CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Tuesday, December 9, 2008

အောင်မြင်ခြင်းရဲ့နောက်ဆုံး






"ကလင် ကလင်" ဆိုသောအိမ်ကဖုံးသံကြားလျှင်

ကျွန်မကို"ဖုံးကိုင်လေသမီးဖုံးတွေချည်းပဲ"ဟုအမေမဆူခင်ဦးအောင်ကြိုကိုင်ရသည်။
ဒီနေ့ည၈နာရီလောက်ကဖုံးလာတော့ကျွန်မထိုင်နေတုန်း
အနားမှာရှိတဲ့ဖုံးကိုကောက်ကိုင်လိုက်တော့တောင်ကြီးကကျွန်မသူငယ်ချင်း
ဖြစ်နေတယ်လေသူကကျွန်မကိုအချိန်ပြည့်ဖုံးဆက်ပြီးလွမ်းတယ်လို့
ပြောနေတဲ့သူလေ။ကျွန်မကိုရီးစားလည်းမထားရဘူးတဲ့လေသူကြတော့
ယောင်္ကျားယူပြီးတော့သူကယောင်္ကျားရလို့ကလေး၁ယောက်တောင်ရနေပြီ
သူ့ကိုကျွန်မကအရူးမလို့ခေါ်တယ်သူ့ယောင်္ကျားနဲ့ကလေးကို
ကျွန်မလောက်မချစ်လို့လေ...ပြောရင်တော့ယုံမှာမဟုတ်ဘူး
သူကျွန်မကိုချစ်တာကရူးသွပ်ခြင်းလိုပဲကလေးကိုလဲသူ့အိမ်မှာမထားဘူး
ယောက္ခမအိမ်မှာထားပြီးသွားမကြည့်ဘူးကျွန်မကိုတော့အသံမကြားရရင်တောင်
သူသေသွားမလားပဲသူ့ယောင်္ကျားဆိုဝေးသေးရှိတယ်လို့တောင်မထင်
သူ့ယောကျာင်္းကလည်းသဘောကောင်းပေလို့ပေါ့မဟုတ်ရင်တော့
ကျွန်မအနေကျပ်လို့သေရချည်ရဲ့ကျွန်မအနားမှာရှိတဲ့သူတွေနဲ့သူ့အနားက
သူငယ်ချင်းတွေဆိုသူ့လိုလူကရှိမှာမဟုတ်ဘူးလို့ပြောကြတယ် ဟုတ်ပါတယ်သူကယောင်္ကျားနဲ့ကလေးရှိရက်နဲ့လုံးဝကြီးကိုဂရုမစိုက်ပဲ
ကျွန်မကိုပဲဂရုစိုက်လွန်နေတာကမကောင်းဘူးပေါ့ .....
ဒါပေမယ့်ခက်တာကကျွန်မလည်းသူ့ကိုပြောမရဘူးအဲဒီကိစ္စနဲ့ပတ်သတ်ပြီးတော့
အခုတော့သူ့ဖုံးဖြစ်နေတော့ကျွန်မအတွက်ကမထူးဆန်းပေါင်..
အဲထူးဆန်းတာကတော့သတင်းထူးပဲသူ့ဆီကသတိရလို့ဆက်တာ
လွမ်းလို့ဆက်တာဆိုတဲ့အသံပဲကြားနေရတဲ့..ကျွန်မအဖို့တော့
ဒီနေ့မှာကြားရတဲ့သီတင်းကိုတော်တော်အံ့အားသင့်သွားခဲ့တယ်
ထူးထူးခြားခြားကြားလိုက်ရတဲ့သီတင်းကတော့သူ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့
အဆိုတော်ကောင်မလေးနှင်းဧကရီဆုံးသွားပြီတဲ့ကျွန်မနဲ့နှင်းဧကရီကတော့

သိပ်မခင်ပါဘူးသူမိတ်ဆက်ပေးလို့သိတယ်ဆိုရုံလေးပါပဲ ဒါပေမယ့်ကျွန်မသူငယ်ချင်းတော်တော်များများနဲ့တော့ခင်ကြတယ်လေ
အဲဒီကောင်မလေးကအဆိုလောကမှာသိပ်အောင်မြင်ချင်ခဲ့တာ

