ဘလော့(၁)နှစ်ပြည့်လေးအတွက်.... ကွတ်ကီးတွေနဲ့ဆောက်ထားတဲ့ကွတ်ကီးအိမ်(စားချင်သလောက်သာယူစားကြတော့)
ချိစ်ကိတ်
ကော်ဖီအအေးစုံ
ရှိတာလေးနဲ့ပဲဧည့်ခံလိုက်ပြီနော်....
ပြီးရင်တော့ဇာတ်သိမ်းပိုင်းလေးဆက်ဖတ်နိုင်ပါပြီ...
လာရောက်လည်ပတ်ကြသူအားလုံးပျော်ရွှင်နိုင်ကြပါစေ..........
"ပျောက်ဆုံးသွားသော..Online ချစ်သူ(ဇာတ်သိမ်း)"
.....................မထင်မှတ် ပဲ ပြန်ဆုံခြင်း....................
ဒီလို နဲ့ တစ်နှစ်လုံးလုံး online တက်လာတဲ့ကောင်မလေး online မှာ
သူငယ်ချင်းတွေလည်းရကောင်မလေးအပေါ်မှာတကယ်ကိုကောင်းတဲ့
မိတ်ဆွေတွေနဲ့ချစ်ခင်နှစ်သက်တဲ့သူတွေလည်းရလာတာပေါ့
ကောင်မလေးအခန်းမှာသီးသန့်ကွန်ပျူတာတစ်လုံးဝယ်ထားပြီးတော့
နေ့မအိပ်ညမအိပ် အွန်လိုင်းတက်ခဲ့တဲ့နေ့တွေလည်းရှိခဲ့တယ်
ဒါပေမယ့်ကောင်မလေးစွဲလမ်းရလောက်တဲ့လူမျိုးတော့မတွေ့ ခဲ့ပါဘူး
ကောင်မလေးကလည်း onlineကလူဆိုရင်တော်ယုံအထင်မကြီးတတ်တာလည်း
ပါတာပေါ့လေ၁နှစ်ဆိုတဲ့အချိန်ကတကယ်တမ်းတော့သိပ်မြန်ပါတယ်
ကောင်မလေး သူနဲ့သိတာ၁နှစ်လောက်နီးပါးနေ့မှာပဲ
သူ့ အကြောင်းကို online မှာကောင်မလေးခင်မင်ရတဲ့ကောင်လေးတစ်ယောက်
ကိုပြောပြဘူးတယ်။ဒါကလည်းစကားဆက်စပ်မိလို့ပြောတဲ့သဘောပါပဲ။
ကောင်မလေး online မှာအရမ်းစွဲလမ်းခဲ့ရဘူးတဲ့သူလို့တော့ထည့်ပြောလိုက်မိတယ်
နောက်တစ်နေ့မှာပဲကောင်မလေးဆီဖုံးလာခဲ့တယ်၊
ဘယ်သူမှန်းမသိသွားကိုင်လိုက်မိတာမှာကောင်မလေးစွဲလမ်းခဲ့ဘူးတဲ့
ကောင်မလေးချစ်ရတဲ့သူဖြစ်နေလို့အရမ်းအံ့သြခဲ့ရတာ
ဒါဟာမဖြစ်နိုင်ဘူးလို့ပဲကောင်မလေးထင်နေမိတယ်။တကယ်ကိုအိပ်မက်လိုပါပဲ..
သူ့ကိုလည်းထပ်ကာထပ်ကာကောင်မလေးမေးနေတယ်
သူဟုတ်တာသေချာရဲ့လားလို့လေ၁နှစ်ဆိုတဲ့အချိန်ကာလမှာ........
