CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Thursday, October 1, 2009

ဥပါသကာ

PRAY TO JESUS Pictures, Images and Photos


ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကိုမြတ်နိုးစွာဆည်းကပ်ကိုးကွယ်သော
လူပုဂ္ဂိုလ်ကို ဥပါသကာ ဟုခေါ်ဆိုသည်။


ဥပါသကာတို့ရှောင်ရန်အချက်များ

(၁)လက်နက်ရောင်းဝယ်ဖောက်ကားခြင်း
(၂)လူအရောင်းအ၀ယ်ပြုလုပ်ခြင်း
(၃)ကြက်၊၀က်၊အမဲ၊သား၊ငါး ရောင်းဝယ်ခြင်း
(၄)မူးယစ်ဆေးဝါးအမျိုးမျိုး နှင့်သေရည်သေရက် ရောင်းဝယ်ခြင်း
(၅)လူကိုသေစေတတ်သည့်အဆိပ်ရောင်းဝယ်ခြင်းတို့ဖြစ်ပါသည်။

ဥပါသကာအရည်အချင်းနှင့်ပြည့်စုံခြင်း

(၁)သဒ္ဓါတရားနှင့်ပြည့်စုံရ၏
(၂)အနည်းဆုံးငါးပါးသီလ လုံခြုံရ၏
(၃)ကောတုဟလမင်္ဂလာခေါ်အထူးအဆန်းမင်္ဂလာကို ယုံကြည်လက်ခံခြင်းမပြုရ
(၄)ကံ ကံ၏အကျိုးကိုယုံကြည်ရ၏
(၅)အယူပျက်သည့်သာသနာပအလှူခံပုဂ္ဂိုလ်တို့ ကို အရိုအသေမပြုရမလှူဒါန်းရပေ

အထက်ပါအချက်(၅)ချက်နှင့်ဆန့်ကျင်သူသည်ဥပါသကာအဖြစ်ပျက်ပြယ်သွားပါသည်။


PS..ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်မှကောက်နှုတ်ထားပါသည်။
(သီတင်းကျွတ်လဆန်း..အမှတ်တရ)

မချစ်ရ

11 comments:

လင်းကြယ်ဖြူ said...

အင်မတန်မွန်မြန်သန့်စင်တဲ့ နေရာလေးပါပဲခင်ဗျာ..
မှတ်သားစရာတွေလည်းအများကြီးတွေ့ရပါတယ်..
ဆက်လက်ကုသိုလ်ပြု နိုင် အောင်မြင်နိုင်ပါစေ..
အေးမြသာယာရှိပါစေ..
လေးစားစွာ

kiki said...

ဪ....
သီတင်းတောင် ကျွတ်တော့မယ်။။

ဥပါသကာတို့ရှောင်ရန်အချက်များ
(၃)ကြက်၊၀က်၊အမဲ၊သား၊ငါး ရောင်းဝယ်ခြင်း....

သားသတ်သူတွေ မပါဝင်ဘူးလား...
ဈေးရောင်းတဲ့ သူတွေ ဟင်းသီးဟင်းရွက် ပဲရောင်းကြရတော့ မယ်လား...
ဥပါသကာတွေချည်း ရှိနေကြတဲ့ အရပ်ဒေသမှာ
အသားဟင်းစားချင်ရင် ဘယ်လိုလုပ်ကြရမလဲ နော် ..
(မရှင်းလို့ မေးတာပါ)

စိမ်း... said...

ဟုတ်ကဲ့ မချစ်ရရေ ထပ်ပြီးကျေးဇူး
မှတ်သားနာယူသွားပါတယ်နော်

Khyl said...

ညီမလေးရေ ရောက်တယ်... ဖတ်မှတ်သွားပါတယ်...

ဂျေဂျူဝိုင် said...

သိပ်ကောင်းတဲ့ တင်ပြချက်တွေပါ။ ဒါတွေကို ဥပါသကာ အည်ခံများ သိပ်သိထားသင့်တယ်လေ။

ညီနေမင်း said...

လာလည်သွားပါတယ် . http://www.nyinaymin.com ကို လာလည်ဖို့လဲ ဖိတ်ခေါ်လိုက်ပါတယ်

ကောင်လေးငယ် said...

မသိသေးတာတွေသိလိုက်ရတဲ့အတွက် ကျေးဇူးပါ မမရေ

ဝက်ဝံလေး said...

ဂျစ်ရေ အခုမှကျောင်းက ပြန်ရောက်တာ လာတယ်နော် ဖတ်မှတ်သွားတယ်သိလား invite လုပ်ထားသေးတယ် accept လုပ်ဦးနော် ဘိုင် တာ့တာ

ကျောက်တာ said...

မချစ်ရ ကျနော် နေရာမှာ လာလာနေတတ်တဲံ အတွက် သိပ်ကျေးဇူးတင်တယ်။အခု လို ပို့စ်လေးတွေ ဖတ်ရလေ မချစ်ရ အတွက် ဂုဏ်ယူမိလေပါပဲ။ဆက်ပြီးလေ့လာ ဆက် အဆင့်မြင့်နိုင်ပါစေဗျာ...

venkawwida said...

အကျိုးရှိတဲ့စာတွေ ရေးတင်တော့ စာဖတ်သူများ အကျိုးရှိတာပေါ့။ ကိုယ့်အတွက်လဲ ကုသိုလ်အများကြီး၊ ကျန်းမာချမ်းသာပြီး ပို့စ်များမျာ တင်နိုင်ပါစေလို့..
ဆန္ဒပြုရင်း........
အလည်လာခဲ့ပါဦး

~ဏီလင်းညို~ said...

အစ်မရေ...
ဝေမျှပေးထားတာ ကျေးဇူးပါခင်ဗျ...။
စာတေါဖတ်သွားပါတယ်ခင်ဗျာ...။