CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Friday, July 17, 2009

မျှော်စင်ကျွန်းရဲ့ Promotion show


Romance kabar ဗွီစီဒီပရိုမိုးရှင်းပွဲကို ၁၈.၇.၀၉ (စနေနေ့)ညနေ ၄ နာရီ မှစ၍

ကန်တော်ကြီးမျှော်စင်ကျွန်းတွင်စတင်ရောင်းချ၍အခွေထဲမှပါဝင်သူများအပြင်

အဆိုတော်များမှအခမဲ့သီဆိုဖျော်ဖြေပေးသွားမှာဖြစ်ပါတယ်။

ပါဝင်သည့်အဆိုတော်များမှာ......

Lလွန်းဝါ၊ဟဲလေး၊နေမျိုး၊ဇင်မင်းခန့်၊နီတာ၊ထန်မ်ဘွိုင်း၊ဟိန်းသူရစံ၊နေအလင်း၊ဇူးမြတ်ထက်၊

COBRA၊ X-RAYS၊ SMOKE ၊Lဆိုင်းဇီ၊ ရတနာမိုင်၊ရှင်ရှင်၊ဂျင်မီလာ၊အားနှီးယာန်း

တို့အပြင်အခြားသူများပါ,ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

လာရောက်ကြည့်ရှုအားပေးနိုင်ပါတယ်..နော်။


မချစ်ရ

Thursday, July 16, 2009

လက်မထပ်မီနှင့်လက်ထပ်ပြီး


လက်မထပ်မီ……… (အပေါ်မှအောက်သို့ဖတ်ပါ)

သူ...... သိပ်ကောင်းတာပဲ ငါ့မျှော်လင့်တဲ့နေ့ရောက်လာခဲ့ပြီ
သူမ.... နင် နောင်တရမလား
သူ...... ဟာတစ်ခါမှအဲဒီလိုမစဉ်းစားမိဘူး
သူမ.... ငါ့ကို တကယ်ချစ်လား
သူ...... တကယ်ပေါ့
သူမ.... ငါ့အပေါ် သစ္စာဖောက်မှာလား
သူ...... အဲဒီလိုတစ်ခါမှမတွေးထားမိဘူး
သူမ.... ငါ့ကိုတစ်ခါလောက်နမ်းပါလား
သူ...... အင်း.တစ်ခါထက်ကိုမကဘူး
သူမ.... ယူပြီးရင်နင်ငါ့ကိုရိုက်မှာလား
သူ...... လုံးဝမဖြစ်နိုင်တာ
သူမ.... ငါနင့်ကိုယုံရမလား

လက်ထပ်ပြီး…………(အောက်မှအပေါ်သို့ပြန်ဖတ်ပါ)

မချစ်ရ

PS...ကြိုက်လို့အကိုတစ်ယောက် blog မှခွင့်တောင်းကူးထားခြင်းပါ။

Thursday, July 9, 2009

လတ်တလောပေါက်ကရအတွေးလေး(Tag)





