ကျွန်မကတော့အိမ်မှာအစားအသောက်ဆိုအရမ်းသောင်းကျန်းတာ
စားမယ်ဆိုလည်းကောင်းပေ့ဆိုတာမှစားချင်တာဈေးကြီးတာပေါတာက
အဓိကထားကြိုက်တာက..........
ဂဏန်းချက်(ချည်စပ်၊မဆလာ၊ကြက်ဥအနှစ်နဲ့အချိုချက်)အကုန်ကြိုက်ပြီးသားဂဏန်းဆိုအဲဒါဆိုရင်တော့အသားကင်ဆိုင်ထဲမှာ
ပြီးတော့ယိုးဒယားအစားစာချည်စပ်ပုစွန်အစိမ်းသုတ်နဲ့တုံ့ယန်းဟင်းချိုက
ရွှေကောင်းမှဟော့ပေါ့
နောက်တစ်မျိုးကတော့ဆူကီ(သို့)ဟော့ပေါ့
ကိုကာဆူကီတခါတရံပေါ့အမြဲတော့မစားနိုင်ပါဘူး။
ရွှေကောင်းကဟော့ပေါ့တော့မကြာခဏသွားစားဖြစ်တယ်။
စားပြီးရင်ကော်ဖီဆိုင်ထိုင်ကြတယ်သူငယ်ချင်းတွေနဲ့သူတို့နဲ့သွားရတာ
ပိုလွတ်လပ်တယ်အားလုံးစုပေါင်းပြီးရှင်းကြတာဆိုတော့ဘယ်သူ့ဘယ်သူမှလည်း
အားနာစရာမလိုဘူးလေ....ပြီးးတော့လည်းခဏခဏသွားစားလို့
မျက်နှာပူစရာလည်းမလိုတော့ဘူးပေါ့။ဟိ..ဟုတ်ဘူးလား

coffee-circle မှ အအေး နှင့် Blackcanyon မှ cafe'
ကော်ဖီဆိုင်ကတော့အစုံထိုင်တယ်အဲဒီအထဲမှာမှထိုင်လို့ကောင်းတဲ့
blackcanyon နဲ့ coffee-circle ကိုခဏခဏထိုင်ကြတယ်
ဘာလို့လဲဆိုတော့သူငယ်ချင်းတွေကကော်ဖီသိပ်မသောက်ဘူး
အအေးပဲသောက်ကြတယ်။coffee-circle ကအအေးကတော်တော်ကောင်းတယ်
ကျွန်မကတော့cappucinoပဲကြိုက်လို့ကော်ဖီပဲသောက်တော့တယ်။
အဲဒီဆိုင်ကပီဇာလည်းကြိုက်တယ်ဒါပေမယ့်တခါတလေပေါ့အမြဲတော့မကြိုက်ဘူး။
ဝက်သားဓုတ်ထိုးလည်းကြိုက်တယ်။တခါတလေတော့စားတယ်
အမြဲမစားနိုင်ဘူးအီလို့ရွှေမန်းရုပ်ရှင်ရုံအောက်ကဦးလေးကြီးဆိုခင်နေပြီလေ။
သွားစားတိုင်းသူ့ဆီမှာပဲစားစားနေလို့။
အသီးမှာတော့ အကြိုက်ဆုံး ဒူးရွင်းသီး နဲ့ စပျစ်သီး
အရွက်မှာတော့ လ္ဘက်ပေါ့ ဟဲဟဲ ဒီလောက်ပါပဲ...
