CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Monday, October 12, 2009

ဘယ်သူကအပျိုစစ်ပါသလဲ

Question Mark Pictures, Images and Photos


ဒီစာလေးက FWD: မေးလ် ပါ။မောင်လေး(ကောင်လေးငယ်)ကပို့လိုက်တာပါ
ကျွန်မတော်တော်လေးကိုနှစ်သက်လွန်းလို့ ပို့စ်အနေနဲ့တင်ဖြစ်လိုက်တယ်

ကျွန်မမှာလည်းစာထဲကအတိုင်းစရိုက်တူသူငယ်ချင်းရှိခဲ့ဘူးပါတယ်
သူ့မှာကလေးရှိရက်နဲ့အပျိုလိုပဲနေတာကျွန်မတောင်မသိပါဘူး
နောက်တော့သူ့သူငယ်ချင်းပြောပြမှပဲသိလိုက်ရတယ်
ကျွန်မကလည်းဒီစာလေးထဲက(ကျွန်မ)ဆိုသူနဲ့စရိုက်တူပါတယ်
ကျွန်မအနီးနားကယောင်္ကျားလေးမိတ်ဆွေမှလွဲလို့အထင်မြင်သေးပြောခံရတာမနဲတော့ပါဘူး
နောက်ဆုံးတော့လည်းကိုယ်မှမဟုတ်တာဆိုပြီးသဘောထားလိုက်နိုင်တော့တယ်
ဒီစာလေးကိုပို့ပေးတဲ့မောင်လေး(ကောင်လေးငယ်)ကိုသိပ်ကျေးဇူးတင်ပါတယ်
FWD: မေးလ်အတိုင်းခေါင်းစဉ်ကအစမပြောင်းလည်းပဲတင်ပေးထားပါတယ်


ကျွန်မနဲ့သူကချစ်သူတွေပါလက်ဖက်ရည်ကြိုက်တတ်တဲ့
ကျွန်မဟာဆိုင်မှာပူပူလေးထိုင်သောက်ရတာကို နှစ်သက်ပါတယ်။
အဲဒီအခါသူပြောလေ့ရှိတာကတော့"မင်းကွာ...အပျိုလေးတန်မဲ့ ဆိုင်ထိုင်ရသလား" တဲ့
ကျွန်မအော်ရယ်ပစ်လိုက်တယ်.. လူတွေအများကြီးရှေ့မှာဆိုင်ထိုင်ဖို့ရာကို
သင့်တော်တယ်ဆိုတဲ့ဆိုင်မှာ ရိုးသားတဲ့အရည်ကို ရိုးသားစွာသောက်နေတာပါရှင်
ဒါပေမဲ့ မဖြေရှင်းတော့ပါဘူး ကိုယ်မှန်တယ်ထင်ရင် မဖြေရှင်းပဲ
ရွေးတဲ့လမ်းကို ဖြောင့်အောင်လျှောက်တတ်တာ ကျွန်မအကျင့်ကိုး ၊