ကောင်မလေးသူ့အသံမမှတ်မိတော့ပါဘူးပြီးတော့လည်းသံသယတချို့က
သူ့သူငယ်ချင်းတစ်ယောက်ယောက်နဲ့ များကောင်မလေးonline မှာသိလို့ 
သူနဲ့ စကားစပ်မိရာကကောင်မလေးဆီဖုံးပြန်ဆက်တာလို့ပဲထင်နေမိတယ်။
ကောင်မလေးအဲသလိုမေးတော့မဟုတ်ပါဘူးတဲ့သူကောင်မလေးကို
သတိရလို့ဆက်တာပါတဲ့၊ကောင်မလေးဆီဘယ်တော့မှပြန်မလာတော့ဘူးလို့
ထင်ထားတဲ့သူကကောင်မလေးဆီပြန်ဆက်သွယ်လာတယ်ဆိုတော့
ကောင်မလေးဘယ်လောက်ဝမ်းသာမလဲစဉ်းစားကြည့်ပါဦး
အဲဒီနေ့ကလေထီပေါက်တာထက်ပျော်တယ်
ကောင်မလေး gtalk မှာ ဒီနေ့ အရမ်းပျော်တယ်လို့စာတင်ထားတယ်။
အဲဒီစာလေးနဲ့ပတ်သတ်ပြီး ကောင်မလေး သူငယ်ချင်းတွေလာမေးကြတယ်။ ဒါပေမယ့်ကောင်မလေးမဖြေခဲ့ဘူးတဲ့.............
......................ဒုတိယတစ်ကြိမ် online မှာ.....................
သူ့ကိုကောင်မလေးရဲ့ gmail ပေးပြီး သူနဲ့ကောင်မလေးonline မှာ
ဒုတိယအကြိမ်ဆုံကြတယ်၊မတွေ့တာကြာတဲ့သူ့ကိုကောင်မလေးငေးကြည့်ပြီး
စကားပြောခဲ့တယ်။ကောင်မလေးonlineမှာစကားပြောမယ့်လူတွေရှိနေပေမယ့်
ကောင်မလေးဂရုမစိုက်ခဲ့ဘူး။သူနဲ့ပဲပြောခဲ့တယ်မတွေ့တာကြာလို့လဲဖြစ်မှာပေါ့
သူနဲ့ ကောင်မလေးပြန်တွေ့တာမှမကြာသေးဘူး..........
လေးရက်လောက်ပဲရှိဦးမယ်သူ့ဆီကမမျှော်လင့်တဲ့စကားကြားရတယ်လေ။
အဲဒါကတော့ကောင်မလေးလွန်ခဲတဲ့တစ်နှစ်ကမျှော်လင့်နေတဲ့စကားပေါ့
ကောင်မလေးကိုချစ်တယ်ဆိုတာသူအရင်ကမပြောခဲ့တာ
ကောင်မလေးရဲ့ဘ၀တက်လမ်းပျက်စီးရာကြမှာစိုးလို့တဲ့၊
တစ်ကိုယ်ကောင်းမဆန်ချင်လို့ မပြောခဲ့တာတဲ့လေ။
ကောင်မလေးသူ့ဆီကချစ်တယ်ဆိုတဲ့စကားကြားကြားချင်းငိုမိတယ်။
သူကဘာလို့ငိုလဲလို့မေးတော့လွန်ခဲ့တဲ့တစ်နှစ်တည်းကစောင့်နေတဲ့စကားကို
အခုမှကြားရလို့ ဝမ်းသာလွန်းလို့ပေါ့လို့ကောင်မလေးဖြေခဲ့တယ်။
အရမ်းပဲဘယ်လိုပြောရမှန်းမသိအောင်ကိုကောင်မလေးစိတ်တွေဖြစ်ပျက်ခဲ့တယ်။
အဲဒီနေ့ကကောင်မလေးစိတ်ကောက်ပြီးသူနဲ့စကားပြောနေရင်း computer
ပိတ်လိုက်လို့ဖုံးဆက်ပြီးပြောခဲ့တာလေ။မဟုတ်ရင်တော့ကြားရမှာမဟုတ်တော့ဘူး
ထင်ပါရဲ့သူလည်းတစ်နှစ်လုံးလုံးကောင်မလေးကိုသတိရနေတာတဲ့ အဲဒါတွေကသူညာနေတာလားတကယ်လားတော့ကောင်မလေးမခွဲခြားနိုင်သေးပါဘူး
သူဖုံးနဲ့တစ်ညလုံးစကားပြောခဲ့တယ်မနက်ရောက်ခါနီးမှသူ့ဖုံးကျသွားတယ်
ကောင်မလေး ရဲ့မမေ့နိုင်တဲ့နေ့အပျော်ရွှင်ဆုံးနေ့လေးတစ်နေ့ပေါ့
...........................ပျောက်ဆုံးသွားသော.....................