လတ်တလောပေါက်ကရအတွေးလေးများဆိုတဲ့ခေါင်းစဉ်နဲ့ ညလေးဆုလာဒ် ကTagလာပြန်တော့
လတ်တလောမှာအရမ်းဖျားနေတာကြောင့်အတွေးတောင်မတွေးနိုင်အောင်ဖြစ်နေရတယ်
ဒါပေမယ့်ခုတော့အဖျားကျပြီဆိုတော့အတွေးတွေက၀င်လာပါပြီ ဘာလဲဆိုတော့အဖျားကျခါစလူတိုင်းရဲ့ထုံးစံအတိုင်းပါးစပ်ပျက်တော့
ဘာစားလို့စားချင်မှန်းမသိအောင်ကိုဖြစ်နေတယ်လေအစားအသောက်ကလည်းပျက်ထားတယ်
ခုနေကောင်းတော့လည်းကောင်းကောင်းမစားရသေးဘူးပြန်ဖျားမှာစိုးလို့လေ
အတွေးတွေကတော့အစားဆီပဲရောက်နေတယ်ဟော့ပေါ့သွားသောက်ရင်ကောင်းမလား
ဂဏန်းချက်နဲ့အကင်သွားစားရင်ကောင်းမလားပေါ့၊ဒီကြားထဲနေကောင်းပျောက်အောင်သာနေ၊
နေကောင်းရင်စားချင်တာလိုက်ကြွေးမယ်ဆိုတဲ့လူကလည်းရှိနေတော့ဘာစားရမလဲပဲတနေကုန်စဉ်းစားနေတာ
နောက်အတွေးတစ်ခုကတော့ဒီဇင်ဘာမှာဈေးဝယ်ထွက်ဖို့နဲ့
စိတ်အပန်းဖြေဖို့ခရီးသွားမယ်စိတ်ကူးတာပဲဖြစ်လာမလာတော့မသိသေးပါဘူး။အင်း....
ထူးထူးခြားခြားပေါက်ကရတွေးတာကတော့ယောင်္ကျားယူရင်ကောင်းမလားလို့ ဟီးး
ယောင်္ကျားကလည်းယူမယ်သာစဉ်းစားတာဘယ်သူမှန်းလဲမသိဘူး
ကိုယ်နဲ့မဖြစ်နိုင်တဲ့လူကိုယူရင်ဘာတွေဖြစ်မလဲတော့တွေးမိသားနောက်တော့
အတွေးဆုံးတော့လည်းမဖြစ်နိုင်ပါဘူးဆိုတဲ့အဖြေပဲရတာပါပဲ
လတ်တလောပေါက်ကရအတွေးတွေကတော့ဒီလောက်ပါပဲ
နေကောင်းတုန်းလေးရေးပေးလိုက်တယ်နော်
ဒီလောက်ဆိုတော်ရောပေါ့ကျန်တာနောက်မှတိုးတိုးလေးပြောပြမယ်နော် ဟိ

မချစ်ရ

Monday, June 29, 2009

ကျွန်မနှင့်အကြိုက်ဆုံးအစားအစာ



Relax Thai restaurant မှ ကြက်ဥအနှစ်နဲ့ ဂဏန်းချက်

ကျွန်မကတော့အိမ်မှာအစားအသောက်ဆိုအရမ်းသောင်းကျန်းတာ
စားမယ်ဆိုလည်းကောင်းပေ့ဆိုတာမှစားချင်တာဈေးကြီးတာပေါတာက
အရေးမကြီးဘူး ကောင်းရင်ပြီးရောပြီးတော့လည်းဆိုင်သန့်မှသွားစားတာ
ကျွန်မရဲ့အကြိုက်ဆုံးအစားအစာများကတော့
အဓိကထားကြိုက်တာက..........
ဂဏန်းချက်(ချည်စပ်၊မဆလာ၊ကြက်ဥအနှစ်နဲ့အချိုချက်)အကုန်ကြိုက်ပြီးသားဂဏန်းဆိုအဲဒါဆိုရင်တော့အသားကင်ဆိုင်ထဲမှာ
ဂဏန်းချက်အကောင်းဆုံးယူနန်ဆိုင်ကိုသူငယ်ချင်းတွေနဲ့သွားဖြစ်တယ်။
မကြာခဏဆိုသလိုရောက်ဖြစ်ပါတယ်။
ပြီးတော့ယိုးဒယားအစားစာချည်စပ်ပုစွန်အစိမ်းသုတ်နဲ့တုံ့ယန်းဟင်းချိုက
အရမ်းစွဲမက်လောက်တယ်။စပ်နေမှစားလို့ကောင်းတာချိုရင်မကြိုက်ဘူး။
သြော်..ကျန်သေးတယ် ငပိရည်နဲ့တို့စရာ