ဟော...ထပ်ပြောပြန်ပြီ.. "မင်းကွာ...အပျိုလေးဖြစ်ပြီး ရယ်တာကြီးကိုက " တဲ့ ၊
ထုံးစံအတိုင်း ကျွန်မမဖြေရှင်းပါဘူး စာရင်းကိုင်တယောက်ဖြစ်တဲ့ ကျွန်မဟာတခါတရံအလုပ်များပါတယ်၊အဲဒီအခါ အိမ်ပြန်နောက်ကျတတ်တဲ့ ကျွန်မကို
"မင်းကွာ...အပျိုဆိုတာ အိမ်ပြန်သိပ်မိုးမချုပ်သင့်ဘူး" တဲ့ ၊
ဒီလိုနဲ့ပဲ ချစ်သူဘ၀ကိုဖြတ်သန်းခဲ့ပြီးတော့သူလဲနိုင်ငံခြားကိုအလုပ်လုပ်ဖို့ထွက်သွားပြီပေါ့
သူနိုင်ငံခြားသွားလို့သိပ်မကြာခင်မှာပဲကျွန်မတပည့်တယောက်ရခဲ့တယ်၊
နာမည်ကချောချောတဲ့..။
ကောင်မလေးရဲ့ မျက်နှာမှာအထင်ရှားဆုံးကတော့ ပါးနှစ်ဘက်လုံးမှာပါတဲ့ ပါးချိုင့်ပါပဲ။
LCCI(3)ကိုချောချောအိမ်မှာGuideလုပ်ပေးဖို့ပေါ့၊စာမေးပွဲဖြေဖို့နီးကပ်လာတဲ့တစ်နေ့မှာ
မအောင်မှာစိုးတဲ့ကျွန်မစာပြဖို့စောစောအရောက်
ချောချောဆေးရုံတင်ထားရတယ်လို့ဆီးပြောတာနဲ့ဆေးရုံကိုလိုက်သွားမိတယ်
ကိုယ်ဝန်(၂)လရှိတာသိလို့ စိတ်ညစ်ပြီး ပိုးသတ်ဆေးသောက်တာတဲ့ ၊
လူဦးလို့ပေါ့ ၊ မသေကောင်းမပျောက်ကောင်းရှင် ၊
ကျွန်မလဲအားပေးစကားပြောပြီးအိမ်ပြန်လာခဲ့တယ်..ကျွန်မစိတ်ထဲ မရှင်းဘူးရှင် ၊
ကျွန်မသိသလောက်တော့ချောချောဟာအိမ်သားတွေမပါဘဲအပြင်မထွက်တတ်ဘူးရှင့်..
ရော်...ဘာတွေလဲကွယ်...
အဲဒီနေ့ကတည်းကစကားပြောရင်ဖြေးညှင်းစွာ ၊ရယ်ရင်လည်း တိုးတိုးလေးရယ်တတ်တဲ့ ပါးချိုင့်နှစ်ဘက်နဲ့ချောချောကို နောက်ထပ်မတွေ့ရတော့ပါဘူး။
အချိန်တွေကြာလာခဲ့ပြီးတနေ့မှာတော့ဖိတ်စာတစ်စောင်နဲ့စာအိတ်တစ်လုံးကိုကျွန်မရခဲ့တယ်
ဖိတ်စာကသူ့ရဲ့မင်္ဂလာဆောင်ဖိတ်စာပေါ့ ၊ ဆက်ဆက်လာပါတဲ့ ။
သွေးကြောင်ရင် ဘေးချောင်မှာရပ်နေမှာပေါ့ ၊ ကျွန်မဆက်ဆက်သွားမှာပါ ။
စာအိတ်ကလည်း သူရေးထားတဲ့စာပါပဲ ၊ဆက်ဖတ်ဖို့မလိုအပ်တော့ဘူးလို့ထင်တာနဲ့ ဒီတိုင်းပဲပစ်ထားလိုက်တယ်။မင်္ဂလာဆောင်ရက်မှာအသဲမကွဲဘူးဟေ့လို့
ပြချင်တဲ့ကျွန်မအလှဆုံးကိုပြင်ပစ်လိုက်တယ်
အချစ်ဦးနဲ့လွဲရပေမဲ့ အချစ်ဆုံးနဲ့ဆုံနိုင်ခွင့် ရှိပါသေးတယ်ရှင် ၊
အချစ်မပါဘဲ ဘ၀ကိုအောင်မြင်အောင်တည်ဆောက်ခဲ့တဲ့ သူတွေမှအများကြီးပါ ။
ဟော..လာနေပြီ..မင်္ဂလာမောင်နှံ ၊ သူရွေးတဲ့သတိုးသမီးကို သေသေချာချာကြည့်မှ..
ပါးချိုင့်..သတိုးသမီးမျက်နှာပေါ်က ထင်ရှားလှတဲ့ ပါးချိုင့် ..
ချောချော..သြော် သတိုးသမီးက ချောချော ကိုး ။
အိမ်ပြန်ရောက်တာနဲ့ ဖွင့်ဖောက်ဖတ်ဖို့ မလိုအပ်တော့ဘူးလို့ထင်ပြီး
ပစ်ထားတဲ့သူ့ရဲ့စာကို ချက်ချင်းဖွင့်ကြည့်မိတယ်။စာထဲပါတာကတော့..
" ငါပြန်လာတာ နင့်ကိုအသိမပေးတာက အိမ်ထောင်ပြုတော့မှာမို့ပဲ
အိမ်ကရှာပေးတာ ၊ ငါလဲနှစ်သက်တယ် ၊
သူ့မှာ ငါကြိုက်တဲ့ အပျိုစင်အချက်တွေရှိတယ် " လေတဲ့ ။
ကျွန်မ ဒီစာကို မှန်ဘောင်သွင်းပြီး ရွှေကွပ်ထားလိုက်တယ် ။
ကျွန်မကို တသက်လုံးရယ်နေအောင်လုပ်ပေးမဲ့ ဟာသစစ်စစ်တစ်ပုဒ်အနေနဲ့ပေါ့ ။
ကျွန်မလေ ၀တ္တုမရေးတတ်လို့ပါ ၊ ရေးများရေးတတ်ရင်ဖြင့် ၀တ္တုခေါင်းစဉ်ကို
" ဘယ်သူ အပျိုစစ်ပါသလဲ " လို့ မေးမိမှာပါ ။


