CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Saturday, June 27, 2009

အမေ့မွေးနေ့အတွက်

Birthday Cake Pictures, Images and Photos

ဒီနေ့ဟာကျွန်မအမေရဲ့အသက်၇၀ပြည့်မွေးနေ့ဖြစ်ပါတယ်
မွေးနေ့ဆိုပေမယ့်အမေကဘာမှမွေးနေ့ပွဲရယ်လို့တော့မလုပ်ပါဘူးအလှူသွားလှူပါတယ် မနက်စောစောအမေနဲ့အမတို့အလှူသွားလှူကြတယ်
ကျွန်မကတော့မနက်စောစောဆိုမနိုးတတ်လို့အမေကလည်းမခေါ်ပါဘူး
ထုံးစံအတိုင်းအိပ်ပြီးကျန်နေခဲ့တယ်ပြီးတော့လည်း
နေ့လည်ကိုကျွန်မကမင်္ဂလာဆောင်သွားစရာရှိသေးတော့မလိုက်တော့ပဲနဲ့ကျန်ခဲ့တယ်လေ ဒါပေမယ့်အမေ့ကိုတော့မနေ့ထဲကမွေးနေ့လှူဖို့ငွေကိုမွေးနေ့လက်ဆောင်အဖြစ်ပေးလိုက်ပြီးပါပြီ
ညဘက်မုန့်သွားစားမယ်ဆိုပြန်တော့လည်းအမေကသူသိပ်နေမကောင်းတာကြောင့်ပျက်ခဲ့ရပြန်တယ်
ဘာမှတော့ထွေထွေထူးထူးမလုပ်ဖြစ်ကြပါဘူးအမေကအိမ်ကလူတွေစားချင်တာဝယ်ကြွေးတယ်
ကျွန်မကတော့ဒံပေါက်စားတယ်ကျန်တဲ့လူတွေကကြေးအိုးသောက်ကြတယ်လေ အမေအသက်ဒီထက်ပိုရှည်ပြီးကောင်းမွန်စွာနေထိုင်နိုင်ဖို့ဆုတောင်းလိုက်ပါတယ်
ကျွန်မအမေရဲ့မွေးနေ့ကိုသိနေတဲ့သူတစ်ယောက်ကမေးလ်ထဲကိုဒီကဗျာလေးအမေ့အတွက်ပေးပို့ထားပါတယ်

Jasmine's Birthday Cake Pictures, Images and Photos



Birthday Wish

It’s your birthday time again
It’s true.,there’s no denying
Another year has come and gone
You know that I’m not lying.
So for you, the birthday person,
Here’s what I want to say:
I hope this birthday’s the best one yet,
In every delightful way.
So happy birthday to you.
Have lots of birthday fun!
May your birthday wishes all come true,
Even if you have a ton.....

မချစ်ရ

4 comments:

kiki said...

မမဆီမှာလဲ ဆုတောင်း ပြီး ပါ ပြီ။
ခု ဒုတိယ အကြိမ်မြောက် ဆုတောင်းပေးပါတယ်။

မေမေ အခု ၇၀ ပြည့် နှစ်မှ နောင် သက်တော်ရာကျော် တိုင်အောင် သားသမီး လိမ်မာများနဲ့ အတူ ကျန်းမာ ပျော်ရွှင်စွာ နေထိုင် နိုင်ပြီး သာသနာ့ အကျိုးပြုနိုင်ပါစေ ..

သမီးအငယ်ဆုံး လေးရဲ့  တီတီတာတာ ဆိုးသွမ်းတာလေး ကို ဆက်လက် ခံစားနိုင်ရ ပါစေ လို့ ။

ချစ်တဲ့ 
အမ..

ကြယ်ပြာ said...

ငယ်ရေ ... ငယ့်အမေ မွေးနေ့ကစလို့ အသက်ရာကျော်ရှည်ပါစေလို့ အစ်မ ဆုတောင်းပေးပါတယ် .. အစ်မ အဖေနဲ့တစ်လတည်းပဲနော် ...း)

Unknown said...

မေ့မေ့ မွေးနေ့မှ စပြီး ကျန်းမာပျော်ရွှင်ငြိမ်းချမ်းပြီး၊ပျော်ရွှင်ချမ်းမြေ့သော မိသားစုလေးကို နှစ်ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေဗျာ
ဆုတောင်းပေးသွားတယ်နော်

ချစ်ခြင်းများစွာဖြင့်...
အကျင့်ပုတ်လေး

ဂျစ် said...

သူငယ်ချင်း
ံhappy birthday for mother ....
ဂျစ်ဆုတောင်းပေးလိုက်ပါတယ်...

ကျန်းကျန်းမာမာ နဲ့ အသက်
ရာကျော် နေနိုင်ပါစေ..။

ချစ်ခင်တဲ့
ဂျစ်