ရွှေကောင်းမှဟော့ပေါ့

နောက်တစ်မျိုးကတော့ဆူကီ(သို့)ဟော့ပေါ့
ကိုကာဆူကီတခါတရံပေါ့အမြဲတော့မစားနိုင်ပါဘူး။
ရွှေကောင်းကဟော့ပေါ့တော့မကြာခဏသွားစားဖြစ်တယ်။
စားပြီးရင်ကော်ဖီဆိုင်ထိုင်ကြတယ်သူငယ်ချင်းတွေနဲ့သူတို့နဲ့သွားရတာ
ပိုလွတ်လပ်တယ်အားလုံးစုပေါင်းပြီးရှင်းကြတာဆိုတော့ဘယ်သူ့ဘယ်သူမှလည်း
အားနာစရာမလိုဘူးလေ....ပြီးးတော့လည်းခဏခဏသွားစားလို့
မျက်နှာပူစရာလည်းမလိုတော့ဘူးပေါ့။ဟိ..ဟုတ်ဘူးလား







coffee-circle မှ အအေး နှင့် Blackcanyon မှ cafe'





ကော်ဖီဆိုင်ကတော့အစုံထိုင်တယ်အဲဒီအထဲမှာမှထိုင်လို့ကောင်းတဲ့
blackcanyon နဲ့ coffee-circle ကိုခဏခဏထိုင်ကြတယ်
ဘာလို့လဲဆိုတော့သူငယ်ချင်းတွေကကော်ဖီသိပ်မသောက်ဘူး
အအေးပဲသောက်ကြတယ်။coffee-circle ကအအေးကတော်တော်ကောင်းတယ်
ကျွန်မကတော့cappucinoပဲကြိုက်လို့ကော်ဖီပဲသောက်တော့တယ်။
အဲဒီဆိုင်ကပီဇာလည်းကြိုက်တယ်ဒါပေမယ့်တခါတလေပေါ့အမြဲတော့မကြိုက်ဘူး။

ဝက်သားဓုတ်ထိုးလည်းကြိုက်တယ်။တခါတလေတော့စားတယ်
အမြဲမစားနိုင်ဘူးအီလို့ရွှေမန်းရုပ်ရှင်ရုံအောက်ကဦးလေးကြီးဆိုခင်နေပြီလေ။
သွားစားတိုင်းသူ့ဆီမှာပဲစားစားနေလို့။

အသီးမှာတော့ အကြိုက်ဆုံး ဒူးရွင်းသီး နဲ့ စပျစ်သီး
အရွက်မှာတော့ လ္ဘက်ပေါ့ ဟဲဟဲ ဒီလောက်ပါပဲ...
ကျွန်မရဲ့ခံယူချက်ကတော့လူဘ၀ရတုန်းရခိုက်မှာမစားဘူးတာလေးတော့
စားသွားချင်သေးတယ်။မ၀တ်ဘူးတာဝတ်ရလို့ဘာမှမဖြစ်သွားဘူးလေ
သူများတွေချီးမွမ်းတာတို့ကဲ့ရဲ့တာတို့ပဲခံရမယ်
အစားစားတာကမှကျန်းမာရေးနဲ့လည်းညီညွတ်တယ်ဗိုက်လည်းဝတယ်
သွားရေကျလို့ရအောင်ပုံတွေထဲ့ပေးထားတယ်နော် ဟဲဟဲ

ကဲကဲ...မ ( Tag ) စဖူးသူများတွေကိုပြန်ပြီးတော့ (Tag) လိုက်ပါဦးမယ်နော်။
ဘယ်သူတွေဘာတွေကြိုက်ကြလည်းသိချင်လို့ရေးပေးဦးနော်။


