်းအောင်နေပါ သူငယ်ချင်း....
ကျန်းမာရေးဂရုစိုက်အုံး ....။

ချစ်ခင်စွာဖြင့်
ဂျစ်

ကြယ်ပြာ said...

ယူလိုက်း) ဟီး ။။။။ နေကောင်းအောင်နေဦး ငယ် ...

may kyaw said...

ယူနိုင်တဲ့သူတွေ ယူကြပေါ့ကွယ်.... :P :P