ကောင်မလေးသူနဲ့ပတ်သတ်ရင်ကံမကောင်းခဲ့ပါဘူး။
အဲဒီညကစပြီးအရင်တစ်နှစ်ကလိုပဲသူပြန်ပြီးပျောက်သွားခဲ့ပြန်ပါပြီ။
ကောင်မလေးကပွင့်လင်းသူဖြစ်လို့သူ့ကိုအကုန်ပြောလိုက်မိပါတယ်
ကောင်မလေးအမေနဲ့သူပြန်လာလို့တွေ့ရင်ဆိုပြီးတော့လေကောင်မလေး
ဖြစ်စေချင်တာကသူနဲ့ကောင်မလေးမဖြေရှင်းနိုင်တဲ့အရာအားလုံးကိုညှိုနှိုင်းတိုင်ပင်ပြီ်း
စဉ်းစားဆုံးဖြတ်စေချင်တာ၊အခုတော့သူကကောင်မလေးကိုဘာမှမပြောပဲ
တိတ်တိတ်ကလေးထွက်သွားခဲ့ပါပြီကောင်မလေးမှာရွေးချယ်စရာလမ်းတောင်
မရှိတော့ပါဘူး။ချစ်တယ်ပြောပြီးမှအချစ်အကြောင်းမစဉ်းစားချင်သေးဘူးဆိုတဲ့
သူ့ရဲ့တိုတောင်းပြတ်သားလှတဲ့စာကိုကြည့်ပြီးကောင်မလေးနားမလည်နိုင်တော့ဘူး
သူ့အပေါ်မှာကောင်မလေးရဲ့ဝဋ်ကြွေးကျန်နေသ၍တော့ပေးဆပ်ရဦးမှာပါ
ကောင်မလေးရဲ့ကုသိုလ်ကံကအကျိုးပေးတယ်လို့ ပဲသတ်မှတ်ရတော့မှာပေါ့
တခါတလေတော့လည်းကောင်မလေးရဲ့စိတ်အာရုံကသူ့ဆီကိုတားမရအောင်
ရောက်သွားတတ်ပါတယ်သူ့အကြောင်းတွေကိုလည်းလိုက်စုံစမ်းနေသေးတယ်လေ
ဒါတွေဟာလည်းသူ့ကိုလွမ်းလို့ကောင်မလေးဖြေစရာတစ်ခုအနေနဲ့လုပ်နေတာပါ
ကောင်မလေးသူ့အကြောင်းတွေးနေတဲ့အချိန်မှာသူကတော့သိတောင်သိမှာ
မဟုတ်ပါဘူးသူနဲ့ပတ်သတ်လို့ကောင်မလေးဘာမှအတိအကျမသိခဲ့ဘူး
ကောင်မလေးသူနဲ့စကားပြောရင်လည်းသူ့အကြောင်းတွေဘာမှမမေးခဲ့ဘူးလေ
သူနဲ့ပေါက်ကရလေးတွေလျှောက်ပြောနေရတာကိုပဲပျော်နေတတ်တာပါ
သူကနှမချင်းမစာနာစွာနဲ့ကောင်မလေးအပေါ်ကိုရိုင်းပျစွာမဆက်ဆံခဲ့ဘူးသလို
ကောင်မလေးကိုလည်းသူဘက်ကနစ်နာစေမယ့်စကားအသုံးနှုံးမပြောဆိုခဲ့ပါဘူး
သူပြန်လာမလားလို့စောင့်နေရင်းနဲ့ပဲအချိန်တွေကုန်ဆုံးခဲ့ပေမယ့်.............