အမကိကိ
တီလေးညခင်း
မောင်လေးနေမင်းသံစဉ်
ညီမလေးလေပြေ
ညီမလေးငယ်ငယ်

မချစ်ရ

Saturday, June 27, 2009

အမေ့မွေးနေ့အတွက်

Birthday Cake Pictures, Images and Photos

ဒီနေ့ဟာကျွန်မအမေရဲ့အသက်၇၀ပြည့်မွေးနေ့ဖြစ်ပါတယ်
မွေးနေ့ဆိုပေမယ့်အမေကဘာမှမွေးနေ့ပွဲရယ်လို့တော့မလုပ်ပါဘူးအလှူသွားလှူပါတယ် မနက်စောစောအမေနဲ့အမတို့အလှူသွားလှူကြတယ်
ကျွန်မကတော့မနက်စောစောဆိုမနိုးတတ်လို့အမေကလည်းမခေါ်ပါဘူး
ထုံးစံအတိုင်းအိပ်ပြီးကျန်နေခဲ့တယ်ပြီးတော့လည်း
နေ့လည်ကိုကျွန်မကမင်္ဂလာဆောင်သွားစရာရှိသေးတော့မလိုက်တော့ပဲနဲ့ကျန်ခဲ့တယ်လေ ဒါပေမယ့်အမေ့ကိုတော့မနေ့ထဲကမွေးနေ့လှူဖို့ငွေကိုမွေးနေ့လက်ဆောင်အဖြစ်ပေးလိုက်ပြီးပါပြီ
ညဘက်မုန့်သွားစားမယ်ဆိုပြန်တော့လည်းအမေကသူသိပ်နေမကောင်းတာကြောင့်ပျက်ခဲ့ရပြန်တယ်
ဘာမှတော့ထွေထွေထူးထူးမလုပ်ဖြစ်ကြပါဘူးအမေကအိမ်ကလူတွေစားချင်တာဝယ်ကြွေးတယ်
ကျွန်မကတော့ဒံပေါက်စားတယ်ကျန်တဲ့လူတွေကကြေးအိုးသောက်ကြတယ်လေ အမေအသက်ဒီထက်ပိုရှည်ပြီးကောင်းမွန်စွာနေထိုင်နိုင်ဖို့ဆုတောင်းလိုက်ပါတယ်
ကျွန်မအမေရဲ့မွေးနေ့ကိုသိနေတဲ့သူတစ်ယောက်ကမေးလ်ထဲကိုဒီကဗျာလေးအမေ့အတွက်ပေးပို့ထားပါတယ်

Jasmine's Birthday Cake Pictures, Images and Photos



Birthday Wish

It’s your birthday time again
It’s true.,there’s no denying
Another year has come and gone
You know that I’m not lying.
So for you, the birthday person,
Here’s what I want to say:
I hope this birthday’s the best one yet,
In every delightful way.
So happy birthday to you.
Have lots of birthday fun!
May your birthday wishes all come true,
Even if you have a ton.....

မချစ်ရ

Tuesday, June 16, 2009

ချစ်အဖြေ

love U Pictures, Images and Photos

အချိန်တွေရယ်ကုန်ဆုံးမြန်လိုက်တာ
နေ့ရက်တွေကိုရေတွက်လို့
သူပြန်ရတော့မယ်ဆိုပြီး
ညှိုးငယ်စွာနဲ့ ကြည့်နေခဲ့တဲ့
အကြည့်တွေကိုသနားညှာတာနေမိတဲ့
ငါ့ရင်ထဲမှာ........
အချစ်ကိုမခံစားတတ်သေးပါလား
အချစ်ဆိုတာကိုသေချာမသိသေးတဲ့ငါက
ချစ်အဖြေ ကိုဘယ်လိုများပေးရပါ့..........


