CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday, August 2, 2009

ကိုယ့်ကိုယ်ကိုယ်ဖော်မသူတော်တဲ့

ကျွန်မကစာပေအရေးအသားတကယ်မကျွမ်းကျင်တာပါ။
စာဖတ်စာရေးအလေ့ကျင့်မရှိတော့လည်းကိုယ်ရေးချင်တာတွေ
ချရေးလိုက်တယ်ပေါ့လေ။အဲ..ဒီနေ့မှအီးမေးလ်ဖွင့်ကြည့်တော့(ကျွန်မရဲ့အမတစ်ယောက်စာအရေးသားသိပ်ကောင်းလို့
ဘလော့မှာနာမည်ကြီးနေတဲ့ဘလော့ဂါဆရာမကြီးပေါ့)
ကျွန်မကိုပို့ထားတယ်လေ"ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်"တဲ့
ဘလော့မှာကျွန်မကကိုယ့်အကြောင်းတွေရေးနေလို့ဆိုပြီး
ဟိုဟာမတင်နဲ့ဒီဟာမရေးနဲ့ဆိုပြီးဆရာမကြီးလာလုပ်နေတာပေါ့
ကျွန်မကလည်းကိုယ့်ဘလော့မှာကိုယ်တင်ချင်ရာတင်တာပဲလေ
ရေးတာကကျွန်မကိစ္စဖတ်တာမဖတ်တာကစာဖတ်သူတို့ကိစ္စပါ
ကျွန်မကတော့ကိုယ့်ဘလော့မှာကိုယ်တင်ချင်ရာတင်မှာပါပဲ
ကျွန်မရဲ့စိတ်ထွက်ပေါက်အနေနဲ့ဒီဘလော့ကိုဖွင့်ထားတာပါ
ကျွန်မဘလော့ကိုလာမဖတ်ရကောင်းလားဆိုပြီး
သူများတွေကိုလည်းဆဲဆိုနေတာမဟုတ်ပါဘူး။
ကျွန်မကိုချစ်ကြောင်းကြိုက်ကြောင်းတွေနဲ့ကလေးတွေကို
ပညာပေးနေတယ်တဲ့လေဒါနဲ့ကျွန်မမသိလို့မေးရဦးမယ်
ဒီဘလော့ဂါတွေအများစုမှာလည်းကိုယ့်ချစ်သူရည်းစားအကြောင်းကို
ပေါ်ပေါ်တင်တင်ထုတ်ဖော်ရေးသားနေတဲ့သူတွေတပုံကြီးပါ
ပြီးတော့ယောင်္ကျားလေးဘလော့တချို့ဆိုငယ်ငယ်တုန်းက
ဘယ်လိုအကြွားသန်ကြောင်း၊အဖေအမေကိုဘယ်လိုဆိုးကြောင်း၊
ရည်းစားတွေထည်လည်တွဲလို့ပြဿနာတွေဖြစ်ကြောင်း
စုံနေအောင်ဖတ်ဖူးပါတယ်။
မိန်းကလေးတွေဆိုလဲမောင့်ကိုဘယ်လိုချစ်တဲ့အကြောင်းတို့
ချစ်ကြောင်းတွေဖွဲ့နွဲ့ပြီးရေးသားကြပါသေးတယ်။
ဒါတွေကျတော့ရောဘယ်လိုခေါ်မလဲ?
ဟားဟား..မသိလို့နော် "ကိုယ့်ကိုယ်ကိုယ်ဖော်မသူတော်"
အုပ်စုဝင်တွေများလားလို့
အဲ..သူကိုယ်တိုင်လည်းမရေးဘူးမထင်လိုက်ပါနဲ့
သူ့အိမ်တွင်းရေးရာတွေတောင်ရေးပါသေးတယ်။
သူ့ရဲ့ဘလော့ဂါသူငယ်ချင်းအများစုမှာလည်းကျွန်မလိုပဲ
ကိုယ့်အကြောင်းကိုယ်ရေးနေကြတဲ့လူတွေလည်းပါပါတယ်။
ကျွန်မပြောချင်တာကတော့မသူတော်နဲ့သူတော်ကောင်းဘယ်လိုမှဆက်စပ်လို့မရပါဘူး။


သတိပေး..နောက်ဆိုရင်ကျွန်မနဲ့ပတ်သတ်သမျှ
ကျွန်မနှင့်အကြောင်းအရာများဆိုပြီးတင်သွားဦးမှာပါ
ကျွန်မနဲ့ကြည့်ကျက်ပတ်သတ်ကြပါ။


မချစ်ရ

3 comments:

မြစ်ကျိုးအင်း said...

ဘလော့တခုရဲ့ရပ်တည်ချက်ကတော့ အမျိုးမျိုးပါပဲ
အများအတွက်ရေးတဲ့စာရှိတယ် ကိုယ့်အတွက်ကိုယ် ရေးတဲ့စာ(ခံစားချက်တွေ ရင်ဖွင့်တာမျိုးပေါ့) တွေရှိတယ်
ဒါပေမယ့် ဘယ်လိုပုံစံပဲရေးရေး အားလုံးက ရင်ထဲမှာ ခံစားပြီး လက်အညောင်းခံရေးရတာပါပဲ...။
ကြိုက်တဲ့သူဖတ်ပြီး မကြိုက်တဲ့သူ ကျော်သွားမယ်ဆိုတာ တော့အမှန်ပါပဲ...။
ကိုယ့်ဘ၀နဲ့ကိုယ် ကိုယ့်ယုံကြည်ချက်အတိုင်း ရှေ့ဆက်ပါလေ...။
အကြံပေးတဲ့သူကလည်း စေတနာတခုကြောင့်လည်း ဖြစ်နိင်ပါတယ်..။
အဆင်ပြေပါစေဗျာ...။

မိုးစက်အိမ် said...

အာမကြီး နင်ကလည်းရိုက်ချက်တွေ ပြင်းလှ
ချည်းလားဟ ... အသာလုပ်ပါဟာ
နောက်ဆုံး အကြောင်းမျိုးကတော.မရေး
သင်.ဘူး ... ငါကအမှန်ပြောလို.လည်း
အမုန်းခံရမှာ မကြောက်တဲ. နင်.မောင်နော်...
ဟဲဟဲ စိတ်တွေ မကြီးပါနဲ. စိတ်ကိုလျော.ပါဟ :D :)

ရွက်လွင့်ခြင်း said...

ဒေါသတွေ မကြီးပါနဲ့ လေ
မရောက်တာကြာတော့ ဘာတွေဖြစ်ကုန်လဲတောင် မသိတော့ဘူး