ကျွန်မရဲ့ခံယူချက်ကတော့လူဘ၀ရတုန်းရခိုက်မှာမစားဘူးတာလေးတော့
စားသွားချင်သေးတယ်။မ၀တ်ဘူးတာဝတ်ရလို့ဘာမှမဖြစ်သွားဘူးလေ
သူများတွေချီးမွမ်းတာတို့ကဲ့ရဲ့တာတို့ပဲခံရမယ်
အစားစားတာကမှကျန်းမာရေးနဲ့လည်းညီညွတ်တယ်ဗိုက်လည်းဝတယ်
သွားရေကျလို့ရအောင်ပုံတွေထဲ့ပေးထားတယ်နော် ဟဲဟဲ
ကဲကဲ...မ ( Tag ) စဖူးသူများတွေကိုပြန်ပြီးတော့ (Tag) လိုက်ပါဦးမယ်နော်။
ဘယ်သူတွေဘာတွေကြိုက်ကြလည်းသိချင်လို့ရေးပေးဦးနော်။
အမကိကိ
တီလေးညခင်း
မောင်လေးနေမင်းသံစဉ်
ညီမလေးလေပြေ
ညီမလေးငယ်ငယ်
မချစ်ရ
5 comments:
ဘာကြိုက်သလဲ သိရဲ့သားနဲ့ မေးနေရသေးတယ် ။
မသိလို့ မေးတာလဲ မဟုတ်။
မသိလို့ ဆိုရင်လဲ မသိရကောင်းလားလို့  ရစ်မယ်၊
သိ ရဲ့ သား နဲ့ မေး တာ ဆိုရင်လဲ အပိုတွေ မေးတယ်လို့ ဆို ပြီး ရစ်မယ် ။
ဒီတော့ ဘယ်လို အရစ်ခံ ချင်သလဲ အရင်ပြော ပါ .
ပြီးမှ ပြန် ရေးပေးမယ် ..
ကြိုက်တဲ့ အစာ က သိပ်မရှိဘုး ။
တကြောင်းတည်းနဲ့  ပြီးသွားနိုင်တယ်လေ ။
ဒါကြောင့် လာ ဖတ်တဲ့သူတွေ ကို စော်ကားသလို ဖြစ်မှာလဲ စိုးရိမ် ပါတယ် ။
ဟဲဟဲ။။
ရစ်ပြီးရင်း ရစ်မဲ့ 
ချစ် အမ .. ဟိဟိ
ဘာတွေ ကြိုက်လဲဆိုတော့ လိုက်မှတ်
အသားထဲမှာဆို သစ်သား
ခြေလေးချောင်းဆို ကုတင်
အသီးထဲမှာဆို မီးသီး (အကြည်ဆိုပိုကောင်းတယ် ဘာတွေပါလဲဆိုတာမြင်ရလို့)
အရွက်ထဲမှာဆို စာရွက်(unicolor ဆိုပိုကောင်းတယ်)
:P ကဲ သိပြီမဟုတ်လား ကျေနပ်တော့ ဟိဟိ။
ဂျစ်လဲ ဂဏန်းဟင်း သိပ်ကြိုက်တယ်...။
ကြည့်ပြီး သားရည်ကျသွားရတယ်.....။
ချစ်ခင်စွာဖြင့်
ဂျစ်
ကျွန်မရဲ့ခံယူချက်ကတော့လူဘ၀ရတုန်းရခိုက်မှာမစားဘူးတာလေးတော့စားသွားချင်သေးတယ်
မ၀တ်ဘူးတာဝတ်ရလို့ဘာမှမဖြစ်သွားဘူးလေသူများတွေချီးမွမ်းတာတို့ကဲ့ရဲ့တာတို့ပဲခံရမယ်
အစားစားတာကမှကျန်းမာရေးနဲ့လည်းညီညွတ်တယ်ဗိုက်လည်းဝတယ်
အစားဆိုလို့... ဖတ်တာ ကိုယ့်အာကိုက်ကွက်တိနဲ့ ကိုယ့် လိုသမားတွေ့လို့ ..ကော်မန့် ရေးလိုက်ပါတယ်
မသေခင်စားရတာ လူနဲ့မတည့်တာမရှိဘူး အကုန်စားလို့ရတရ် ။ ကော်ဖီကြိုက်တာတော့ တူတရ် ဒါပေမဲ့ သောက်တာများလွန်းရင် ရင်တုန်ပန်းတုန်ဖြစ်မယ် ။ ကျွန်တော်ကတော့ နေ့တိုင်းသောက်တရ် ဟီးးး အရှိန်တက်တဲ့နေ့ဆို ၆ ထုပ် ၈ ထုပ်ထိ ဆက်တိုက်သောက်ဖြစ်တာ ။ တစ်ခွက်ဖျော်ရင် ၂ ထုပ် ။ တစ်ခုပြောရဦးမယ် ဒူးရင်းသီးမဟုတ်ဘူးလား စာလုံးပေါင်းက မှားနေသေးတရ်း( ။
(မြင်တတ်လို့ပါ)
Post a Comment