မချစ်ရ

Monday, June 15, 2009

ဂေါပက ဘုရားလူကြီး

devil Pictures, Images and Photos

တစ်ခါတုန်းကရွာတစ်ရွာမှာဘုရားလူကြီးဦးသောင်းဆိုတာရှိပါသတဲ့။
ဦးသောင်းက၀တ်ဖြူစင်ကြယ်ဝတ်ပြီးတစ်ရွာလုံးကိုအလှူခံထွက်ပါတယ်။
အလှူခံလို့ရလာတဲ့ငွေတွေကိုရွာဦးကျက်သရေဆောင်ဘုရားကြီးကိုပြုပြင်ပါတယ်။
သူ့အတွက်သီးသန့်လှူမှသာသုံးစွဲပါတယ်။သားသမီးရှိသော်လည်း
သူ့အိမ်ထောင်နဲ့သူစားသောက်နိုင်ပါတယ်။
ဦးသောင်းအနေနဲ့ကိုယ်ကျိုးအတွက်မသုံးစွဲပဲရသမျှအလှူငွေတွေကိုဘုရားအတွက်အသုံးပြုပါသတဲ့။
ရွာထဲမှဦးသောင်းဆိုလျှင်တကယ့်သူတော်စင်ကြီးဟုကလေးလူကြီးသိနေကြတယ်။
ဘုရားလူကြီးဦးသောင်းဟာတစ်ခုသောနွေရာသီမှာကောက်ခါငင်ကာအပျင်းဖျားပါတော့တယ်။
ဒီလိုနဲ့မသက်သာပဲသတိလစ်သွားတဲ့အထိဖြစ်ပြီးသတိပြန်လည်လာတဲ့အခါကျတော့...
ဟိုဒီလှည့်ပြီးဘုန်းကြီးဘယ်မှာလဲဆိုပြီးအိပ်ရာထဲလဲလျှောင်းရင်းဘုန်းကြီးကိုရှာသတဲ့
ပြီးတော့လက်အုပ်ချီပြီးဘုရားတပည့်တော်လျှောက်ထားပါရစေလို့ပြောသတဲ့
ဘေးနားကလူတွေကစကားမပြောနဲ့မောနေမယ်လို့ဝိုင်းတားကြတယ်။
ကျုပ်မမောပါဘူး၊လျှောက်ထားပါရစေ၊လျှောက်ထားပြီးသေချင်သေသွားပါစေလို့
ဇွတ်အတင်းပြောတဲ့အတွက်ဘုန်းကြီးကစိတ်ထဲရှိသမျှလျှောက်ထားပါလို့ပြောတယ်။
ထိုအခါမှ ..တပည့်တော်ကိုခုနကလူ၂ယောက်လာခေါ်သွားပါတယ်။
ကွင်းပြင်ကြီးကိုဖြတ်သွားပြီးဟိုရောက်တော့အုတ်တံတိုင်းအမြင့်ကြီးကာရံထားတဲ့နေရာကိုရောက်တယ်။
အထဲဝင်ဖို့ဂိတ်စောင့်ကိုလာခေါ်တဲ့၂ယောက်ကပြောတာနဲ့ဖွင့်ပေးတယ်။
ဒီလိုနဲ့ခြံဝင်းကြီးထဲရောက်သွားတော့ကွင်းပြင်ဘုံပြသာဒ်အဆောက်အအုံကြီးကိုတွေ့ရတယ်။
အထဲမှာပလ္လင်ကြီး၁ခုတွေ့ရတယ်။ပလ္လင်ကြီးပေါ်မှာလူခန့်ခန့်ကြီး၁ယောက်ထိုင်နေပြီး
စာအုပ်ကြီး၁အုပ်ကိုဖတ်နေတယ်။လာခေါ်သူ၂ယောက်ကဦးသောင်းရောက်ပါပြီလို့ပြောတော့
အော်.ဘုရားလူကြီးဦးသောင်းရောက်ပြီလားခင်ဗျားမှာဝေယျာဝစ္စကုသိုလ်တွေကတော့
ပေါများလှပါတယ်။ဒါပေမယ့်ဘုရားလှူထားတဲ့ငွေထဲကမြေးမလေး၁ယောက်ကို
အကျီ င်္ဝယ်ပေးထားသေးတယ်။အဲဒါပြန်ပြီးအစားထိုးလှူဒါန်းပါ။
သူများကဘုရားပြုပြင်ဖို့လှူတာမြေးမလေးကိုဆင်တာဘယ်ကောင်းမလဲ