ဒီနောက်ပိုင်းမှာတော့သူတို့နှစ်ယောက်ဘယ်တော့မှမတွေ့ဖြစ်ကြတော့ဘူး
ကောင်မလေးကလည်းအချိန်ကြာလာတာနှင့်အမျှမစွဲလမ်းတော့ပါဘူး
တခါတလေတော့လည်းကောင်မလေးအပေါ်ကောင်းခဲ့တဲ့သူ့ကိုသတိရနေမိပါတယ်တဲ့လေ
ကောင်မလေးလည်းသူနဲ့စသိခဲ့တဲ့onlineသူမရှိတော့တဲ့onlineကိုမ၀င်ချင်တော့ပါဘူး
PS..ဘလော့စစခြင်းပို့စ်တင်ခဲ့တဲ့ဇာတ်လမ်းလေးကိုဘလော့၁နှစ်ပြည့်မှာ
ပြန်လည်ပြီးအဟောင်းကိုအသစ်လုပ်တင်ထားတာပါ(လုပ်ကြံထားတာ ဟိ)
မချစ်ရ
အရမ်းလွမ်းတာပဲ
1 month ago
10 comments:
ညီမလေးရေ.... တကယ် မချစ်လို့ပါအေ.....
ဘလော့လေး တစ်နှစ်ပြည့်မှသည်..... ဘလော့ဂါ ရှိနေသ၍ ရှိနေပါစေ...
ဟုတ်တယ်မှန်ပါ၏
တကယ်ချစ်လျှင်ထိုသို့မနေပါ
ပြန်လာမှာပါ..နော်
ဪ ..
အဟောင်းတွေ အစုတ်ဖြစ်အောင် ပြန်လုပ်နေတာပါလားးးးး
အစုတ်တွေ ကလည်း အပြတ်ဖြစ်ရပြန် ပြီ...
တောထွက်တာပဲ ကောင်းပါတယ် ။။
ဘယ်တောသွားချင်သလဲ ပြော ...
ငပုတော လား ။ ဒလက်တော လား ။ ပြော.. ပြော ..
အိုးစည်ဒိုးပတ် ဝိုင်း နဲ့ ကို လိုက် ပို့  အုံး မှာ....
ဟယ် သူကလည်း အဲ့လောက်ကြီးတောင် သံယောဇဉ်ထားရလားလို့... မထားနဲ့ ပူတယ်... :)
ဘလော့တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ ဆက်လက်ရေးသားနိုင်ပါစေနော်...
ညီမလေးရေ
ဘလော့ဂ်တနှစ်ပြည့်ဆိုလို့ လာဖတ်သွားပါတယ်။ အဆင်ပြေပါစေလို့ ဆုတောင်းပေးသွားပါတယ်။
ဘလော့(၁)နှစ်ပြည့်လေးမှာပျော်ရွှင်နိုင်ပါစေ....ဒါပေမဲ့
အဟောင်းတွေကိုအသစ်ဖန်တီးထားပေမဲ့.....ရင်နာတယ်
အေပရယ် ရယ်....ဟီးဟီးးးးးးးး....ဟန်ထွန်းသီချင်းလေး
လာငြီးသွားတယ်နော်....
ညီမလေးရေ တဂ်ထားတယ် ဟီး.... ကိကိတဂ်ထားပေမယ့် အမလဲခင်လို့တဂ်တာ... ဒါဗြဲ... ရေးဘေး.....
နောက်ကျသွားတယ်၊
စိတ်မကောင်းစွာနဲ့ ရေခဲမှုန့် ငမ်းသွားတယ်
ပျော်ရွှင်စွာနဲ့ ဆက်လို့ ဆက်လို့
blogging နိုင်ပါစေလို့ .. ဆန္ဒပြုပါတယ်။
Post a Comment