သူ့အောင်မြင်မှုတွေအတွက်လည်းသူ့မှာအရမ်းကိုကြိုးစားခဲ့ရတယ်လေ
သူကအောင်မြင်ချင်တော့တောကြိုက်သီချင်းလည်းဆိုခဲ့တယ်
အခုခေတ်အကြိုက်လည်းဆိုတယ်စီးရီး၂ခွေထွက်ပြီးပြီလေအခုတော့သူလိုချင်တဲ့
အောင်မြင်မှုဆိုတာကိုရခါစလေးရှိသေးတယ်။သူ့မှာစွန့်လွှတ်လိုက်ရပြီ
ဦးနှောက်ထဲဌက်ဖျားပိုးဝင်လို့တဲ့။ဆေးရုံတက်နေတဲ့အချိန်တိုလေးအတွင်းမှာ
ဘာမှမသိတော့ပဲလျှောက်ပြေးနေခဲ့တယ်တဲ့သူမေးနေကြသိပ်မှန်တယ်ဆိုတဲ့
ဗေဒင်ကခန္ဒာပျက်ကိန်းကြုံတယ်တွေ့လို့သီလရှင်ဝတ်ခိုင်းတာ
သူဝတ်လိုက်သေးတယ်တဲ့ဒါပေမယ့်လည်း............
သေခြင်းတရားကတော့ရှောင်လွှဲလို့မရခဲ့ပါဘူး။

ကျွန်မရဲ့အကိုဝမ်းကွဲတစ်ယောက်ဆိုလည်းသူအရမ်းအောင်မြင်နေတဲ့အချိန်မှာမှ
သေဆုံးသွားခဲ့တယ်လေ။သူလိုချင်တဲ့အောင်မြင်မှုကိုရတော့ရပါရဲ့
ဒါပေမယ့်သူသိပ်ကြာကြာမခံစားနိုင်ခဲ့လိုက်ဘူးပေါ့။
ကိုးစားရတာတော့နှစ်ပေါင်းများစွာအရာရာကိုစတေးပြီးမှအောင်မြင်တဲ့အချိန်မှာ
သေခြင်းတရားနဲ့တွေ့ရင်ရောသေခြင်းတရားကိုရက်စက်တယ်လို့ပြောကြဦးမှာလား
အမှန်တော့လည်းကိုယ့်ကံကြမ္မာကိုကမခံစားထိုက်လို့ပါ။
လူတိုင်းကတော့အောင်မြင်မှုကိုမက်မောကြတာပဲ(ကျွန်မအပါအ၀င်ပေါ့) တကယ်တမ်းတော့ဒါတွေဟာတခဏသာခံစားခွင့်လေးပါပဲ၊
ကံတရားကမကောင်းရင်တော့ခံစားခွင့်တောင်ရလိုက်မှာမဟုတ်ဘူးလေ။

အောင်မြင်မှုနောက်ကိုအရမ်းလိုက်ပြီးကိုယ်ပိုင်လွတ်လပ်ခွင့်တွေဆုံးရှုံးရတဲ့
သူတွေဆိုရင်သူတို့ဘ၀ကအရမ်းကိုအောင်မြင်နေပေမယ့်သာမန်
လူလောက်တောင်ပျော်ရွှင်ဖွယ်ရာတွေရှိမှာမဟုတ်တော့ဘူး
ကျွန်မအကြိုက်ဆုံးကမ္ဘာကျော် pop အဆိုတော်Britney spears ဆိုရင်လည်း
သူ့ဘ၀ကအောင်မြင်မှုတွေကြားထဲမှာပိုးစိုးပက်စက်ရှုံးနိမ့်ခဲ့ရဖူးပါတယ်

အောင်မြင်မှုဆိုတာလူသားတိုင်းအတွက်တော့အလိုချင်ဆုံးအရာပါပဲ အောင်မြင်မှုဒဏ်မခံနိုင်လို့ပြိုလဲကြတဲ့သူတွေလည်းရှိတယ်
နောက်ဆုံးတော့လည်းဘယ်အချိန်သေမယ်မှန်းမသိတဲ့လူ့ဘ၀လေးရခိုက်မှာ
ပျော်ရွှင်ငြိမ်းချမ်းစွာနဲ့ကိုယ်ချစ်ရတဲ့သူနဲ့အဖြူစင်ဆုံးရိုးသားစွာ
လျှောက်လှမ်းနိုင်ဖို့ကအဓိကမကျဘူးလားလို့......................