မချစ်ရ

16 comments:

ကျောက်တာ said...

ဟုတ်တာပဲ ..အဟဲ။fw လေးပေမယ့် အတော် ထိမိတဲ့ စာလေးပါပဲ။တိုက်ဆိုင်တယ် စဉ်းစာမိတာ ချစ်သူ သုံးယောက်လောက် ထားဘူးတာ အပျိုတွေချည်းပဲ။ချောချောလို မိန်းကလေးမျိုး တစ်ယောက်မှ မပါဘူးဗျ ..D:
ညီမလေးဆီ ပို့လိုက်ဦးမယ် နော် မချစ်ရ

kiki said...

အိုးးးးး မိုင်.......ဂေါ့ဒ် ...

ဒီခေတ်ကြီးထဲ စစ် / မစစ် ..စစ်ကြည့်ဖို့  သိပ်လွယ်ပါတယ်။
။ဒီလူ အတော်တုံး ပါလား ။
တော်သေးတာ ပေါ့ ဒီလို ငတုံး နဲ့  လွဲသွားတဲ့ ကျမ ရေ ...
ချောချော ကရော .. ချောနေတုံးလား ။ ချော်နေဆဲလား ။။

( လက်ဖက်ရည်တွေတော့ သိပ်မသောက်ပါနဲ့ တော့
အစာအိမ် မကောင်း .. လေအောင့်နေမယ် .. )

ကောင်လေးငယ် said...

ဟုတ်တယ်နော် တကယ်တမ်းကျတော့ လူဆိုတာ
အပေါ်ယံပဲ ကြည့်လို့မရဘူး...
အတွင်းကျကျကြည့်ပြန်တော့လည်း.. ဟီးဟိ
အမှုဖြစ်မှာ စိုးရိမ်ရသေးတယ်..
ဟို..မင်္ဂလာဆောင်လိုက်တဲ့ အစ်ကိုကြီးတော့ တနားပါ့
နှစ်လတဲ့ ..တားတားကြောက်ကြောက်
ဘယ်လိုရွေးရမလဲဟင်....ဟင့်..ဟင့်
တော်ပြီ မရွေးတတ်တော့ဘူး မမပဲရွေးပေးတော့

Nge Naing said...

ညီမလေးရေ
စာဖတ်ပြီး ဒီစာထဲက ကျွန်မဆိုသူနေရာမှာ ၀င်ပြီး မျှဝေခံစားသွားပါတယ်။

မြစ်ကျိုးအင်း said...

လောကရဲ့ အလွဲတွေထဲက အဖြစ်များတဲ့ အလွဲလေးပေါ့

မြန်မာစကားပုံတွေ ရှိတယ် လူပါးပုလင်းထိ လို့ပဲပြောရမှာပဲ ။

ခေါင်းစဉ်က အနည်းငယ် ကြမ်းတယ်လို့ ထင်ရပေမယ့်
ဖတ်ပြီးတော့ ပြုံးမိပါတယ်။

....ခင်မင်သောအားဖြင့်.....

မြစ်ကျိုးအင်း

ဝက်ဝံလေး said...

