ကျွန်မကစာပေအရေးအသားတကယ်မကျွမ်းကျင်တာပါ။
စာဖတ်စာရေးအလေ့ကျင့်မရှိတော့လည်းကိုယ်ရေးချင်တာတွေ
ချရေးလိုက်တယ်ပေါ့လေ။အဲ..ဒီနေ့မှအီးမေးလ်ဖွင့်ကြည့်တော့(ကျွန်မရဲ့အမတစ်ယောက်စာအရေးသားသိပ်ကောင်းလို့
ဘလော့မှာနာမည်ကြီးနေတဲ့ဘလော့ဂါဆရာမကြီးပေါ့)
ကျွန်မကိုပို့ထားတယ်လေ"ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်"တဲ့
ဘလော့မှာကျွန်မကကိုယ့်အကြောင်းတွေရေးနေလို့ဆိုပြီး
ဟိုဟာမတင်နဲ့ဒီဟာမရေးနဲ့ဆိုပြီးဆရာမကြီးလာလုပ်နေတာပေါ့
ကျွန်မကလည်းကိုယ့်ဘလော့မှာကိုယ်တင်ချင်ရာတင်တာပဲလေ
ရေးတာကကျွန်မကိစ္စဖတ်တာမဖတ်တာကစာဖတ်သူတို့ကိစ္စပါ
ကျွန်မကတော့ကိုယ့်ဘလော့မှာကိုယ်တင်ချင်ရာတင်မှာပါပဲ
ကျွန်မရဲ့စိတ်ထွက်ပေါက်အနေနဲ့ဒီဘလော့ကိုဖွင့်ထားတာပါ
ကျွန်မဘလော့ကိုလာမဖတ်ရကောင်းလားဆိုပြီး
သူများတွေကိုလည်းဆဲဆိုနေတာမဟုတ်ပါဘူး။
ကျွန်မကိုချစ်ကြောင်းကြိုက်ကြောင်းတွေနဲ့ကလေးတွေကို
ပညာပေးနေတယ်တဲ့လေဒါနဲ့ကျွန်မမသိလို့မေးရဦးမယ်
ဒီဘလော့ဂါတွေအများစုမှာလည်းကိုယ့်ချစ်သူရည်းစားအကြောင်းကို
ပေါ်ပေါ်တင်တင်ထုတ်ဖော်ရေးသားနေတဲ့သူတွေတပုံကြီးပါ
ပြီးတော့ယောင်္ကျားလေးဘလော့တချို့ဆိုငယ်ငယ်တုန်းက
ဘယ်လိုအကြွားသန်ကြောင်း၊အဖေအမေကိုဘယ်လိုဆိုးကြောင်း၊
ရည်းစားတွေထည်လည်တွဲလို့ပြဿနာတွေဖြစ်ကြောင်း
စုံနေအောင်ဖတ်ဖူးပါတယ်။
မိန်းကလေးတွေဆိုလဲမောင့်ကိုဘယ်လိုချစ်တဲ့အကြောင်းတို့
ချစ်ကြောင်းတွေဖွဲ့နွဲ့ပြီးရေးသားကြပါသေးတယ်။
ဒါတွေကျတော့ရောဘယ်လိုခေါ်မလဲ?
ဟားဟား..မသိလို့နော် "ကိုယ့်ကိုယ်ကိုယ်ဖော်မသူတော်"
အုပ်စုဝင်တွေများလားလို့
အဲ..သူကိုယ်တိုင်လည်းမရေးဘူးမထင်လိုက်ပါနဲ့
သူ့အိမ်တွင်းရေးရာတွေတောင်ရေးပါသေးတယ်။
သူ့ရဲ့ဘလော့ဂါသူငယ်ချင်းအများစုမှာလည်းကျွန်မလိုပဲ
ကိုယ့်အကြောင်းကိုယ်ရေးနေကြတဲ့လူတွေလည်းပါပါတယ်။
ကျွန်မပြောချင်တာကတော့မသူတော်နဲ့သူတော်ကောင်းဘယ်လိုမှဆက်စပ်လို့မရပါဘူး။
သတိပေး..နောက်ဆိုရင်ကျွန်မနဲ့ပတ်သတ်သမျှ
ကျွန်မနှင့်အကြောင်းအရာများဆိုပြီးတင်သွားဦးမှာပါ
ကျွန်မနဲ့ကြည့်ကျက်ပတ်သတ်ကြပါ။
မချစ်ရ
Sunday, August 2, 2009
ကိုယ့်ကိုယ်ကိုယ်ဖော်မသူတော်တဲ့
Posted by မချစ်ရ at 12:02 AM 3 comments
Labels: စိတ်ကုန်တယ်
Saturday, August 1, 2009
မိုးထဲကစိတ်ကူး