ကြည့်လုပ်လိုက်ပေါ့။ကဲမောင်မင်းတို့ဘုရားလူကြီးကိုပြန်ပို့လိုက်ကြအပြန်မှာဘုရားလူကြီးတွေခံရတဲ့
နေရာကိုပြလိုက်ကြပြီးတော့ဘုရားလူကြီးတွေစံစားရတဲ့နေရာကိုလည်းသေချာပြလိုက်ကြပါလို့ပြောကြားပါတယ်။ လာခေါ်တဲ့လူ၂ယောက်ကကမ်းမမြင်ရတဲ့ပင်လယ်ကြီးကိုပြတယ်
ပင်လယ်ရေတွေဟာအငွေ့တထောင်းထောင်းနဲ့ကျိုက်ကျိုက်ဆူပွက်နေတယ်။
မကြာခင်မှာပဲဝတ်ဖြူစင်ကြယ်ဝမ်းဗိုက်ပူနံကားကြီးတွေရောက်လာပြီး
အဲဒီကျိုက်ကျိုက်ဆူနေတဲ့ပင်လယ်ထဲကိုခုန်ချကြတယ်။ပက်လက်ကြီးတွေမျောနေကြတယ်။
နောက်မကြာခင်ပဲလှံကြီးတွေကိုင်ထားတဲ့လူနီနီကြီးတွေရောက်လာပြီးမျောနေတဲ့ဗိုက်ပူကြီးတွေကို
လှံနဲ့ထိုးကြတယ်။အဲဒီမှာပဲနောက်ဆိုဘုရားငွေမသုံးတော့ပါဘူးလို့ပြိုင်တူအော်ကြတယ်
အဲဒီထဲမှာဘုန်းကြီးတွေလဲတွေ့ရတယ်။
ခေါ်လာတဲ့လူ၂ယောက်ကဦးသောင်းကိုသေချာကြည့်ထား
အဲဒါဂေါပက၊ဘုရားလူကြီးတွေခံနေရတဲ့ငရဲပဲလို့ပြောတယ်။နောက်တစ်နေရာကိုထပ်ခေါ်သွားပြန်တယ်။
ကွင်းပြင်ကြီး၁ခုကိုဖြတ်ပြီးတော့အလွန်လှပတဲ့မြို့ကြီးမြို့ကိုတွေ့ရတယ်။
အဆောက်အအုံတွေကဘုန်းကြီးပျံတွေမှာတွေ့ရတတ်တဲ့တလားကြီးပုံတွေများတယ်။
ပြီးတော့အဲဒီကလူတွေတွေ့တော့လည်းသက်တူရွယ်တူလှလှပပလေးတွေတွေ့ရတယ်။
ဒါဟာဘုရားဝေယျာဝစ္စသံဃာဝေယျာဝေစ္စကိုလုပ်တဲ့လူတွေနေတဲ့နေရာဆိုပြီး
ပြန်ရအောင်လူ့ပြည်ကိုပြန်ပို့လိုက်ကြမယ်လို့ပြောတယ်။
အခုအရှင်ဘုရားရှေ့မှောက်ရောက်လာတာပဲဘုရားဟုပြောသတဲ့။
ဒါနဲ့ဦးသောင်းဟာနောက်နေ့တွေမှာတဖြည်းဖြည်းသက်သာလာတာနဲ့တပြိုင်နက်အလှုခံရရှိသော
ငွေကြေးများကိုအတိအကျလုပ်ကာစာရင်းရှင်းတမ်းများကိုပုံနှိပ်ပြီးအများသို့ဝေငှပါတယ်။
သတိမေ့ပြီးမြေးကလေးကိုအကျီ င်္ဝယ်ပေးမိတဲ့အတွက်အတိုးရောအရင်းပါဘုရားကြီးငွေ......ဟုပါရှိလာပြီးနောက်နောင်ဘုရားငွေကိုကိုယ်ကျိုးအတွက်မသုံးစွဲမိအောင်ဂရုပြုပါမည်။
သုံးစွဲမိပါကလည်းကျရောက်မည့်ငရဲကိုရဲရဲကြီးခံပါမည်ဟုကတိသစ္စာပြုပါကြောင်း
ပုံနှိပ်စာလုံးရိုက်နှိပ်ထားတာကိုတွေ့ရပါသတဲ့။မကောင်းမှုတွေလုပ်ရင်တော့
မကောင်းသူတို့ဆူပူခံစားရတဲ့ဒုဂ္ဂတိဘုံသို့ရောက်ကြရမယ်ဆိုတဲ့သံဝေဂဖြစ်စရာပါလား......


မချစ်ရ(ဒီပို့စ်ကိုရေးချင်တာကြာပါပြီအခုမှပဲရေးဖြစ်တော့တယ်)