ရွေ မိုက်တယ် ဟ ဟိဟိ ဖတ်ရတာ ဂျစ်ရေ ကောင်းပါ့ ကောင်လေးငယ်တို့က ဒါမျိုးကျတော့အားမကိုးရဘူးဟေ့ ငါ့ကျပို့ဘူး ရဒယ်နော် ကောင်လေး နင်ဖြစ်ထား ဟွင်းး ငါ စိတ်ဆိုးတယ် ဒါဗြဲ

တာ့တာ

Unknown said...

ဖတ်ပြီးတော.ဟိုလူကို တော်တော်လေးရီချင်သွားတယ် :)

စိမ်း... said...

Very Nice... .
မိန်လိုက်တာ... အရသာကိုရှိနေတာပဲ...
အဟက်... မှန်ဘောင်သွင်းထားလိုက်တဲ့ မိန်းကလေးရေ... Cheers Girl...

Khyl said...

ဒါဘဲ...ဒါဘဲ.... ယောက်ကျားတွေရဲ့ ဟာသတွေကဒါဘဲ....
ပြောတော့ဘူး.... ပြောတော့ဘူး... ပြောကို မပြောတော့ဘူး...

ဟွန်း.... စိတ်ကြီးတယ်....

မိုးစက်အိမ် said...

တကယ်ပါဘဲ အမရေ . . . လူဆိုတာ တော်တော်
လေးဆုံးဖြတ်ရခက်တယ် . . . ပေါင်းကြည့်မှကို
အကြောင်းသိရတာ အမှန်ဘဲဗျို့ 

သိင်္ဂါကျော် said...

ယဉ်မင်းဦး(ဆေးတက္ကသိုလ်) ရဲ့ အက်စ်တိုးပစ်အပျိုစင် ဆိုတဲ့ ဝတ္တုထဲကလို ဖြစ်နေပြီ...
လောကကြီးက ဒီလိုပါပဲ...

စည်သူ said...

အောင်မယ်လေးဗျ..း(

ဘာမှပြောရဲတော့ဘူး..
ဟိုလူတော်တယ်လို့ပဲ ပြောရမှာပေါ့..

Beauty Studio USA Branded Store said...

"ဘယ်သူကအပျိုစစ်ပါသလဲ"
သိဘူး။:P
ဖတ်လိုက်မယ်နော်။ခဏ။
...............................................................................................
ဖတ်ပြီိးသောအခါ -
လွပ်လပ်ပိုင်ခွင့်မှာ ပျိုမှ အိုမှ မရှိတော့ပါဘူးဗျာ။ နှိုင်းယှဉ်ချက်ကလေးကိုတော့ သဘောကျတယ်။ ဟာသစာဆိုရင် ဘောင်ကွပ်တာထက် ဟာဒယဂျာနယ်သာပို့ လိုက်လေ။ဟီးးး ဟီးးးးး ခင်လို့ စတာနော်။ကျွန်တော်ရဲ့ ကိုယ်ယောင်ပျောက်ဆေးလဲ လာသောက်ပါဦးဗျာ။

အရူးလေး said...

မန့်ပီးမှ ဖတ်တော့မယ် :P
ခေါင်းစဉ်က နည်းနည်းတော့ စိတ်ဝင်စားဖို့ကောင်းတယ်
လာလည်အုန်းနော်

may kyaw said...

သဘောကျတဲ့ ဖော်ဝါ့ဒ်လေးပါ... မလာတာကြာလို့ နေကောင်းရဲ့လား လို့လေ လာကြည့်တာ .... မျက်စိကိုက်တာရော သက်သာသွားပြီလား ... အော်စရာ စီဗုံးဘယ်ရောက်သွားလဲ .. မတွေ့တာနဲ့ ဒီမှာပဲ ပြောချင်တာတွေ ပြောခဲ့လိုက်တော့တယ်....
ပျော်ရွှင်ပါစေနော်....

ညီညီ said...

တစ်ကယ်ကောင်းတဲ့စာပါ. သဘောကျတယ်ဗျာ. အတတ်ကျူး အရူးဖြစ်ဆိုတာလိုမျိုးထင်ပါတယ်..
ကျေးဇူးတင်ရှိပါ၏။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)