ပူလောင်နေတယ်လို့ထင်တဲ့
ငါ့ကိုယ်ငါပြန်စမ်းကြည့်တော့လည်း
အေးစက်နေပါ့လား
မိုးကိုမကြိုက်တဲ့ငါက
မိုးရွာထဲမှာတစ်ယောက်ထဲ
ငုတ်တုတ်ထိုင်နေမိပါလား
သြော်.....ငါ့အဖြစ်က
အပြင်ပိုင်းကအေးစက်နေပြီး
အတွင်းပိုင်းကပူလောင်နေတာပါ့လား
မချစ်ရ
Posted by မချစ်ရ at 12:20 AM 2 comments
Labels: ကဗျာ
သူသိစေလို(ကျေးဇူးပါ)

ကျွန်မအတွက်လူကြုံပစ္စည်းပို့လိုက်တယ်လို့ပြောလိုက်တဲ့နေ့ကစလို့


အရုပ်ဂျယ်လီလေးပါ။ခွေးမရုပ်လေးကတော့မပြတော့ပါဘူးအကြောင်းရှိလို့ပေါ့ :(
သူ့ကိုဘာပဲဖြစ်ဖြစ်အားလုံးအတွက်ကျေးဇူးတင်ပါတယ်....
မချစ်ရ
Posted by မချစ်ရ at 12:01 AM 1 comments
Labels: သိစေလို
Friday, July 31, 2009
လိုအပ်ချက်

.............ချစ်သူက.........
တရုတ်ဓါတ်မီးထဲကမီးသီးလေးဆို
...........ကိုယ်က..........
မင်းအလင်းရောင်ပေါက်အောင်
တိတ်တိတ်ကလေး
ထွန်းမြှောက်ပေးမယ့်
ဘ၀ဓါတ်ခဲခြောက်ပါ
တောက်လျှောက်ကြီးတော့
အလင်းမဆီးလိုက်နဲ့ကွယ်
မီးမလာရင်ကိုယ်လည်း
ချာဂျင်မ၀င်ပဲဗို့အားကျ။
.....................အ။
ကောင်လေးငယ်
Posted by မချစ်ရ at 12:03 AM 3 comments
Labels: ကောင်လေးကဗျာ
"သြော် ငါ့ဘ၀နှယ်"
ငါ့ကိုယ်ငါ
အမွှေးတိုင်လုပ်မိလို့
ပြာတွေကလည်း တဖုတ်ဖုတ်.....
ရိုးတံလေးက ငုတ်တုတ်....
အဲဒါလေး ကျန်ခဲ့တာကိုပဲ
( ချစ်သူက...)
သွားကြားထိုးတံ...
လုပ်သွားသေးတယ်။
ကောင်လေးငယ်
Posted by မချစ်ရ at 12:02 AM 1 comments
Labels: ကောင်လေးကဗျာ
Thursday, July 30, 2009
"စဉ်းစာကြပါဦးဗျာ"