မချစ်ရ

7 comments:

Anonymous said...

ဘယ်အရာကိုမှ မတည်မြဲကြောင်းပါ...သေခြင်းတရားကို သံဝေဂရနေပြီဆိုတော့..တရားထွက်တော်မူတော့မယ်နဲ့တူတယ်နော်
:P

mhyawlintchin.blogspot.com said...

ကြိုးစားရတာတော့နှစ်ပေါင်းများစွာအရာရာကိုစတေးပြီးမှအောင်မြင်တဲ့အချိန်မှာ
သေခြင်းတရားနဲ့တွေ့ရင်ရောသေခြင်းတရားကိုရက်စက်တယ်လို့ပြောကြဦးမှာလား။
အမှန်တော့လည်းကိုယ့်ကံကြမ္မာကိုကမခံစားထိုက်လို့ပါ။
လူတိုင်းကတော့အောင်မြင်မှုကိုမက်မောကြတာပဲ ကျွန်မအပါအ၀င်ပေါ့ တကယ်တမ်းတော့ဒါတွေဟာတခဏသာခံစားခွင့်လေးပါပဲ၊
ကံတရားကမကောင်းရင်တော့ခံစားခွင့်တောင်ရလိုက်မှာမဟုတ်ဘူးလေ။

...... ဒီအပိုဒ်လေးက ကောင်းတယ်မမရေစာသားလေးတွေကလောကနိရာမပညာသားပါတယ်နော်
အားပေးလျက်ပါ ... မမလဲခံစားချက်တွေနဲ့
ပြည့်နှက်နေပုံရတယ်...စိတ်မဆိုးကြေးနော်
မောင်လေးအမြဲတမ်းစာလာဖတ်မယ်နော်:)

mhyawlintchin.blogspot.com said...

မမရေ... အလည်တစ်ခေါက်နဲ့အရောက်လာ
သွားပါတယ်... စာသားလေတွေက
လောကနိရာမတွေနဲ့ပြည့်နှက်နေပါရဲ့ ....
နောက်အမြဲတမ်းစာလာဖတ်မယ်နော် ...

mhyawlintchin.blogspot.com said...

အမှန်တော့လည်းကိုယ့်ကံကြမ္မာကိုကမခံစားထိုက်လို့ပါ
---- ဒီစာသားလေးကကောင်းတယ်မမ
အမြဲတမ်းလာလည်မယ်နော် ...

kiki said...

ဘုန်းကြီးလို့ သက်မရှည်၊ သက်ရှည်လို့  ဘုန်းမကြီး လောကကြီးမှာ ဒီလိုတွေပါဘဲ ။(အသက်လဲရှည် ဘုန်းလဲကြီးဆိုရင် အကောင်းဆုံးဘဲပေါ့ ) ဒါပေမဲ့  အရှေ့ က ၂မျိုးထဲ မှာ တခုဘဲ ရွေးချယ်ခွင့် ရှိမယ်ဆိုရင် ..ဘယ်အရာကိုရွေးမှာလဲလေ ၊

Welcome said...

ကွေးသောလက် မဆန့်မီ
ဆန့်သောလက် မကွေးမီ အချိန်လေး ခဏအတွင်းမှာ
ဖြစ်ပျက်ပြောင်းလဲတွေက မြန်ဆန်လှပါတယ်
အောင်မြင်မှု ပန်းတိုင်မရောက်ခင်
မျှော်မှန်းချက်တွေ မပြည့်ခင်
ကြွေလွှင့်သွားခဲ့မယ်ဆိုရင်တော့
နှမြောစရာပဲပေါ့နော်

http://winzaw-mdy.blogspot.com

ဘလူးဖီးနစ် said...

ညီမလေးရေ ဘဝဆိုတာ ဒီလိုပါပဲ။ အကိုကတော့ ရတာလေးနဲ့ ကျေနပ်တတ်နေပါပြီ။ တစ်ခါတစ်လေ မတန်မရာ လိုချင်လိုက်တိုင်း မတန်တစ်ဆ ပေးဆပ်ရလွန်းလို့ ကြောက်နေပြီလေ။ ...........