ဂေါတမမြတ်စွာဘုရားရှင်တာဝတိံသာနတ်ပြည်မှာအဘိဓမ္မာတရားဟောပြီးတော့
သီတင်းကျွတ်လပြည့်နေ့ညမှာသင်္ကဿနဂိုလ်ပြည်ကိုပြန်ဆင်းလာတော့
မြတ်စွာဘုရားရှင်၏ကျက်သရေတော်ကိုကြည့်ပြီးတော့ဘုရားဆုပန်တဲ့
ပုဂ္ဂိုလ်တွေကအကုန်လုံးပါပဲ။မြတ်စွာဘုရားနတ်ပြည်ကနေ
ရွှေစောင်းတန်း၊ငွေစောင်းတန်း၊ပတ္တမြားစောင်းတန်း၊စောင်းတန်းကြီးသုံးသွယ်နဲ့
နတ်တွေ၊ဗြမ္မာတွေ၊သိကြားတွေ၊နဂါး၊ဂဠုန်၊ကုမဏ်တွေ၊ယက္ခတွေခြံရံပြီးတော့
နတ်ပြည်ကနေဆင်းသက်လာပါတယ်။အဲဒီအချိန်မှာလူတွေကလည်း
နတ်တွေကိုမြင်ရတယ်၊နတ်တွေကလည်းလူတွေကိုမြင်ရတယ်။
အဲလိုတွေ့ရတော့မြတ်စွာဘုရားကိုဖူးတွေ့ရတဲ့လူသားတွေအကုန်လုံး ငါဘုရားဖြစ်ရင်သိပ်ကောင်းမှာပဲဆိုပြီးတော့ဘုရားဖြစ်ချင်စိတ်အင်အားကြီးမား
ပြီးတော့ဘုရားဆုပန်ကြတယ်။ဒါပေမယ့်သူတို့ဖြစ်ချင်တာကသတ္တ၀ါတွေကို
ကယ်တင်ချင်လို့မဟုတ်ဘူး၊ဘုရားတန်ခိုးရှိတာကိုအားကျလို့ပါ။
ဟု ဆရာတော်အရှင်ဆန္ဒာဓိက မှဟောကြားထားပါတယ်။
PS..အရှင်ဆန္ဒာဓိကစာအုပ်မှကောက်နှုတ်ချက်
(သီတင်းကျွတ်လပြည့်နေ့အမှတ်တရ)
မချစ်ရ
9 comments:
အဲ့လိုကြီးတော့ ဆုမပန်ချင်ပါဘူး ။
ဘာမှ ကောင်းမှု မလုပ်ပဲ ဆုချည်းထိုင်တောင်းနေလို့ ဘယ်လို ရမှာလည်း နော် ။
သီတင်းကျွတ်လပြည့် နေ့ အကြောင်း ဝေမျှပေးတာ
ကျေးဇူးပါဘဲ ..
( လွတ်လပ်စွာ နဲ့ ဗျောက်အိုးဖေါက်နိုင်ပါစေ .. )
သီတင်းကျွတ်ပြီ ..မီးပုံပျံ လွတ်ရအောင် ..ဆိုလား။ငယ်ငယ်က ဖတ်စာထဲ ..
ဘာသာရေး ယဉ်ကျေးမှု ပို့လေးတွေ တင်ဖို့ စိတ်ကူးရတာ ဝမ်းသာမိတ်ာဗျာ။
ဂျစ်ရေ လာသွားတယ်သိလား အဟီးးး သူများတကာတွေ သီတင်းကျွတ်လပြည့်နေ့အတွက်ရေးနေကြတယ် ဝံလေးကတော့ ဘာမှမရေးဘူး ဟိဟိ
ရွှေလမ်းငွေလမ်းဝင်းကြည်
မင်္ဂလာရှိသော နေ့ထူးနေ့မြတ်မှာ မင်္ဂလာနှင့်ပြည့်စုံသောစာတွေဖတ်ရတာများစွာကျေးဇူးတင်ပါတယ်ကွယ်။
ခင်မင်လေးစားလျှက်ပါ။
မှတ်သားသွားပါပြီ.... :)
မချစ်ရရေ... ဆရာတော် ဦးဇောတိက စာအုပ်တွေရော ဘယ်မှာရှာဖတ်လို့ရနိုင်မလဲ သိလားဟင်
ဘာသားရေး ဗဟုသုတတွေ လာဖတ်သွားပါတယ်။ (သာဓု)၃ ခေါ်သွားပါတယ်နော့်။
သီတင်းကျွတ်လပြည့်နေ့မှာ လာရောက်လည်ပတ်သွားပါတယ်ဗျာ..။
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် စာကောင်းပေမွန်များ ဆက်လက်ရေးသားနိုင်ပါစေ...။
ကျေးဇူးတင်ပါတယ် မချစ်ရရေ...
စိမ်းလည်း အမြင့်ကြီးတွေမဖတ်ပါဘူး... သာမာန်လူတွေနားလည်အောင်ရေးထားတဲ့ ရိုးရှင်းတဲ့ စာအုပ်တွေပဲဖတ်ဖြစ်တာပါ... ဆရာတော် အရှင်ဆေကိန္ဒ၊ အရှင် ဆန္ဒာဓိက၊ မေတ္တာရှင်(ရွှေပြည်သာ) နဲ့ သီတဂူဆရာတော်ကြီးတို့စာအုပ်တွေပေါ့... နောက် ပိုင်းလော့ဆရာတော်... ဆရာတော်တွေ ရေးတဲ့စာအုပ်တွေက အများကြီး စိမ်းဖတ်ဖူးတာ လတ်တစ်ဆုပ်စာလောက်ပဲရှိပါတယ်... အဲ့ဒီလောက်ဖတ်ဖူးတာကိုပဲ အင်မတန်ကို အကျိုးများလှပါတယ်...
မချစ်ရရဲ့ တရားအလှူကိုလည်း သာဓု သာဓု သာဓု ပါ...
ညီမလေးရေ... စားရတော့မလားဟင်..င်...င်...
အာဝု....
Post a Comment