ကျွန်တော်အသက်က၂၀ပြည့်ပြီးပါပြီ
ဒီအရွယ်ကစိတ်ကစားတတ်တဲ့အရွယ်တော့မဟုတ်လောက်တော့ပါဘူးဗျာနော်.....
ပြီးတော့ကျွန်တော်ကကိုယ်ဝါသနာပါတဲ့အလုပ်ကိုစပြီးလုပ်နေပြီလေဗျာ လုပ်ငန်းထဲကိုရောက်နေပြီဆိုပါတော့အဲဒါတွေကအဓိကမဟုတ်ပါဘူး
ဟဲဟဲ...စကားပုလ္လင်ခံနေတာဗျကျွန်တော်ပြောချင်တာကတော့လူတစ်ယောက်ကို ချစ်မိနေပြီဆိုတာကိုဗျဘယ်လိုချစ်သလဲလို့တော့
မေးမနေတော့ဗျို့ (မမေးလဲ ပြောမှာပဲ..ဟဲဟဲ)
သူနဲ့အချိန်တိုင်းတွေ့နေချင်တယ်စကားတွေအများကြီးပြောချင်နေတယ်
ပြီးတော့သူ့ကိုကျွန်တော်ပဲချစ်နေချင်တာသူ့ဆီကဘာမှပြန်မလိုချင်ဘူး
သူစိတ်ရှုပ်သွားမှာကြောက်တယ်ပြီးတော့ကျွန်တော့်ကိုပြန်ချစ်ပါလို့လဲ
မပြောရဲဘူးဗျ... ဘာလို့လဲဆိုတော့အလှမ်းကဝေးလွန်းတယ်
ကျွန်တော်တို့ကသာမန်လူတန်းစားလေဒါပေမယ့်တစ်ဦးတည်းသောသားပါ။
အဲဒါကြောင့်သူ့ကိုကျွန်တော်ချစ်တဲ့အချစ်ကပိုပြီးလေးနက်တယ်..ထင်ပါ့....
ဘာလို့လဲဆိုတော့သူ့ကိုအစ်မတစ်ယောက်လိုလဲချစ်တယ်
ချစ်သူတစ်ယောက်လိုလဲသိပ်ချစ်တာဗျ....
အမှန်တိုင်းဝန်ခံရရင်လူဆိုတာကိုယ့်ကိုကိုယ်ပိုချစ်ကျတာမဟုတ်လားဗျာ
ဒါပေမယ့်ချစ်တာချင်းကမတူဘူးဗျသူ့ကိုကျွန်တော်ကချစ်တာသက်သက်ပဲ
ဘာမှမပါဘူးအဲဒါကျွန်တော်ဘယ်လိုလုပ်ရမလဲ?
ကြုံတွေ့ခဲ့ဖူးရင်ကိုယ်ချင်းစာပြီးအကြံဥာဏ်လေးများလည်းပေးကြပါဦးနော်...
ကောင်လေးငယ်
Posted by မချစ်ရ at 12:07 AM 3 comments
Labels: ကောင်လေးရဲ့ခံစားချက်
Wednesday, July 29, 2009
တကယ်တော့

တကယ်တော့....
ဘာမှခံစားချက်မရှိတော့တဲ့
ရင်ခွင်ကိုပိုက်ပြီးနေနေရတယ်ဆိုရင်
မင်းယုံတယ်မဟုတ်လား
ခံစားနေရပါတယ်ဆိုရင်မယုံနိုင်မယ့်
မင်းအတွက်ငါ့မှာလည်း
ပြောစရာစကားမရှိတော့ပြီမို့
မင်းထင်သလိုပဲမခံစားရအောင်
ကြိတ်မှိတ်လုပ်ယူလို့
ကျင့်သားတောင်တော်တော်
ရနေပါပြီလေ....
ငါ..ကိုယ်တိုင်လည်း
လုပ်ယူနေရတဲ့ဘ၀ကို
တကယ်ငြီးငွေ့နေပါပြီ
မချစ်ရ
Posted by မချစ်ရ at 12:08 AM 4 comments
Labels: ပေါက်ကွဲခံစားမှုကဗျာ




